Skip to main content

ဖဲသမား

[ ၁ ]

ပွဲကို
ဒင်,ခနဲ စပြီဆိုကတည်းက
အောက်ရှိအကုန် `ရှိုး´ ထားတယ်။

မခြိမ်းခြောက်ပါဘူး
ကျွန်တော်ရှုံးရင် ထပြန်သွားမှာပေါ့။

အခေါ်အပြောတွေမှာ
အလျော်အစားတွေမှာ
မသာယာခဲ့လို့
တစ်ပွဲပဲကစားမယ်
ဘ၀ကြေး။

ငါ့ကိုယ်ငါ ကုလားဖန်ထိုး
ငါ့ကိုယ်ငါ ချိုး။

ပြိုင်ဘက်တွေ
ဝေခွဲမရဖြစ်နေပုံ။

အတူထိုင်နေသော သူစိမ်း
ကလေးအထာလား
ဝါရင့်လား။

တွေးနေရင်း   
ဖဲချပ်တွေ လွင့်ပျံကျ။

ဒီဝိုင်းမှာ
ရင်ခုန်သံတွေ အကျယ်ဆုံးဖြစ်နေတာ
ငါဆိုတာ…
ငါ့ဘာသာ
တိုးတိတ်စွာ မှင်သေနေခဲ့ရ။

[ ၂ ]

ကျွန်တော့်အတွက်မှ မဟုတ်ရင်
ခပ်စောစောပဲ ပြန်ပါရစေလား။

အရှုံးဆီရောက်ဖို့
ခါးညောင်းအောင် ထိုင်နေရမယ်ဆိုရင်လည်း
မကောင်းသေးဘူးလေ။

တေဇာ (လရောင်လမ်း)
သြဂုတ် (၁၀) ၂၀၁၀

Comments

  1. ငါ့ကိုယ်ငါ ကုလားဖန်ထိုး
    ငါ့ကိုယ်ငါ ချိုးမှဖြင့် ဒီပွဲဟာ နိုင်ကိုနိုင်သင့်တယ်..

    ReplyDelete

Post a Comment