Skip to main content

Posts

Showing posts from January, 2009

အိုဘားမား၏ အောင်ပွဲခံ မိန့်ခွန်း (Victory Speech of Obama)

အင်္ဂလိပ်စာ လေ့လာလိုသောသူငယ်ချင်းများ ခပ်များများရှိကြောင်းသိရလို့ အားတက်ဝမ်းမြောက်မိပါတယ်။ အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Post လေးတွေလဲ တင်ပေးဖို့ စိတ်ကူးမိပါတယ်။ ပြီးတော့ I.T. အကြောင်း အတိုအစလေးတွေပေါ့။ စောင့်ဖတ်ကြတဲ့ သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။ အခုတလော ကျွန်တော် Post အသစ် သိပ်မရေးနိုင်ပါဘူး။ အကြောင်းက ဟဲဟဲ... Internet သုံးဖို့က ပိုက်ပိုက် လိုတယ်ဗျ။ ကျွန်တော်က လကုန်ပိုင်းဆိုရင် ပိုက်ဆံသိပ်ကပ်တဲ့ကောင်မဟုတ်တော့ ရေးစရာတွေ၊ ရေးချင်တာတွေရှိပေမယ့်လဲ မရေးနိုင်တာပါ။ ဒီလို ပိုက်ဆံမရဘဲ ပိုက်ဆံကုန်တဲ့အလုပ်တွေဆိုရင် ကျွန်တော်ကလဲ သိပ်လုပ်ချင်တာ။ ရုံးမှာကျတော့ သိပ်မလွတ်လပ်ဘူးပေါ့ဗျာ။ ကဲ.. လျှောက်လေရှည်မနေတော့ပါဘူး....။ အောက်မှာ Obama ရဲ့ အောင်ပွဲခံ မိန့်ခွန်းပါ။ Knowledge အတွက်ရော English စာ လေ့လာချင်တဲ့သူတွေအတွက်ရော စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဘာသာပြန်လေးပါထည့်ပေးပါဦးမယ်..။ အရှည်ကြီး ဖြစ်နေရင်လဲ ခွင့်လွတ်ကြပါဦးဗျာ။ ကျွန်တော် Read More တောင် မလုပ်တတ်သေးပါဘူး။ Post အသစ်ရေးဖို့သာ စိတ်အားထက်သန်နေတာနဲ့ Technical ပိုင်းဆိုင်ရာတွေ သိပ်မလုပ်နိုင်သေးပါဘူး။ သည်းခံကြပါဦး ဘော်ဘော်တို့....။ :-) Democrat Barack

English စာလေ့လာလိုသူများအတွက် နှစ်သက်စရာ Website

www.famouspeoplelessons.com ပါ။ English စာလေ့လာလိုသူ သူငယ်ချင်းတိုင်း အကြိုက်တွေ့မှာပါ။ သူက ထင်ရှားကြော်ကြားသူတို့ရဲ့ အကြောင်းရေးထားတဲ့ စာပိုဒ်လေးပေးထားပါတယ်။ နောက်တော့မှ Lessons တွေပေးထားပါတယ်။ SYNONYM MATCH,PHRASE MATCH တို့လို ဟိုဘက်ဒီဘက် တွဲပေးရတဲ့ Lesson လေးတွေ၊ LISTENING GAP FILL, CHOOSE THE CORRECT WORD စသည်ဖြင့် သင်ခန်းစာလေးတွေတော်တော်စုံပါတယ်။ ပိုပြီးကောင်းတာက Cybercafe ကနေ Download ဆွဲပြီးတော့ အိမ်မှာ Offline နဲ့ ပြန်လေ့ကျင့်လိုသူများအတွက် Word Document, PDF, MP3 စတဲ့ Format တွေကို ဆွဲနိုင်တာပါပဲ။ Listening Skill အတွက် MP3 Format ကို ဆွဲလိုက်ပေါ့။ ပေးထားတဲ့ Paragraph နဲ့ Lesson တွေက အခက်ကြီးမဟုတ်ပါဘူး။ ပြီးတော့ ထင်ရှားတဲ့ Celebrity တွေအကြောင်းဆိုတော့ စိတ်ဝင်စားမှုကို နိုးဆွစရာမလိုတော့ဘူးပေါ့။ အားနဲချက်လား... ရှိတာပေါ့။ သင်ခန်းစာတွေ နဲနေသေးတာပါ။ A-Z တော့စီထားတာပါပဲ။ ဒါပေမဲ့ (ကျွန်တော်လောဘကြီးလို့လားတော့ မသိဘူး) နဲနေပါသေးတယ်။ ဘာပဲပြောပြော အကုန်ဖတ်နိုင်ရင်တောင် မဆိုးဘူးပြောရမှာပါ။ English စာ လေ့လာကြသူများ ၀င်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ တေဇာ

I.T လောကဟာသလေးများ

ဖုံး ဆက် တက် သော ဗိုင်းရပ် ။~~ " ဟဲလို" ကျနော် ပြောလိုက်တော. ဟို ဖက် က "လို ဟဲ" လို.တော.မပြောပါ '' ကွန် ပြူ တာ ဗိုင်း ရပ်စ် ကိုက် နေ လို. ပါ '' "AVG သုံး တယ် ။ အဲ UpDate တော. လုပ်ထား တယ်" တဲ. " ဟုတ်ကဲ. ။ ဦး က AVG နဲ. Virus Scan လုပ် ပြီး ပြီလားခင် ဗျ'' လို. မေး တော. ဆို တော. သူ က " အေး စစ် ပြီး ဘီ ။ ဘာ မှ မတွေ. ဘူး ဒါပေ မယ်. Screen Saver တတ် တတ် နေ တုန်း ပဲ " တဲ. " ဗိုင်း ရပ်စ် ကိုက် တယ် ဆို တာ နဲ. ကွန်ပြူ တာ ဘာ တွေ ဖြစ် သေးလဲ မသိ ဘူး ခင်ဗျာ " ဆို တော. သူ က " ကွန် ပြူ တာ မှာ ဒီတိုင်း ထား လိုက် ရင် Screen Saver က တက် တက် လာ တယ် " တဲ. ကျနော် က " ဟုတ် ကျနော် ပြော တာ က Screen Saver တက် တိုင်း Virus လို. ပြော လို. မရပါ ဘူး "လို. ပြောတော. သူ က " မင်း က costumer လား ငါ က costumer လား ။ costumer alway right တဲ. မကြား ဘူး ဘူး လား" တဲ. ကျနော် နဲ နဲ တော. အငွေ. ထွက် နေ ဘီ။ ဒါပေ မယ် အကောင် ဆုံး နေ ထား နဲ. '' ဟုတ်ကဲ. ။ အန်ကယ် Screen Saver Setting ပြင် လိုက် ပါ လား လို.&quo

ထာဝရဘုရားသခင်သည် မကြာခဏအဖျားဝင်နေပါသဖြင့် ....

ပထမဦးဆုံး ကျွန်တော့် Post ခေါင်းစဉ်နဲ့ ပတ်သက်လို့ တောင်းပန်ချင်ပါတယ်ခင်ဗျာ။ ဒီနေရာမှာ ကျွန်တော် မည်သူ့ကိုမှ တိုက်ခိုက်လှောင်ပြောင်ချင်တဲ့ စိတ်ထားမရှိပါဘူး။ တကယ်လို့ Insulting Words အနေနဲ့ မြင်ခဲ့လို့ရှိရင် ခွင့်လွှတ်ပေးပါ။ ထာဝရဘုရားဆိုတဲ့စကားလုံးကို ကျွန်တော် သဘာဝတရားနဲ့ ထပ်တူထားပြီးသုံးထားခြင်းဖြစ်ပါတယ်။ ညိနေတဲ့ကာရန်လေးကို မစွန့်ပစ်ရက်နိုင်တာနဲ့ သုံးမိလိုက်ပါတယ်။ သဘာသာတရားနဲ့ လုံးဝမဆိုင်ပါခင်ဗျား။ အခုတလော နိုင်ငံတကာသတင်းတွေဖတ်လိုက်တိုင်းလဲ မကောင်းတဲ့သတင်းတွေကများနေတယ်။ အီရတ်မှာ ဗုံးပေါက်တဲ့သတင်းကတော့ ထားပါတော့။ ရိုးနေပါပြီ။ ဥရောပမှာ ဆီးနှင်းအလွန်အကျွံကျလို့ အအေးလွန်ပြီးသေကြတာတို့လို သဘာဝတရားဖေါက်ပြန်တာတွေ သတိထားမိလောက်အောင် ပိုများလာသလိုပါပဲ။ ကျွန်တော်တို့ဆီမှာတောင် အခုတလော တော်တော်အေးလာတာ သတိထားမိပါတယ်။ ရာသီဥတုက ပူတဲ့ရာသီမှာ ပိုပူလာပြီး၊ အေးတဲ့ရာသီမှာလဲ ပိုအေးလာတာ သိသာလာပါတယ်။

မိန်းမမရတော့မယ်သူငယ်ချင်းအတွက်

အနာဂတ်ကာလအတွက် အိမ်ရှင်မစက်ရုပ်ကလေး   အသက်က (၂၀)၀န်းကျင်မျှသာ ရှိဦးမည်။ မျက်နှာလေးက ချောမောပြီး ခန္ဓာကိုယ် အချိုးအစားက (၃၂-၂၃-၃၃)။ နောက်ပြီးတော့ အိမ်မှုကိစ္စ အ၀၀ကိုလည်း တာဝန်ယူထားသေးသည်။ ခင်ပွန်းအပေါ်မှာလည်း အပြုစု၊ အယုယကောင်းသည်။ ထိုသို့သော မိန်းကလေးမျိုး ခေတ်သစ် တော်လေး၀၀င်အဖြစ် ဂုဏ်တင် ခိုင်းနှိုင်းပါက လွန်အံ့မထင်ပါ။ သို့သော်လည်း ထိုမိန်းမချောလေး အေကို(Aiko)သည် လူသားစင်စစ် မဟုတ်ခြင်းကတော့ နှမျောစရာ ကောင်းလှပါသည်။ သူမသည် စက်ရုပ်လေး တစ်ရုပ်ဖြစ်သည်။ အသက်(၃၃)နှစ်ရှိ လီတရွန်က သူမအား နှစ်နှစ်ကြာမျှ အချိန်ယူပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။   ကနေဒါနိုင်ငံ၊ အွန်တေရီယိုတွင် နေထိုင်သော ကွန်ပျုတာ ပညာရှင်လီသည် အေကိုအား အလုံးစုံ ပြီးပြည့်စုံသော စက်လူရုပ်ဖြစ်လာအောင် ဆက်လက်ကြိုးစား ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး ယခုအချိန်ထိ အေကိုအား တီထွင်စရိတ် ပေါင်စတာလင်(၁၄,၀၀၀)ကျော် ကုန်ကျထားပြီးဖြစ်သည်။ လီက သူမအား ဇနီးမယားအဖြစ် ပေါင်းသင်းနိုင်ရန် တီထွင်ထားခြင်း ဖြစ်သည်။ လီသည် အေကိုအား Star Warsရုပ်ရှင်များမှ C3POစက်ရုပ်ကဲ့သို့ ဖြစ်လာစေရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။ အေကိုနှင့်ပတ်သတ်ပြီး တီထွင်သူလည်းဖြစ်၊ ခင်ပွန

ပတ်သက်ခဲ့ဖူးသမျှနှင့် ပတ်သက်သမျှ

ပတ်သက်ခဲ့ဖူးသမျှနှင့် ပတ်သက်သမျှ သေချာတာက ... အင်းယားကန်ဘောင်က ခုံတန်းတွေနဲ့ မပတ်သက်ခဲ့ဖူးဘူး ... ရုပ်ရှင်ရုံတွေနဲ့ မပတ်သက်ခဲ့ဖူးဘူး ... ပေါင်ချိန်စက်နဲ့ မပတ်သက်ဖူးဘူး ... တရုတ်သိုင်းကားနဲ့ မပတ်သက်ဖူးဘူး ... ဂျက်ဆင်ထိပ်ကလရိပ်သာနဲ့ မပတ်သက်ဖူးဘူး ... အကြွေပြန်မအမ်းတဲ့ ကားစပယ်ယာနဲ့ပတ်သက်ဖူးတယ် ... Sakura Tower အောက်က Foreigner တွေကို ပိုက်ဆံလိုက်တောင်းတဲ့ ဂျစ်ပစီလေးတွေနဲ့ပတ်သက်ဖူးတယ် ... ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တွေနဲ့ ပတ်သက်ဖူးတယ် ... Shopping Center တွေနဲ့ ခပ်တန်းတန်း ပတ်သက်ဖူးတယ် ... Frazer တန်းနဲ့ ရင်းရင်းနှီးနှီး ပတ်သက်ဖူးတယ် ... ဒဂုံတက္ကသိုလ်က ကန်တင်းတချို့နဲ့ပတ်သက်ဖူးတယ် ... ရွာသာကြီးရောက်သွားတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ပတ်သက်ဖူးတယ် ... ရေမရောထားတဲ့ ၀ီစကီတစ်ခွက်နဲ့ ပတ်သက်ဖူးတယ် ... လှေနဲ့ကျောင်းသွားတက်ရတဲ့ လွန်လေပြီးသော မိုးရာသီတစ်ချို့နဲ့ ပတ်သက်ခဲ့ဖူးတယ် ... ရုံးမတက်နိုင်တဲ့ သုံးရက်နဲ့ ပတ်သက်ခဲ့ဖူးတယ် ... စာကြည့်တိုက်နဲ့ ဖက်လဲတကင်း ပတ်သက်ဖူးတယ် ... အင်းစိန်ထောင်နဲ့ မဆီမဆိုင် ပတ်သက်ခဲ့ဖူးတယ် ... အက်ဒီဆင်လက်မှိုင်ချရတဲ့ ညဘက်တွေနဲ့ ပတ်သက်ဖူးတယ် (အခုလဲပတ်သက်နေတုန်းပဲ) ၀င်လေထွက်လေနဲ

ငါစာအုပ်ဖတ်မယ် ... ငါစဉ်းစားခန်းဝင်မယ် ....

အချစ်ဘွဲ့ စိတ်မကောင်းပါဘူး အဲသလိုလွဲသွားခဲ့ရတာ ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲတဲ့ ကဗျာတစ်စ ငါ့မှာရွတ်သမိပါတယ်.. ဘယ်သိမှာလဲ မဟုတ်ဖူးလား... လူတွေ ဇာတ်လမ်းတွေ အကတွေ အချစ်တွေ ထိုင်ငေး တစ်သက်လုံး အာသာငမ်းငမ်းဖြစ် တစ်သက်လုံး ဘာမှမရ။ ငါစာအုပ်ဖတ်မယ် ငါစဉ်းစားခန်းဝင်မယ် နောင်တစ်ကြိမ်တစ်ခါ သိုမဟုတ် အကြိမ်ကြိမ်အခါခါ ကျွန်တော့်ကို ငြင်းပယ်နိုင်ပါတယ်။ သိုသော် မင်းကို ငါချစ်တယ်။ xxxအောင်ချိမ့်xxx ဆရာအောင်ချိမ့်ရဲ့ကဗျာတစ်ပုဒ်ပါ။ ပြောရမယ်ဆိုရင် အချစ်ကဗျာပေါ့ဗျာ။ များသောအားဖြင့်တော့ အချစ်အကြောင်းရေးထားတဲ့ ကဗျာတွေကို ကျွန်တော် မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့..မကြိုက်ချင်လို့ကိုမကြိုက်တာပါ။ ဒါပေမဲ့ အခုဒီကဗျာကိုတော့ သဘောကျမိပါတယ်...။ ဘောလုံးဟာ ဘယ်ကိုလိမ့်သွားသလဲတဲ့ဗျ။ ဒီစာသားမှာ Uncertainty သဘောတရားကိုတွေ့ ရပါတယ်။ ဘောလုံးရဲ့ လားရာဆိုတာ ခန့်မှန်းလို့မရပါဘူး။ သူ့ဘာသာသူ သွားချင်တဲ့ဆီသွားတာပါ။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ သေချာမှုတွေကို နဲနဲ လှုပ်ကိုင်လိုက်သလိုပါပဲ။ ကိုယ်တကယ်ချစ်တဲ့သူနဲ့ လွဲသွားခဲ့ရတာတော့ ဘယ်စိတ်ကောင်းမှာလဲဗျာ..။ ဟုတ်ဘူးလား..။ ဒါပေမဲ့ ဘာကြောင့် လွဲသွားခဲ့ရတာလဲလို့တော့ ကဗျာဆရာက မေးခွ

ခြင်္သေ့ ရေသောက်မယ်တဲ့......။

အခုတလော အရပ်ထဲမှာ ကြားနေရတာလေးပါ။ သူငယ်ချင်းတစ်ယောက်ကပြောလို့...။ ကြားပြီးသွားပီလား... ၂၀၁၂ ခုနှစ်မှာ ခြင်္သေ့ရေသောက်မယ်တဲ့။ ဘာလဲ..ခြင်္သေ့ရေသောက်မယ်လို့ မေးကြည့်တော့....နှစ်ထောင့်ဆယ့်နှစ်ခုနှစ်မှာ ရွှေတိဂုံဘုရားက ခြင်္သေ့ကြီးတွေအထိ ရေမြုပ်မယ်တဲ့ဗျာ...။ တဘောင်လိုလိုဘာလိုလိုပေါ့။ တကယ့်နတ္ခတ် ဗေဒင်ပညာရှင်ကြီးတွေက ဟောတာပါတဲ့ဗျာ။ ဒါနဲ့ပတ်သက်လို့ လူတော်တော်များများ ယုံကြည်ထောက်ခံကြတယ်ဗျ။ မပြောနိုင်ဘူး...နာဂစ်တောင်တိုက်သေးတာပဲ...၊ ရာသီဥတုက ဖောက်ပြန်နေတယ် ဘာညာပေါ့ဗျာ...။ ဘယ်သူက စပြောပြီး၊ ရည်ရွယ်ချက်ကဘာလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ တကယ် ဖြစ်၊ မဖြစ်လဲ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမဲ့...တကယ်ဖြစ်ခဲ့လဲ....ဘာဖြစ်လဲဗျာ..။ ကျွန်တော်တို့က အခုထဲက အသက်ကယ်အင်္ကျီ လက်စုနေရမှာလား။ လွတ်ရာလွတ်ကြောင်းပြေးနိုင်အောင် လှေတွေ၊ စားနပ်ရိက္ခာတွေ စုထားရမှာလား...။ ဒီလိုလုပ်ထားလဲ သိပ်တော့ ထူးမယ်မထင်ဘူး...။ အခုထဲက လေယာဉ်နဲ့လစ်ဖို့ရာလဲ မတတ်နိုင်...ဟဲ ဟဲ ..။ မိုးပြိုလဲအများနဲ့ ဆိုတဲ့ Idea မျိုး ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ လူတွေ အတွေးခေါင်ကြတာကိုပြောတာပါ။ ကိုယ့်လုပ်နိုင်တဲ့ အလုပ်လေးပဲကိုယ်လုပ်ပါ။ Ozone လွှာပေါက်တဲ့ကိစ္စ၊ ပလတ်စတစ်အ

Free Gate Software အခမဲ့အသုံးပြုခွင့် ကန့်သတ်

ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတဲ့ Free Gate Software ကို ယခု ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်ပြီးတော့ အခမဲ့အသုံးပြုခွင့် ပြုတော့မှာမဟုတ်ပါဘူး။ အသုံးပြုချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးပြီးသုံးရတော့မှာပါ။ ဒါပေမဲ့ China က User တွေကိုတော့ (ဘာကြောင့်လဲတော့မသိဘူး .. ဟဲ..ဟဲ.. ) Limited Services ကို အခမဲ့ဆက်ပြီးအသုံးပြုခွင့်ပေးထားမှာပါတဲ့။ တရုတ်ပြည်ကမဟုတ်တဲ့ ကျွန်တော်တို့လို (မဟုတ်တရုတ်) တွေအတွက်တော့ ၀ယ်သုံးရမဲ့ Free Gate Shareware Version အသစ်တစ်ခု မကြာခင်ထုတ်ဝေပေးသွားပါမယ်တဲ့။ စိတ်မကောင်းလိုက်တာ.. :P ။ ဒီနေရာမှာ Free Gate Software ထုတ်ဝေတဲ့ D.I.T. ကုမ္မဏီရဲ့ စီးပွားရေးဗျူဟာလေးကို သတိထားမိပါတယ်။ ပထမဆုံး သူ့ရဲ့ Product ကို Free ပေးသုံးပြီး၊ အသုံးပြုတဲ့ User တော်တော်များများရတော့မှ Fee Based ဆိုပြီးလုပ်လိုက်တာကိုပါ။ ဘယ်လိုဖြစ်လာမလဲတော့ စောင့်ကြည့်ရဦးမယ်။ ကျွန်တော်တို့ကတော့ ဘယ် Software ပဲဖြစ်ဖြစ် တစ်ခွေငါးရာနဲ့ ၀ယ်သုံးနေတာပဲ.. ဟဲ ဟဲ...။ သိပ်တော့ ပြဿနာမရှိလောက်ဖူးထင်ပါတယ်။

Windows XP မှာ Folder တွေကို စိတ်ချရအောင် ဘယ်လိုသော့ခတ်မလဲ ...။

ရုံးသုံးရော အိမ်သုံးပါ အသုံးဝင်မယ့်နည်းလေးပါ။ Windows XP မှာ ကံမကောင်းစွာပဲ Folder တွေကို ဖွက်ဖို့ အလွယ်တကူသုံးနိုင်တဲ့ Build-in Tools တစ်ခုမှမပါဘူးဗျာ။ အခုကလဲ Hidden File လုပ်တာလေးသိရုံလောက်နဲ့ ကလေးကိုတောင် ညာလို့မရတော့ဘူး မဟုတ်လား။ သူငယ်ချင်းဟာ အလုပ်မှာ Computer တစ်လုံးကို ကိုကိုတတ်သိတွေ၊ ကိုကိုဗရုတ်တွေနဲ့ အတူတူသုံးနေရတယ်ဆိုရင်တော့ Folder တွေကိုဖွက်ချင်ရင် Third Party Software တစ်ခု ၀ယ်သုံးရတော့မယ့် သဘောမျိုးဖြစ်နေပြီ။ ဒီလိုဆို ဒီနည်းလေးကို စမ်းကြည့်ပါဗျာ။ Bat File ပါပဲ။ လွယ်ကူပေါ့ပါးပြီး အသုံးဝင်ပါတယ်။ ၁။ Local D ထဲမှာပဲ စမ်းမယ်ဗျာ။ D ထဲမှာ ဖွက်ချင်တဲ့ Folder ကိုဆောက်ပါ။ ဥပမာ... yourname ပေါ့ဗျာ။ ၂။ ren yourname yourname.{21EC2020-3AEA-1069-A2DD-08002B30309D} ဆိုတဲ့ စာသားကို Notepad မှာရေးပြီး loc.bat ဆိုတဲ့ ဖိုင်နာမည်နဲ့မှတ်ပါ။ ၃။ နောက်တစ်ဆင့်က ren yourname.{21EC2020-3AEA-1069-A2DD-08002B30309D} yourname ဆိုတဲ့ စာသားကို Notepad မှာရိုက်ထည့်ပြီး key.bat ဆိုတဲ့ နာမည်နဲ့ ထပ်မှတ်ပါ။ တစ်ခုသတိထားရမှာက ဒီ Bat File နှစ်ခုဟာ ခုနက ကျွန်တော်တဲ့ ဆောက်ထားတဲ့ yourname ဆိုတဲ့ Folder ထဲမှာ ရှိရမှ

Software မသုံးဘဲ File Format ပြောင်းချင်သလား ...

File Format ကို လွယ်လွယ်ကူကူပြောင်းပေးနိုင်တဲ့ Website လေးတစ်ခုတွေ့လို့ တင်ပေးလိုက်ပါတယ်။ စမ်းကြည့်သလောက် အဆင်ပြေတာတွေ့ရပါတယ်။ ပြီးတော့ ပြောင်းနိုင်တဲ့ Format Type တွေလည်း တော်တော်စုံတယ်။ Image Format မှာဆိုရင် .. bmp, gif, ico, jpg, tiff စသည်ဖြင့်၊ Document Format မှာဆိုရင် doc, html, pdf, xls စသည်ဖြင့်၊ Music Format မှာဆိုရင်လည်း wav, mp3, wma စသည်ဖြင့် တော်တော်စုံပါတယ်။ ဒီ Website ကနေတစ်ဆင့် Format ပြောင်းခိုင်းမယ်ဆိုရင် Sing Up လုပ်စရာမပါဘူး။ Email Address ပေးလိုက်ရင် Mail ထဲကို ပြောင်းပြီးသား Format ချက်ချင်း ပို့ပေးပါလိမ့်မယ်။ Download ဆွဲလိုက်ရုံပါပဲ။ သူကတော့ ပိုပြီးမြန်ချင်ရင် File Size ကြီးကြီး ပိုပြီးပြောင်းချင်ရင် Register လုပ်ပါလို့တော့ မြှူဆွယ်ထားတယ်ဗျ။ ဟဲ .. ဟဲ ..။ လိပ်စာကတော့ www.zamzar.com ပါ။ အသုံးတည့်ကြပါစေဗျာ ...။ တေဇာ

ငါဘယ်သူတုန်း... ???

ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့် စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူအမှန်တုန်း ... ကောင်းသောနေ့ပါနှုတ်ဆက် သွားတဲ့ မနေ့က မကောင်းမှုတွေ အားလုံး ... အပေါစားမျက်ရည်တစ်စက်နဲ့ လွမ်းတဲ့ ငါ့ရဲ့နှလုံးသား ငိုနေတုန်း ... အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း ... ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင် ရှာဖွေနေတုန်း ... အနက်ဆုံးတွင်းဘာလဲကွ မေးတဲ့ သူဌေးသားမင်းက ဒီကိုလာ ... အကောင်းဆုံးကားဘာလဲဗျ မေးတဲ့ စားပွဲထိုးလေးရယ် ဆောရီးပါ ... အနိမ့်အမြင့်လောကဓံများနဲ့ လောက စိတ်ဓာတ်ကျလို့ မနေနဲ့ဦး ... အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း ... ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင် ရှာဖွေနေတုန်း ... ဘာမှငါမကြားချင်ဘူး ... ငါ့ဘ၀ရဲ့အကြောင်းကို ပြောပါ ... ဘာမှငါ မသိချင်ဘူး ... ငါ့ဘ၀ကို ငါ့ကို ပေးပါ ... ဘာမှငါ မတောင်းဆိုဘူး ... ငါ့ဘ၀ကို ငါ့ဆီ အပ်ပါ ... သိချင်တယ်လေ တွေ့ချင်တယ် သိချင်တယ်လေ ... တွေ့ချင်တယ်လေ .. သိချင်တယ်လေ ကြားချင်တယ်လေ သိချင်တယ်လေ ... ငါဘယ်သူတုန်း .....။ ကိုလေးဖြူသီချင်းတွေထဲက ကျွန်တော် အကြိုက်ဆုံးများထဲမှ တစ်ပုဒ်ပါ .... ။ သူငယ်ချင်းတို့လဲ ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။

Science Fiction

ကျွန်တော် စာရေးတာဝါသနာပါတယ်ဗျာ။ ရေးထားတဲ့ ၀တ္တုတိုလေးတွေတော့ ရှိတယ်။ ဘယ်တိုက်ကိုမှ မပို့ရသေးဘူး။ ကိုယ့်အရေးအသားကိုယ် သိပ်အားမရသေးတာလဲ ပါတယ်။ ဘာသာပြန်တွေပါ။ အများစုကတော့ Science Fiction တို့၊ Mystery ၀တ္တုတိုလေးတွေပါ။ Science Fiction ဆိုပေမယ့် လက်နက်ဆန်းတွေ၊ အာကာသတိုက်ပွဲတွေ လိုမျိုး မဟုတ်ပါဘူး။ Soft Science Fiction အမျိုးအစားပါ။ လူ့သဘာဝ အကြောင်းကို သရော်တော်တော်ရေးထားတာ မျိုးလေးတွေပါ။ ပြီးတော့ ကမ္ဘာကြီးရဲ့ အနာဂတ်အကြောင်းလိုမျိုးတွေပေါ့။ မြန်မာပြည်မှာက Science Fiction တွေ အရမ်းရှားတယ်ဗျာ။ ကျွန်တော် တွေ့ဖူးသလောက် ဆရာဌေးဦးကျော်ရဲ့ အနာဂတ်သမိုင်းဆိုတဲ့ တစ်အုပ်ပဲ ဖတ်ဖူးတယ်။ အရမ်းကောင်းတယ်ဗျာ။ ကျွန်တော်လဲ Type ရိုက်ရမှာပျင်းတာနဲ့ E-book တောင်မလုပ်ရသေးဘူး။ ရိုက်ပြီးရင် တင်ထားပေးပါ့မယ်။

ဖုန်းနံပါတ်ကနေ လိပ်စာရှာနိုင်တဲ့ Website!

ဒီ Post က Blog တော်တော်များများမှာ ပါပြီးသားပါ။ ဒါပေမဲ့ အသုံးဝင်တဲ့ဟာလေးဖြစ်လို့ ကျွန်တော်တင်ပေးလိုက်ပါတယ်။ သူက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တင်ထားတဲ့ Official Site ဖြစ်ပါတယ်။ ပြီးတော့ ဖုန်းပိုင်ရှင် နာမည်ကနေလဲ လိပ်စာကို ရှာလို့ရတယ်။ ဒါပေမဲ့ လိုင်းဖုန်းပဲရတာနော်၊ GSM တော့ ရှာလို့မရဘူး။ တစ်ချို့ Entry မ၀င်သေးတဲ့ ဖုန်းတစ်ချို့ရှိပေမယ့် ကျွန်တော်စမ်းကြည့်သလောက် တော်တော်များများတော့ အဆင်ပြေပါတယ်။ G-talk မှာ ကောင်မလေးတွေရဲ့ ဖုန်းနံပါတ် တောင်းပြီး လူလည်ကျလို့ရတာပေါ့။ :P ။ နောက်တာပါဗျာ...ဘာလုပ်မှာလဲ။ အသုံးဝင်တဲ့ Site လေးမို့လို့ပါ။ www.myanmarteldir.com ပါ။ လေ့လာကြည့်နိုင်ပါတယ်...။ တေဇာ

Fake Mail (သို့မဟုတ်) Anonymous Mail ပို့နည်း

Net ပေါ်မှာ Fake Mail ပို့လို့ရတဲ့ Site တွေရှိပါတယ်။ Fake Mail ဆိုတာ Email အတုပေါ့ဗျာ။ ပို့တဲ့လူ ဘယ်သူလဲဆိုတာ ရှာလို့မရအောင် ဖျောက်ထားနိုင်တယ်။ ကိုယ့်ရဲ့ Address မပေါ်ဘူးပေါ့။ ဒါ့အပြင် ကိုယ်ပေးချင်တဲ့ အခြား Address တစ်ခုခုကိုလည်း From နေရာမှာ ပေါ်နေအောင်လုပ်ထားနိုင်တယ်ဗျ။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့ Domain Name နဲ့မှ ရမှာပါ။ ဥပမာ bush@the.government ဒီလိုမျိုး တကယ်မရှိတဲ့ Domain Name ကို သုံးလို့မရပါဘူး။ bush@whitehouse.gov ဆိုရင် သုံးလို့ရပါတယ်။ ဗရုတ်ကျချင်သူများအတွက်တော့ အဆင်ပြေမယ်ထင်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ၊ သူ့ရဲ့ Fake Mail မှာ This is not a real Mail. ဆိုတဲ့ စာတန်းကြီးပေါ်နေတယ်။ အရမ်းသောင်းကျန်းပြီး ဗရုတ်ကျတတ်လူတွေကြောင့် ဒီလိုလုပ်လိုက်ရတာလို့ ပြောတာပဲဗျာ....။ လိပ်စာက www.deadfake.com ပါ။ စိတ်ဝင်စားရင် စမ်းကြည့်ကြပါဗျာ...။ တေဇာ

နဲနဲလေးသိတာဟာ အန္တရာယ်ကြီးသတဲ့ ............

I.T.Men ထဲက Blog မလုပ်ခင်စဉ်းစားပါဆိုတဲ့ Post လေးဖတ်ကြည့်မိလို့ပါ။ ကျွန်တော် Blog ကို အခုမှစရေးဖြစ်တာပါ။ Knowledge လဲ သိပ်မရှိပါဘူး။ သူက နံပါတ် (၁) အချက်အနေနဲ့ ရေးမည့်အကြောင်းအရာကို သေသေချာချာစဉ်းစားပါ၊ ကျွမ်းကျင်ပိုင်နိုင်ပါစေတဲ့။ ဒီနေရာမှာ ကျွန်တော် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘာသာ၊ အကြောင်းအရာကို စဉ်းစားကြည့်တော့ တစ်ခုမှမရှိဘူးခင်ဗျ။ ဒါအမှန်အတိုင်းပြောတာပါ။ ကျွန်တော်က တောမရောက်တောင်မရောက်ငနဲပါ။ ကျွန်တော် ရေးမှာတော့ ကျွန်တော့်အကြောင်းပါပဲဗျာ။ ကျွန်တော် ဘယ်ဟာကို ဘယ်လိုထင်တယ်၊ ဘယ်ဟာကို ဘယ်လိုမြင်တယ် ဆိုတာလောက်ပါ။ ဖြစ်ဖြစ်မြောက်မြောက် သိပ်ရှိလှမှာမဟုတ်လို့ သူငယ်ချင်းတို့သိပ်မျှော်လင့်မထားကြစေချင်ပါ။ ရေးတဲ့သူပြောချင်တာကတော့ Blog လုပ်တာ တာဝန်ကြီးတယ်ဆိုတာပါ။ ကိုယ်မပိုင်နိုင်တဲ့ အကြောင်းအရာကို ရမ်းပြီးရွှီးလို့မရဘူး၊ Blog ဖတ်တဲ့လူတွေကြားထဲမှာ ပညာရှင်တွေ၊ တတ်သိနားလည်တဲ့လူတွေ ပါတယ်ဆိုတာပါ။ ဒါဟုတ်ပါတယ်။ ဒါပေမဲ့ဗျာ ကျွန်တော့်မှာ ကျွမ်းကျင်နိုင်နင်းတဲ့ ဘာသာရပ်ဆိုတာ ရှိမှ မရှိတာ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ...။ ထိုင်နေရုံပဲရှိတော့တာပေါ့။ နဲနဲလေးသိတာ (မပြည့်စုံတဲ့ ဗဟုသုတ) ဟာ အန္တရာယ်ကြီးသတဲ့ .... ၊ ဒါဆို ေ