Skip to main content

Posts

Showing posts from April, 2016

ပျားရည်မုန့် (၂)

အသက် ၃၀ ပြည့်ပြီး မကြာခင်မှာပဲ ဆာယိုခိုမှာ ကိုယ်ဝန်ရှိလာတယ်။ အဲဒီအချိန်မှာ သူမက ဘွဲ့လွန်အတွက် ကြိုးစားရင်း ကျူတာပြန်လုပ်နေပြီ၊ ဒါပေမဲ့ သမီးလေးကို မွေးဖို့ ခွင့်ယူလိုက်တယ်။ သုံးယောက်သား ကလေးအတွက် နာမည်အမျိုးမျိုးစဉ်းစားကြပြီး၊ အဆုံးမှာတော့ ဂျန်ပိုင်းပေးတဲ့ နာမည်တွေထဲက ဆာလာဆိုတဲ့ နာမည်လေးကို ရွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။ "ဒီနာမည်လေးကို အသံထွက်ခေါ်ရတာ ကြိုက်တယ်" လို့ ဆာယိုခိုက သူ့ကိုပြောတယ်။ ကလေးကို အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပြီး၊ အဲဒီညမှာတော့ ဂျန်ပိုင်းနဲ့ တာကာသျှူကီတို့နှစ်ယောက်သား၊ ဆာယိုခိုမပါဘဲ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် အိမ်မှာ အတူဆုံမိကြတယ်။ ဂျန်ပိုင်းက အောင်ပွဲခံဖို့အတွက် ဆင်ဂယ်မော့တစ်လုံးယူလာတယ်။ မီးဖိုချောင်စားပွဲမှာ ထိုင်ပြီး တစ်လုံးလုံးကို နှစ်ယောက်သား အပြောင်ရှင်းလိုက်ကြတယ်။ "အချိန်တွေကုန်တာ ဘာလို့ ဒီလောက်တောင် မြန်လွန်းတာလဲ" လို့ တာကာသျှူကီ ရုတ်တရက် မေးလိုက်တယ်။ ဒီလိုလေးနက်တဲ့ ခံစားချက်မျိုး သူ့ဆီမှာ မြင်ရတာ ရှားရှားပါးပါးပဲ။ "တက္ကသိုလ်စတက်တယ်၊ မင်းနဲ့တွေ့တယ်၊ နောက်တော့ ဆာယိုခိုနဲ့တွေ့တယ်၊ ဒါတွေအားလုံး မနေ့တစ်နေ့ကလိုပဲ။ နောက်တစ်ကြိမ်

ပျားရည်မုန့် (၁)

"ဒီလိုနဲ့ မာဆာခီချီမှာ လက်နဲ့အပြည့် ပျားရည်တွေရလာတယ်၊ သူ့ဘာသာ စားနိုင်တာထက်ကို အများကြီးပိုတယ်။ အဲလိုနဲ့ သူလည်း ပျားရည်တွေကို ပုံးတစ်ခုထဲထည့်ပြီး တောင်အောက်ကို ဆင်းသွားတယ်။ မြို့အထိရောက်အောင်သွားပြီး ပျားရည်တွေကို ရောင်းဖို့ပေါ့။ မီဆာခီချီဟာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပျားရည်ဝက်ဝံကြီး ဖြစ်တယ်" "၀က်ဝံတွေမှာ ပုံးရှိလို့လား" ဆာလာက မေးလိုက်တယ်။ "မာဆာခီချီမှာတော့ တစ်ပုံးရှိနေတယ်။ လမ်းဘေးနားမှာ ကျနေတာကိုတွေ့တော့ တစ်ခုခုဆိုရင် အသုံးဝင်နိုင်တယ်ဆိုပြီး သူက ကောက်ယူလာခဲ့တာ" "အခုတော့ တကယ် အသုံးဝင်သွားတာပေါ့" "ဒါပေါ့။ တကယ်အသုံးဝင်တာပေါ့။ ဒီလိုနဲ့ မီဆာခီချီလည်း မြို့ကိုတက်သွားပြီး လူတွေသွားလာနေတဲ့ ရင်ပြင်မှာ နေရာတစ်ခုယူလိုက်တယ်။ ပြီးတော့ သူက ဆိုင်းဘုတ်တစ်ခုတပ်လိုက်တယ်။ အရသာထူးတဲ့ပျားရည်။ သဘာဝစစ်စစ်။ တစ်ခွက်မှ ယန်း ၂၀၀၊ တဲ့" "၀က်ဝံတွေက ပိုက်ဆံရေတတ်လို့လား" "ရေတတ်ပါ့။ ၀က်ဝံလေးဘ၀တုန်းက မာဆာခီချီက လူတွေနဲ့အတူနေခဲ့တာ၊ စကားဘယ်လိုပြောရမယ်၊ ပိုက်ဆံဘယ်လိုရေရမယ်ဆိုတာ သင်ခဲ့ရတာပေါ့။ မာဆာခီချီက တော်တော်လေး ထူးခြားတဲ့ ၀က်ဝံပဲ။ ဒီတော့ သူ့လောက်မ