Skip to main content

ဖဲထုပ်တစ်ထုပ်ထဲမှာ

ဖဲထုပ်တစ်ထုပ်ထဲမှာ
ဖဲချပ် ဘယ်လောက်
ဂျိုကာ ဘယ်လောက်

ဖဲထုပ်တစ်ထုပ်ထဲမှာ
ပျော်ရွှင်ခြင်း ဘယ်လောက်
ဝမ်းနည်းခြင်း ဘယ်လောက်

ဖဲထုပ်တစ်ထုပ်ထဲမှာ
ကံကောင်းခြင်း ဘယ်လောက်
ကံဆိုးခြင်း ဘယ်လောက်
ဖဲထုပ်တစ်ထုပ်ထဲမှာ
အနိုင်ဘယ်လောက်
အရှုံးဘယ်လောက်

ဖဲထုပ်တစ်ထုပ်ထဲမှာ
အကုသိုလ်ဘယ်လောက်
ငရဲဘယ်လောက်

အချိုးဘယ်လိုပြောင်းပြောင်း
အိမ်ဘယ်လိုပြောင်းပြောင်း
သေဖဲဟာ သေမြဲ

ကံကြမ္မာကို
ပြုပြင်စီရင်ဖို့ရာ
ကုလားဖန်ထိုးသောလက်များ လိမ္မာပါ။

ညီမင်းညို

ကဗျာဟာ ရိုးရိုးလေးနဲ့လှနေတယ်။ ရှုပ်ရှုပ်ထွေးထွေးဘာမှမပါဘဲ အလွယ်တကူနားလည်နိုင်တယ်။ အချိုးဘယ်လိုပြောင်းပြောင်း သေဖဲဟာ သေမြဲလို့ဆိုထားတဲ့အတွက် ကံကြမ္မာက ပြဌာန်းစီရင်ပြီးသောဘ၀တွေကို ကြိုးစားပြောင်းလဲဖို့ရာ မဖြစ်နိုင်တော့ဘူးလား စဉ်းစားမိလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကဗျာဆရာဟာ ပြောင်းလဲနိုင်ကြောင်းသွယ်ဝိုက်သောနည်းအားဖြင့် ၀န်ခံထားပါတယ်။ လိမ်လိမ်မာမာ ကုလားဖန်ထိုးရပါမယ်တဲ့ဗျာ။ ကဲ ကျွန်တော်တို့ လိမ္မာပါးနပ်စွာ ကုလားဖန်ထိုးပြီး သမားရိုးကျကံကြမ္မာကို ပြောင်းလဲပစ်ကြပါစို့လား....။

Comments

  1. ဟုတ်ကဲ့ဘာခင်ဗျ !
    ကောင်းတယ်ဗျာ ကဗျာလေးက...
    အဲဒီကုလားဖန်ထိုးနည်းလေးလဲ သင်ပေးဦးမှပေါ့ ။



    အခြားတခြား POST တွေအားလုံးနီးပါးဖတ်သွားဘာသည်...
    နားမလယ်တာထက် မလိုက်နိုင်တာဖြစ်နိုင်ဘာသည် ။

    ReplyDelete

Post a Comment