Skip to main content

Posts

Showing posts from December, 2013

အတိုးဆုံးကဗျာများ (၄၆)

Mnemonic ကလေးလေးပြန်ဖြစ်ဖို့ လိုမှာလား ဖုန်မှုန့်ပေါ် မိုးဖွဲလေးတွေကျခါစ မြေသင်းနံ့ကို ရဖို့။ Going Adrift အတွေးနယ်ချဲ့နေတယ်လေ အတွေးနယ်ချဲ့နေတာပေါ့ ဒါဟာငုတ်တုပ်ထိုင်ရင်း ငါကျယ်ပြန့်ခဲ့ပုံပဲ။ The Net အကြိမ်ကြိမ် လွတ်ခဲ့ဖူးတဲ့ ငါးတစ်ကောင်လို ငါ့ကိုယ်ငါ ကြီးထွားအောင်နေတယ် ပင်လယ်ပြင် ဘယ်လောက်ကျယ်ကျယ် တစ်ခါလောက် ငြိတွယ်ဖို့။ Black Humor ကျွန်တော့်ထီးကလေး ပြောင်းပြန်လန်သွားတယ် အများအမြင်တော့ ရယ်စရာပေါ့လေ။ Introspective ခြေဦးတည့်ရာလျှောက်ပြေးနေရာကနေ ခဏရပ်ပြီးစဉ်းစားဖို့ အချိန်ပဲ ဟုတ်ပါပြီ ဘာဖြစ်ခဲ့တာလဲ။ တေဇာ (လရောင်လမ်း) Image: https://www.facebook.com/artsartistsartwork