ကျွန်တော်တို့အခုသုံးနေတဲ့ Gmail ကို ခိုးလို့ရပါသလား။ Posted by ၀က်ခေါက်လေး on သြဂုတ် 1, 2009 at 2:35pm in နည်းပညာ ကျွန်တော်တို့ အခုလက်ရှိသုံးနေတဲ့ Gmail ကို ဘာအချက်အလက်မှမသိဘဲ ခိုးလို့ရတယ်တဲ့။ Secondary mail ကိုမသိလဲရတယ်တဲ့ Security question ကိုမသိလို့လဲရတယ်တဲ့။ ဘယ်လိုလုပ်ရတာလဲဆိုတာ ပညာရှင် အကို အမ တွေဖြေပေးကြပါအုံး။ နောက်ပြီးအကောင့်တစ်ခုကိုခိုးရင် မြန်မာငွေ 50000 နဲ့ အချိန် 2 ရက်ပေးရတယ်တဲ့။ သူကိုခိုးမယ့်အကောင့်နာမည် ပေးရင်ရပြီတဲ့။ ပြန်ပြီး ဖြေပေးကြပါအုံး။ § § § ကျွန်တော်နားလည်ထားသလောက်တော့ Gmail ကို Technical ပိုင်းအရ Hack လို့မရပါဘူး။ Gmail ဟာ နိုင်ငံတကာအတိုင်းအတာနဲ့ သုံးစွဲနေတာ ဖြစ်တဲ့အတွက် ဒါလည်း သဘာဝကျပါတယ်။ အလွယ်တကူ Hack လို့ရနေရင် ဘယ်သူက သုံးတော့မလဲ။ ဒါပေမဲ့လည်း Gmail Password Reset ချခံရတဲ့လူတွေ၊ ကိုယ့် Account ထဲ ခိုးဝင်တာခံရတဲ့လူတွေစသည်ဖြင့် မြင်နေကြားနေရပါတယ်။ ဘာကြောင့်ပါလဲ... ။
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။