Skip to main content

Posts

Showing posts from October, 2009

အိမ်မြှောင်

အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။ ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျြ

ဟေး… ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းရမလဲ

ဒီ အသွားမျိုးတွေ ပြောနေတာ မီးကို တုတ်နဲ့သတ်လို့ရသလား မီးကိုမီးနဲ့သတ်ရတယ် ဆိုသလားလို့။ စားသောက်ဖွယ်ဆိုင်းဘုတ်လေးတစ်ခု ရေးတာတောင် လက်က အမှတ်လေးတစ်ခုတော့ တို့ချင်ဆိတ်ချင် ဘ၀ဟာ လုံလောက်ပါပြီ ဘ၀ဟာ လုံလောက်ပါပြီ နေခွင့်ရတာလေးကိုက ရတာလေးကိုက ကိုက လိုအပ်တဲ့ ရလဒ်ကွက်ကလေးကိုက ကွက်လပ်ကလေးလို လုံလောက်ပါပြီ။ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော် ဒီဘ၀မရောက်ခင် ရောက်ခဲ့ရတဲ့ ဒုက္ခကတောင် လူကြီးမင်းဆီ မရောက်ရောက်အောင်လာပြီး ကျေးဇူးတင်ကြောင်းပြောမလို့ ဆိုလား။

ယန္တရားည

တကယ်ဆိုရင် ညဟာ အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အမနေသင့်ဘူး။ ညရဲ့အင်္ဂါမှာ လေအေးရနံ့တွေပါမယ်။ တူတူပုန်းတမ်းကစားနေတဲ့ တိမ်တဲ့ ကြယ်တချို့ပါမယ်။ မိန်းမတစ်ယောက်ကို ဒေါသတကြီးရိုက်နှက်ပြီးမှ မျက်ရည်ကို အနမ်းနဲ့သုတ်ဖယ်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရှိုက်သံပါမယ်။ လေးဖက်ထောက်ပြန်လာတဲ့ ယောက်ျားကို ဖရုဿဝါစာတွေ နှစ်နှစ်ကာကာ ပစ်လွှတ်ရင်း မနိုင့်တနိုင်ပွေ့ထူနေတဲ့ မိန်းမမျက်ဝန်းက ထွက်လာတဲ့ အရောင်လဲ့လဲ့တွေနဲ့ ညက ချိုမြနေမယ်။ တအီအီဂျီကျနေတဲ့ ကလေးကို နို့ပိန်ကလေးညှစ်ညှစ်ပြီး သားချော့တေးဆိုညည်းနေတဲ့ ခ၀ါသည်မရဲ့ မီးပူထိုးသံ တချပ်ချပ်ပါမယ်။ ညရဲ့အင်္ဂါမှာ ခွေးအူသံကလည်း လှတယ်။ တိတ်ဆိတ်နေသံလည်း ညဂီတပဲ။ အဝေးကလွင့်လာတဲ့ ဂစ်တာသံကလည်း ညရဲ့အားတွေပဲ။ ကြာပြီ ... ။ အခု မကြားရတာ ညကိုဝေစည်ခဲ့ဖူးတဲ့ ဂီတကြေးစည်၊ ကြာပြီ အခုမကြားရတဲ့ အမျှဝေသံ။ တကယ်ဆိုရင် ညဟာ အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အ မနေသင့်ဘူး။ အခု တစ်ညလုံးဝါးမျိုနေတာ...။ ◄ လှမိုးသစ် ► ၂၀၀၅ ခုနှစ် ဧပြီလ၊ မဟေသီမဂ္ဂဇင်းမှ...။

တော်ရိလျော်ရိဖတ်စာ (၂)

တကယ်တော့ တော်ရိလျော်ရိဖတ်စာ (၁) ဆိုတာကို တော်ရိလျော်ရိစဉ်းစားပြီး ရေးလိုက်ခြင်းဖြစ်ပါသည်။ ဘယ်လိုကြောင့် (၁) ဆိုသည့် နံပါတ်စဉ်တပ် ထားခဲ့မိသည် မသိ..၊ ၂၊ ၃ စသည်ဖြင့် အဆက်ရေးဦးမည့် ပုံစံပေါက်နေသည်။ သို့သော် သေသေချာချာ စီစဉ်စိတ်ကူးထားခြင်းက မရှိ။ တကယ်တော့ တော်ရိလျော်ရိဆိုသည့်အတိုင်း သေသေချာချာ စီစဉ်စဉ်းစားထားသည်များကို ရေးသားခြင်းမျိုး မဟုတ်ဘဲ စိတ်ကူးထဲပေါ်လာသည့် အတွေးများကိုသာ အဆင်သင့်သလို လျှောက်ရေးချနေခြင်းသာ ဖြစ်သည်။ သို့သော် ဘာရေးရေး ခေါင်းစဉ်က အကာအကွယ် ပေးထားသလို ဖြစ်နေသဖြင့် အာပတ်လွတ်နေသည်ဟုပင် ဆိုရမည်။ “ကျွန်တော့်ခေါင်းစဉ်ကိုက တော်ရိလျော်ရိပါဆို ရွက်ကြမ်းရေကြိုလောက်ပဲဖတ်ရမှာပေါ့…” ဒီလိုအချိုးမျိုးဖြင့် စာဖတ်သူကို (တစ်ယောက်တလေ ရှိခဲ့ရင်ပေါ့လေ) ဆင်ခြေဆင်လက် ပေးနိုင်သည်။ ဤသို့ ခံစစ်လေးတည်ဆောက်ထားခြင်းက မမှားဟုတော့ထင်သည်။ Blog မှာက ဂျာနယ်လိုမဟုတ်။ ကားစပယ်ယာရာထူးရဖို့ လိုင်စင်လိုနေသူများ အရည်အချင်းပြည့်ဝရန် Blog နှင့် Forum များတွင် Comment ပေးခြင်းဖြင့် ဆဲရေးလေ့ကျင့်နေသည်ဟု သိရသည်။ ခုလို ကတုပ်ကျင်းလေးဆောက်ထားတော့ အနည်းငယ်တော့ စိတ်အေးလက်အေး ရေးနိုင်မည်ထင်သည်။

လူဆိုသည်မှာ... ?

ဒေါ်ရသီရိုး (Dorothy Rowe) သည် အောင်မြင်ထင်ရှားသည့် စိတ်ပညာရှင် စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမကျွမ်းကျင်သည့် အလုပ်များတွင် ခံစားမှုဆိုင်ရာ စိတ်ကျဝေဒနာ၊ ပျော်ရွှင်မှု၊ အိုမင်းမှု၊ နိုင်ငံရေး၊ ငွေကြေး၊ မိတ်ဆွေနှင့် ရန်သူ၊ ဘ၀င်မြင့်ခြင်းနှင့် သိမ်ငယ်စိတ်၊ မိဘနှင့်ကလေး၊ ညီအစ်ကို မောင်နှမဆက်ဆံရေး စသည့်နယ်ပယ်များ ပါဝင်သည်။ အောက်ပါတို့မှာ ဘီဘီစီနှင့် သူမ၏ အင်တာဗျူးမှ ကောက်နှုတ်ချက်များ ဖြစ်ပါသည်။ “ဦးနှောက်နှင့် အာရုံကြောသိပ္ပံက လွတ်လပ်စွာ ရွေးချယ်ခွင့် (Free will) ရှိကြောင်း သက်သေပြနိုင်ပြီ” ဟုဆိုလျှင် မီဒီယာများအတွက် သာမန်ထက်ထူးခြားသည့် ခေါင်းကြီးပိုင်း ဖြစ်လိမ့်မည်။ အကယ်၍ ဤသတင်းသာ မှန်ကန်သည်ဆိုခဲ့လျှင် ပို၍ပင် ထူးခြားလိမ့်ဦးမည် ဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာရှင်တို့ သက်သေပြခဲ့သည့်အရာမှာ ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်၏ ဘာသာပြန်ဆိုခြင်းများနှင့် ပတ်သက်၍ ရွေးချယ်မှုများပြုလုပ်ရာတွင် ကျွန်တော်တို့အနေဖြင့် လွတ်လပ်စွာ ပြုမူလုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်ရပ်များကို ဘာသာပြန်ဆိုထားခြင်း (တစ်နည်း) ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်က နားလည်အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည့် အရာများက

“အိပ်မက်တစ်ခု၏ အနက်”

အိပ်မက်တွေဟာ အနာဂတ်ကို နိမိတ်ပြပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်ပြောင်းလဲပစ်ဖို့ အခွင့်အရေး ကျွန်တော်တို့ကို ပေးနိုင်ပါသလား။ ဒါဟာ ယုံဖို့ခက်တဲ့ ကိစ္စပါ။ အကယ်၍ အနာဂတ်ကို အိပ်မက်မှာ မြင်ရတယ် ဆိုပါတော့။ ဒါဆိုရင် အနာဂတ်ဟာ ကျိန်းသေပေါက် တည်ရှိပြီးသား အရာတစ်ခု ဖြစ်မှာပေါ့။ ဒီလိုသာဆိုရင် ကျွန်တော်တို့ ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြုမှုလှုပ်ရှားလို့ မရတဲ့သဘော ဖြစ်သွားပြီ။ တစ်နည်းအားဖြင့် ကိုယ့်ဘ၀ကိုယ်မပိုင်တဲ့ အဓိပ္ပာယ် သက်ရောက်နေပါပြီ။ အိပ်မက်အကြောင်းမပြောခင် ကျွန်တော့်အကြောင်းတော့ နည်းနည်းရှင်းပြဖို့ လိုလိမ့်မယ်ထင်တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်တော်ဟာ မိသားစုနဲ့အတူ ပြင်သစ်ပြည် တောင်ပိုင်းကိုဖြတ်ပြီး အီတလီက ကားမောင်းပြန်လာခဲ့ပါတယ်။ ကျွန်တော့်သားက ကားမောင်းမသင်ရသေး၊ သမီးကလည်း အလွန်ငယ်၊ ဇနီးကတော့ တစ်ခါမျှ ကားမောင်းလေ့မရှိတဲ့ လူတစ်ယောက်ပါ။ သီတင်းပတ်သုံးပတ်အတွင်း အချိန်အတော်များများမှာ ကျွန်တော်ဟာ လက်နဲ့စတီယာရင်နဲ့ သိပ်မခွာရသလောက် ကားချည်းပဲ မောင်းနေခဲ့ ရပါတယ်။ ပင်ပန်းနွယ်နယ်နေတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ကားအကြောင်းကလွဲလို့ ကျန်တာ ဘာတစ်ခုမျှ စဉ်းစားလို့မရလောက်အောင်ပဲ။ အိပ်မက်မက

“ တကိုယ်ရည် အချဉ်ပေါက်မှု ”

ကြိုတင်ပြင်ဆင်အောင်ပွဲဝင် ဆိုသူက ကမ္ဘာကြီးထဲ အတာချီကေ့စ်လေးတောင်မပါဘဲ ရောက်လာတယ် ခု သူက... သေဖို့ပြင်ဆင်ပြီးပြီလား သတိပေးလာတော့ ယုံဖို့ခက်ခက်ပဲ အသက်တစ်ခု ပီပီပြင်ပြင်ရှင်သန်နေရထဲကိုက သေဖို့လုံလောက်အောင် အဆင်သင့်ဖြစ်ခဲ့ပြီ မဟုတ်ဘူးလား သဘာဝနဲ့တည့်အောင်ပေါင်းမှ ရှင်သန်ကျန်ရစ်မယ်ဆိုတဲ့ ကမ္ဘာထဲ ယေဘုယျအားဖြင့် သဘာဝမကျတတ်တဲ့ ငါ့ ဖြစ်တည်မှုက သဘာဝကျကျ ယေဘုယျဆန်ပါတယ်လို့ နားလည်ပေးနေရတာဟာ ၀မ်းနည်းစရာ...။

“ရသ အော်လတာနေးတစ်” သုံးသပ်ချက်…

စာကြည့်တိုက် ပေါက်စနထဲတွင် မြန်မာမဂ္ဂဇင်း အဟောင်း တချို့တစ်ဝက် ရှိသည်။ စပယ်ဖြူနှင့် နွယ်နီ အတန်အသင့်၊ စတိုင်သစ်၊ ရနံ့သစ်၊ ချယ်ရီ အနည်းငယ်နှင့် အခြားမဂ္ဂဇင်းဟောင်းများ တစ်အုပ်စနှစ်အုပ်စ။ စတိုင်သစ်ပါ ဆောင်းပါးများက အလွတ်နီးပါး ဖြစ်နေပြီ။ ထို့ကြောင့် နွယ်နီမဂ္ဂဇင်းလေး တစ်အုပ်ကို ရွေးချယ်ယူပြီး မာတောင့်တောင့် ခုံတန်းလျားပေါ်တွင်ပင် အကျအန လှဲအိပ်ပြီး ဖတ်နေလိုက်သည်။ နွယ်နီက မျက်မှောက် နိုင်ငံတကာရေးရာ ဇောင်းပေးဖော်ပြသည့်မဂ္ဂဇင်း။ ရသထက် သုတပိုင်းပိုများသည်။ ကျွန်တော်က ရှားရှားပါးပါး ပါရှိသည့် မြန်မာဝထ္ထုတို၊ ရသစာတမ်း စသည်တို့ကို အရင်ဆုံး ရွေးချယ်ဖတ်ရှုလိုက်သည်။ ထို့နောက်တွင် အိမ်မှာ မွေးထားသည့်ခွေးတွေအကြောင်းကို ဓာတ်ပုံများနှင့်တကွ တဖွဲ့တနွဲ့ရေးထားသည့် “မေမေကြီး” ၏ ဆောင်းပါးကို ဘာများပါလိမ့် သိချင်စိတ်ဖြင့် စိတ်ဝင်တစားဖတ်ကြည့်မိသည်။ အိမ်မှာမွေးထားသည့်ခွေး၏ မွေးနေ့ပွဲ၊ ခွေးယောက်ျားရသည့်အကြောင်းနှင့် ခွေးဗိုက်ကြီးသည့်အကြောင်း၊ ခွေးအိမ်ထောင်ရေး ဇာတ်လမ်း ဇာတ်ကွက်များကိုသာ အံ့အားတကြီးတွေ့လိုက်ရသည်။ တခြား ဘာမျှ မပါရှိ။ စိတ်ညစ်ညူးစွာဖြင့်သာ တခြား အကြောင်းအရာများဘက် လှည့်ရပြန်သည်။ နိုင်ငံတကာရေးရာ သတင်းများ

စပိဘာ့ခ်၏ ကိုလိုနီနင်းပြားတွေ အကြောင်း

၂၀၀၃ ကုန်မယ်ဆိုတော့ ကျောင်းသားဟောင်းတစ်သိုက် ဧည့်ခံပွဲတစ်ခုမှာ ပြန်ဆုံကြတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်ကုန်တဲ့ကောင်တွေလည်း ပါတယ်။ ဧည့်ခံပွဲပြီးပေမယ့် စကားက ကောင်းနေကြတော့ ပုလင်းကိုယ်စီကိုင်ပြီး ရေကန်စောင်းနားမှာ ဆက်ပြီးစကားပြောကြတယ်။ အဲဒီမှာပဲ အနောက်တိုင်းသား တစ်ယောက်က စပြောတယ်။ “မင်းတို့တော့ မသိဘူး။ ငါ့အမြင်မှာတော့ စပိဘာ့ခ်မေးခဲ့တဲ့မေးခွန်းတွေ မှန်မှန်လာတယ်” လို့ ပြောတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ စပိဘာ့ခ်အကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော်တို့နဲ့ မိတ်ဆွေတချို့ကတော့ ကုလားမကြီးလို့ ညွှန်းခေါ်တတ်ကြတယ်။ ညွှန်းဆို သူက ကာလကတ္တားမှာမွေးတဲ့ ကုလားမကြီးကိုး။ ၁၉၇၄ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ Myself Must I Remake: The Life and Poetry of W.B. Yeats ဆိုတာ သူ ပီအိပ်ခ်ျဒီဘွဲ့ယူတုန်းက ရေးတဲ့စာတမ်း။ ဂယတြီချကရာဗော်တီ စပိဘာ့ခ် (Gayatri Chakravorty Spivak) ဆိုတာ ဒီကနေ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ သိမထားလို့ မဖြစ်တဲ့သူ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းတစ်ခု ကျွန်တော်တက်တုန်းက ပါမောက္ခတစ်ယောက်ကပြောတာ ကျွန်တော် မမေ့ဘူး။ ပထမဆုံးနေ့မှာ အဲဒီပါမောက္ခက ကျွန်တော်တို့လေးငါးယောက်ကိြုေ

လွတ်လပ်မှု၏ အကျဉ်းစံ (သို့) “စု”

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ ပူလောင်အိုက်စက်သော နေ့လယ်ခင်းတစ်ခု ဖြစ်ပါသည်။ လမ်းမများသည် ငြိမ်သက်တိတ်ဆိတ် နေသည်။ တစ်ခုသော အိမ်တစ်အိမ်အတွင်းမှ အမျိုးသမီးငယ်တစ်ဦးသည် စန္ဒယားရှိရာသို့ ရွေ့လျားသွားပြီး စတင် တီးခတ်လိုက်သည်။ သူမ၏ လက်ချောင်းသွယ်သွယ်များက စန္ဒယားခလုတ်များ တလျောက် ကျွမ်းကျင်လျင်မြန်စွာ ကခုန်နေပြီး လေထုနွေးနွေးအတွင်းသို့ ငြိမ့်ညောင်းသောဂီတသံက လွတ်လပ်စွာပျံ့လွင့်လာသည်။ “စု” သည် နေအိမ်အကျဉ်းကျနေသူဖြစ်သည်။ စင်စစ် သူမသည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းဖြင့် လက်တွေ့ တိုက်ပွဲဝင်နေသူ ဖြစ်လေသည်။ ♥ ♥ ♥ ♥ ♥ ♥ ♥

ဂယ်လီလီယို၏ တရားခွင်

အချိန်ကား ၁၆၃၃ ခုနှစ်။ ဂယ်လီလီယိုဆိုသူဟာ ရောမမြို့မှာ မိစ္ဆာဒိဌိဆိုတဲ့ စွဲချက်နဲ့ တရားခွင်မှာ အစစ်ဆေးခံနေ ရပါတယ်။ ဖြစ်ရပုံက အခုကျွန်တော်တို့ သင်နေကြရတဲ့ နေစကြ၀ဠာမှာ နေကိုဗဟိုပြုပြီး ကျန်တဲ့ဂြိုဟ်တွေက လှည့်ပတ်နေကြတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကြောင့်ပါ။ နေဗဟိုပြု နေအဖွဲ့အစည်း (Heliocentric) လို့ခေါ်ပါတယ်။ ဒီစနစ် မတိုင်ခင်က လူသားများဟာ ကမ္ဘာကိုသာ နေနဲ့တကွ အခြားသောဂြိုဟ်တွေက လှည့်ပတ်နေကြတယ်လို့ ယူဆခဲ့ကြတာပါ။ ကမ္ဘာဗဟိုနေအဖွဲ့အစည်း (Geocentric) လို့ ခေါ်နိုင်ပါတယ်။ ဒီ ကမ္ဘာဗဟိုပြုနေအဖွဲ့အစည်း အယူအဆကို လူသားတွေဟာ (၁၈) ရာစု မတိုင်ခင်အထိ နှစ်နှစ်ကာကာ လက်ခံလာခဲ့ကြတာပါ။ ဂယ်လီလီယို တရားခွင်ရောက်ရတဲ့အဖြစ်ကိုပဲ ကြည့်ပေါ့။ (၁၆) ရာစုလောက်ကဆိုရင် ကျွန်တော်တို့ ယနေ့ခေတ် လက်ခံကျင့်သုံးနေတဲ့ နေဗဟိုပြုစကြ၀ဠာစနစ်အယူအဆဟာ လူသားတွေနဲ့ ဘာသာတရားကို စော်ကားတဲ့ မိစ္ဆာဒိဌိအယူအဆလို့ ခါးခါးသီးသီး သတ်မှတ်ခံခဲ့ရပါတယ်။ ဂယ်လီလီယိုက ကိုပါးနီးကပ်စ်နဲ့ အယူအဆချင်း တူညီခဲ့တယ်။ တကယ်တော့ ဂယ်လီလီယိုဟာ ၁၆၁၆ ခုနှစ်ကထဲက ဘုရားကျောင်းတော်နဲ့ အမြင်မကြည်မှု ရှိခဲ့တာပါ။ အဲဒီအချိန်ကထဲက သူ့ရဲ့အမြင်တွေကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ မသင်ပေးဖို့ ကျောင်းတော်

ပစ္စက္ခ သံစဉ် (၁)

ဒီနေ့ ဒေ၀ါလီနေ့ဟု သိရသည်။ ခါတိုင်း တိတ်ဆိတ်နေကျ ညများသည် ခုတော့ ပြောင်းပြန်ပြန်ဖြစ်ခဲ့ပြီ။ မိုးခြိမ်းသံလို တ၀ုန်းဝုန်း မီးပန်းများမှ ပေါက်ကွဲသံ၊ စက်သေနတ်ပစ်သလို တရစပ် ရှူးဒိုင်းများ၏ အသံတို့ဖြင့် ရှေ့တန်း စစ်မျက်နှာ တစ်နေရာကို ရောက်နေရသည့် အလား…။ အဘိုးကြီး အဘွားကြီးများ ကတော့ ဆီမီးထွန်းကြသည်။ အုတ်ခုံတန်းများပေါ်တွင် ဖယောင်းတိုင် မီးလေးများ မြင်ရသဖြင့် မြန်မာသတင်းကျွတ် မီးထွန်းပွဲတော်ကို အမှတ်ရ မိလိုက်သည်။ ဆင်နွဲသည့်ပုံစံက ဆင်တူယိုးမှားဖြစ်သော်လည်း အခြေခံအယူအဆချင်းက ကွာခြားသည်။ မြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်တာလား၊ ရာမမင်းသား၏ အောင်ပွဲခံအယုဒ္ဓယပြန် ဇာတ်လမ်းလား… အမှန်ကို ခွဲခြားမရ။ တစ်ခုမှန်ရင်တော့ တစ်ခုက မှားနေမှာပဲ။ ဒါပေမဲ့ ဟိန္ဒူကတော့ အတော်လေးစောနေတယ်ဟု အဖေက ရှင်းပြ နေသေးသည်။ ဘယ်ဟာအမှန်လည်း အဖြေမရှာချင်သလို အဖြေရှာစရာ ကိစ္စတစ်ခုလည်း ဟုတ်မည်မထင်ပါ။ အဓိကက မီးရှူးမီးပန်း ကိုယ့်ကို လာမမှန်အောင် သတိထား ရှောင်တိမ်းနိုင်ဖို့ပဲ ဖြစ်သည်။

အကြိမ်ကြိမ်မှားမိလေသော ပထမဆုံးအမှားများ (မြင့်သန်း)

ကိုယ့်ဘ၀အကြောင်းကို ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်။ ကိုယ့်ဘာသာကိုယ် တွေ့ရမှာက ကိုယ်အပြစ်ရှိ မရှိ။ ဘ၀၊ ဘ၀၊ ဘ၀၊ ဒီလိုအရွယ် ဒီလိုအမြဲ … ( ၊ ဘ၀ ဘ၀) စတယ်လာနှင့် စကားပြောရတာကိုက သိပ်အမြီးအမောက် မတည့်ချင်တော့ဘူး။ ကျွန်တော်ပြောခဲ့ဖူးတဲ့ စကားတွေနဲ့ ကျွန်တော့်ကို ပြန်ချည်တယ်။ ငြိမ်းမောင်ကိုတောင် လှမ်းပြီး တိုင်တည်နေသေးတယ်။ မဟုတ်ဘူးလား။ ကိုငြိမ်း၊ ကိုတို့ပြောဖူးတယ်မဟုတ်လား။ သွားတော့မယ်ဆိုတဲ့လူကို ဘာဖြစ်လို့ တားနေမှာလဲ ဆိုတာလေလို့ သူက ပြောနေပြန်တယ်။ ကျွန်တော်က ငြိမ်းမောင်ကို လှမ်းကြည့်လိုက်တယ်။ ငြိမ်းမောင်က ကျွန်တော့်ကို ပြုံးပြတယ်။ ဘာမျှတော့ ပြန်မပြောဘူး။ ငါ နင့်ဆီလာတာ နင်တို့လင်မယားအကြောင်း ပြောဖို့လာတာ။ ငါ့အကြောင်းတွေ ရေနှူးခိုင်းဖို့လာတာ မဟုတ်ဘူးလို့ပြောတော့ စတယ်လာက ပြုံးစိစိလုပ်နေတယ်။ ဒီလို။ ရန်ကုန်ရောက်တော့ မင်းဆွေတို့၊ ဌေးညွှန့်တို့က စတယ်လာတို့လင်မယားအကြောင်း၊ မင်းနည်းနည်းလောက် ၀င်စမ်းပါဦးလို့ ပြောပြန်တယ်။ ဘယ်လင်မယားကြားမှ ငါမ၀င်ချင်ဘူးလို့ ပြောပေတဲ့၊ မင်းပေးစားထားတဲ့ လင်မယား၊ မင်းမ၀င်ရင် ဘယ်သူဝင်မလဲလို့ မင်းဆွေက ကျွန်တော့်ကိုချည်တယ်။ အဲဒီတုန်းက ငြိမ်းမောင်ကလည်း ထောက်ခံတယ်။ နှ

ချိုချဉ်

Love also has to be learned. Fredrich Neitzche. The Joyful Wisdom IV:335 ပွဲဈေးတန်းမှာ ဆိုင်စုံတယ်။ ဗူးသီးကြော်ဆိုင်နားမှာ ကောက်ညှင်းကျည်တောက်သည် ရှိတယ်။ အဲဒီဘေးမှာ နှစ်ပြန်ကြော်သည်ရှိတယ်။ ပြီးတော့ ဇီးပေါင်းသည် ရှိတယ်။ ကျွန်တော်ကတော့ ဒီဘက်ကို သိပ်မကြိုက်ဘူး။ ဟိုဘက် ရေခဲမုန့်သည်ရှိတဲ့ဘက်ကို ကြိုက်တယ်။ ချော့ကလက်ရောင်းတဲ့ ကုလားကြီးရှိတယ်။ သူတို့ နဘေးမှာ သကြားလုံးသည် ရှိတယ်။ ကျွန်တော်က အဲဒီဘက်ကို ကြိုက်တယ်။ အိမ်ပြန်ခါနီးရင် ကျွန်တော်က သကြားလုံး ၀ယ်လေ့ရှိတယ်။ သကြားလုံးဆိုပေမဲ့ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေ ၀ယ်လေ့ရှိတယ်။ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေက လိမ္မော်သီးခြမ်းလေးတွေလိုပဲ။ ကျွန်တော် ကြိုက်တယ်။ သူကတော့ ပရုပ်ပါတဲ့ စပ်ပြူစပ်ပြားလေးတွေ ၀ယ်လေ့ရှိတယ်။ ခံတွင်းရှင်းတယ်လို့ ပြောတယ်။ ပါးစပ်မွှေးတယ်လို့ပြောတယ်။ ငယ်ငယ်တုန်းက ကျွန်တော်က သူ့ကို ပြောဖူးတယ်။ တစ်နေ့တော့ နင့်ပါးစပ်မွှေးမမွေး ငါနမ်းကြည့်ဦးမယ်လို့ပြောတယ်။ သူက ရယ်တယ်။ အေး၊ တစ်နေ့တော့… လို့ သူက ပြန်ပြောတယ်။ အဲဒီတုန်းက ဟိုကောင်က စိတ်ဆိုးတယ်။

♥ ချစ်ခြင်းတရား သရုပ်ခွဲ

♥ ♥ ♥ ... အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ ရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ မရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည် ရှိခဲ့ (သို့မဟုတ်) မရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည် ဤသို့ဖြစ်ခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည်... ချစ်ခြင်းတရားသည် အကယ်၍ ..... ခဲ့လျှင် .... ♥ ♥ ♥ ! တစ်စုံတစ်ယောက်က သူ့ကို ချစ်ခြင်းတရား၏အနက်အဓိပ္ပာယ် တစ်စုံတရာကို မေးမြန်းခဲ့ပါလျှင် သူ့အနေဖြင့် အဖြေတစ်ခုခု ပြန်လည်ပေးစွမ်းနိုင်လိမ့်မည်မှာ မသေချာလှ။ အချစ်ကို ကျွန်မအဓိပ္ပာယ်ဖွင့်ဆိုရန် မတတ်စွမ်းပါဟု ရေးသားခဲ့သည့် စာရေးဆရာမလေးကဲ့သို့ အဖြေမဟုတ်သော အဖြေတစ်ခုကိုပင် သူက ပေးနိုင်လိမ့်မည်မထင်။ ချစ်ခြင်းတရား၏ အဓိပ္ပာယ်တစ်ခုခုကို ဖမ်းဆုပ်ရယူရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ယင်း၏အနက်အဓိပ္ပာယ်မှာ (သို့မဟုတ်) ချစ်ခြင်းတရားမှာ ကြေမွပျက်စီးနှင့်ပြီးသား ဖြစ်ခဲ့ပြီဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်လား သူက စဉ်းစားကြည့်သည်။ ဖတ်ကောင်းအောင်ရေးထားသော (သို့မဟုတ်) ယုံကြည်ရန်လွယ်ကူသော (သို့မဟုတ်) လူပြိန်းကြိုက်ဟု လူပြိန်းများကသတ်မှတ်မည်ဖြစ်သော (သို့မဟုတ်) မြီးကောင်ပေါက်များ ဒိုင်ယာရီထဲ ရေးမှတ်လေ့ရ

သိပ္ပံနည်းကျ စိတ်ချင်းဆက်သွယ်မှု

သူတစ်ပါးရဲ့စိတ်ကို ဖတ်ချင်ခဲ့ဖူးပါသလား။ ပါးစပ်က စကားတစ်ခွန်းမျှမပြောဘဲ စိတ်ချင်းဆက်သွယ်ချင် ခဲ့ဖူးပါသလား။ ဤကိစ္စသည် နောက်ပိုင်းတွင် လက်တွေ့ အကောင်အထည် ပေါ်လာကောင်းသည်ဟု “ဦးနှောက်ချင်း ဆက်သွယ်မှု” (Brain-to-Brain Communication) ကို ခွင့်ပြုသော စနစ်တစ်ခုကို ဖန်တီးခဲ့ကြသည့် ဗြိတိသျှသိပ္ပံပညာရှင်များက ဖွင့်ဟခဲ့ကြသည်။ လူတစ်ယောက်၏ ဦးနှောက်မှ အချက်ပြမှုများကို အင်တာနက် ကော်နက်ရှင်မှတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာသော အခြားလူတစ်ဦး၏ ဦးနှောက်သို့ ပို့ဆောင်ပေးနိုင်မည့် စနစ်ဖြစ်ပါသည်။ ဆောက်သမ်တန်တက္ကသိုလ်တွင် အပေါင်းပါများနှင့်အတူတကွ အလုပ်လုပ်နေသော ခရစ်စတိုဖာ ဂျိမ်းစ်ဆိုသူက ဤနည်းပညာမှာ အတွေးများ၊ စကားလုံးများနှင့် ပုံရိပ်များကို အခြားသူများ၏စိတ်အတွင်းသို့ ချက်ချင်းဆိုသလို တိုက်ရိုက် ပေးပို့နိုင်မည်ဖြစ်ပြီး လမ်းလျှောက်သင်သည့် ကလေးငယ်၏ ပထမဆုံးခြေလှမ်းသဖွယ် စမ်းသပ်ချက် တွေ့ရှိချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဤနည်းပညာက ကိုယ်ခန္ဓာမလှုပ်ရှားနိုင်သူများ၊ စကားမပြောနိုင်သူများနှင့် မျက်မမြင်များအတွက်တောင်မှ အသုံးဝင်လာနိုင်လိမ့်မည်ဟု ဒေါက်တာ ဂျိမ်းစ်က ပြောကြားခဲ့သည်။ ကီးဘုတ်များ၊ တယ်လီဖုန်းများနှင့် အနည်းဆုံ

ညဥ့်နက်ခဲ့သော ကြိုး ...

အစဉ်အမြဲ ဒီအခန်းထဲမှာပါပဲ။ နာရီလက်တံ ပြောင်းပြန်အတိုင်းလည်နေတဲ့ မျက်နှာကြက် ပန်ကာဆီက တ၀ီဝီအသံနဲ့ သီချင်းသံ တိုးတိုးဆိတ်ဆိတ်…။ ခါတိုင်းညများလိုပဲ ဒီညမှာလည်း မှောင်နေတယ်။ Tobacco ပါတဲ့ ရယ်ဒီမိတ်ကွမ်းယာကို ပါးစပ်ထဲအမြဲ ငုံထားတတ်သူက သူ့မှာ စွဲလန်းခြင်းတွေ ကင်းခဲ့ပြီဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားချင် နေတယ်။ သူဟာ အချစ်ဆိုတဲ့အရာကို မြေမြှုပ် သဂြုင်္ိဟ်ပြီး ဖြစ်ကြောင်း သူ့ကိုယ်သူ စက္ကန့်မလပ် သတိပေးနေတယ်။ ဒါကြောင့်ပဲ အချစ်ဆိုတဲ့အရာသာ သူ့ခေါင်းထဲမှာ အခါမလပ် ကြီးစိုးနေရတယ်။ အချစ်ကို မေ့ပြစ်လိုက်ပြီလို့ တွေးနေရခြင်းကိုယ်နှိုက်က အချစ်ရဲ့ လေးနက်မှုကို တစ်ဖက်လှည့်ပြန်ညွှန်းနေပြန်တယ်။ တကယ်သာ မေ့သွားခဲ့ပြီဆိုရင် မေ့ပစ်လိုက်ပြီလို့ သတိပေးနေစရာ ဘယ်လိုမှာလဲ။ ခက်တာက သည်အချက်ကို မသိမမြင်ဘဲ ဇွတ်တိုးနေရင်လည်းကောင်းသား။ သူ့ကိုယ်သူ လှည့်စားခြင်း အလုပ်မှာ သူဟာ အမြဲတမ်း ရှုံးနိမ့်ခဲ့သူဖြစ်တယ်။ သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်နေတယ်။ သူ့ကိုယ်သူ တစ်ပတ်ရိုက်လို့မရဘူး။ ဒီထက်ပိုခက်တာက သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်တယ်ဆိုတဲ့အချက်ကိုလည်း သူက ပြန်သိမြင်နိုင် လောက်အောင် ပါးနပ်နေပြန်တယ်။ ဒီတော့ သူ့ဆီမှာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာတယ်။ အဲဒီ

လရောင်လမ်း

ဟိုးရှေးရှေးတုန်းကဟု သတ်မှတ်မည်ဆိုလျှင် သတ်မှတ်၍ရကောင်းသော အချိန်ကာလတစ်ခု အတွင်းက ပင်လယ်ကမ်းစပ် ကျေးရွာလေး တစ်ခုတွင် ကောင်လေးတစ်ယောက် ရှိခဲ့ဖူးလေသည်။ ငယ်စဉ်ကတည်းကပင် ကောင်လေးကို ချမ်းသာကြွယ်ဝသည့် ပန်းပဲဆရာတစ်ဦးထံ ငွေကြေးအနည်းငယ်အတွက် မိဘများက ရောင်းစားခဲ့လေသည်။ အကြောင်းမလှခဲ့သူ တစ်ယောက်အတွက် ကံမကောင်းခြင်းဆုသည် အပိုဆောင်းသည့် အနေဖြင့် ကပ်ပါလာခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ ပန်းပဲဆရာသည် ရက်စက် ကြမ်းကြုတ်သော လူတစ်ဦးသာဖြစ်သည်။ ကြေးရတက်တစ်ဦး၏ မောက်မာမှုနှင့် ခွန်အားဗလပြည့်စုံသော ပန်းပဲဆရာတစ်ဦး၏ ကြမ်းတမ်းခက်ထန်မှုတို့ကို တင်းပြည့်ကျပ်ပြည့် ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်လေသည်။ ပန်းပဲဆရာကိုယ်တိုင် ပုံသွင်းထုလုပ်ထားသည့် သံခြေကျင်းတစ်ခုသည် ထွက်ပြေးနိုင်လောက်သည်ဟု ယူဆရသည့် အချိန်ကာလကတည်းက ကောင်လေး၏ နုနယ်သော ခြေကျင်းဝတ်တွင် စွဲမြဲလေးလံစွာ နေရာယူ ထားခဲ့ပြီးဖြစ်လေသည်။ သံခြေကျင်း၏ တချွင်ချွင်မြည်သံနှင့်အတူ ဗာဟီရကိစ္စအားလုံး တစ်ဦးတည်း လုပ်ဆောင်ရန် တာဝန်ရှိသည့်ကောင်လေးမှာ လေးလံသော ခြေလှမ်းများနှင့်ပင် အချိန်မီပြီးစီးအောင် ဆောင်ရွက်ရသည်။ တကယ်တော့ အချိန်မီပြီးစီးခြင်းနှင့် မပြီးစီးခြင်းသည် ကြာပွတ်အချက်ရေ အနည်း

စိတ်ဝင်စားစရာ လူ့သဘောထား စမ်းသပ်လေ့လာချက်များ

(၁) မိုးခါးရေသောက် စိတ်ပညာရှင် ဆော်လမွန်အက်ခ်ျ၏ ကျော်ကြားခဲ့သော စမ်းသပ်မှုတစ်ခုဖြစ်ပါသည်။ ပါဝင်ကူညီများကို ရိုးရှင်းသည့် မေးခွန်းတစ်ခုမေးသည်။ သို့သော် တကယ့်အစစ် အမှန်စမ်းသပ်မှုကို နောက်ကွယ်တွင် ၀ှက်ထားပါသည်။ အဖြေမှားကို ဖြေကြားရန် ညွှန်ကြားထားသော “သူလျှို” များပါဝင်သည့် အစုအဖွဲ့တွင် ကျန်ရှိသည့် ဘာမျှမသိသည့် ပါဝင်ကူညီသူ အနည်းငယ်ကိုသာ အမှန်တကယ် စမ်းသပ်ခြင်း ဖြစ်ပါသည်။ အဖြေပေးရာတွင် “သူလျှို” များ၏ မှားယွင်းသောဖြေကြားမှုကို ကျန်လူများ ကြားနိုင်စေရန် အုပ်စုကို အစီအစဉ်ချထားသည်။ အစမ်းသပ်ခံလူများ၏ အများစု (အယောက် ၅၀ တွင် ၃၇ ယောက်) က သူလျှိုများ မှားယွင်းဖြေဆိုပြထားသည့် အားသာရာဘက်ကို အနည်းဆုံး တစ်ကြိမ်တော့ လိုက်ပါဖြေဆိုကြသည်။ အက်ခ်ျ (Asch) က မိုးခါးရေသောက် တိမ်းညွတ်မှုသည် ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းအတွင်း အားကောင်းစွာ တည်ရှိနေသည်ဟု နောက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ဤအချက်ကြောင့် ကျွန်တော်တို့၏ “အပြုအမူ” များကို ဦးဆောင်သည့် “တန်ဖိုးများ” အကြောင်း မေးခွန်းထုတ်မှုများ မြင့်တက်လာရပေသည်။ (၂) သန်းခေါင်ထက် ညဥ့်မနက် စိတ်ပညာဆိုင်ရာ ဥပမေယျ နည်းနည်းလေးသာပါပြီး ပိုက်ဆံပွားယူနိုင်တဲ့ အရိုးရှင်းဆ

နပိုလီယံစိတ္တဇ

အရပ်ပုသူများသည် မကြာခဏဆိုသလို ဟာသလုပ်ခံရလေ့ရှိသဖြင့် “နပိုလီယံစိတ္တဇ” (Napoleon Complex) ဟု အမည်ရသည့် လူပုခြင်းနှင့် စိတ်တိုခြင်းကြား ဆက်နွယ်မှုအကြောင်း ပြောလေ့ရှိကြသည်မှာ ဆန်းတော့ မဆန်းလှပါ။ နပိုလီယံစိတ္တသည် သိမ်ငယ်စိတ်ဝင်ခြင်းတစ်မျိုးကို ခေါ်ညွှန်းသည့် စကားလုံးဖြစ်ပါသည်။ လူဖလံများတွင် ဖြစ်ပွားလေ့ရှိသည့် မိမိတို့၏ အရပ်အမောင်းအားနည်းချက်ကို ကာကွယ်ရန်အစွမ်းကုန်ကြိုးစားမိရင်း လွန်လွန်ကျူးကျူး ရန်လိုဒေါသထွက်တတ်သော အမူအကျင့် ဖြစ်ပါသည်။ “လူဖလံ လက္ခဏာစု” (Little man syndrome) သို့မဟုတ် မြန်မာအခေါ်အားဖြင့် “လူပုစိတ်တို” စသည်ဖြင့် ခေါ်ဆိုနိုင်ပါလိမ့်မည်။

တော်ရိလျော်ရိ ဖတ်စာ (၁)

စကားလုံး မူပိုင်ခွင့် စာရေးဖို့ ဟိုတွေးဒီတွေး တွေးဖြစ်ရင်း ထိုဟိုတွေးဒီတွေးများကို ဘယ်လိုခေါင်းစဉ် တပ်ရကောင်းမလဲ ထပ်တွေးရ ပြန်သည်။ အတွေးတွေက စနစ်တကျ ဆင်ခြင်တုံတရားက ထွက်လာသော လေးလေးနက်နက် အတွေးများ မဟုတ်။ ဟိုတစ်စဒီတစ်စ တောင်ရောက်မြောက်ရောက် များသာ ဖြစ်လေသည်။ ဒီတော့ “ရောက်တတ်ရာရာ အတွေးများ” ဟု ခေါင်းစဉ်တပ်ရကောင်းမလား စဉ်းစားမိသည်။ မဖြစ်သေး။ “ကိုရင်တာနှင့် ရောက်တတ်ရာရာများ” ဆိုတာက ရှိသေးသည်။ ဆရာတာကြီး အလုံး (စကားလုံးကိုပြောခြင်းသာ) ခိုးချတယ်ဟု စွပ်စွဲမှာ ကြောက်ရသည်။ “ကိုရင်ဇာနှင့် ရောက်တတ်ရာရာများ” ဆိုတော့လည်း သိပ်မနိပ်သေး။ ဒါဆို “သူလိုကိုယ်လို မောင်တေဇာ” ဆိုရင်ရော ဘယ်လိုနေမလဲ တွေးကြည့်ပြန်သည်။ ဦးမောင်ဝဏ္ဏအလုံးကြီး (ဤတွင်လည်း စကားလုံးကိုသာ ပြောခြင်းဖြစ်ပါသည်) ယူသုံးထားတယ် ယိုးစွပ်ကြဦးမည်။ ထီးထမ်းလမ်းလျှောက်နေသော လူတစ်ယောက်ဆိုပြန်ရင်လည်း ဦးမြင့်သန်းအလုံးနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်။ သိပ်ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ ခပ်လျှိုလျှို စကားလုံးလေးတွေမှန်သမျှ ဆရာသမားများက ဦးထားပြီးကြပြီ။ တော်ရိလျော်ရိအတွေးများ၊ သမန်ကာလျှံကာ အယူအဆများ... စသည်ဖြင့် ကိုင်းညွတ်နေသောစပါးနှံပမာ စိတ်ကြိုက်တွေ့သည့် ပေစုတ်

မိန်းမလျာစစ်သား

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက စစ်တပ်တွင် မိန်းမလျာများ လွတ်လပ်စွာ တာဝန်ထမ်းဆောင် နိုင်ခြင်းအား ကန့်သတ်ထားခြင်းအပေါ် အဆုံးသတ်မည်ဟု ပြောကြားခဲ့ ဖူးသည်။ ယခု သူက “မမေးနဲ့၊ မပြောနဲ့” (Don’t ask, don’t tell) မူဝါဒကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့သည်။ ထိုမူဝါဒအရ မိန်းမလျာများသည် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ သဘောထားကို ဖွင့်ဟစရာမလိုဘဲ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြသည်။ ၀ါရှင်တွင် အိုဘားမားက အမေရိက၏ အကြီးဆုံး မိန်းမလျာအဖွဲ့ဖြစ်သည့် “လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့” (The Human Rights Campaign) သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မိန်းမလျာများ လက်ထပ်ခြင်းနှင့် စစ်တပ်ရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရန်ပျက်ကွက်သည့် အတွက် မိန်းမလျာအဖွဲ့အစည်းတွင် သူ့ကို ဝေဖန်ပြစ်တင်မှုတချို့ ရှိခဲ့သည်။ မိန်းမလျာအခွင့်အရေး ကာကွယ်ရေးအဖွဲ့ကြီးတစ်ဖွဲ့က တနင်္ဂနွေနေ့တွင် ၀ါရှင်တန်မြို့အတွင်း ချီတက်လှည့်လည်ရန် စီစဉ်ထားသည်။ မငြိမ်မသက် အိုဘားမားသည် မြို့တော်ရန်ပုံငွေညစာစားပွဲများတွင် မိန်းမလျာနှင့် လိင်တူဆက်ဆံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ သူက အမေရိကန်ပြည်ထောင်စုအနေဖြင့် မိန်းမလျာအခွင့်အရေးနှင့်

ပြန်လမ်းမရှိ

ဆင့်ကဲဖြစ်စဉ်အကြောင်း ရေးဆွဲထားတဲ့ ပုံမှန်ကာတွန်းများတွင် အမြဲတမ်း ရှေ့သို့သာ မျှော်ကြည့်ကြသည်။ ငါးတစ်ကောင် ပင်လယ်ထဲမှ ခုန်တက်လာပြီး လမ်းလျှောက်သည်။ တဖြည်းဖြည်းဖြင့် ပို၍ပို၍ အပေါ်သို့ မတ်မတ်ဖြောင့်ဖြောင့် ဖြစ်လာသည်။ သို့မဟုတ် လူသားတူမျိုးစိတ်များ မျဉ်းတန်းအတိုင်း လျှောက်နေမည်။ တစ်ခုချင်းစီမှာ ပို၍ပို၍ ထောင်မတ်လာပြီး နောက်ဆုံးတွင် လူသားအသွင်အပြင် ဖြစ်သွားမည်။ အမြဲတမ်း ဤသို့သာ အမှန်တရားဖြစ်မည်ဟု ကျွန်တော်တို့ ယူဆခဲ့ကြသည်။ ဆင့်ကဲဖြစ်စဉ်စကားရပ်အရ အချိန်၏မြားဦးသည် အရှေ့သို့သာ ဦးတည်နေပေသည်။ သို့သော် မကြာသေးခင်ကအထိ သိပ္ပံပညာရှင်များအနေဖြင့် ၁၉၀၅ ခုနှစ်က ပထမဆုံးအဆိုပြုခဲ့သော အဆိုပါ ဇီဝဗေဒဥပဒေသကို အမှန်တကယ် စမ်းသပ်မကြည့်ဖူးခဲ့သေးပါ။ ဆင့်ကဲဖြစ်စဉ်သည် ပြောင်းပြန် ပြန်မစီးနိုင်ဘူးလား။ ဇီဝဖြစ်စဉ်ကြီးတစ်ခုလုံးသည် ကျွန်တော်တို့၏ မြစ်ဖျားခံလာရာ ဘိုးဘေးဘီဘင် မျိုးစိတ်များဆီသို့ ပြန်လည်ဆင်းသက်သွားမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြပေ။ သို့သော် ကျွန်တော်တို့ကို တည်ဆောက်ထားတဲ့ ပရိုတိန်းများသည် မည်သို့ပါလဲ။ တူညီသောအခြေအနေတစ်ရပ်တွင် နောက်ပြန်ရွေ့လျော ဖို့ရာ နည်းလမ်းမတွေ့နိုင်ဘူးလား။

အိုဘားမားနှင့် နိုဘယ်ငြိမ်းချမ်းရေးဆု

လူသူလေးပါးအလေးထား အသိအမှတ်ပြုခြင်းခံရသော နိုဘယ် ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားအား “နိုင်ငံတကာဆက်ဆံရေးအား အားကောင်းလာစေရန်နှင့် လူအများကြား ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် သူ၏ တမူထူးခြားသော အားထုတ်မှုများ” ကြောင့် ပေးအပ်ချီးမြှင့်ခဲ့သည်။ သို့သော် နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီက ချမှတ်သော အဆိုပါ ဆုံးဖြတ်ချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။ အိုဘားမား ရုံးထိုင်အလုပ်လုပ်သည့်ကာလမှာ တစ်နှစ်ပင်မပြည့်တတ်သေးဘဲ သူ၏ စေ့စပ်ဆွေးနွေးရေးမူဝါဒမှာလည်း လသားမျှသာ ရှိပါသေးသည်။ ဤတွင် ဒေါက်တာ ရော်ဘင် နစ်ဘလစ် (Dr Robin Niblett) က အဆိုပါဆုကို ပေးအပ်သော အခြေအနေအချိန်အခါ မှားယွင်းနေသည်ဟု သူအဘယ်ကြောင့် ယုံကြည်သည်ဆိုသည်ကို ချပြခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ဒေါက်တာ ဘိတ်ဂေးလ် (Dr Bates Gill) ကလည်း မှန်ကန်သောဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြန်လှန်ငြင်းခုန်ထားပါသည်။

ဆင့်ကဲဖြစ်စဉ်အား ရှာဖွေတွေ့ရှိခြင်း

ဆင့်ကဲဖြစ်စဉ်၊ မနုဿဗေဒနှင့် ဘုရားမဲ့ဝါဒ (၁၉) ရာစု၏ ဒုတိယတစ်ဝက်တွင် ခရစ်ယန်ဝါဒမှာ များစွာသော အတိုက်အခိုက်များ အောက် ကျရောက်ခဲ့ရသည်။ ချားစ်ဒါဝင် ချပြခဲ့သော ဆင့်ကဲဖြစ်စဉ် သီအိုရီနှင့် အခြားသော သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုများက သဘာဝတရားနှင့် လောက၏ ဖြစ်တည်မှုတရားအပေါ် ဘာသာတရားများ၏ ရှင်းလင်းချက်များ၏ တန်ဖိုးကို မှေးမှိန်သွားစေခဲ့သည်။ ကျမ်းစာသင်ကြားခြင်း (၁၈) နှင့် (၁၉) ရာစုများအတွင်း ပညာရပ်နည်းကျ စူးစမ်းလေ့လာမှုများက ဘာသာတရား၏ အခြေခံအမှန်တရားများကို မှေးမှိန်သွားစေပြီး သီးခြားတည်ရှိနေသော သဘာဝလွန်ဖြစ်တည်မှုအဖြစ် ဂေါ့ဒ်၏ ရပ်တည်မှုကို သံသယဖြင့် ပစ်ပေါက်ခဲ့သည်။ ထို့ထက်ပင်စောသည့် ၁၆၅၁ ခုနှစ်က ဒဿနပညာရှင် သောမတ်စ်ဟော့ဘ်က မိုးဇက်သည် သူ့ကိုဂုဏ်ပြုနေကြသော သမ္မာကျမ်းစာအုပ်များကို အမှန်တကယ်ရေးသားခဲ့သူ မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ၁၇၇၉ ခုနှစ်တွင် J G Eichhorn က Book of Genesis စာအုပ်ပါ ပုံပြင်များသည် သမိုင်းအစစ်အမှန်မဟုတ်ဘဲ ဂရိနှင့် ရိုမန် ဒဏ္ဍာရီပုံပြင်များကဲ့သို့ ဒဏ္ဍာရီများသာဖြစ်ကြောင်း ယူဆခဲ့သည်။ ထို့ထက်ပို၍ သူကပင် ထိုပုံပြင်များကို ဘုရားစကား အစစ်အမှန်များကဲ့သို့ ဆက်လက်ဖတ်ရှုနေရန် မသင့်တော့ကြောင်း

အကြောင်းပြချက်မရှိ... !

အချစ်မှာ ရူးသွပ်မှုတစ်စုံတရာ အမြဲရှိတယ်။ အဲ… ရူးသွပ်မှုမှာလည်း အကြောင်းပြချက် တစ်စုံတရာ အမြဲရှိတယ်။ (နစ်ရှေး) There is always some madness in love. But there is also always some reason in madness. Friedrich Nietzsche, "On Reading and Writing" အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်မှုရှိသဖြင့် နစ်ရှေး၏ အထုပ္ပတ္တိ၊ အဆိုအမိန့်စသည်ဖြင့်... နစ်ရှေး၏ ရုပ်ပုံလွှာကို အကြမ်းဖျင်းမျှ လေ့လာကြည့်မိသည်။ နစ်ရှေးဆိုသည်မှာ ကြားဖူးနားဝရှိပြီး ကျွန်တော် အသေအချာမသိသော ပုဂ္ဂိုလ်ကျော်ပေါင်း မြောက်များစွာထဲမှ တစ်ယောက်သာ ဖြစ်ပေသည်။ ဆယ့်ရှစ်ရာစု ဂျာမန်တွေးခေါ်ရှင် တစ်ယောက်ဟူ၍သာ အကြမ်းဖျင်းအားဖြင့် ပြောလိုပါသည်။ (သူ့အကြောင်း ခုနှစ်သက္ကရာဇ်များ၊ ဘယ်သန်လားညာသန်လား၊ သူရေးခဲ့သည့် စာတိုပေစ စသည်တို့ကို အသေးစိတ် သိလိုလျှင် ၀ီကီ တွင် သွားရောက်ဖတ်ရှုစေလိုပါသည်) သူက ခရစ်ယန်ဘာသာကြီးစိုးဆဲ (၁၈) ရာစုက ဥရောပတွင် “ဘုရားသခင် သေပြီ” God is dead ဟု ပြောကြားခဲ့သည်။ ဘုရားသခင်သေမသေတော့မသိ သူကတော့ ၁၉၀၀ ပြည့်တွင် သေဆုံးသွားရှာပါပြီ။ အလားတူ သူ၏ နှုတ်ထွက် အဆိုအမိန့်များမှာ (ကျွန်တော့်တစ်ယောက်တည်းအတွက်) စိတ်ဝင်စားစရာ၊ နှစ်သက်စရာ ပြည့်ဝလှ

“ရယ်မောပါ၊ ထို့နောက် တွေးတောပါ”

ဓာတ်ငွေ့ကာမျက်နှာဖုံးအဖြစ် ပြောင်းလဲအသုံးပြုနိုင်သော ဘရာစီယာကို ဖန်တီးခဲ့သူ ဒီဇိုင်းပညာရှင်များနှင့် နွားမများကို နာမည်မှည့်ခေါ်ခြင်းဖြင့် နွားနို့ ပိုမိုထွက်ရှိလာစေသော အချက်ကို ရှာဖွေတွေ့ရှိ ခဲ့ကြသော အဖွဲ့သည် ၂၀၀၉ ခုနှစ်၏ Ig Nobel Prizes ကို ဆွတ်ခူးရရှိခဲ့သည်။ အဆိုပါဆု၏ ရည်ရွယ်ချက်မှာ “ပထမ ရယ်မောပါစေ၊ ထို့နောက် တွေးတောပါစေ” ဟူသောရည်ရွယ်ချက်နှင့် ညီညွတ်သည့် အောင်မြင်မှုများကို ဂုဏ်ပြုရန်ဖြစ်သည်။ ငြိမ်းချမ်းရေးဆုသည် ဦးခေါင်းကိုရိုက်ရာတွင် ဘီယာပုလင်းအလွတ်နှင့် ဘီယာအပြည့်ပါသောပုလင်း မည်သည်နှင့်ရိုက်ခြင်းက ပိုကောင်းသလဲ ခွဲခြားသတ်မှတ်ပေးသော ဆွစ်သုတေသနအဖွဲ့တစ်ခုဆီသို့ ရောက်ရှိသွားသည်။ ထိုအခမ်းအနားကို Annals of Improbable Research မဂ္ဂဇင်းမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးပိုင်းတွင် နယူးကာဆယ်တက္ကသိုလ်၏ အစားအသောက်နှင့် ကျေးလက်ဖွံ့ဖြိုးမှုဌာနမှ ဒေါက်ကလပ် (Douglas) နှင့် ရိုလင်ဆင် (Rowlinson) တို့မှာ ဗြိတိန်နိုင်ငံမှ ဆွတ်ခူးနိုင်ခဲ့သူများဖြစ်သည်။

လေးနက်သောည

ခံစားမှုအားလုံးပြီးဆုံးသွားသော အသိကို အချစ်ဟု ပြောမည်ဆိုလျှင် ... အချစ်ဆိုသောခံစားမှု ပြီးဆုံးခဲ့ပြီဟူသော အသိသည် သူ့အတွက် အရာရာဖြစ်ခဲ့ပြီ။ ညချမ်းက လေးနက်လှပသော မိန်းမပျိုတစ်ယောက်၏ အကြည့်ဖြင့် သူ့ကို စူးစိုက်ကြည့်နေသည်။ ထိုညများအတွင်း မိန်းမော အိပ်စက်နေခြင်း မရှိသော လူသား တစ်ယောက်အတွက် အချစ်ကို ဘိန်းမုန့်တစ်ချပ်၏ မျက်နှာပြင်မှ ကွာကျသွားသော မြေပဲစေ့လေး တစ်စေ့အား နှမျောမိသည့် ခံစားချက်ပမာသာ ရံဖန်ရံခါ တမ်းတမိပါလိမ့်မည်။ သို့သော် သူက ဘိန်းမုန့်ကိုမူ မြိန်ရည်ရှက်ရည် စားသုံးနေဆဲ ဖြစ်သည်။ ဆုံးရှုံးသွားသော မြေပဲတစ်စေ့အတွက် အလွန်အကျွံ ၀မ်းနည်းဟန်ပြနေလျှင် ကျန်ရစ်သောမြေပဲစေ့များ၏ ဗိုက်တာမင်ပမာဏကို စော်ကားရာကျလိမ့်မည်ဟု သူကယူဆသည်။ သို့သော် လေးနက်လှပသော မိန်းမပျိုကတော့ သူ၏ အယူအဆကို တစ်စုံတရာ မှတ်ချက်ချလိမ့်မည် မဟုတ်ပါ။ ညနက်များ၏ လေးနက်သောအလှအပကို လျစ်လျူရှုသည့်အတွက် နေ့အိပ်မက်ဂယောက်ဂယက်များကို ခံစားရလိမ့်မည်မှာတော့ သေချာသည်။ ဤအတွက် ကိစ္စမရှိပါ။ ကျကျန်ခဲ့သော မြေပဲစေ့လေး၏ အရသာသည် မည်သို့များရှိလိမ့်မလဲ တွေးနေစဉ်အတွင်း ပါးစပ်ထဲရှိ ဘိန်းမုန့်၏ ခပ်ဆိမ့်ဆိမ့် အရသာကိုတော့ သူ၏လျှာပေါ်တွင် ခံစားနေရသည်။ ည၏ အိပ်ြ

တောမှာရလာသော ရောဂါ

ကျွန်တော်၏ အမည်အား Keyboard မှ ရိုက်ရာတွင် ဘယ်လက်တစ်ဘက်တည်းနှင့် အလုပ်ဖြစ်သောကြောင့် အလွန် စိတ်ချမ်းမြေ့ရပါသည်။ Chat ရေး Chat ရာ စကားပြောခန်းများတွင် “ဟိဟိ” မရယ်ဘဲ “ခိခိ” ဟု ရယ်ရခြင်းမှာ “ဟိဟိ” ဟု ရယ်ရာတွင် ညာလက်သန်း ပိန်ပိန်သေးသေးလေးကို မညှာမတာခိုင်းစေရပြီး၊ “ခိခိ” ဟု ရယ်မှသာ ဘယ်လက်ခလယ် အားကောင်း မောင်းသန်ကြီးကို သုံးရသဖြင့် ပိုပြီး ကျယ်ကျယ် လောင်လောင်လည်းရှိ၊ မျှတမှုလည်း ရှိသည်ဟု ထင်မိသောကြောင့် ဖြစ်သည်။ ထို့အပြင်လည်း ညာဘက်က ကြွက်မြီးကို မလွတ်တမ်းဆွဲထားရသဖြင့် မအားမလပ် ဖြစ်နေတာလည်း ပါသည်။ ယနေ့ခေတ်တွင် ညာဘက်လက်ညှိုး၏ ညင်သာသော အမှားလေးတစ်ချက်ကြောင့် ဘ၀ပျက်သွားရသူများ ရှိသကဲ့သို့ လိမ္မာသော အတို့အထိလေးတစ်ချက်ကြောင့်လည်း မီလျှံနာ ဖြစ်သွားနိုင်သည့် သာဓကအချို့ တွေ့ရပေသည်။ ထိုအခါ လက်ကြောမတင်းသူတို့၏ ထုံးစံအတိုင်း တစ်ချိန်ချိန်တွင် စတော့ခ်ရှယ်ယာ ဈေးကစားရန်ဟူသော မဟာအိပ်မက်ကြီးတစ်ခုကို ကောက်ခါငင်ခါ ထမက်မိပါတော့သည်။ နှပ်ချေးတွဲလောင်း အရွယ်ကလေးများမှစ၍ စတော့ဈေးကွက်အကြောင်း လေ့ကျင့်သင်ကြားပေးသင့်သည်ဟူသည့် မစားရ၀ခမန်းဆောင်းပါးတစ်ခု Reader's Digest တွင် တစ်ချိန်တုန်းက ဖတ်ခဲ့ရဖူးကတည်းက ဤရောဂါ စတင

“အတုအပ သတိပြု ...”

အီဂျစ်ကျောင်းသားခေါင်းဆောင်များက တိုင်းပြည်အတွင်းသို့ “အပျိုစင် အတုလုပ် ကိရိယာများ” (Virginity-Faking Device) တင်သွင်းခြင်းကြောင့် ဖမ်းဆီးရမိသူများကို သေဒဏ်အပြစ်ပေး သင့်သည်ဟု တောင်းဆိုလိုက်ကြသည်။ ဘာယောမိ (Abdul Mouti Bayoumi) ဆိုသူက အဆိုပါပစ္စည်းများ ပံ့ပိုးခြင်းသည် လူ့အဖွဲ့အစည်း၏ လူမှုရေးချိုးဖောက်မှုများကို ပြန့်ပွားစေခြင်းနှင့် အတူတူပင်ဖြစ်ပြီး အစ်စလာမစ် ရှာရီယာဥပဒေ (Islamic Sharia Law) အရ ရာဇ၀တ်မှုတစ်ခုအဖြစ် သေဒဏ်အပြစ်ပေးနိုင်ကြောင်း ပြောဆိုသည်။ အဆိုပါကိရိယာသည် သွေးရည်အတု ထုတ်လွှတ်ပေးပြီး အမျိုးသမီးများကို မင်္ဂလာဦးညတွင် အပျိုစင်စစ်စစ် ဖြစ်ကြောင်း ဟန်ဆောင်ရန် အကူအညီပေးနိုင်သည်။ ရှေးရိုးစွဲအာရပ်လူ့အဖွဲ့အစည်းများတွင် အိမ်ထောင်ရေးမတိုင်မီ လိင်ကိစ္စနှင့်ပတ်သက်၍ ပြင်းထန်သော အယူအဆ ရှိကြသည်။ ထိုပစ္စည်းမှာ အမှေးပါးခွဲစိတ်ပြုပြင်မှုထက် (Hymen Repair Surgery) ပိုမိုရှင်းလင်းလွယ်ကူပြီး ဈေးသက်သာသော အခြားနည်းလမ်းတစ်ခု ဖြစ်လာနေသည်။ အရှေ့အလယ်ပိုင်းရှိ အချို့သောဆေးခန်းများတွင် အဆိုပါခွဲစိတ်မှုကို လျှို့ဝှက်စွာ ပြုလုပ်ပေး နေခြင်းများ ရှိသည်။ ၎င်းကို တရုတ်ပြည်မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာ၏အခြားဒေ

♥ ဆန္ဒများအကြောင်း...

ဖုန်ထူသောနေ့ရက်များအတွင်းက လူတစ်ယောက်သည် မြို့အတွင်း ဦးတည်ရာမဲ့ လှည့်လည်သွားလာ နေခဲ့သည်။ (အမြင့်ပျံလေယာဉ်များနှင့် နယ်ခြားဟိုင်းဝေးလမ်းများပေါ်ပေါက်လာသော နောက်ထပ်ရာစုနှစ် အထိ အသက်ရှည်နေထိုင်ကြသူများ မှတ်မိသည့်အတိုင်း ဖုန်ထူသောနေ့ရက်များဟု ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်က မြင်မြင်သမျှအရာရာတိုင်းမှာ ဖုန်မှုန့်သဲမှုန့်များနှင့် ဖုံးလွှမ်းနေခဲ့ဟန်တူသည်။ ခရီးကြမ်းသွား ထရပ်ကားများက အတားအဆီးမရှိသော ကွင်းပြင်များအတွင်း ဖြတ်သန်းမောင်နှင်ရင်း နေရာတိုင်းတွင် ဖုန်မှုန့်များချည်းသာ ဖြစ်နေခဲ့ပေသည်။) ထိုမြို့ကလေးကို “ဧဒင်” ဟုခေါ်သည်။ ဤအမည်သည်လည်း သိပ်ကြာရှည် မတည်တံ့ခဲ့ကြောင်း လူတိုင်းသိကြသည်။ သူတို့ကြားဖူးနားဝရှိသော ကိုယ်ပိုင် ကြေးနန်းရုံးရှိသည့် အခြား “ဧဒင်” တစ်ခုလည်း ရှိသေးသည်။ တက္ကဆက်ပြည်နယ်အနေဖြင့်တော့ “ဧဒင်” နှစ်ခုဖြစ်နေသည်ကို လက်ခံနိုင်သည့်ပုံ မပေါ်ပါ။ ထိုသူသည် အနောက်ဘက် တောင်ကုန်းများပေါ်မှ ဆင်းလာပြီး မြို့တွင်းသို့ဝင်လာခဲ့သည်။ ယာဉ် သို့မဟုတ်၊ မြင်းတစ်ခုမျှမပါဘဲ တစ်ကိုယ်တော် ခြေလျင်လျှောက်လာခြင်းဖြစ်သည်။ ထိုအချိန်များအတွင်းကသော်မှ ဤသို့ ခရီးသွားခြင်းကို နားနှင့်မျှပင် မကြားခဲ့ဖူးပေ။ ရိုးရိုးသားသားပြောရလ

စေတနာရှင်မလေးများ

အနည်းငယ်ထူးဆန်းနေဟန်ရှိပေမဲ့ တစ်ဒါဇင်ခန့်မျှရှိတဲ့ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေဟာ “အဖော်အချွတ်” (Stripe off) လုပ်ပြီး အပေါ်ပိုင်းဗလာကျင်းနဲ့ (Topless) ပြည်ပနိုင်ငံများမှာ တိုက်ပွဲဝင်နေကြတဲ့ ဗြိတိသျှစစ်သားများကို ထောက်ခံအားပေးတဲ့အနေနဲ့ မန်ချက်စတာမြို့ကိုဖြတ်ကာ လှည့်လည်ချီတက် ခဲ့ကြပါတယ်။ သားရေဘောင်းဘီရှည်ကျပ်ကျပ်များသာ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ ရင်ဘတ်မှာ ကိုယ်ခန္ဓာပန်းချီ (Body Paint) ရေးဆွဲပုံဖျက်ထားပြီး သူတို့ရဲ့ အကာအကွယ်မဲ့ “ရတနာ” တွေနဲ့ ပါးစပ်အဟောင်းသားဖြစ်နေတဲ့ ကြည့်ရှုသူများနဲ့ ပြည်သူလူထုကို ဗြိတိသျှစစ်သားတွေအတွက် အလှူငွေများ ဒလဟောရရှိလာအောင် ဆွဲဆောင်ခဲ့ကြတယ်လို့ သတင်းများက ဆိုပါတယ်။ ဒီလုပ်ရပ်ကို အနုပညာရှင်တစ်ဦးဖြစ်တဲ့ မန်ချက်စတာမြို့ ဝေါ့စလေ (Worsley) မှ ဖန်နီဂို့ဖ် (Fanny Gogh) ဆိုသူက “စစ်သားများ ကူညီပံ့ပိုးရေး” (Support Our Soldiers) S.O.S လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ S.O.S ဟာ စစ်တပ်နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကူညီထောက်ပံ့ဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ ဒီအစုအဖွဲ့လိုက်လှုပ်ရှားမှုဟာ ဗြိတိသျှတပ်မတော်အတွက် ပိုကောင်းတဲ့လက်နက်ကိရိယာများ ရရှိေ

“လူသည် မသေမျိုး ... ???”

၂၀၂၉ ခုနှစ်တွင် လူသားများ မသေမျိုးဖြစ်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု သိပ္ပံပညာရှင်များပြောကြား စက်တင်ဘာ (၂၄) ၂၀၀၉ အနာဂတ္တိအမေရိကန်သိပ္ပံရှင်များက နာနိုတက္ကနိုလော်ဂျီ နှင့် ခန္ဓာဗေဒကို ပိုမိုနားလည်လာခြင်းများမှ နောက်နှစ်ပေါင်း ၂၀ ခန့်ကာလအတွင်းမှာပင် လူသားများသည် “မသေမျိုး” (Immortal) ဖြစ်လာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ရှေးဆယ်စုနှစ်များ၏ အနာဂတ် နည်းပညာများကို ခန့်မှန်းတွက်ချက်သူ ရေး ကာ့ဇွီ (Ray Kurzwei) က “ကျွန်တော်နဲ့ တခြားသိပ္ပံပညာရှင်အများအပြားဟာ နောက်နှစ်ပေါင်း ၂၀ ၀န်းကျင်လောက်မှာ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ပရိုဂရမ်ရေးဆွဲ (Reprogramme) နိုင်မယ့် ကျောက်ခေတ်ဆော့ဝဲ (Stone-age Software) ခေါ်တဲ့ နည်းလမ်းကို ရရှိလိမ့်မယ်လို့ အခု ယုံကြည်နေကြပါတယ်။ ဒီလိုဆိုရင် အသက်အရွယ်ကြီးရင့်မှုကို ပြောင်းပြန်လှန်ပြီး ရပ်တန့်စေနိုင်ပါလိမ့်မယ်။ နာနိုတက္ကနိုလော်ဂျီက ကျွန်တော်တို့ကို အမြဲတမ်းအသက်ရှင်သန်နိုင်အောင် ဖန်တီးပေးပါလိမ့်မယ်။ အသက် ၆၁ နှစ်အရွယ်၊ မိုက်ခရိုဆော့ဖ်နာယက ဘီလ်ဂိတ်ကိုယ်တိုင်က ကမ္ဘာပေါ်ရှိ ဉာဏ်ရည်အထက်မြက်ဆုံး အနာဂတ္တိဆရာလို့ ချီးကျူးထောပနာပြုခံရတဲ့ သိပ္ပံပညာရှင်ကြီး