Skip to main content

ဟုတ်ကဲ့

လက်ဖက်ရည်နှစ်ခွက်မြောက်
စကားလုံးနည်းနည်းပါးပါး ကျွန်တော့်ကိုလာစင်တယ်။
တွေးလို့ခေါ်လို့ကောင်းတဲ့ ကမ္ဘာကြီးထဲ
ကျန်းမာရေးက ဈေးကြီးသလို
အနုပညာက ဈေးမကြီးသင့်ဘူးလား။

မရိုးမသားပြောကြကြေးဆိုရင်
ခင်ဗျားလည်းလူ
ကျွန်တော်လည်းလူ
မယဉ်ကျေးတဲ့ခေတ်ကြီးထံ ခင်ဗျားကိုတွန်းပို့မလို့ပါ။

၂၀ ရာစုမှာ ကြီးပြင်း
၂၁ ရာစုမှာ အိုမင်းစပြုနေတဲ့ ကျွန်တော့်မှာ
အနုပညာကိုဘာထင်သလဲဆိုတဲ့ ဒိုင်ယာလော့ခ်နဲ့
မေးခွန်း၊ ရာသီဥတု
ကမ္ဘာကြီးလည်နေသလို လည်နေတဲ့ ဉာဏ်ပညာ
တစ်ခါတစ်ရံဆိုတာ
လိမ်လည်လှည့်ဖြားသူတွေအတွက်။
မပေါ့ဆနဲ့
မမေ့လျော့ကြနဲ့
ကဗျာဖတ်သူတွေဟာ
ကဗျာရေးသူတွေလို ကမ္ဘာကို ခန့်မှန်းတတ်နေပြီဆိုတာ
မပေါ့ဆနဲ့
မမေ့လျော့ကြနဲ့။

ဟုတ်ကဲ့
ဟုတ်ကဲ့
ဟုတ်ကဲ့။

ပြေမြင့်

အကြိုက်ဆုံးစာသားများ

တွေးလို့ခေါ်လို့ကောင်းတဲ့ ကမ္ဘာကြီးထဲ
ကျန်းမာရေးက ဈေးကြီးသလို
အနုပညာက ဈေးမကြီးသင့်ဘူးလား။

အနုပညာကိုဘာထင်သလဲဆိုတဲ့ ဒိုင်ယာလော့ခ်နဲ့
မေးခွန်း၊ ရာသီဥတု
ကမ္ဘာကြီးလည်နေသလို လည်နေတဲ့ ဉာဏ်ပညာ
တစ်ခါတစ်ရံဆိုတာ
လိမ်လည်လှည့်ဖြားသူတွေအတွက်။

ကဗျာဖတ်သူတွေဟာ
ကဗျာရေးသူတွေလို ကမ္ဘာကို ခန့်မှန်းတတ်နေပြီဆိုတာ
မပေါ့ဆနဲ့
မမေ့လျော့ကြနဲ့။

Comments

  1. ဟုတ်ကဲ့ ... ကဗျာမရေး ပဲ ကဗျာလာဖတ်တဲ့ ကျွန်မလည်း ကမ္ဘာကို ခန့်မှန်းတက်နေပြီထင်တယ်.. လာလည်ပါတယ်ရှင်...

    ReplyDelete

Post a Comment