Skip to main content

မူဝါဒနှင့် လမ်းစဉ်

မူဝါဒ

ဟိုကြောင်ကို ခွင့်လွှတ်လိုက်ပါတဲ့
ဒီကြွက်က…
ခင်ဗျား မပြုံးမိသွားဘူးလား။

ကြွက်တွေရဲ့ ဘ၀မှာ
ကြောင်ကို ခွင့်လွှတ်(တယ်ပြော)ဖို့ ဆိုတာ… ။

လမ်းစဉ်

ရေကြီးနေပြီ
ငလျင်လှုပ်နေပြီ
ဂေါ်ဇီလာကြီးလာနေပြီ
ရေခဲတောင် မီးလောင်နေပြီ
ရှူးပျံအကြီးကြီး
ထ,ကြတော့…။

အလန့်တကြား မဟုတ်ဘူး
ဒီလိုပဲ နှိုးရမှာ မဟုတ်လား
အလန့်တကြား မဟုတ်ဘူး
လက်တွေ့ အခြေအနေကရော
ဘယ်လောက်များ ငြိမ်းချမ်းလို့လဲ
အကဲခတ်ကြည့်ရအောင်။

ပြတင်းပေါက် ဖွင့်လိုက်ရင်
ငါတို့ကောင်တွေကို ၀ိုင်းထားတယ်ဆိုတာ
အလွယ်တကူ မြင်နေရပြီ
မင်း `တောက်´ ခေါက်တတ်တယ် မဟုတ်လား
ဒီလောက်ဆိုရင်ကို ရပြီသားကြီး
ရရာလက်နက်စွဲကိုင်စို့။

မျက်နှာမြန်မြန်သစ်
နံချပ်ကူ
ချိန်းကြိုး
သံလက်သီး
ကိုယ်စီ အသီးသီး
စိတ်ပုတီးဆွဲပြီး ထွက်လာတဲ့ကောင်ကို
-ီး ပဲလို့ လှမ်း,ဆဲလိုက်ဦး။

ငါတို့ ခေတ်
ငါတို့ ရပ်ကွက်ရဲ့
သမိုင်းပေး ရိုက်ပွဲတွေတလျှောက်
လျှမ်းလျှမ်းတောက်ခဲ့ကြကြောင်း
တို့နာမည်တွေကို
နှောင်းလူတွေ ရေရွတ်ဖို့…။

* Since I dedicated particularly to Myanmar youths, please kindly disregard my terminology and usages dear.



တေဇာ (လရောင်လမ်း)
အောက်တိုဘာ (၁၂) ၂၀၁၀

Comments

  1. မိုက်တယ်ဗျ။ ဒီနှစ်ပုဒ်က နှစ်ပုဒ်တွဲမှ တပုဒ်ဖြစ်တာ။ ခေါင်းစဉ်နှစ်ခုကြောင့် ပိုမိုက်သွားတယ်။း-)

    ReplyDelete
  2. ကြိုက်တယ်ဗျာ ၊ ဒီလိုခပ်မိုက်မိုက်ကဗျာတွေ များများရေးနိုင်ပါစေ

    ReplyDelete

Post a Comment