Skip to main content

Posts

Showing posts from March, 2009

ကဗျည်းကျောက်တိုင် တစ်ခုမပိုင်ဘဲ

ပုတ်သင်ညို ကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာ ကြောင်တွေ၊ ခူကောင်တွေ၊ သစ်ရွက်အခြောက်တွေ၊ ဂေါ်ဘီအဖြူထုပ်တွေ၊ သစ်တော်သီးတွေနဲ့ ခရုတွေကို ပန်းချီရေးဖို့ သင်ယူကြရတယ်။ ဒါပေမဲ့ ပုတ်သင်ညိုရေးဆွဲနည်းကို သင်ကြားဖို့ကိစ္စကျတော့ ဘယ်သူမှ မစဉ်းစားကြဘူး။ အကြောင်းပြချက်က ပုတ်သင်ညိုတစ်ကောင်ရေးဖို့ဆိုတာ အလွန်ခက်တဲ့ကိစ္စဖြစ်တယ်ဆိုတဲ့ ယူဆချက်ထဲမှာ ရှိလေရဲ့။ ဒီလိုအယူအဆဟာ အမှန်တရားနဲ့ ဝေးလွန်းလှသပေါ့။ တကယ်က ပုတ်သင်ညိုတစ်ကောင်ရဲ့ပုံကို ရေးဆွဲရတာဟာ အခြားသောသတ္တ၀ါမှန်သမျှကို ရေးရတာထက် လွယ်ကူတယ်။ ပုတ်သင်ညိုကိုရေးတဲ့အခါ ဖယောင်းခဲ ဘယ်အရောင်ကိုသုံးရမလဲဆိုပြီး ပူပင်ကြောင့်ကြစရာ မလိုအပ်ဘူး။ ဘယ်အရောင်ကိုပဲသုံးသုံး အိုကေသွားမှာပဲ။      ဟေ့.... ဒါကဘာစိတ်ကူးလဲ။ ကျုပ်က အ၀ါရောင်ဟာကို မင်းက အပြာရောင်နဲ့ ရေးဆွဲထားပါလားလို့ ပုတ်သင်ညိုတစ်ကောင်ကများ လာပြီး ပြဿနာရှာတယ်ဆိုပါတော့။ ဒီမယ် ကိုယ့်လူ၊ ဒါ ခင်ဗျားရဲ့ မနေ့ကပုံကို ရေးထားတာလို့သာ ပြန်ပြောပစ်လိုက်။ ဒါမျိုး ပြန်ပြောလိုက်လို့ ခင်ဗျားမှာ အပြစ်မရှိဘူး။ ဘာအန္တရာယ်မှလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ ပုတ်သင်ညိုဟာ မနေ့က သူ့ရဲ့အရောင် ဘယ်လိုရှိခဲ့သလဲဆိုတာကို ကောင်းကောင်းမှတ်မိမှာ မဟုတ်လို

သတိရခြင်းများမှတ်စု

မွေးဖွားစ အဲဒီတုန်းက တွေးထင်ကိုင်တွယ်ခဲ့သလိုပင် ခပ်ဖွဲဖွဲအပြာပါးပါး နှင်းတွေဝေလို့ရယ် ငါ အခုပြက်ရယ်ပြုပုံမျိုးနဲ့ ခြားနားလွန်းတယ်။ တစ်ခါစစ်ရှုံး၍ နှစ်သုံးဆယ်သည်းခံတတ်ခဲ့ခြင်းအတတ် မွှေးကြူလိုသော ပန်းခင်းမှာ တဆစ်ဆစ် ပျားများတုပ်သော ဒဏ်ရာ ရောင်ကိုင်းစဉ် မခင်တွယ်လိုတော့ခြင်း အဆိပ်ခွက် ငါ့လက်မှာ တုန်ရီလျက်။ စုဆောင်းမိတဲ့ ၀ါးကျည်တောက်နဲ့အပြည့် ခေတ်၏ ကာလ၏...တဲ့။ သူရဲ့ရည်းစားစကားကြောင့် ပင်လယ်သွားမယ်။ လက်နှိပ်ဓာတ်မီး ပစ်ကွင်းထဲ မဲမဲတစ်အုပ်ပြီးတစ်အုပ် ရွရွလှုပ်လို့ ပူဖောင်းတွေ။ နေ့အတူညအတူ အဖြူသုံးဖို့ဝန်လေး အရေးကြီးတဲ့အချိန်များကို ဇွန်းနဲ့ခပ် ခင်ဗျား သိပ်ပြတ်သားပါတယ်။ ရမက်အလိုကြီးလွန်းလို့ပေါ့ ဒီလူမသေတော့တာ။ အားလုံးအပေါ်မကောင်းနိုင်သေးပါ အကောင်းဆုံးလူနည်းနည်းကို ကောင်းခဲ့ရန်... ရင်ကွဲနာကျ ခေါင်းဖွက်ထားဆဲ။ ပခြုပ်တွင်းမှ သီချင်းထွက်ပေါ်လာရာ ငါ့ဦးခေါင်းအရေပြားတစ်ပြင်မှာ မြွေဟောက်တွေ ရှုပ်ထွေးရှည်လျားလှပေါ့။ `ဘယ့်နှယ်လဲ´ သူရဲကောင်းက မေးခွန်းထမ်းလို့။ `တစ်လမ်းသာရှိပါတယ်´ လူမိုက်မို့ ယဉ်ကျေးမှုရွက်လို့။ တစ်ခါ... အစွန်းတွက်စကားသံ ကားသံနဲ့ ပေါက်တူးသံ အဘိဓမ္မာမျာ

တနင်္လာနေ့မှာ

မုန်တိုင်းရဲ့ မြည်သံ ရေဘုံဘိုင်ခေါင်းက ကျလာပေါ့ အလို!...။ မြူတွေရစ်သမ်းတဲ့ စကြ၀ဠာတရားထဲ ခါးသီးစွာ ဆုံမိလျက်သား ၀မ်းမြောက်စကားဆိုစို့။ ဒီနေ့အတွက် ပထမဆုံးသောက်ရသော လက်ဖက်ရည်ခွက်၌ ကုန်ခန်းသွားသော ခွန်အားတွေ ယောက်ျားကောင်တွေ ပြန်တွေ့ရတယ် တံခါးကို ပျင်းရိပျင်းတွဲ့ ဖွင့်ထားတယ်။ ပြီး၊ သူဟာ တောင့်တင်းကျန်းမာတယ်လို့ ချောင်းတဟွတ်ဟွတ်နဲ့ ပြောတယ်။ သူဟာ သမားရိုးကျပန်းချီဆရာမဟုတ်ဘူးလို့ သမားရိုးကျ ညည်းညူတယ်။ ဒါ့အပြင် သူဟာ တနင်္လာနေ့ မဟုတ်ဘူးလို့လည်း အဲဒီ တနင်္လာနေ့ကဆိုတယ်။ သူ့မုသားဟာ ခိုင်ခံ့တယ်ဆိုတာ သူ အာမခံပါတယ်တဲ့။ တကယ်လို့ တယ်လီဖုန်းလာရင် မြွေဟာ ကိုယ်စွမ်းတာ ကိုယ်အန်ချခဲ့ရသလို `ငါရှိနေမယ် လာခဲ့လေ´။ ပြီး၊ ဖုန်းပြန်ချလိုက်တယ်။ စဉ်းစားကြည့်တော့လည်း ဒါမဟုတ်သေးဘူးလေ။ အောင်ချိမ့် တစ်ခုသောစနေနေ့မှာ တေဇာဟာ ဘိုင်ကျနေသောကြောင့် (ထုံးစံအတိုင်း) စိတ်ညစ်ညစ်ရှိတာနဲ့ ကဗျာလေးတစ်ပုဒ်ကို မရိုးမရွ ခိုးချပြီး တင်လိုက်ပါတယ်။ ဆရာအောင်ချိမ့်ရဲ့ကဗျာကို ခိုးချခြင်းမှန်သော်လည်း သူ့လက်ရာခြေရာ သေးသေးလေးလည်း ပါလိုသောကြောင့် ဘယ်သူမျှမရှင်းခိုင်းပါပဲနဲ့ ရှင်းကြည့်ပါတယ်ဗျာ။ သည်းခံကြပါ ဟဲဟဲ။ ပထမဆုံးစာပိုဒ်မှာပဲ မရှင်းမရှင်းဖြစ်ရပါတ

လွတ်လပ်စွာ ကွဲလွဲခွင့်

ခင်ဗျားပြောသမျှ တစ်လုံးတစ်ပါဒကိုမျှ ကျွန်တော် သဘောမတူနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ အဲဒီလိုပြောပိုင်ခွင့်ကိုတော့ ကျွန်တော် သေတဲ့အထိ ခုခံတိုက်ပွဲဝင်သွားမှာပါ။ အထက်ပါစကားကို ဘယ်သူပြောခဲ့တာလဲဆိုရင် အားလုံးက ဗော်တဲယားဆိုတဲ့လူကြီးပေါ့လို့ ဆိုကြမှာပေါ့။ ဒါပေမဲ့ အမှန်တကယ်က အဲဒီအနှစ်ချုပ်စကားလေးဟာ ဗော်တဲယားရဲ့ နှုတ်ထွက်စကားမဟုတ်ပါဘူး။ ဘ၀တစ်လျှောက်လုပ်ဆောင်ချက်တွေနဲ့သာ သူ့ရဲ့ယုံကြည်မှုကို သက်သေပြခဲ့တာပါ။ ဒါကြောင့် သူ့ရဲ့ အထုပ္ပတ္တိကိုရေးတဲ့လူတွေက အထက်ပါစကားကို သူ့ကိုယ်စား ပြောခဲ့တာပါ။ လွတ်လပ်မှုရဲ့ မီးရှူးတန်ဆောင် ဗော်တဲယားဆိုပြီး ဂုဏ်တင်ပေးခဲ့ကြတယ်။ အမ်း... ဖတ်ကြည့်တော့မှ ဒီဗော်တဲယားဆိုတဲ့လူကြီးအကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းသားဗျ...။ အဆုံးထိဖတ်ပြီးမှ ပြန်ပြီး ဖောက်သည်ချပါ့မယ်...။ ခုတော့ ပို့စ်အသစ်မတင်ဖြစ်တာကြာပြီဆိုတော့ သိတဲ့အတိုင်း မနေနိုင်မထိုင်နိုင် လျှောက်တင်လိုက်တာပါ။

အ၀ါရောင် သတ္တုစများ

`ငါတော့ မယုံပါဘူးကွာ´ စာအုပ်ထူကြီးကို လှန်လှောဖတ်နေသူက ခပ်ညည်းညည်းပြောလိုက်၏။ ဓာတ်တုပစ္စည်း ရှာဖွေရေးကိရိယာကြီး၏ဒိုင်ခွက်ကို ငုံ့ကြည့်နေသူနှစ်ဦးအနက် တစ်ဦးက… `ဟေ့ကောင် မင်းယုံတာမယုံတာဟာ ငါတို့အခုလာရတဲ့ကိစ္စနဲ့ ဘာမှမပတ်သက်ဘူး။ အားအားရှိတိုင်း အဲဒီစာအုပ်ကြီးကိုဖတ်ပြီး ထင်မြင်ချက်တွေ လျှောက်ပေးမနေစမ်းနဲ့´ ဟု ပြန်ပြောလိုက်၏။ ထိုသို့ လှည့်ပြောနေခိုက်မှာပင် ဒိုင်ခွက်ကိုကြည့်နေသူ ကျန်တစ်ယောက်က သူ့အဖော်ကို လက်တို့ပြီး… `ဟာ… ဒီကောင့်ကို အရေးလုပ်ပြီး ပြောမနေစမ်းပါနဲ့၊ ဟော..ဟော..ကြည့်… ဒီမှာကြည့် မြေကြီးအသန့်ကို တွေ့နေပြီ´ `အနက်တိုင်းမီတာကို ဖတ်စမ်း၊ ဖတ်စမ်း´ `ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာ´ ဟိုးခပ်လှမ်းလှမ်းတွင် တူးဖော်ရေးယန္တယားကို မောင်းနှင်နေသူက လက်ထဲမှ အချက်ပြ အမှတ်အသားကို ထောင်ပြ၏။ ကိရိယာဖတ်သူနှစ်ယောက်အနက်မှ တစ်ယောက် လှမ်းပြောလိုက်သည်။ `ရှစ်ဆယ့်ခြောက် ဒသမ ငါးမီတာဟေ့´ ယန္တယားမောင်းသူက ခေါင်းကို တစ်ချက်ညိတ်ပြပြီး ယန္တယားမောင်းတံခလုပ်ကို ဆွဲလိုက်၏။ ယန္တယားထိပ်တွင် တပ်ဆင်ထားသော သံမဏိဂေါ်ပြားကြီးသည် တအိအိ စိုက်ဆင်းလာသည်။ နောက် မြေကြီးထဲ နစ်ဝင်သွား၏။ `ဝေါ´

အရေးပေါ်သတိပေးချက်

ဤစာမှာ အားလုံးအတွက် `အရေးပေါ်သတိပေးချက်´ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဂရုတစိုက်ဖတ်ရှုပေးပါ။ အခုလောက်ဆိုရင် စာဖတ်သူများလည်း `ဟောကိန်းထုတ်စက်´ ဆိုတဲ့ စက်အကြောင်း သိပြီး ဖြစ်ချင်ဖြစ်မှာပေါ့။ ယခု ဤစာကို ဖတ်ရှုနေချိန်မှာ ထိုစက်အား ကမ္ဘာတစ်ဝှမ်း သန်းဖြင့်ချီ၍ ရောင်းချပြီး ဖြစ်လောက်ပါတယ်။  မသိသေးဘူးဆိုရင် ကျွန်တော် ရှင်းပြပါ့မယ်။ သူ့ ပုံစံအသွင်အပြင်ကတော့ ကားတံခါးဖွင့်တဲ့ အဝေးထိန်းခလုတ်နဲ့ ဆင်ပါတယ်။ သူ့မှာပါတာက ခပ်ကြီးကြီး အစိမ်းရောင်မီးလုံးတစ်လုံးနဲ့ နှိပ်စရာ ခလုပ်တစ်ခုပါပဲ။ ခလုတ်ကို နှိပ်လိုက်ရင် မီးစိမ်းလင်းသွားပါမယ်။ ဒါပဲလားဆိုတော့ အဲဒီလောက်ထိလည်း မရိုးစင်းပြန်ပါဘူး။ အဲဒီမီးစိမ်းက ခလုတ်ကိုမနှိပ်ခင် တစ်စက္ကန့်အလိုမှာ အရင်လင်းတာပါတဲ့…။

တစ်စိမ်းတစ်ရံစာ

ညက အိပ်မက်ထဲမှာ ဆယ်မာဟေးယက် သေးဆုံးသွား၏။ ထို ဆယ်မာဟေးယက်က ဟောလီးဝုဒ်မင်းသမီး ဆယ်မာဟေးယက်မဟုတ်။ သူ့ဘက်က ချစ်စနိုးခေါ်သော သူမနာမည်သာ ဖြစ်သည်။ ပထမ သူမကို ကလောဒီယာရှီဖာလို့ ပေးရမလား။ မီး(စ်)ဒင်မင်းဒက်(စ်)လို့ ပေးရမလား သူစဉ်းစားသေပေမယ့်၊ နောက်တော့ သူမနာမည်ကို ဆယ်မာဟေးယက်ဟု သူအမည်ပေးလိုက်သည်။ ပြီးတော့ သူမကို ချစ်စနိုး ဆယ်မာဟု ခေါ်သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးဟု သူ့ကို ပြောဖူးပါသည်။ သူမနှင့်သူ စတွေ့တာလည်း မြို့လယ်ခေါင်က နိုက်ကလပ် တစ်ခုမှာဖြစ်သည်။ မှတ်မှတ်ရရ နယူးရီးယားနိုက်က သူမကို စတွေ့ခဲ့ခြင်းဖြစ်သည်။ နယူးရီးယားနိုက်မှာ ဘီယာမူးမူးနှင့် သူမနှင့် တွဲကခဲ့သည်။ သူနှင့်မှမဟုတ် ထိုညက သူမက ယောက်ျား အတော်များများနှင့် တွဲကခဲ့ပါသည်။ အဖြူအနက်ကွက် ဂါဝန်ကို ၀တ်ဆင်ထားသော သူမအား ယောက်ျားတစ်ယောက်လက်ကနေ နောက်တစ်ယောက်က ဆွဲခေါ်သွားသည်မှာ၊ ဘောလုံးတစ်လုံးကို တစ်ယောက်ပြီးတစ်ယောက် ၀ိုင်းကန်နေသည်နှင့်ပင် တူနေခဲ့သည်။ ထိုညက အယောင်ယောင်အမှားမှား၊ သူမကို သူက ဆယ်မာဟေးယက်ဟု ခေါ်ခဲ့သည်။ သူမကတော့ သူမနာမည် ခင်ခင်လေးပါဟုသာဆိုသည်။ သည်လိုနှင့်ပဲ နယူးရီးယားညဦးပိုင်းမှာပင်၊ သူလည်း ဆယ်မာဟေးယက်နှင့် လမ်းခွဲခဲ

ကိုငှက်ကြီးရဲ့ မဇ္ဈိမတေးသွား၊ တစ်နေ့တစ်လံပုဂံဘယ်မရောက်နှင့် ယုတ္တိဗေဒဖြင့် လူပျိုလှည့်ခြင်းအတွေးစများ

အောက်ပါသရော်စာများ၏ မူရင်းရေးသားသူမှာ တရုတ်စာရေးဆရာ ၀မ်မင်း (Wang Meng) ဖြစ်ပြီး၊ ဆရာမောင်ဒေးက ဘာသာပြန်ထားကာ၊ တေဇာမှ… လူတတ်လုပ် ရှင်းပြထားခြင်းဖြစ်ပါသည်။ အောက်ပါအရေးအသားများမှာ လူ့သဘောလူ့သဘာဝ သရော်ထားသော အရေးအသားများဖြစ်ပါသည်။ ကလေးတစ်ယောက်အနေဖြင့် ပုံပြင်လေးတစ်ပုဒ်ပမာ ဖတ်မည်ဆိုလျှင်လည်း ဖတ်လို့ကောင်းပါသည်။ စကားလုံးများ၏နောက်ကွယ်မှ မူရင်းဆိုလိုချက်ကို ကျွန်တော် ကြိုးစားဖမ်းဆုပ်ကြည့်ပါတယ်။ သို့သော် အခြေအနေ (Environment) ကလည်း ရှိသေးတယ်ခင်ဗျ။ အင်တာနက်ဖိုးပေး၍ စာရိုက်နေရသောကြောင့် စိတ်မဖြောင့်ပါသဖြင့် ကျွန်တော်ရှင်းလင်းထားသည်များ ကိုးရိုးကားယားဖြစ်နေလျှင် ခွင့်လွှတ်ကြပါဗျာ။ နဂါးဂူထဲက လီတစ်ထောင်မြင်း လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင်

ကျုပ်လည်း မင်းလိုပဲ

တစ်ညနေမှာ နိုက်တင်ဂေးငှက်တစ်ကောင်က တေးသီနေတယ်။ မြွေတစ်ကောင်က ငှက်ကြားအောင် အက်ဆေးတစ်ပုဒ်ကို တမင်အော်ဖတ်နေတယ်။ အက်ဆေးက မြွေဟာလည်း နိုက်တင်ဂေးနဲ့မျိုးရိုးတူကြောင်း ရေးထားတာ။ ဒီအက်ဆေးအလိုရ မြွေဥတွေကို တစ်ချိန်က နိုက်တင်ဂေးဥတွေနဲ့ ရောစီထားသတဲ့။ ဒီတော့ သူတို့က မျိုးရိုးဇာတိတူတာ သေချာတယ်ပေါ့။ ဒါ့အပြင် ဒီဥတွေမပေါက်ခင် အလင်းနဲ့အပူပေးတဲ့ နေမင်းကြီးကလည်း အတူတူပဲလေ။ ဒါကြောင့် သူတို့ဟာ တူညီတဲ့မျိုးရိုးတစ်ခုရဲ့ အဖွဲ့ဝင်တွေပါပဲ။ တတိယအချက်က သူတို့နှစ်ယောက်စလုံး ညဆို တေးဆိုတယ်။ မြွေရဲ့ယူဆချက်အရဆိုရင် သူတို့သီဆိုတဲ့ သီချင်းက တော်တော်ကို ဆင်တူတယ်။ စတုတ္ထအချက်။ သူတို့နှစ်ယောက်စလုံး ပန်းဥယာဉ်ထဲမှာ ကျင်လည်ရတာကို ကြိုက်တယ်။ ပဉ္စမအချက်အနေနဲ့ သူတို့နှစ်ယောက် စလုံးဟာ နှင်းနဲ့ဆောင်းအေးတာကို မနှစ်သက်ဘူး။ ဆဌမအချက်က သူတို့နှစ်ယောက်စလုံး နှင်းဆီတွေကို သဘောကျတယ်။ သူတို့ရဲ့ စိတ်ဝင်စားမှု တူတယ်ဆိုတဲ့ သဘောပဲ။ ပြီးတော့ သတ္တမအချက်….. နိုက်တင်ဂေးက စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောတယ်။ ခင်ဗျားရဲ့အက်ဆေးမှာ အလွန်ခိုင်လုံတဲ့ သံမဏိအထောက်အထားပေါင်း သောင်းခြောက်ထောင်ရှိနေပါစေဦး၊ ခင်ဗျားဟာ မြွေမဟုတ်ဘဲ နိုက်တင်ဂေးဖြစ်ပါတယ်လို့တော့ ကျုပ

နဂါးဂူထဲက လီတစ်ထောင်မြင်း

လွန်ခဲ့တဲ့ငါးနှစ်လောက်က ကျေးလက်ဒေသတစ်ခုက နွားတင်းကုပ်တစ်ခုမှာ လီတစ်ထောင်ပြေးနှုန်းရှိတဲ့ မြင်းတစ်ကောင်ကို သွားသွားလာလာ ကျွန်တော် ရင်းနှီးခွင့်ရရှိခဲ့တယ်။ (တစ်လီ ပမာဏဟာ သုံးပိုင်းတစ်ပိုင်းမိုင်နဲ့ ညီမျှပါတယ်။ အစာရေစာပြတ်လပ်မှုနဲ့ အအေးဒဏ်တို့ကြောင့် မြင်းဟာ ခြေကုန်လက်ပမ်းကျ၊ တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်၊ ခေါင်းငိုက်စိုက်ပြီး မြုံတုံတုံပေါ့။ ပြေးရင်လည်း နွားလောက်ပဲ ပြေးနိုင်တယ်။ မြည်းတွေ၊ လားတွေကတောင် အဲဒီမြင်းကို သူတို့ထဲရောနှောလာရင် မကြိုက်ချင်ကြဘူး။ ထယ်ထိုးခိုင်းပြန်တော့လည်း နွားတစ်ကောင်လောက် ခံနိုင်ရည်မရှိ။ ဒါကြောင့် နွားတင်းကုပ်မှာထားတယ်ဆိုပေမယ့် နွားတွေကြားမှာ အပယ်ခံပဲ။ သိပ်မကြာခင်မှာပဲ မြင်းအကြောင်းနားလည်သူအချို့ဟာ လီတစ်ထောင်မြင်းကို တွေ့သွားကြတယ်။ သူတို့က မြင်းကို ဂျုံနှစ်ကော်စာကျွေးလိုက်တာ မြင်းကြီးဟာ ချက်ချင်းပဲ ကဆုန်ပေါက်ထပြေးတယ်။ သူ့ခွန်အားကို နွားတွေ၊ မြည်းတွေ၊ လားတွေနဲ့ ၀က်တွေတောင် အံ့သြကြရတယ်။ သိပ်မကြာပါဘူး။ မြင်းပြိုင်ပွဲမှာ လီတစ်ထောင်မြင်းက ပထမနေရာက ပန်းဝင်တယ်။ သူ့အတွက် အထူးနဂါးဂူလုပ်ပေးရတယ်။ တစ်ရက်တည်းနဲ့ လီတစ်ထောင်ပြည့်အောင် ပြေးနိုင်တဲ့မြင်းဆိုရင် ကောင်းကင်ဘုံက နှင်ထုတ်ခံရ

ကြက်ဥပြုတ်များနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ

ကျွန်တော့်အဖေက စာများများဖတ်တဲ့ စွယ်စုံ ပါရမီရှင်ကြီးတစ်ယောက်ပါပဲ။ သိသမျှကိုလည်း မငြီးမညူ သင်ကြားပေးလေ့ရှိတယ်။ ကျွန်တော့်ကို ပါရမီရှင်တစ်ယောက်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်ပေါင်းများစွာကြာအောင် လက်သပ်မွေးကာ သင်ကြားပေးခဲ့ပါတယ်။ ကျွန်တော့်ကို စာပေသင်တယ်။ သူအကြိုက်ဆုံးစာအုပ်က `တန်မင်းဆက်ကာလရဲ့ ကဗျာသုံးရာ´ ပါပဲ။ အဲဒီကဗျာတွေကို ဒေါက်ကနဲ ဒေါက်ကနဲ အလွတ်ရွတ်ပြနိုင်တဲ့အထိ သူကျွန်တော့်ကို ညှင်းပမ်းသင်ကြားပေးပါတယ်။ အခြားစာအုပ်သစ် တစ်အုပ်တစ်လေကို ကျွန်တော် စမ်းဖတ်ကြည့်တဲ့အခါတိုင်းမှာလည်း သူ ဒေါသပုန်ထတတ်တယ်။ ပြီးရင် အာဘောင်အာရင်းသန်သန်နဲ့ မိန့်ခွန်းရှည်ကြီး ဟောတော့တာပါပဲ။ `တန်ကဗျာသုံးရာကို မင်း ကျွမ်းကျင်နေပြီများ မှတ်နေလား။ အဲဒီကဗျာတွေရဲ့ ဆန်းကြယ်မှုတွေ၊ ကာရံတွေ၊ ဆန့်ကျင်ဘက်စကားလုံး တွဲဆက်မှုတွေ၊ စကားလုံးရွေးချယ်မှုတွေ၊ စိတ်ကူးအံဝင်ခွင်ကျ ဖြစ်မတွေ၊ ကဗျာနိမိတ်ပုံတွေ၊ အတွေးနယ်ခွင်တွေ၊ အဓိပ္ပာယ်တွေရဲ့ အရိပ်လွှမ်းမိုးမှုတွေ အိုး.. အများကြီး…အများကြီး…. အဲဒါတွေကို ညီညွတ်အောင် မင်း ပေါင်းစပ်နိုင်ပြီလား..။ အသုံးချနိုင်ပြီလား။ မင်းရဲ့ ကဗျာတွေဟာ လီဘိုင်း၊ တုဖူး၊ မင်ဟောင်းရန်၊ ၀မ်ဝေ၊ လီရှန်ကျင်းနဲ့ တုမုတို့ရဲ့က

၁၉ လမ်း

ညှော်နဲ့များ စီးကရက်မီးခိုးများ အဖုံးတွင်း ကံစမ်းမဲများ။ တစ်နေကုန် အသည်းအသန်ရှင်သန်ခဲ့သမျှ တစ်နေကုန် အပြင်းအထန် သေဆုံးခဲ့သမျှ။ သူငယ်ချင်းတစ်ယောက်ရဲ့ အိတ်ထောင်ထဲ ငွေစကြေးစကလေးလည်း ချွေးတွေစိုလို့။ မှားမှန်းသိလျက် ခေါင်းညိတ်ခဲ့ရတာတွေ မှန်မှန်းသိလျက် ငြင်းဆန်ခဲ့ရတာတွေ ကိုယ့်အပူနဲ့ကိုယ် ကိုယ်တွေ ခြစ်ခြစ်တောက်ပူလို့။ ၀င်္ကပါမှာ သံသရာလည်ကြ ဆံပင်ရှည်ထားသလို စိတ်ရှည်ရှည်ထားနိုင်ရင်လည်းကောင်းမယ်။ ရေခဲတုံးလေးများလို အရည်ပျော်၊ ပျော်ဝင်သွားနိုင်ရင်လည်း ကောင်းမယ်။ ဘယ်လိုပြောမလဲ ဘာမှမပြောတာဘဲ ကောင်းမယ်။ ။ ကြည်ဇော်အေး ကဗျာဆရာတွေဟာ အသက်ရှင်ခြင်းရဲ့ နာကျင်မှုတွေကို စာပေထဲမှာမဟတ်ုဘဲ မြို့ပြရဲ့ လမ်းကြိုလမ်းကြားတွေထဲမှာ တွေ့ရတယ်။ ၁၉ လမ်းဟာ အက်(ရှ်)ဘယ်ရီ ကဗျာတစ်ပုဒ်ထက် ကဗျာဆရာရဲ့ အသည်းနှလုံိးကု ပိုထိခိုက်စေတယ်။ ၁၉လမ်း ကဗျာဟာ `မြို့ပြလူသားတွေရဲ့ အောက်တန်းကျတဲ့ ရှင်သန်မှု´ နဲ့ စထားတယ်။ (ညှော်နဲ့များ၊ စီးကရက်မီးခိုးများ၊ အဖုံးတွင်းကံစမ်းမဲများ)။ ကဗျာဆုံးမှာတော့ ရေခဲတုံးလေး အရည်ပျော်သွားသလိုမျိုး ကဗျာဆရာရဲ့အသံ တိမ်ဝင်သွားတာကို တွေ့ရတယ်။ ဆရာအောင်ခင်မြင့်ရဲ့ ကြည်ဇော်အေးကဗျာအပေါ် ရှင်းလင်းချက်ကို ထုတ်နှုတ်တင်ပြပါသည်။

ကျောက်ခေတ်သို့အပြန်

အသက်က ကြီးလာတော့ ကျုပ်က အလင်းရောင် သိပ်မကြိုက်ဘူး။ ဒါကြောင့်ပဲ များသောအားဖြင့် နေ့လယ်ခင်းမှာ နှပ်နေတတ်တ်ယ။ ငုယ်တုန်းကတော့ ဟုတ်သပေါ့။ လင်းတာမှောင်တာ သိပ်အရေးမကြီးဘူး ပြောချင်ပြောနိုင်ပေတဲ့ ကျုပ်တို့ရဲ့ အဘောသဘာဝကိုက အလင်းမှမကြိုက်ပဲကိုး။ ခုလို အသက်အရွယ်လေး ရလာတော့ ပိုဆိုးလာတာပေါ့။ အမှောင်ရိပ်ကလေးခိုပြီး လုပ်စရာရှိတာကလေးတွေ လုပ်ရတယ်။ မှောင်ရိပ်ခိုလုပ်ရတယ်ဆိုတော့လည်း အများက မသိကြဘူးပေါ့။ ပိုဆိုးလာတာဖြစ်ခုကတော့ ငယ်ငယ်တုန်းကလို သတ္တိမရှိတော့တာပဲ။ ငယ်တော့ ရဲသပေါ့ဗျာ။ ကြီးလာတော့ ဥစ္စာကံစောင့်၊ အသက်ဉာဏ်စောင့်လို့ ဆိုကြတာမျိုးပဲ။ ဘာလုပ်လုပ်ဉာဏ်ဆောင်ရတယ်။ ခုကြည့် ဟိုကောင်တွေ လာပြောလို့ သိရတယ်။ ဟိုဖက်နားဆီကညိုကြီးဆိုတဲ့အကောင် ချောသွားပြီတဲ့။

Scan ဖတ်ထားသော Image များကို အလိုအလျောက် ပြန်တည့်မတ်ခြင်း

Scan ဖတ်ထားတဲံ Image တွေဟာ များသောအားဖြင့် တည့်တည့်မဖြစ်တာများပါတယ်။ ဒီလိုဖြစ်တိုင်း တည့်အောင် Scan ပြန်ပြီးဖတ်နေရမယ်ဆိုရင်တော့ တော်တော်ပင်ပန်းမှာပါ။ အချိန်လည်းကုန်၊ မီးစက်နှိုးထားရတဲ့ ဆီဖိုးလဲ ကုန်မှာပေါ့....ဟဲဟဲ...။ ဒီပြဿနာကို Photoshop နဲ့ အလွယ်တကူဖြေရှင်းနိုင်ပါတယ်။ Scan ဖတ်ထားတဲ့ Image ကို Photoshop နဲ့ ဖွင့်လိုက်ရုံပါပဲ။ ဖွင့်ပြီးရင်.. File>>Automate>>Crop and Straighten Photos ကို လုပ်လိုက်ရုံပါပဲ...။ အလွယ်ကလေးပေမယ့် မသိတဲ့လူများအတွက် ဒုက္ခရောက်တတ်လို့ပါ...။ :-)

ခေတ်ပေါ်မိသားစုဘ၀ကို ကဗျာများမှ လေ့လာခြင်း

အောင်ချိမ့်ရဲ့ "လမ်း" ဆိုတဲ့ ကဗျာကတော့ အန္တရာယ်တွေ ပြွမ်းတီးနေတဲ့ ခေတ်ပေါ်မိသားစု ဘ၀ရဲ့ ရှင်သန်မှုကို ထိတ်လန့်ဖွယ်အကောင်းဆုံး ပြဆိုနိုင်ခဲ့တယ်။ လမ်း မိသားစုများ အခန်းကဏ္ဍ ကမ္ဘာဦး ပုံသဏ္ဍာန် တစ်ဦးပြန်အလာ တစ်ဦးမျှော်ကြ မီးဖိုကြ ငါတို့ခေတ်မှာ ငါတို့ဟာ ချစ်မေတ္တာကို ယူလာနိုင်ခဲ့လို့လား အိမ်ပြန်လာကြတယ် ကားတစ်စင်းသေနေပေါ့ ညောင်ပင်ကြီးရဲ့အောက်မှာ မိုးက မတိတ်တော့ဘူးလား ဟောဒီလောကမှာ အောင်ချိမ့် (၁၉၉၆၊ ဒီဇင်ဘာ၊ ရနံ့သစ်) အောင်ချိမ့်ရဲ့ ကဗျာဟာ ကတ် (၂) ကတ်ပဲပါတဲံ အတိုဆုံး ရုပ်ရှင်ကားလေးတစ်ခုပါပဲ။ ကင်မရာဟာ မီးပုံဘေးက ကမ္ဘာဦးမိသားစုကိုရိုက်ပြရင်းက ရုတ်တရက် (ကတ်ပြောင်း) သွားပြီး မိုးတဖွဲဖွဲရွာနေတဲ့အချိန် အိမ်အပြန်လမ်းမှာ ညောင်ပင်ကြီးတစ်ပင်ကို (ဆိုးဆိုးရွားရွား) ၀င်တိုက်ထားတဲ့ ကားတစ်စီးကို ပြတယ်။ ဒါပဲ။ မြို့ပြဟာ တည်းခိုသူတွေကို ကြီးမားတဲ့တန်ဖိုးတွေ တောင်းဆိုတတ်တယ်။ ကျွန်တော်တို့ဟာ မြို့ပြကို ပိုက်ဆံ၊ အချစ်၊ အသက်စတဲ့ မတန်တဆတန်ဖိုးတွေ ပေးဆပ်ကြရတယ်။ ကဗျာဟာ "လူးလွန့်နေတဲ့မီးတောက်တွေနဲ့ စတင်ထားပြီး" "တစိမ့်စိမ့်ရွာနေတဲ့မိုး" နဲ့ အဆုံးသတ်ထားတယ်။ လူးလွန့်နေတဲ့မီးတောက်တွေရဲ့ သင်္ကေတသဘော

အကြည်တော်လိုရယ်ချင်သလား

ဟာသလေးတစ်ခု တင်ပေးလိုက်ပါတယ်။ သူ့ရဲ့ ခေါင်းစဉ်ကိုယ်တိုင်ကကို စဉ်းစဉ်းစားစားရယ်ပါလို့ ပေးထားပါတယ်။ ရယ်တတ်မှသာ ရယ်လို့ရတဲ့ဟာမျိုးလို့ထင်ပါတယ်။ ရယ်တဲ့နေရာမှာလည်း တဟားဟားဖြစ်ကောင်းမှဖြစ်မယ်...ပြုံးစိစိလေးပေါ့ဗျာ...ကောင်းဘူးလား။ စပ်မိလို့ပြောပါရစေဦး။ အောင်မြင်မှုဆိုတာ အခြေအနေ၊ အချိန်အခါတွေနဲ့ အများကြီးဆိုင်တယ်ဗျ။ ကိုမျိုးကြီး (အဆိုတော်) စကားငှားသုံးရရင် ဒီအရပ်နဲ့၊ ဒီဇာတ်နဲ့ မနေတတ်တော့ဆဲခံရမယ်..ပေါ့..ဟိဟိ...။ အကြည်တော်ဘာကောင်းလဲ ဘာရယ်ရလဲကျွန်တော် (ကျွန်တော်တုံးတာလဲဖြစ်နိုင်တယ်...ဟဲဟဲ) စဉ်းစားမရပါ။ ပြစ်ပြစ်နှစ်နှစ်ရေးပြီး လည်ပင်းညှစ်ရယ်ခိုင်းသော စာများဟုသာ ကျွန်တော်မြင်ပါသည်။ (အနော် မျက်လုံးမှုန်တယ်နော်)။ သောက်ကြီးသောက်ကျယ် (တကယ်ပြောတာ ကျွန်တော်က သောက်လုံးလည်းကြီးတယ်၊ သောက်ပြီးရင်လဲ ကျယ်ကျယ်ကျယ်ကျယ်လုပ်တတ်တယ်) ပြောချင်တာလေးကတော့ “အခုခေတ်မှာ ပညာကိုယ်ခံအားကောင်းဖို့ တော်တော်လိုအပ်လှတယ်။ သူများလိမ်တာ၊ ညာတာ၊ ခေါင်းပုံဖြတ်တာမခံရဖို့ပါ။ ကိုယ့်ရဲ့ပညာကိုယ်ခံအား (အတွေးအခေါ်) အားနည်းလို့ကတော့ ခုခေတ်မှာ... သိပ်အဆင်ပြေလှမှာမဟုတ်ဘူး။... အင်...ဟာသဆိုပြီး ဘယ်လိုလုပ် လမ်းချော်သွားပါလိမ့်...ဒီအကြောင်း နောက်မှရေ

ဘာသာစကားအမျိုး (၃၀) ဘာသာပြန်နိုင်တဲ့ Website

ဘာသာစကား နှစ်မျိုးသုံးမျိုးလောက်တတ်တာဟာလည်း အသုံးဝင်တဲ့အရာပါပဲ။ ကမ္ဘာကြီးရဲ့ အရပ်ဒေသအမျိုးမျိုးက လူပေါင်းစုံနဲ့ ပြောဆိုဆက်ဆံနိုင်မယ်မှတ်လား။ ကံမကောင်းတာက အဲဒီအရည်အချင်းဟာလည်း လူတိုင်းမှာ ရှိနိုင်တဲ့ အရည်အချင်းမျိုးမဟုတ်ဘူး။ (အနော့်မှာလဲရှိဝူး) ။ အင်တာနက်ထဲက Websites တွေကို ၀င်ရောက်ကြည့်ရှုရာမှာ တစ်ခါတစ်ခါမှာ ကိုယ်လုံးဝနားမလည်တဲ့ ဘာသာစကားနဲ့ရေးထားတဲ့ Site တွေနဲ့ ထိပ်တိုက် တိုးရတတ်ပါတယ်။ ဒါမှမဟုတ်လဲ တခါတလေမှာ စကားလုံးတစ်လုံးကိုပဲ တခြားဘာသာစကားတစ်ခုခုနဲ့ ဘယ်လိုရေးလဲ၊ ဘယ်လိုအသံထွက်လဲ သိချင်ရုံသက်သက်အခါမျိုးတွေလဲ ရှိတတ်ပါတယ်။ ကျေးဇူးတင်ဖို့ကောင်းတာက Web Page တစ်ခုလုံးကိုပဲဖြစ်ဖြစ် စာလုံးတစ်လုံးထဲကိုပဲဖြစ်ဖြစ် လွယ်လွယ်ကူကူဘာသာပြန်ပေးနိုင်တဲ့ Site တစ်ချို့ ရှိနေတာပါပဲ။ ကဲ.... အခုဘာသာစကားအမျိုးပေါင်း (၃၀) လောက်ကို ဘာသာပြန်ပေးနိုင်တဲ့ Website တစ်ခု မျှဝေပေးလိုက်ပါတယ်။ လက်တွေ့စမ်းသပ်ကြည့်ချက်အရ အဆင်ပြေတာကို တွေ့ရပါတယ်။ တခြား Translation ဆိုက်တွေလို အကြာကြီးစောင့်စရာမလိုတာလည်း အားသာချက်တစ်ခုပါပဲ..။ ဆိုက်ကို အသုံးပြုနည်းက အရမ်းရိုးရှင်းပါတယ်။ အပေါ်ဘက်နားမှာ ကိုယ်ဘာသာပြန်ချင်တဲ့စကားလုံးကို ရိုက်ထည့်ဖိ

“ကျဆုံးလေပြီးသော ဂျင်းဘောင်းဘီ”

“ကျဆုံးလေပြီးသော ဂျင်းဘောင်းဘီ” လူငယ်ဘ၀ ကော်ဖီခါးခါး ဂျင်းဘောင်းဘီရဲ့ တစ်ကိုယ်ရေအလွမ်းများ အဝေးပြေးလမ်းရဲ့ ချုပ်ရိုးတွေ တောစိမ်းလေစိမ်းတွေကို ကိုယ်ကျပ်ဝတ်လို့ အိပ်ဇောပိုက်ထဲက ညတွေ စီးကရက်ဖွာနေတဲ့ ကြယ်ပူစူးလေးတွေနဲ့ ကျောပိုးအိတ်ထဲက လ၀န်းလဲ့ပြာလေးခမျာ ဒိုင်ယာရီကြားထဲ ခေါင်းထိုးပြီး အိပ်ဆေးကြောင် မျန်ဝန်းခြောက်ကပ်နဲ့ ငိုနေတယ်။ ငါ့ကိုထမ်းထားတဲ့ ဂစ်တာ ဗုဒ္ဓမြတ်စွာရဲ့ တရားဒေသနာ တစ်ချိန်မှာတော့ သူရောငါရော ကျကွဲရမှာပါ မြန်နှုန်းမြင့်ဘ၀တွေ တောင်ပတ်လမ်းနဲ့ အသူတစ်ရာချောက်တွေပေါ် ရူးရူးမူးမူး စည်သွပ်ဗူးထဲက အိပ်မက် နှင်းဆီတစ်ပွင့်မှာ အဖျားတက်နေချိန် ငါ့ခြေဦးနဲ့ဒူး ပြန်ကွေ့ခဲ့ပေါ့ အမေ့အိမ်။ ။ ခက်သီ

“နားလည်သူ”

“နားလည်သူ” ဟုတ်ကဲ့...အမိန့်ရှိပါ ဘယ်နေရာမှာ အဆင့်တစ်ဖြစ်ပြီလဲ ချစ်ခြင်းမေတ္တာ အင်္ဂလိပ်စကားပြောလုပ်ငန်းကျွမ်းကျင်မှု (ဒေါ်လာ) သဘောပေါက်နားလည်ရခြင်းဟာ တစ်ခါတစ်ခါ ၀မ်းနည်းစရာပဲ အများကြိုက်ဘာသာစကားနဲ့ ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ဘယ်လိုလဲ မိုက်တယ်မဟုတ်လား အလုပ်အကိုင် အကျိုးတော်ဆောင် ဆံပင်ဖြောင့်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ မပြီးဆုံးနိုင်သေးတဲ့ သင်တန်းတွေ သင်တန်းတွေ Auto CAD ဆွဲရများ စားဖိုမှူးလုပ်ရမလား အဲကွန်းပြင်ရကောင်းမလား အရည်အသွေးနိမ့်ကော်ဖီမစ်တွေ ဆက်သောက် ပျင်းပျင်းရှိ Internet ကလေးမှာ Chatting ထိုင် လေယာဉ်ပျံမစီးနိုင်သေးသူ တက္ကစီမငှားနိုင်သူ မွန်းကျပ်နေတဲ့ ဘတ်စ်ကားထဲ မျက်စိမှိတ်ပြီး အိပ်မက်လာသူ တွင်းတွေထဲလျှောက်နှိုက်လဲ မြွေပဲတွေ့မယ် ငါ့လက်ထဲ ဘယ်တုန်းကမီးခဲတွေ ရောက်လာသလဲ ဓာတ်တိုင်အောက်မှာတော့ ပုရစ်တွေ မဲမဲလှုပ်နေ ကိုရီးယားအချစ်ဇာတ်ကားကြည့် တရုတ်သိုင်းကားကြည့် Shopping Centre တွေထဲ လျှောက်ကြည့် အချင်းချင်း ပုခုံးချင်းတိုက်ကြည့် ပိန်းဥတွေစားလို့ ပိန်းကြသလား ငါလည်းပဲ မျောက်ဥတွေ စားမိသလား တစ်ခါတစ်ခါ နားလည်သဘောပေါက်ရတာ ၀မ်းနည်းစရာ။ စိုးမိုးယံ

အားလုံးရဲ့ကမ္ဘာ

ကိုအာကာဆိုတဲ့လူကြီးက ပြောပါတယ်ဗျာ...။ ကျွန်တော်က အချစ်အကြောင်းရေးထားတဲ့ကဗျာတွေဆို သိပ်မကြိုက်ဘူးလို့ပြောတော့... အချစ်အကြောင်းမှတစ်ပါး အခြားအကြောင်းကိုစပ်ထားသော ကဗျာတွေရှိသလားတဲ့၊ ရှိရင် သူဖတ်ချင်ပါသတဲ့...။ သူတကယ်ဖတ်ချင်တာလား၊ ရိတာလားတော့ ကျွန်တော်မသိပါ ဟဲဟဲ...။ (ဒီနေရာမှာ အချစ်အကြောင်းဆိုတာ ယောက်ျားနဲ့မိန်းမ ချစ်ကြတာကိုဆိုလိုတယ်လို့ ကျွန်တော်ယူဆလိုက်ပါတယ်) အောက်ကကဗျာလေးကတော့ အချစ်အကြောင်းအလွမ်းအကြောင်းဖွဲ့နွဲ့ထားတာမဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်ချင်းစာတရားလေးနည်းနည်း၊ မကျေနပ်ချက်လေးနည်းနည်း၊ တိုက်တွန်းနှိုးဆော်မှုလေးနည်းနည်းစီနဲ့ အချိုးကျပေါင်းစပ်ထားတယ်လို့ မြင်ပါတယ်။ သူကအိုင်တီနဲ့ တက္ကနော်လော်ဂျီကိုလည်း မေးခွန်းထုတ်ထားပါတယ်။ ကဗျာက ရိုးပါတယ်၊ ရှင်းပါတယ်။ ကျွန်တော် ဆရာလုပ်ပြီး မရှင်းပြတော့ပါဘူး...ဟီး။ိကိုအာကာကြီး ခံစားလို့ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ...။ အားလုံးဝိုင်း ဆွေးနွေးပေးကြပါဦး။ "အားလုံးရဲ့ကမ္ဘာ" ဟော ဟိုက လူတစ်ချို့ရဲ့လက်ထဲမှာ လိုရာစေနိုင်တဲ့နည်းပညာတွေက ပြိုးပြိုးပြက်ပြက် ပညာ ဘယ်ကိုလဲ... ပညာ ဘယ်အတွက်လဲ... မြင့်မြင့်ပျံရင် ဝေးဝေးမြင်သတဲ့ အင်္ဂါဂြိုဟ်ကိုမြင်နိုင်ပြီး ကမ္ဘာ