Skip to main content

Posts

Showing posts from March, 2017

သာတူညီမျှကမ္ဘာ (Harrison Bergeron)

အချိန်က ၂၀၈၁ ခုနှစ်။ နောက်ဆုံးမှာတော့ လူတိုင်းသာတူညီမျှ ဖြစ်လာခဲ့ပြီ။ ဘုရားသခင်နဲ့ ဥပဒေရှေ့မှောက်မှာတင် မဟုတ်၊ အရာအားလုံးမှာ သာတူညီမျှ ဖြစ်လာခဲ့ကြပါပြီ။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုပြီးမထက်မြက်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး ကြည့်ပျော်ရှုပျော်မဖြစ်ဘူး၊ ဘယ်သူကမှ ဘယ်သူ့ထက်ပိုပြီး သန်မာမြန်ဆန်မှု မရှိဘူး၊ အရာအားလုံး တန်းတူညီမျှ။ ဒီလို သာတူညီမျှဖြစ်လာရတာကလည်း ဖွဲ့စည်းပုံဥပဒေကို ၂၁၁ ကြိမ်၊ ၂၁၂ ကြိမ်နဲ့ ၂၁၃ ကြိမ်မြောက် ပြင်အပြီးမှာပဲ။ အမေရိကန်ပြည်ထောင်စု သာတူညီမျှရေးကော်မတီက အဖွဲ့ဝင်တွေရဲ့ အချိန်မလပ် ကြပ်မတ်စောင့်ကြည့်မှုကြောင့် ဆိုရင်လည်း မမှားဘူးပေါ့။ ဒါပေမဲ့ ရှင်သန်နေထိုင်နေရတဲ့ လူမှုဘ၀နဲ့ ပတ်သက်ပြီး အဆင်သိပ်မချောတာလေးတွေတော့ ရှိနေပါသေးတယ်။ ဥပမာဆိုပါစို့၊ ဧပြီလဟာ နွေဦးရာသီမဟုတ်တဲ့အတွက် တချို့လူတွေကတော့ စိတ်အနှောင့်အယှက် ဖြစ်နေရသေးတာပဲ။