Skip to main content

နံရံ

သူကတော့ ပြောခဲ့တယ်
လူဟာ အဟောင်းပဲ
ခိုင်မြဲလေးလံပြီး ဆိုင်းဘုတ်ဆံမှုကို
ပြန်ကြောက်နေရပုံမျိုးနဲ့ ထိုင်ခဲ့တယ်။

တစ်ခါတစ်လေ အပြုံးမပျက်
လက်နဲ့ရေရွတ်တယ်
မျက်လုံးနဲ့ ဆဲရေးတယ်။

တစ်ဖက်မှာတော့
ရည်ရွယ်ချက်ကို ကျော်မှီနေတဲ့ ကွင်းပြင်တွေ
လူသိအောင် လွတ်ကျနေတဲ့ ဆွေးမြေ့မှုတွေနဲ့
မှောက်ကျလို့။

အိုဇုန်းလွှာကြီးက ပေါက်ရုံပဲပေါက်နေလို့
ကံကောင်းတယ်။

ရှေ့မှာ
ဓာတ်ကြိုး သစ်ကိုင်းနဲ့ ရေစိုအ၀တ်များ။

ချိန်ထားပေမဲ့
သူနဲ့ကျွန်တော် ထပ်မတွေ့ဖြစ်ကြဘူး။

ဝင်းလွင်

Comments