Skip to main content

Posts

Showing posts from July, 2013

အလင်းရောင်၏ အောက်၌ [မြင့်သန်း]

“ငါ့နှလုံးသားတစ်ချက်ခုန်လိုက်တိုင်းလည်း မနေ့ကနဲ့ကွာ၊ မနေ့ကလို မနာတော့ပြီ…” ~ စိုင်းခမ်းလိတ်၊ အချစ်အတွက်တစ်ဖန် မွေးဖွားခဲ့ပြီ အကုန်လုံး ဖွေးဖွေးဖြူနေတာပဲ။ နံရံ၊ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်တွေ အားလုံးက အဖြူရောင်ဆိုတော့ အခန်းတစ်ခုလုံး ဖွေးနေတယ်။ လင်းလက်နေသလိုပဲ။ အပြင်ဘက်မှာတော့ မိုးလင်းနေပြီလားမသိဘူး။ မိုးလင်းရင် အလင်းရောင်ရလာလို့ အမှောင်ပျောက်သွားလိမ့်မယ်။ အခန်းထဲမှာတော့ သိပ်ထူးမှာမဟုတ်ဘူး။ မှောင်သွားမှာစိုးလို့ အခန်းထဲမှာ အမြဲတမ်း မီးဖွင့်ထားတယ်။ အမြဲတမ်း အလင်းရောင်ရှိနေတယ်။ မကြာခင်ပဲ သူနာပြုကိုချစ်စိန် ရောက်လာတယ်။ ထုံးစံအတိုင်း ဆရာကြီး နေထိုင်ကောင်းရဲ့မဟုတ်လားလို့ပြောပြီး ပြတင်းပေါက်က အခန်းစည်း ဖယ်လိုက်တယ်။ နောက် ပြတင်းပေါက်ကိုဖွင့်တယ်။ ဟုတ်တယ်၊ အပြင်ဘက်မှာလည်း လင်းထိန်နေပြီ။ လေအေးကလေး၊ တိုးဝင်လာတယ်။ မနက်ခင်းလေလို့ ခေါ်ချင်ခေါ်ကြလိမ့်မယ်။ မှောင်ထဲမှာ ထိုင်နေရင်း လေတိုးခံရရင် ဘယ်လိုနေမလဲ၊ ညဘက်မှာတိုးလာတဲ့ လေပြေလေးနဲ့ ဘာကွာသလဲ စဉ်းစားကြည့်နေမိတယ်။ ကိုချစ်စိန်က မနက်စာလည်းယူလာတယ်။ မနက်စာဗန်းထဲကို စားပွဲကလေးမှာချလိုက်ပြီး ပြင်နေတယ်။ မနက်စာစားရင်း သောက်ရမယ့်ဆေးတွေကို ပလတ်စတစ်ခွက်ကလေးထဲမ

မြစ်တစ်စင်း လူနှစ်ယောက် [မောင်ဒေး]

အမိန့်ကတော့ တိတိကျကျ ရှင်းရှင်းလင်းလင်းပါပဲ။ မြစ်ထဲမှာ ရေမချိုးရတဲ့။ တပ်စခန်းရဲ့အပြင်ဘက် မီတာနှစ်ရာ အကွာအဝေးဟာလည်း တပ်သားတိုင်းအတွက် ကန့်သတ်နယ်မြေဖြစ်သတဲ့။ ဒီလိုရှင်းလင်းနေမှတော့ ဒီအမိန့်ကို မှားယွင်းဘာသာပြန်တာမျိုး မရှိနိုင်တော့ဘူးပေါ့။ အမိန့်ကို ချိုးဖောက်မယ်ဆိုရင်တော့ ချိုးဖောက်သူဟာ စစ်ခုံရုံးအတင်ခံရပြီမှတ်။ ဒီအမိန့်ထုတ်ပြန်ချက်ကို ဗိုလ်မှူးဖြစ်သူကိုယ်တိုင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖတ်ပြခဲ့တာဖြစ်တယ်။ တပ်တစ်ခုလုံးကို ဆင့်ခေါ်ပြီး ဖတ်ပြခဲ့တာပါ။ ဌာနချုပ်ကလာတဲ့ အမိန့်တဲ့။ ပေါ့တီးပေါ့ပျက်သဘောထားရမယ့်ကိစ္စ မဟုတ်ဘူးတဲ့လေ။ သူတို့တပ်ဟာ မြစ်ကြီးရဲ့ဒီဘက်ကမ်းကို လွန်ခဲ့တဲ့သုံးပတ်လောက်က ရောက်ခဲ့တာဖြစ်ပြီး ဒီမှာပဲ တပ်စခန်းချဖြစ်ခဲ့ကြတယ်။ မြစ်ရဲ့ဟိုဘက်ကမ်းပေါ်မှာတော့ ရန်သူတွေရှိတယ်။ သူတို့အမြဲခေါ်လေ့ရှိတဲ့အတိုင်းဆိုရင်တော့ “တစ်ဘက်လူတွေ” ပေါ့လေ။ ဒီလိုနဲ့ပဲ လှုပ်လှုပ်ရှားရှားမရှိလှတဲ့ ရက်သတ္တပတ်သုံးခုကို သူတို့ဖြတ်သန်းခဲ့တာပါ။ ဒါပေမဲ့ အခြေအနေက ဒီအတိုင်းဆက်ပြီး ငြိမ်သက်နေမှာတော့ မဟုတ်ဘူး။ လောလောဆယ်မှာသာ အားလုံး ငြိမ်ငြိမ်သက်သက်ရှိနေတာပါ။ မြစ်ကမ်းနှစ်ဘက်စလုံးရဲ့ အတော်လှမ်းလှမ်းအကွာမှာ တောရှိတယ်။ အလွန်ထူထပ်တဲ

ချောင်းမကြီးရေလျှံတုန်းက သန်းခဘာလုပ်နေလဲ [မြင့်သန်း]

သန်းခတစ်ယောက် ရှိရှိမရှိရှိ လောကကြီးကတော့ သိပ်ထူးမှာမဟုတ်ဘူး။ ဒါပေတဲ့လည်း သင်းကို ဆန်ကုန်မြေလေးလို့တော့လည်း မခေါ်လောက်ဘူး။ အဲသလိုခေါ်မယ်ဆို ခေါ်စရာလူတွေက အပုံချည်းပဲ။ လောကကြီးက သင်းရှိနေလို့ သိပ်မထူးသလို သင်းကလည်း လောကကြီးရှိနေတာ သူ့အတွက် ဘာမှမထူးဘူးလို့ ထင်တာ။ သူထင်ရာသူလျှောက်လုပ်နေတဲ့ လူမျိုး။ မောင်ဆင်က သူ့ကို ခေါ်ပုံသာကြည့် “ဆယ့်တစ်လက်မသန်းခ” တဲ့။ ဒီကိစ္စတော့ မတော်မတည့်တွေ လျှောက်မတွေးကြခင် ခုကတည်းက ရှင်းထားစမ်းပါရစေ။ ဒီကောင်က လက်သမားနောက်လိုက်၊ ပန်းရံနောက်လိုက်လုပ်တယ်။ အလုပ်အကိုင်ကလည်း တော်ပါတယ်။ သို့ပေတဲ့ သူအတွေးပေါက်တဲ့အခါ ထင်ရာလုပ်တဲ့လူမျိုး။ တစ်နေ့တော့ စာသင်တိုက်ကြီးက ဆရာတော်ကြီးရဲ့စံကျောင်း အပေါ်ထပ် ဆင်ဂလယ်(ဆင်ကပ်လယ်)က လက်ရန်းတန်းတွေ ပြုပြင်တယ်။ ဒီတော့ ထုံးစံအတိုင်း သက်ကယ်သောင်မောင်ဆင်က ဦးစီးရတာပေါ့။ နောက်လိုက်က သန်းခရယ်၊ အဲဒီတုန်းက မောင်ဆင်က အောင်မင်္ဂလာကျောင်း ဆွမ်းစားဆောင်လည်း ပြင်နေရတော့ နှစ်ဖက်ခွ လုပ်နေရရှာတယ်။ အဲဒီမှာက သောင်းစိန်တို့လူသိုက်ရှိတယ်။ ဆရာတော်ကြီးရဲ့ကျောင်းက လက်ရန်းတွေလဲတယ်ဆိုပေတဲ့ တစ်ချီတည်း မိချောင်းတုံးတွေလည်း လဲလိုက်ရတော့တာကိုး။ အဲဒါတွေလဲပြီးတယ်ဆိုရင်ပဲ အမှန်မှ

တစ်နေ့

တံတားပေါ် တစ်ချက်ချက်ဖြတ်နေတဲ့ ရထားသံနဲ့အတူ အရာရာ ဖြိုးဖြိုးဖျပ်ဖျပ် အထူးသဖြင့် ယခင်ကျောက်မီးသွေးနဲ့ သွားခဲ့တဲ့ ဒီဇယ်စား ရထားရှည်ရှည် ခုတ်မောင်းရာအရပ်၊ မရဏစားကျက်ဆီ ခရီးနှင်နေတဲ့ မြင်းရဲ့ နားတွေ၊ နှာသီးဝနဲ့ သွားတွေ ပုရစ်နဲ့ ငှက်တွေကို ငါ ဆက်နားထောင်တယ် ပြီးတော့ စကားလုံးတွေ အောက်ပြုတ်ကျသွားတယ်။ ရထားကို ငါက မိုးကြိုးမုန်တိုင်းနဲ့ မှားတယ် မိုးမခပင်ကို ငါက အိမ်ယာနဲ့ မှားတယ် စဉ်းစားကြည့်တော့လည်း အခုလိုအချိန်တစ်ယောက်တည်းရှိနေတာဟာ ကြွားဝါစရာတော့မဟုတ်ဘူး။ မြက်ခြောက်ကွင်းထဲ ငါ လှည့်လည်ခဲ့ ပြီး ငါ့ဆံပင်တွေထဲ ခုန်ချခဲ့တဲ့ မွှားနှစ်ကောင် ငါ့ဦးရေပြားကို ဖောက်ထွင်းပြီး ဗာဂျီးနီးယားဝိုင်ချိုလို ငါ့သွေးကို သောက်မြိုခဲ့ ပြီး ရသေ့လ၀န်းအောက်က ကမ္ဘာပေါ် ဟောဒီဘုရင့်နိုင်ငံတော်မှာ ငါ့ကို ချန်ထားရစ်ခဲ့ပေါ့။ တေဇာ (လရောင်လမ်း) One Day by Joseph Millar ကို ဆီလျော်သလို။ ကဗျာအကြောင်း ဒီကဗျာကို ကျေးလက်ဒေသမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ရထားတစ်စင်းအနီးမှာ၊ မြင်းစားကျက်မြေနံဘေးမှာပေါ့။ "အရာတစ်ခုကို အခြားတစ်ခုနဲ့ မှားကြည့်တတ်ဖို့" ဆိုတဲ့အတွေး၊ ဥပမာလင်္ကာကို ဖီဆန်တဲ့သဘောမျိုးကို ချရေးကြ

စိတ်ကြွပုံအဆင့်ဆင့်

[ ၁ ] ဥက္ကလာဟိုမားကောင်စီ မြို့နယ်အ၀န်းအ၀ိုင်းအပြင်ဘက် တစ်မိုင်လောက်နားလေးမှာ စိုစွတ်နေတဲ့ မီးခိုးရောင်ဆွယ်တာအင်္ကျီနဲ့ ညစ်ထေးထေး ဂျင်းဘောင်းဘီဝတ်ထားတဲံ လူတစ်ယောက် ၈၁ လမ်း ကုန်းကျော်တံတားအပေါ်မှာ ရပ်နေတယ်။ အချိန်က နိုဝင်ဘာလရဲ့ နံနက်ခင်း၊ အရှေ့အရပ်ဆီမှာ နေကို မြင်ရရုံသာ ရှိသေးတယ်။ သူက အရိုးခိုက်နေတဲ့ အချမ်းဒဏ်ကို သက်သာအောင် လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ပြီး ပွတ်နေမိတယ်။ ဆယ့်ရှစ်ဘီးကားကြီးတွေက အစုန်အဆန် မောင်းနှင်စပြုနေပြီ။ အရှေ့ဘက်ကို ဦးတည်နေတဲ့ ကုန်တင်ကားကြီးတွေဟာ ဥက္ကဟိုမားမြို့ထဲကို ၀င်ရောက်သွားကြပေမဲ့ သူတို့ ဘယ်ကလာခဲ့သလဲဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ။ ဒီကားကြီးတွေဟာ ၃၅ ဟိုင်းဝေးလမ်းမပေါ်ရောက်ပြီး တောင်ဘက်က ဒါးလက်စ် ဒါမှမဟုတ် ဟူစတန်မြို့တွေဆီကိုလည်း ရောက်သွားနိုင်တယ်။ မြောက်ဘက်ကျတော့ ကန်းဆက်စ်မြို့၊ အိုမားဟား ဒါမှမဟုတ် အမွှာမြို့တော်ကိုတောင် ခရီးပေါက်သွားချင်သွားမှာ။ အရှေ့ဘက်ကို ဆက်မောင်းသွားမယ်ဆိုရင်လည်း အခြားမြို့တွေကို ရောက်မှာပဲ၊ နေ့လယ်ခင်းလောက် ဆိုရင်ပေါ့။ အနောက်ဘက်ကို ဦးတည်သွားတဲ့ လမ်းမကြီးကို သူရွေးချယ်လိုက်တယ်။ အဲဒီလမ်းဘက်မှာက အခြားရွေးစရာလမ်းခွဲ သိပ်အများကြီးရှိမယ့်ပုံ မရဘူး

ကမ္ဘောဒီးယားလက်ရွေးစင်ဘောလုံးအသင်းသို့

တစ်ခါတလေတော့ မြေမြုပ်လိုက်ရုံနဲ့ မပြီးတတ်ပြန်ဘူး စိတ်ရှည်လက်ရှည် မိုင်းတွေ ကမ္ဘာမြေဟာ တိတ်ဆိတ်ခြင်းကို မကြာမကြာ ဖြိုခွင်းလို့။ တေဇာ (လရောင်လမ်း) ဇွန် ၂၀၁၃