Skip to main content

Posts

Showing posts from November, 2010

ဆန္ဒစစ် (The Genuine Desire)

လိုချင်တာကို မရ, ရအောင်ယူမယ် ဒီအထိ ပြဿနာ မရှိဘူး။ ငါ အမှန်တကယ် လိုချင်တာက ဘာလဲ ဒီမှာ ပြဿနာ ရှိလာပြီ။ လိုအင်ဆန္ဒများ၏ ကျွန်ပြုစေစားခြင်း မခံရသောကိုယ် ဖြစ်ရပါလို၏။ The Genuine Desire Let’s materialize our wishes by hook or by crook That is not a problem. Then, what are our real wishes? That exactly is a problem. My genuine desire is Freedom from the slavery of wishes. တေဇာ (လရောင်လမ်း) နိုဝင်ဘာ (၉) ၂၀၁၀

ချောင်းကလေး (The Brook)

I come from haunts of coot and heron, I make a sudden sally And sparkle out among the fern, To bicker down a valley. By thirty hills I hurry down, Or slip between the ridges, By twenty thorpes, a little town, And half a hundred bridges. Till last by Philip’s farm I flow To join the brimming river, For men may come and men may go, But I go on for ever. I chatter over stony ways, In little sharps and trebles, I Bubble in to eddying bays, I babble on the pebbles. With many a curve my banks I fret, By many a field and fallow. And many a fairy foreland set, With willow-weed and mallow. I chatter, chatter, as I flow To join the brimming river, For men may come and men may go, But I go on for ever. Alfred Lord Tennyson ချောင်းကလေး ရေကြက်နဲ့ဗျိုင်းတို့ ကျက်စားရာများမှ ကျွန်တော်စထွက်၊ ကျွန်တော် ရုတ်တရက်ထွက်ပေါ်ခြင်းတစ်ခု ပြုလို့။ ပြီးတော့ ဖန်းရေညှိပင်ကြားမှာ တဖျပ်ဖျပ်လက်၊ တောင်ကြားတစ်ခုမှ အတင်းကလေးပြေးဆင်းဘို့။ ကျွန်တော်မြန်မြန်ဆင်းလာတာက တောင်ကုန်းသုံးဆယ်ေ

အတိုးဆုံးကဗျာများ (၂၈)

ပက်ကျိကမ္ဘာမှ ကဗျာ၏အခန်းကဏ္ဍ ကဗျာနဲ့ ကမ္ဘာကိုသိမ်းပိုက်ကြစို့ ပက်ကျိလေးရေ... နှေးတယ် နှေးမယ် ပြီးတော့ ဖြေးဖြေးဆေးဆေးလေးပေါ့ကွယ်။ ဝေး သူ(မ)ကို ကျောခိုင်းမလို့ပါပဲ ဒါပေမဲ့ ကျွန်တော်တို့ မျက်နှာချင်းမဆိုင်ဖြစ်ကြသေးဘူး သူ(မ)ကို နှုတ်ဆက်ထွက်ခွာဖို့ ကျွန်တော့်မှာ မိုင်ထောင်ချီ နှင်နေရဆဲပါ သူ(မ) ရှိရာဆီ။ ဆွေး အလင်းဝင်တယ်ဆိုတာမျိုး ပြောဖို့တော့ တောခိုဖူးဖို့ လိုတာပေါ့ ဒီလိုသာ နေရောင်ဟာ ဘယ်တော့မှ အမြင်မှန်မရနိုင်လောက်အောင် မှောင်ပေတာပေါ့။ ကာလတရား၏ သဘာဝ နေ့ခင်းကြီးက ကြောင်တောင်တောင်နဲ့ သန်းခေါင်ဆိုတော့လည်း မှောင်ရှာပါတယ် ကျွန်တော်ကလည်း နံနက်ခင်းဘ၀မှာ ရိုးသားစွာ ထွန်းလင်းနေပါတယ် အပြစ်မတင်ကြပါနဲ့။ ဒိုင် လူဆိုးနဲ့ လူယုတ်မာ နှစ်ဖဲထဲပေးတယ် ကျွန်တော်က ဘယ်လိုကံကြမ္မာနဲ့ လှန်ရမှာလဲ။ ဖဲမရိုက်တတ်တော့လည်း လူညံ့တဲ့လေကွယ်။ တေဇာ (လရောင်လမ်း)

သူမ၏ ရက်စက်ခံလိင်ဆန္ဒ

လက်တစ်ဆစ်ရဲ့  ဆွဲဆန့်ခံနိုင်အားကြောင့် ကိုယ့်စိတ်တွေလည်း မိုင်ထောင်ချီခရီးပေါက်ခဲ့ပြီ။ ကလေးရေ ... ကိုယ်အရင်ဘ၀မှာပဲ ပြန်နေပါတော့မယ် မင်းရဲ့  ရက်စက်ခံလိင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါကွယ်။ Her Masochistic Drive Due to the elasticity of an inch, My mind already traveled thousands miles. O Baby! I’ll start my journey to previous-life, Fulfilling your masochistic drive. တေဇာ (လရောင်လမ်း)

အပျင်းပြေ သရုပ်ပြချက်

ကြမ်းပိုးသည် လိပ်ဖြစ်ကြောင်းခေါင်းစဉ်အရ ခင်ဗျားတို့အားလုံး တိုင်ပင်ပြီးရေးကြ။ ပြီးရင် ကျွန်တော်က ရေထဲလွှင့်ပစ်ပြမယ် စာရွက်ဟာ ရေမကူးတတ်ဘဲ ရေမျက်နှာပြင်မှာ ကပ်နေပုံများ ကြမ်းပိုးဆန်လွန်းတယ် မထင်မိဘူးလား။ The Demonstration for Fun According to the title, the bug is a tortoise, You all can share your brains and write. Then, I will throw it away to the water. Without swimming, the paper Is gluing on the surface of the water, Don’t you think it appears as a bug? တေဇာ (လရောင်လမ်း)

အုန်းသီးခေါင်း ချာတိတ်

မီးနဲ့ဆော့နေလို့ လူကြီးကတားတယ် ဒါကို မပူပါဘူးဦးဦးရယ် လုပ်နေခဲ့တယ် စပ်ဖြဲဖြဲနဲ့။ တကိုယ်လုံး ညှော်နံ့ထွက်လာတော့မှ ကယ်ပါဦး ဦးဦးရဲ့တဲ့ ငိုမဲ့မဲ့နဲ့။ မှတ်ပလားအပြင် ဘာပြောစရာကျန်သေးလဲ အဲဒီ အုန်းသီးခေါင်းနဲ့ ချာတိတ်ကို။ The Coconut-head Kid The kid was playing with the fire When the elder prevented, He said, it’s not really hot, grinning. By the time his body burned in smokes Wearing a grimace, He cried, help me please. Except, it is your exact fruit, What could I tell him? I mean, the coconut-head kid. တေဇာ (လရောင်လမ်း)

Sleeping with a Hooker

What (some) journalists really mean saying COOPERATION WITH THE JUNTA? To:            All Parallel Universes From:        The Earth Subject:     Sleeping with a Hooker What an UNFAIRNESS! Please ponder it in sympathy. I will tell you now, what happened to me. I have stripped to my underpants, but she has only undone a button of her blouse hesitantly. Don't you think it's unfair? If we were a couple, we would be the couple who absolutely ARE unsynchronised rather than the couple who IS in harmony. So, I hate her. I really hate her with all my heart. My hatred to her is so strong and I want to kill her as soon as possible. But you know, she is extremely strong physically. My sole ability is not enough to kill her. After all, the offender or assailant is her, not me. She was beating me persistently up to now. She scratches my body by her dirty claws and loudly shouts and curses at me by her big hollow mouth. That is why I am now persuading you, to make a conspiracy with m

အတိုးဆုံးကဗျာများ (၂၇)

မဟာဂရုဏာ အက်စကီးမိုး အဘိဓာန်မှာ ဘုရားသခင်ဆိုတဲ့ နာမည် မပါဘူး ဒါနဲ့တောင် သူတို့ကို အေးချမ်းခွင့်ပေးထားသေးတယ် အံ့ဖွယ်…။ ကမ္ဘာကြီး အေးခဲလာခြင်း ပင်ဂွင်းငှက်တွေ နေပူဆာလှုံတယ် ရေခဲတုံးတွေ ခိုက်ခိုက်တုန်တယ်။ သမားမဲ့ တစပြင်လမ်းတစ်လျှောက် ကိုယ်ခြစ်ခြစ်တောက်ပူ နိမိတ်ကြီးသုံးပါးနဲ့။ ကမ္ဘာကြီးပူနွေးလာမှုအကြောင်း ကွက်စိပ်ဟောသူက အေးစက်မာကျောလှတဲ့ မျက်နှာထားနဲ့။ ဂွကျခြင်း မှန်ထဲက ချာတိတ်ကို အမြဲလိုလို ကျီစယ်မိတယ် အသက်ရှင်နေရတာ အသင်မရှက်ဘူးလားလို့။ ခက်တာက တမင်, အသက်မရှူဘဲနေပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခဲ့သူကလည်း မရှိဖူးသေးပဲကိုး။ ဖျင်း ကဗျာတွေက တိုတယ်နော်၊ ဟုတ်ကဲ့.. ပျင်းလို့။ ရသကလည်း လိုတယ်နော်၊ ဟုတ်ကဲ့.. ဖျင်းလို့။ သေရာပါအမာရွတ်တွေနဲ့ စပ်ဖြဲဖြဲလုပ်နေသူဟာ ဖျင်းဖျင်းထအောင် ဖျင်းလို့ပေါ့။ အကျိုးစီးပွား နောက်ဆုံးတော့ သင်္ဘောပင်လောကမှာ ပုရိသ၀ါဒ ပေါ်ပေါက်လာတယ်။ အသီး,မသီးလို့ ရှင်းလင်းသုတ်သင်ခံရတာ၊ ခွဲခြားဆက်ဆံသူဟာ ဘယ်သူပါလဲ…။ တေဇာ (လရောင်လမ်း)

ဗျည်း (၃၃) လုံးအတွင်း ထိန်းသိမ်းခံထားရခြင်း

ဘာသာစကားကိုတော့ ကျွန်တော် တော်တော်စိတ်ကုန်နေပြီ။ ဆိုပါစို့ ပျော်ရွှင်စွာ ငိုကြွေးတယ် (ပထွေးရဲ့ အသုဘမှာ) ပူဆွေးစွာ ပြုံးရယ်တယ် (သူဌေးပြောပြတဲ့ သိပြီးသားဟာသ အဆုံးမှာ) ယောက်ျားပီသသော ကြောက်ရွံ့တုန်လှုပ်မှု (ငွေရေးကြေးရေး) စသည်ဖြင့်.. ဆန့်ကျင်ဘက်ပုဒ်တွေနဲ့ အရောင်ခြယ်လည်း ညှို့အားပြင်းအလှကို မရတော့ဘူး။ ဒွန်တွဲဆန့်ကျင်ဘက်တွေဟာ နေ့စဉ်ဘ၀တွေမှာ အထာကျခဲ့ကြပြီကိုး.. ရိုးအီခဲ့ကြပြီကိုး..။ တကယ်လို့ ကျွန်တော်က ကျွန်တော့်ရဲ့ ပေါ့ပါးတဲ့ လှောင်ပြောင်သရော်မှုတွေမှာ နင့်သီးတဲ့ ဒဏ်ရာဒဏ်ချက်တွေ၊ အပြင်းစား ဝေဒနာတွေ ပါဝင်နေကြောင်းပြောရင် ခင်ဗျားက အံ့သြတော့မှာ မဟုတ်ဘူး။ ကျွန်တော့်ကို ဂရုတစိုက်၊ ဒါမှမဟုတ် ကိုယ်ချင်းစာနာစွာ လွယ်လင့်တကူ ဥပေက္ခာပြုလိုက်မှာပဲ မဟုတ်လား။ ဒါကြောင့်ပြောတာ ဘာသာစကားအကြောင်း ကျွန်တော်မပြောချင်ပါဘူးလို့။ တေဇာ (လရောင်လမ်း)

ခေတ်မီဆန်းပြားသော မြက်ပင်

ကဗျာဆရာ ဖြစ်ချင်တယ် ဖှီလော်ဆော်ဖှာ ဖြစ်ချင်တယ်။ ကျွန်တော့်အား ဦးနှောက်နှင့် နှလုံးသား ပေးသနားပါ။ ကျွန်တော်ဟာ အစိမ်းသက်သက် နွယ်မြက်လေးတစ်ပင်ပါ။ ထိုနေ့မှစကာ မြက်ပင်သည် ညှိုးရော်ခြောက်သွေ့တတ်သည်အထိ ဆန်းပြားသိတတ်ခဲ့လေ၏။       ။ The Sophisticated Grass I want to be a poet I want to be a philosopher. Please kindly, Let me have brain and heart. I am in fact, A rain-forest grass. Since then, The grass evolved, sophisticated Enabling dryness and stress. တေဇာ (လရောင်လမ်း)

ပထမတန်းစားပုလဲများ ထွက်ရှိရာတိုင်းပြည်

တစ်ပြည်လုံးမှာ ငတ်သေတဲ့မသာ မရှိပါဘူး။ ဒါပေမဲ့ ငတ်နေတဲ့ သက်ရှိတွေချည်း တစ်ပြည်လုံးမှာ။ မျက်ရည်တွေကိုများ ပုလဲလို့ ပြောထွက်ခဲ့လေသလား…။ တေဇာ (လရောင်လမ်း)

သူမ၏ အပြုံးတွင် ထင်ဟပ်နေသော ကျွန်တော်၏ဂုဏ်ရည်

သူ့စကားဆုံးတော့ ကျွန်တော့်မျက်နှာ နီရဲနေတယ်ထင်တယ်။ နင်ငါ့ကို အဲဒီလောက် မမြှောက်နဲ့လို့ ကျွန်တော်က ပြန်ပြောမိလိုက်တယ်။ ကျွန်တော့်လေသံမှာ တနည်းတဖုံ ဂုဏ်ယူတဲ့လေသံပါသွားတယ်။ သူက အံ့သြတဲ့ မျက်နှာထားနဲ့ ဟင် ငါပြောတဲ့အထဲမှာ နင့်ကို မြှောက်တဲ့စကား ပါသွားလို့လားလို့ ပြန်မေးတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ သူပြောထဲမှာ ကျွန်တော့်ကိုမြှောက်ပင့်တဲ့စကား တစ်လုံးမှ မပါပါဘူး။ အမှန်ဆို ကျွန်တော့် အကြောင်းကို လုံးဝ မပါပါဘူး။ တကယ်တော့ သူက သူ့ရည်းစားနဲ့ သူ့အကြောင်းကို ကျွန်တော့်ကို ဖွင့်ပြောပြနေတာပဲ။ ဖွင့်ပြောပြတယ်ဆိုတာ မခြွင်းမချန်၊ အားလုံးဖွင့်ပြောပြတာကို ဆိုလိုတာ။ သူ့ရည်းစားက သူ့ကို နှစ်ယောက်ထဲအတူနေနိုင်တဲ့ နေရာကို သွားကြဖို့ ခေါ်တဲ့အကြောင်းပဲ။

အသေခံ ခံစစ် (Suicide Defense)

ကဲပါ ဒီလောက်လည်း ဂယောက်ဂယက် ဖြစ်မနေကြပါနဲ့ ကျွန်တော့်ကိုပေး ဆိုပြီး ဗြဟ္မာကြီးဦးခေါင်းကို သူက တာဝန်ယူလိုက်တယ်။ ပြီးတော့ သူ့ရဲ့လည်ပင်းမှာ ၀က်အူမပါဘဲ စနစ်တကျတပ်ဆင်တယ် သူအရင်က ခေါင်းမပါဘူး။ သတ္တလောကတစ်ခွင်လုံး အပြုံးပန်းတွေ ဝေသွားတယ်။ သက်ပြင်းချသံများ မဆုံးခင် သူကတော့ ဗြဟ္မာစကားနဲ့ ပြောခဲ့ရှာပါတယ်။ ကျွန်တော့်ခေါင်း ပြတ်တဲ့နေ့မှာ ကမ္ဘာကြီးလည်း ပြာကျစေရမယ်တဲ့…။ တေဇာ (လရောင်လမ်း) (၂၃) အောက်တိုဘာ ၂၀၁၀

သတင်းစာ

လောကကြီးမှာ မဖြစ်နိုင်တာတွေရှိတယ် ကျွန်တော် စဉ်းစားကြည့်မိတယ်။ မနက်ဖြန်သတင်းစာကို ဒီနေ့မှာ ဖတ်လို့မရဘူး ဒီနေ့သတင်းစာကို မနေ့က ဖတ်ခဲ့လို့မရဘူး အဲဒါတွေက အရေးမကြီးဘူး ထားပါတော့။ သတင်းစာသမား လုံးဝရောက်မလာတော့တဲ့နေ့ဟာ ဧကန်ရှိနေတယ် ရှောင်လွှဲဖို့ မဖြစ်နိုင်ဘူး ဒါဟာ အရေးကြီးတယ်။ ကိုယ့်နာရေးသတင်းလေးမှ ကိုယ်ပြန်မဖတ်ခွင့်မရတဲ့ ဘ၀မှာ ကျွန်တော်က ဘာလို့များ သတင်းစာသမားကို မျှော်နေရဦးမှာလဲ…။ တေဇာ (လရောင်လမ်း) (၂၁) အောက်တိုဘာ ၂၀၁၀

အရိုင်း

လောကကြီးမှာ ဘာလာလုပ်တာလဲ။ ဒီမေးခွန်းနဲ့ သူက တို့ထိဆော့ကစားပါတယ်။ ကျွန်တော်လား ကျွန်တော် လာဖတ်တာ ဟုတ်တယ် ကျွန်တော်အခု ခင်ဗျားကို ဖတ်နေပြီ ခင်ဗျားမေးခွန်းရဲ့ ဝေ့၀ဲအနက်တွေက ရင့်သီးလှချည်လား ခင်ဗျားရော ကောက်ကျစ်ဖို့ လူဖြစ်လာတာပဲလား…။ ဒီအဖြေနဲ့ သူ့မေးရိုးကို ဖြောင့်တန်းစွာ ထိုးချလိုက်ပါတယ်။ ဟုတ်တယ်နော်.. ကျွန်တော်က တော်တော်ရိုင်းတယ်။ တေဇာ (လရောင်လမ်း) (၂၁) အောက်တိုဘာ ၂၀၁၀

နွားအက (The Ox-Dance)

နွားအက စည်းချက်အညီ က,မလို့လား ကချက်မညီတဲ့ စည်းထဲရောက်သွားမယ် လယ်ထွန်မင်္ဂလာတေးသွား အလိုက်နဲ့ဆို နွားအကပဲ ရလိမ့်မယ်။ The Ox-Dance Dance to the tune? Doom to the tense. With the melody of ‘Lal Hton Min Ga Lar’ You would perform only Ox-Dance. တေဇာ (လရောင်လမ်း)

ခမောက်များ

ရိုးထဲမှာ နေကျဲကျဲတောက်ပူနေတယ် ပက်ကြားအက်တွေ ပြုံးရယ်တယ် မနွဲ့ဘူး တို့ကလည်း လက်ဦးထဲက လယ်သမားတွေ ပက်ကြားအက် အပြုံးတွေပေါ် သံမဏိခြေခဏာတွေနဲ့ ဖြတ်လျှောက်မယ် စပါးရိုးပြတ်တွေ ကြား ကောက်သင်းကောက်စားနေတဲ့ အလေဏတောလေးတွေကို အင်းခွေးလေး အောင်နက်က တာဝန်ယူလိမ့်မယ်။ ရိုးထဲက ကျဲကျဲတောက်နေရောင်အောက် လက်ဖြောင့်တဲ့ နွားကျောင်းသားလေးများ ဂဏန်းကျစ်စာခဲတွေကို ဖင်ခုထိုင်နေကြ လက်ထဲမှာ ကျွဲချိုလေးဂွတွေနဲ့ မိဘဘိုးဘွားအမွေ အမြင်မှာ အရောင်မှေးမှိန်နေတဲ့ ခမောက်တွေ ကိုယ်စီဆောင်းလို့ လေပြင်းတစ်ချက်အဝေ့မှာ လွင့်ကျမသွားရအောင် မေးသိုင်းကြိုးတွေ တင်းလိုက်ကြဦးစို့…။ တေဇာ (လရောင်လမ်း)

အထီးကျန် တောင်ထိပ်

တံငါသည် ညီအစ်ကို သုံးဦးဟာ ငါးဖမ်းထွက်ရင်း မုန်တိုင်းမိကြတယ်။ ပင်လယ်ထဲမှာ ရက်အတန်ကြာ မျောနေပြီးတဲ့နောက် နောက်ဆုံးမှာ လူသူမရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်သွားကြတယ်။ ဆိုကြပါစို့ ဒဏ္ဍာရီပုံပြင်လေး တစ်ပုဒ်လို့ပဲ။ ကျွန်းလေးက အတော်သာယာပါတယ်။ ကျွန်းပေါ်မှာ အုန်းသီးတွေ ပြွတ်သိပ်အောင် သီးနေတဲ့ အုန်းပင်တွေ အပြည့်ပဲ။ ပြီးတော့ ကျွန်းရဲ့ အလယ်တည့်တည့်မှာ အလွန်ကြီးမားတဲ့ တောင်ကြီးတစ်လုံး ရှိတယ်။ ကျွန်းပေါ်ကို သောင်တင်ခဲ့တဲ့ ညက သူတို့ မောမောပန်းပန်းနဲ့ အိပ်ပျော်သွားကြတယ်။ ထူးခြားတာက အဲဒီညက သူတို့ရဲ့ အိပ်မက်တွေထဲမှာ ဘုရားသခင် ကိုယ်ထင်ပြခဲ့ပါတယ်။ ကမ်းခြေကနေ အနည်းငယ်ဆက်သွားလိုက်ရင် အသင်တို့ ကျောက်တုံးကြီး သုံးတုံးကို တွေ့လိမ့်မယ်။ အသင်တို့ကို တစ်ယောက် တစ်တုံးစီ တွန်းဖို့ ကျွန်ုပ် အလိုရှိတယ်။ ကိုယ် တွန်းနိုင် သလောက်ပါပဲ။ ဆက်မတွန်းချင်တော့တဲ့နေရာရောက်ရင် ရပ်လိုက်လို့ရပါတယ်။ အဲဒီ ရပ်လိုက်တဲ့ နေရာဟာ အဲဒီသူ နေရမယ့် နေရာပဲ။ တောင်ပေါ်ကို မြင့်မြင့်ရောက်အောင် တွန်းတင်နိုင်လေလေ၊ နေထိုင်ရာ အိမ်ကနေ ကမ္ဘာကြီးကို ပိုမိုကျယ်ပြန့်စွာ မြင်ရလေလေပေါ့။ ကျောက်တုံးကို ဘယ်လောက် အကွာအဝေးအထိ တွန်းတင်မယ်ဆိုတာက အသင်တို့ရဲ့ က

မှတ်ဉာဏ်မှ အမှတ်တရ သုညစာရင်း

အတိတ်ကို ပြန်တူးဆွကြည့်တော့ ဆေးလိပ်ပြာတွေ ဖွားခနဲ ကျလာတယ် နေဦး အများကြီးကျန်သေးတယ် ကျွန်တော် ပြောကြည့်မယ်လေ။ ပြီးတော့ … ၂၀၀ ကျပ်လို့ရေးထားတဲ့ ဂရမ်းရွိုင်ရယ် ပုလင်းအဖုံး နှစ်ဒါဇင်ကျော် ဖှိုတီဖှိုက်နွယ်ချို နှစ်ရာဖိုးများ ယဉ်နောက်လိုက်တွေက မေ့လျော့ခြင်းခံလိုက်ရတဲ့ တစ်ရာတန်များ All Star စာစောင်ထဲက N ကြယ်မင်းရဲ့ တီတီတာတာ စကားများ Sakura Tower အောက်က သူတောင်းစားလေးများရဲ့ အင်္ဂလိပ်အသံထွက် MFTB ထဲက ပြန်ထွက်လာတဲ့ စွန်းထင်းညစ်ထေး ဒေါ်လာတစ်ထောင်များ ရန်ကုန်ဘူတာကြီးထဲက မတီးလိုက်ရတဲ့ ဆင်စွယ်ရောင် ဂစ်တာရှိုတ်လေးတစ်လက် အကြွေးမှတ်လို့ရတဲ့ မြို့သစ်အရက်ဆိုင်တချို့ ကာဖှူးည ပေတရာလမ်းပေါ်မှာ သူရဲကောင်းဆန်စွာ ရေတွက်ခဲ့သော ကြယ်စင်များ ရဟတ်စီးရင် အကျချည်းပဲ ဖြစ်ချင်နေခဲ့တဲ့ ကလေးဆန်ဆန် အစွဲအလန်း သူမတို့၏ ပါးစပ်မှ လှလှပပ ထွက်ကျလာခဲ့သော သဒ္ဒါမှားယွင်း အငြင်းဝါကျများ အဆိုပါဝါကျများဖြင့် လုပ်ကြံဖန်တီးခဲ့မိလေသော ရယ်ရွင်ဖွယ် အလွမ်းများ ဓာတ်လှေကားအတွင်းမှ ဘယ်ခလုတ်နှိပ်ရမည်မသိသော ဒွိဟများ ပွဲမပြီးခင် မီးခဏခဏသေတတ်လို့ ခဏခဏ ခြစ်ရတဲ့ သူဇာ ဒူလာကောင်းတယ်ဟလို့ မချိုမချဉ်မျက်နှာပေးနဲ့ပြောတတ်တဲ့ လူပျိုကြီးတစ်ယေ