Skip to main content

“နေလို့ကောင်းရင် ပြီးတာပဲ”

ငါ့တူတွေထဲမှာတော့
မင်းအလွန်ထူတာပဲရယ်လို့
ဘကြီးက ပြောရင်းဆဲတယ်

ဓားတိုတစ်ချောင်းနဲ့ ယာမခုတ်တတ်သလို
စားလို့ကောင်းမယ့် မှိုများလည်း မရှာတတ်ဘူး...တဲ့။

ဟိုဘက်ရွာက အပျိုတွေငမ်း
ဒီဘက်ရွာက အပျိုတွေဖြန်း
ကြမ်းကြမ်းရမ်းရမ်းတော့ ဘာမှမလုပ်ဘဲ
ဖျာစုတ်တစ်ချပ်ပေါ်လှဲရင်း
ပျင်းပြီးရင်းပျင်းနေတော့
ဖျင်းပြီးရင်းဖျင်းသပေါ့တဲ့။

ဘကြီးရာ
ကိုယ့်ထမင်းကိုယ်စား
ဘကြီးနွားကျောင်းနေရတာထက်စာရင်
ဖျာပေါ်ကျောခင်း
ပျင်းပြီးရင်း ပျင်းနေရတာကတော့ဖြင့်
နာမည်ပျက်လောက်ပေတဲ့
နေလို့တော့လည်း အချောင်သား...ဗျ။

◄ မြင့်သန်း ► ၂၀၀၃ ခုနှစ် ဧပြီလ၊ မြားနတ်မောင်မဂ္ဂဇင်းမှ။

Comments

  1. ကိုဖြိုးရေးထားတဲ့စာတွေဖတ်လို့ကောင်းတယ်...ဆက်ကြိုးစားပါ....
    ဆရာမလည်းသတိရတယ်...

    ReplyDelete

Post a Comment