Skip to main content

Posts

Showing posts from May, 2015

ယာဉ်မောင်းသူ (၃)

ဒါကတော့ သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်သွားတဲ့ အကြောင်းပဲ။ သောက်ဖော်သောက်ဖက်တွေဟာ အနှေးနဲ့အမြန် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်သွားတတ်တာချည်းပဲ။ ပုံမှန်အဆက်အသွယ်လုပ်ပြီး မြို့ထဲက အရက်ဘားအများအပြားကို သူတို့ ရောက်ဖြစ်ကြတယ်၊ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ သောက်ဖို့စားဖို့ကိစ္စသက်သက်ပဲ အမြဲတမ်းဖြစ်ခဲ့တယ်၊ တစ်ခါမှ ထမင်းလက်ဆုံ အတူတူမစားဖူးဘူး။ သူတို့ပေါင်းသင်းမိတဲ့ ကာလတစ်လျှောက်လုံး၊ အရက်ဘားတွေမှာရောင်းတဲ့ မုန့်တွေကိုပဲ တာကာသျှူကီ စားနေတာ ကာဖုကု မြင်ခဲ့ဖူးတယ်။ ဒီလူ ပုံမှန်ထမင်းဟင်းရော စားရဲ့လားမသိဘူးလို့ ကာဖုကုတွေးမိတဲ့အထိပဲ။ တစ်ခါတလေ ဘီယာသောက်တာကလွဲလို့ တာကာသျှူကီက ၀ီစကီကိုပဲ စွဲစွဲမြဲမြဲသောက်လေ့ရှိတယ်၊ သူ့စိတ်ကြိုက် မော့လ်ဝီစကီတံဆိပ်အမျိုးမျိုးပဲ။ သူတို့စကားဝိုင်းက အကြောင်းအရာတွေတော့ စုံတယ်၊ ဒါပေမဲ့ ကာဖုကုမိန်းမ သေတဲ့အကြောင်းဆီပဲ နောက်ဆုံးမှာ မပျက်မကွက်ပြန်ရောက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် သူတို့လင်မယားအတူတကွရှိနေတုန်းက ဇာတ်လမ်းတွေကို ကာဖုက ပြန်ဖောက်သည်ချတဲ့ အချိန်တွေဆို တာကာသျှူကီက စိတ်ဝင်တစား နားထောင်နေတတ်တယ်၊ အဲဒီဇာတ်လမ်းတွေကို တိတ်တဆိတ် ခိုးယူသိမ်းဆည်းေ

ယာဉ်မောင်းသူ (၂)

သူ့စိတ်ကူးတွေထက် ပိုပြီး နာကျင်စရာကောင်းတာကတော့၊ သူမဇာတ်လမ်းတွေကို သူသိထားတဲ့အကြောင်း မျိုသိပ်ထားပြီး သာမန်ဘ၀တစ်ခုမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အားထုတ်ရတာပဲ။ သွေးလွှတ်ကြောတွေအတွင်းမှာ သူ့သွေးတွေ အပြင်းအထန် ဆောင့်တိုးပြီး၊ သူ့အတွင်းအင်္ဂါတွေကို တစ်စစီဆုတ်ဖြဲပစ်နေချိန်မှာ၊ သူ့အပြင်ပန်းကိုတော့ တည်ငြိမ်နေအောင် သူထိန်းသိမ်းထားတယ်။ နေ့စဉ်ကိစ္စတွေ၊ စကားပြောဆိုဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘ၀တစ်ခုလုံးဟာ ပုံမှန်အတိုင်းရှိခဲ့တာပဲ။ ဒီကိစ္စဟာ လူတစ်ယောက်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ ကိစ္စတော့မဟုတ်ဘူး။ တစ်ဖက်မှာလည်း ကာဖုကုဟာ ကိုယ်တိုင်ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပညာကို ညွှန်ကြားပြသပေးနေတဲ့သူ၊ ကိုယ့်မူရင်းစိတ်ကို အဝေးတစ်နေရာဆီလွှင့်ထားဖို့ဆိုတာ သူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ ဒီတော့လည်း၊ အားပေးမယ့်ပရိသတ် တစ်ယောက်မှမရှိပေမယ့် သူ့ရင်ထဲက ဝေဒနာကို ဖုံးကွယ်ဖို့အတွက် သူ့သရုပ်ဆောင်ပညာကို အစွမ်းကုန်အသုံးချနေမိတော့တယ်။ သူ့ဇနီးအနေနဲ့ အခြေအနေပေးသလို တခြားယောက်ျားတွေနဲ့ အိပ်တတ်တဲ့အချက်ကလွဲလို့ သူတို့အိမ်ထောင်သည်ဘ၀မှာ အခက်အခဲကြီးကြီးမားမား တွေ့ခဲ့တာမျိုးမရှိပဲ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ န

ယာဉ်မောင်းသူ (၁)

အမျိုးသမီးတွေ မောင်းတဲ့ ကားကို ကာဖုကု အကြိမ်အတော်များများ စီးဖူးပါတယ်။ သူ့အတွေ့အကြုံအရတော့ သူတို့ကို အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားကြည့်နိုင်မယ်ထင်တယ်၊ နည်းနည်း အမောင်းကြမ်းလွန်းတဲ့ယာဉ်မောင်းနဲ့၊ နည်းနည်းလေးအမောင်း နုလွန်းတဲ့ ယာဉ်မောင်းပဲ။ ကျေးဇူးတင်စရာကောင်းတာကတော့၊ အရှေ့အုပ်စုထက် အနောက်အုပ်စုထဲပါတဲ့ လူတွေက အများကြီးပိုများတယ်။ အမျိုးသမီးယာဉ်မောင်းတွေဟာ အမျိုးသားယာဉ်မောင်းတွေထက်ပိုပြီး ယဉ်ကျေးတယ်၊ ပြီးတော့ သတိလည်းပိုကြီးတယ်။ ယဉ်ကျေးပြီး သတိကြီးလွန်းတဲ့ ယာဉ်မောင်းတွေကို စောဒကတက်စရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီလို မောင်းပုံမျိုးက တချို့အခြေအနေတွေမှာ တခြားယာဉ်မောင်းတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တယ်။ အခြားတစ်ဖက်မှာကျတော့၊ "အမောင်းကြမ်း" အုပ်စုထဲ အကျုံးဝင်တဲ့ အမျိုးသမီးယာဉ်မောင်းအများစုဟာ သူတို့ကိုယ်သူတို့ ကျွမ်းကျင်ယာဉ်မောင်းတွေအဖြစ် ခံယူထားမှန်း သိပ်သိသာတယ်။ အခြားကြောက်ကြောက်ရွံ့ရွံ့ အမျိုးသမီးယာဉ်မောင်းများတွေ့ရင် မကြာခဏဆိုသလို လှောင်ပြောင်တတ်တယ်။ သူတို့ကိုယ်သူတို့ အဲဒီအုပ်စုထဲမပါဘူးဆိုတာကို ဂုဏ်ယူယုံကြည်ထားလို့ပဲဖြစ်မယ်။ ခပ်ရဲရဲ ယာဉ်ကြောပြောင်းလိုက်တဲ့အခါမှာ သူတိ

အတိုးဆုံးကဗျာများ (၅၆)

ကြောင်နဲ့ စကားပြောပါ အထုပ္ပတ္တိ ဖတ်ပါ မှတ်ချက်မရသော စကားလုံးများရေးသားပါ ဆက်လက်တွေးခေါ်စရာများ ရှိပါတယ် ‪#‎InteriorMonologue‬ အပြာရောင်ကောင်းကင်ကိုပဲ အကျင့်ပါနေလို့မရဘူး မိုးရွာတဲ့ဇာတ်ကွက်ကို နောက်ပြန်ရစ်တော့ ကမ္ဘာဟာ တိမ်ဖြစ်သွားတယ် (ဆိုရင်) အဲဒီရေစက်တွေက အစစ်သိပ်ဖြစ်နိုင်ပါတယ် #FictionalReality ကျောက်စလစ်ခဲလေး တစ်လုံးရှိတယ်၊ တစ်နေ့တော့ တစ်စုံတစ်ယောက်က "ကျရှုံးမှု"လို့ စာရွက်လွတ်တစ်ခုပေါ် ရေး၊ ပြောင်းပြန်လှန်ပြီး သူ့ကို အပေါ်မှာ တင်ထားလိုက်တယ် ‪#‎Paperweight‬ သန္တာကျောက်တန်းတွေ ရွေ့လျားသွားတယ် (နည်းနည်းဖြစ်ဖြစ်) ပျော်စရာကောင်းအောင် ရေနံတင်သင်္ဘောကို မှောက်လိုက်တယ် ညချမ်းဟာ အလျားလိုက်ရောက်လာတယ် #Escape စမ်းရေစီးသံက တိတ်ဆိတ်ခြင်းကို ရုတ်တရက် ဖြိုခွင်းလိုက်တယ် ကောင်းကင်မှာ သေပီးသား ကြယ်တွေ သာနေတယ် ‪#‎Velocity‬ တေဇာ (လရောင်လမ်း) Image: fotografija.tumblr.com

အတိုးဆုံးကဗျာများ (၅၅)

စိတ္တဇလူသတ်သမား အိမ်သာတံခါးတွေကို တစ်ခုချင်း လိုက်ဖွင့်တယ် ခွေးခြေခုံပြိုလဲသံတစ်ခု ပေါင်းထည့်လိုက်တဲ့ အော်ဒီယိုသမားဟာ ငါဖြစ်တယ် ‪#‎Intervention‬ လိပ်ပြာတောင်ပံတွေ ကပ်ထားတဲ့လျှို့ဝှက်စာအုပ်လေး ရှိခဲ့တယ် ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမြန်းခွင့်မရဘူး #Autism ဝင်္ကပါထဲကို သံလိုက်အိမ်မြောင်မိုးတွေ ရွာချလိုက်တယ် ဘုရားသခင်ဟာ သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် ‪#‎PlayingOut မီးခိုးထွက်နေတဲ့ ကမ်းဝေးကျွန်းငယ်ကို အဝေးကြည့်မှန်ပြောင်းက မြင်သွားတယ် မီးကိုးကွယ်လူရိုင်းမျိုးနွယ်တစ်စု ရှိသေးကြောင်း ဒိုင်ယာရီလက်ရေးနဲ့ ပုံဖော်တယ် ‪#‎Indifference‬ အဆုံးမှာ ပေါ်လာမယ့် သတ္တ၀ါဆန်းကို ကြိုတင်ပြဌာန်းထားနိုင်တယ် ဇာတ်လမ်းအစ အသေကောင်တွေပေါ် အခု ထူးခြားဆန်းသစ်တဲ့ ဒဏ်ရာတွေ တပ်ရမယ် ‪#‎Design‬ တေဇာ (လရောင်လမ်း) Image: temphis.deviantart.com

အတိုးဆုံးကဗျာများ (၅၄)

နေရင်းထိုင်ရင်း သံဆူးကြိုးရှနိုင်တယ် နေရင်းထိုင်ရင်း လွတ်လပ်နိုင်တယ် အဓိပ္ပာယ်နှစ်မျိုးပေါင်းပြီး စကားလုံးအသစ် လမ်းလျှောက်ထွက်ခဲ့ ‪#‎Milieu‬ အသစ်တစ်ခု ကမ္ဘာကို အဝေးကလေ့လာနေတဲ့ ဂြိုဟ်သားရဲ့ အံ့အားသင့်မှု ‪#‎Shift‬ ဘယ်လို သရုပ်ဆောင်ရပါသလဲ ကိုယ့်သေတွင်းကိုယ်တူး ခုန်ချပြီး မြေလာဖို့ပေးသူမရှိမှ ပြန်တက်လာရတဲ့ မျက်နှာ ‪#‎Heuristic‬ ငါ့ရဲ့ ရှေးရိုးစွဲမှုက ကျောက်ခေတ်ဆီ ပြန်ပို့တယ် မိန်းမကောင်းတစ်ယောက်လို ဘယ်ရီသီးခူးရမယ့် လမ်းကိုသိတယ် #Juxtapose မြက်ပင်ရဲ့ ထိပ်ဖျားလေးကို ကြောင်ကလေးဟာ စားတယ် သူ့အတွေးအခေါ်ကို ကျွန်တော်သဘောတူတယ် ‪#‎Exorcise‬ တေဇာ (လရောင်လမ်း) Image: www.wallpapersdb.org

ရဟတ် (၂)

သူမ ဘေးသိုင်းအိတ်ထဲက မှတ်စုစာအုပ်လေးကိုထုတ်ပြီး ပြင်သစ်ဘာသာနဲ့၊ "ကစားကွင်းရဲ့ ရဟတ်ထဲမှာ ကျွန်မ ပိတ်မိနေလို့ ကူညီပါ" လို့ ရေးလိုက်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ စာရွက်လေးကို ပစ်ချလိုက်တယ်။ စာရွက်လေးက လေထဲမှာ ၀ဲပျံသွားတယ်။ လေက မြို့ဆီကို ဦးတည်တိုက်ခတ်နေတာ၊ ဒီတော့ ကံကောင်းရင် အဲဒီကို ရောက်သွားမှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒါကို ကောက်ယူပြီး၊ ဖတ်ကြည့်ပါ့မလား။ ဖတ်ကြည့်တယ်ဆိုဦးတော့ ယုံပါ့မလား။ နောက်ထပ်စာရွက်တစ်ရွက်ထပ်ဖြဲပြီး အထဲမှာ သူမ နာမည်နဲ့ လိပ်စာပါထည့်ပြီး အဲဒီစာသားကို ထပ်ရေးလိုက်တယ်။ ဒီလိုဆိုရင် ပိုယုံကြည်ချင်စရာကောင်းသွားပြီ။ ဒီလောက်ဆိုရင် နောက်ပြောင်ထားတာလို့ လူတွေထင်တော့မှာမဟုတ်ဘူး၊ သူမ တကယ်ဒုက္ခရောက်နေမှန်း သိနိုင်လောက်တယ်။ မှတ်စုစာအုပ်ထဲက စာရွက်တွေ တစ်ဝက်လောက်နီးပါး လေထဲလွှင့်လိုက်လို့ ကုန်သွားတယ်။ ရုတ်တရက် အကြံတစ်ခု ရလာတာနဲ့ တစ်ဆယ်တန်တစ်ရွက်ပဲချန်ထားပြီး ပိုက်ဆံအိတ်ထဲက ပစ္စည်းတွေ အကုန်ထုတ်လိုက်တယ်။ အထဲမှာ "အပေါ်က ရဟတ်ထဲမှာ အမျိုးသမီးတစ်ယောက် ပိတ်မိနေလို့၊ ကျေးဇူးပြုပြီး ကူညီပါ" လို့ ရေးပြီး ပိုက်ဆံအိတ်ကို အောက်ပစ်ချလိုက်တယ်။ ပိုက်ဆံအိတ်က အောက်ကို တည့်တည့်ကျသွ

ရဟတ် (၁)

တစ်ခုသောနွေရာသီမှာတော့ ပြင်သစ်နယ်စပ်နားက ဆွစ်ဇာလန်မြို့ငယ်လေးအခုမှာ မိရုတစ်ယောက်တည်း သွားနေခဲ့တယ်။ အဲဒီတုန်းက သူမအသက်က နှစ်ဆယ့်ငါးနှစ်၊ ပြင်သစ်မှာနေပြီး ပီယာနိုသင်နေခဲ့တဲ့ အချိန်။ ဒီမြို့လေးကို ရောက်လာရတဲ့အကြောင်းရင်းကတော့ အလုပ်ကိစ္စ ညှိနှိုင်းစရာလေးတွေ လုပ်ဖို့ သူမအဖေက တောင်းဆိုလို့ပဲ။ အလုပ်ကိစ္စကတော့ ခပ်ရိုးရိုးပါပဲ၊ တစ်ဖက်လူတွေနဲ့ ညစာထိုင်စား၊ ပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးကြပေါ့။ ဒီမြို့လေးကိုတော့ မိရု မြင်မြင်ကတည်းက မျက်စိကျနေခဲ့တယ်။ အလယ်ခေတ်ရဲတိုက်ကြီးတစ်ခု ဘေးမှာရှိနေတဲ့ ရေကန်ကြီးတစ်ခုနဲ့၊ ချစ်စရာကောင်းတဲ့ နွေးထွေးပျော်ရွှင်ဖွယ် မြို့လေးပဲ။ ဒီမြို့လေးမှာ နေရရင်တော့ ပျော်စရာကောင်းမှာပဲလို့ အတွေးဝင်မိတော့ နေဖြစ်အောင်နေကြည့်လိုက်ဦးမယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ နောက်တစ်ချက်ကလည်း၊ အနားက ရွာတစ်ရွာမှာ ဂီတပွဲတော်တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ကျင်းပနေတယ်။ ဒီတော့လည်း ကားငှားလိုက်တာနဲ့ သူမအနေနဲ့ အဲဒီကို နေ့တိုင်းသွားဖို့ အခွင့်သာနေတော့တယ်။ ကံကောင်းချင်တော့ ယာယီနေဖို့အတွက် ပြင်ဆင်ပြီးသား အခန်းသန့်သန့်လေးတစ်ခုကို ရှာတွေ့တယ်၊ မြို့စွန်က တောင်ကုန်းတစ်ခုထိပ်မှာ ဆောက်ထားတဲ့ သပ်ရပ်နှစ်လိုဖွယ် အဆောက်အ

ထာဝရသို့ ထွက်ခွာရာ ခြေလှမ်းများ

မြို့ပြင်တစ်နေရာ၊ သစ်တောနှင့် သီးနှံစိုက်ခင်းများအနီး၊ မျက်မမြင်ကျောင်းဝန်းတစ်ခု၏ နှစ်လိုဖွယ် ခေါင်းလောင်းစင်အနီး၊ သူတို့နှစ်ယောက် အိမ်နီးချင်းများအဖြစ် ကြီးပြင်းခဲ့သည်။ အခုတော့ သူတို့ အသက်နှစ်ဆယ်၊ တစ်ဦးနှင့်တစ်ဦး မမြင်ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီ။ သူတို့နှစ်ဦးကြား ပျော်ရွှင်နွေးထွေးမှုတို့နှင့် အဆင်ပြေစွာရှိခဲ့သော်လည်း အချစ်အကြောင်းတော့ မပြောခဲ့ဖူး။ သူ့နာမည်က နျု၊ သူမ နာမည်က ကက်သရင်း။ နေ့လယ်ခင်းတစ်ခုတွင် နျုက ကက်သရင်း၏ အိမ်တံခါးကို ခေါက်လိုက်သည်။ ကက်သရင်းက တံခါးဆီသို့ ထွက်လာသည်။ သူမ ဖတ်လက်စ ပြောင်ပြောင်လက်လက် မဂ္ဂဇင်းထူထူတစ်အုပ်ကို ကိုင်လာသည်။ မဂ္ဂဇင်းက သတို့သမီးတို့အတွက် ဦးတည်ရေးသားထားသည်။ သူ့ကို မြင်သောအခါ "နျု" ဟု သူမက အံ့သြစွာ အော်ခေါ်လိုက်သည်။ "လမ်းလျှောက်ဖို့ လိုက်ခဲ့ပါလား" ဟု သူကပြောသည်။ သူက ရှက်တတ်သည်။ ရှက်တတ်သည်မှ ကက်သရင်းနှင့်တွေ့လျှင်တောင် ရှက်တတ်သည်။ သူ့ရှက်ရွံ့မှုကို စိတ်မပါသည့်စကားပြောဟန်ဖြင့် သူက ဖုံးကွယ်ထား၏။ စကားပြောနေစဉ်အတွင်း သူ့စိတ်တို့က အခြားအဝေးတစ်နေရာသို့ ရောက်နေသလိုမျိုး။ အထူးစုံထောက်တစ်ယောက်က အဝေးတစ်နေရာမှ အန္တရာယ်ရှိသည့် လှလှပ

ဘ၀သည် ဟာသတစ်ပုဒ်

ကျွန်မ သေတုန်းက မြင်တဲ့သူတစ်ယောက်မှ အနီးအနားမှာ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ သေသွားတယ်။ ဒါလည်း အဆင်ပြေပါတယ်။ တချို့လူတွေကတော့ အနားမှာ ကိုယ့်ကိုမြင်မယ့်သူ တစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းသေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်မအထက်တန်းကျောင်းတုန်းက ရည်းစားက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်၊ သူ့အကြောင်းပြချက်က ဘ၀မှာအရေးအကြီးဆုံးအရာက မျက်မြင်သက်သေရှိဖို့ပဲတဲ့။ အထက်တန်းကျောင်းက ရည်းစားကို ဘ၀တစ်လျှောက်လုံး အနားမှာရှိခိုင်းဖို့၊ ဒီလိုဆိုရင်တော့ မျက်မြင်ကိုယ်တွေ့တွေ အများကြီးဖြစ်နေမှာပဲ။ အရေးကြီးတဲ့အရာ မှန်သမျှကို မိန်းမတစ်ယောက်က မျက်မြင်သက်သေအဖြစ် ရှိနေတော့မှာပဲ။ ဘေးနားမှာအမြဲတမ်း ရှိနေပြီး သူများဘ၀တစ်ခု အထုပ်ပြေတာကြည့်နေဖို့လား၊ ဒါ ဇနီးမယားတစ်ယောက်ဖြစ်ဖို့အတွက် အကြောင်းရင်းဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်မ မနှစ်မြို့ဘူး။ ဒါပေမဲ့ အခုတော့ သူ့ ကျွန်မ ပိုနားလည်နိုင်လာပြီ။ ကိုယ့်ဘ၀ကို ကြည့်မြင်ဖို့အတွက်၊ အဲဒီအကြောင်း ညတိုင်း ဆွေးနွေးဖို့အတွက် ကိုယ်ချစ်ရသူတစ်ယောက် အနားမှာရှိနေတယ်ဆိုတာ ခပ်သေးသေးကိစ္စတော့ မဟုတ်ဘူး။