Skip to main content

မိန်းမလျာစစ်သား

အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက စစ်တပ်တွင် မိန်းမလျာများ လွတ်လပ်စွာ တာဝန်ထမ်းဆောင် နိုင်ခြင်းအား ကန့်သတ်ထားခြင်းအပေါ် အဆုံးသတ်မည်ဟု ပြောကြားခဲ့ ဖူးသည်။

ယခု သူက “မမေးနဲ့၊ မပြောနဲ့” (Don’t ask, don’t tell) မူဝါဒကို ဖျက်သိမ်းမည်ဟု ပြောကြားခဲ့သည်။ ထိုမူဝါဒအရ မိန်းမလျာများသည် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ သဘောထားကို ဖွင့်ဟစရာမလိုဘဲ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့ကြသည်။

ဝါရှင်တွင် အိုဘားမားက အမေရိက၏ အကြီးဆုံး မိန်းမလျာအဖွဲ့ဖြစ်သည့် “လူ့အခွင့်ရေး လှုပ်ရှားမှုအဖွဲ့” (The Human Rights Campaign) သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိန်းမလျာများ လက်ထပ်ခြင်းနှင့် စစ်တပ်ရေးရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ရန်ပျက်ကွက်သည့် အတွက် မိန်းမလျာအဖွဲ့အစည်းတွင် သူ့ကို ဝေဖန်ပြစ်တင်မှုတချို့ ရှိခဲ့သည်။

မိန်းမလျာအခွင့်အရေး ကာကွယ်ရေးအဖွဲ့ကြီးတစ်ဖွဲ့က တနင်္ဂနွေနေ့တွင် ၀ါရှင်တန်မြို့အတွင်း ချီတက်လှည့်လည်ရန် စီစဉ်ထားသည်။

မငြိမ်မသက်

အိုဘားမားသည် မြို့တော်ရန်ပုံငွေညစာစားပွဲများတွင် မိန်းမလျာနှင့် လိင်တူဆက်ဆံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောကြားခဲ့ဖူးသည်။ သူက အမေရိကန်ပြည်ထောင်စုအနေဖြင့် မိန်းမလျာအခွင့်အရေးနှင့်ပတ်သက်၍ တိုးတက်မှုများ ဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုထက်ပို၍ လုပ်ဆောင်သွားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်တပ်ရေးရာကိစ္စနှင့်ပတ်သက်၍မူ အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်သောအရည်အသွေးနှင့် တိုက်ရည်ခိုက်ရည် ပြည့်ဝသူများကို အဆုံးရှုံးမခံနိုင်ဟု သူက ဆိုသည်။ တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ဖို့ ရှေ့ထွက်လာတဲ့ အမေရိကန်မျိုးချစ်တွေကို ကျွန်တော်တို့ အထိခိုက်မခံသင့်ပါဘူး “ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ ရှေ့ထွက်လာချင်တဲ့ စိတ်ဆန္ဒနဲ့ သူရသတ္တိပြမှုကို ကြိုဆိုသင့်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။

၁၉၉၃ ခုနှစ်က ပြဌာန်းခဲ့သော မူဝါဒကြောင့် တပ်သားထောင်ပေါင်းများစွာ ရာထူးမှဖယ်ရှားခံခဲ့ရပြီးဖြစ်ပြီး အဆိုပါ မူဝါဒကို ဖျက်သိမ်းရန် အိုဘားမားက အချိန်သတ်မှတ်ပေးခြင်း မရှိခဲ့ပေ။ သူက မိန်းမလျာအဖွဲ့အစည်းအတွက် အရေးကြီးသော အဆိုပါကိစ္စကို စုပေါင်းဖြေရှင်းရန် ထပ်မံပန်ကြားခဲ့သည်။

သို့သော် မိန်းမလျာအဖွဲ့အစည်းအများအပြား အနေဖြင့် သူ၏ကတိကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည်ဟု အမြင်ရှိနေသဖြင့် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ အိုဘားမားက သူ၏အစိုးရအဖွဲ့ကို ယုံကြည်ရန် ပရိသတ်များကို တောင်းဆိုခဲ့သည်။

“လူအများစုအနေနဲ့ တိုးတက်မှုဟာ လုံလောက်အောင် မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာတယ်လို့ ယုံကြည်ကြမှာ မဟုတ်ဘူးဆိုတာ သိပါတယ်။ ကျွန်တော်တို့ ဦးတည်နေတဲ့ မျက်နှာစာနဲ့ ရောက်ရှိမယ့် ပန်းတိုင်ကို သံသယမရှိကြပါနဲ့” ဟု သူက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု မိန်းမလျာအဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်စေသော ကိစ္စတစ်ရပ်မှာ မိန်းမလျာလက်ထပ်ခြင်းကိစ္စဖြစ်သည်ဟု ဘီဘီစီမှ Rajesh Mirchandani က လော့အိန်ဂျလိစ်မြို့တွင် ပြောကြားခဲ့သည်။

အိုဘားမားသည် လက်ထပ်ထိမ်းမြားမှု ကာကွယ်ရေးအက်ဥပဒေ (Defense of Marriage Act) အား ဖျက်သိမ်းပေးမည်ဟူသော သူ၏ ကတိကို ဖော်ဆောင်ရန်ပျက်ကွက်သဖြင့် ဝေဖန်ခံခဲ့ရသည်။ ထိုဥပဒေသည် လိင်တူချင်းထိမ်းမြားလက်ထပ်ခြင်းကို အသိအမှတ်ပြုရန် ကန့်သတ်ထားသည်။

မိန်းခွန်းပြောကြားခဲ့စဉ်က အိုဘားမားသည် အဆိုပါအက်ဥပဒေအား ဖျက်သိမ်းရန် ကွန်ဂရက်ကို အဆိုပြုပြီး မိန်းမလျာများ၏ အကျိုးကျေးဇူးများကို ချဲ့ထွင်သော ဥပဒေတစ်ရပ် ပြဌာန်းမည်ဟု ပြောကြားခဲ့ဖူးသည်။

အမေရိကန်ပြည်ထောင်စု၏ နယ်မြေအတော်များများတွင် မိန်းမလျာများသည် စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် အရေးပါသောရာထူးများရရှိထားပြီး လူရာဝင်ပုဂ္ဂိုလ်များအဖြစ် အောင်မြင်နေကြသည်ဟု ဘီဘီစီ၏ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

◄ တေဇာ ► အောက်တိုဘာ (၁၁) ၂၀၀၉
Source: BBC

Comments

  1. စာဖတ်သူOctober 12, 2009 at 12:17 AM

    ပုံလေးက ရှယ်ပဲ =)
    အိုဘားမားကတိမတည်တာ မကြိုက်ပါဘူး။

    ReplyDelete
  2. ကောင်းပါလေ့ မိန်းမလျာတွေက စစ်တိုက်.. ယောင်္ကျားတွေက ထမင်းချက်... မိန်းမတွေက.. အဲ.. မိန်းမတွေက.... ဘာလုပ်ရင်ကောင်းမလဲဟင်...

    ReplyDelete

Post a Comment