Skip to main content

ဘ၀တစ်ခု

ဘယ်သူမဆို
ဘ၀တစ်ခုပဲ။

ဒါကိုသိမှတော့
ဘာကိုမှုရမလဲ။

ထီထိုးဖို့စိတ်ကူးခဲ့
ခဏခဏမေ့ခဲ့
ဘောလုံးပွဲကြည့်ဖို့သက်သက်ပဲ
ဂျာနယ်ဖတ်ဖို့သက်သက်ပဲ
အရက်သောက်ဖို့သက်သက်ပဲ
ငါလူဖြစ်လာခဲ့သလား
မေးခွန်းဟာ ခြောက်ကပ်ကပ်။

ငါ ရစရာအညှီများ
ငါ ပေးရမယ့် အတည်ပေါက်များ
အေး... မင်းလစ်တော့
ဒီစကားဟာ ဟာသပဲ
ဒီနှစ်ထဲ။

နိစ္စဓူဝ
ဒါကိုပဲ
ထပ်ကာတလဲလဲ စဉ်းစားရ။
သလင်းဦးရဲ့နှစ်များ
လာလမ်းဖြောင့်ခဲ့ပါသလား။

ခင်ဇော်မြင့်

၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာမဂဇင်းမှ။

Comments