Skip to main content

Posts

Showing posts from 2015

ခီဟာရာဇာ (Scheherazade) (၃)

"အတန်းတွေ ဒီလောက်ပျက်နေတော့ ကျောင်းမှာရော ပြဿနာမဖြစ်ဘူးလား" လို့ ဟာဘရာက မေးတယ်။ "ကျွန်မ မိဘတွေက ကိုယ်ပိုင်စီးပွားရေးလုပ်တယ်၊ ဒီတော့ သူတို့အလုပ်နဲ့သူတို့ ကျွန်မကို သိပ်ဂရုမစိုက်နိုင်ဘူး။ သူတို့နဲ့ ကျွန်မ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ဘူး၊ သူတို့ အုပ်ချုပ်မှုကိုလည်း ကလန်ကဆန်လုပ်ခဲ့တာမျိုးမရှိဘူး။ ဒီတော့လည်း လွှတ်ထားတာက အကောင်းဆုံးပဲလို့ သူတို့တွက်ပါလိမ့်မယ်။ ကျောင်းကိုပြဖို့အတွက် စာရွက်စာတမ်းအတုလုပ်တာက လွယ်လွယ်လေးပဲ။ ကျန်းမာရေးပြဿနာတစ်ခုရှိနေလို့ တစ်ခါတလေ ဆေးရုံမှာ နေ့တစ်ဝက်လောက် သွားနေရတယ်လို့ အတန်းပိုင်ဆရာမကို ရှင်းပြလိုက်တယ်။ ကျောင်းမတက်တဲ့ ကလေးတွေနဲ့ ပတ်သက်ပြီး တစ်သက်လုံး ခေါင်းခြောက်လာရတဲ့ ဆရာတွေအနေနဲ့လည်း တစ်ခါတလေကျမှ ကျွန်မ နေ့တစ်ဝက်လောက်နောက်ကျတဲ့ ကိစ္စကို သိပ်စိတ်ဝင်စားကြဘူး" ရှေ့ဆက်မပြောခင် ခီဟာရာဇာက ကုတင်ဘေးက နာရီဆီ ခပ်မြန်မြန် တစ်ချက်ကြည့်လိုက်တယ်။ "ကော်ဇောကအောက်က သော့တံကိုယူပြီးတော့ အိမ်ထဲကို ကျွန်မ တတိယအကြိမ်အဖြစ် ၀င်ခဲ့ပြန်တယ်။ အရင်တုန်းကလိုပဲ တိတ်ဆိတ်နေတယ်၊ တိတ်တာမှ အရင်တုန်းကထက်တောင် ပိုသလိုပဲ။ ရေခဲသေတ္တာက မီးစိမ်းသွားတော့ ကျွန်မဖျပ်ခနဲ လန့်သွားတယ်၊ ဧရာ

ခီဟာရာဇာ (Scheherazade) (၂)

"လူမရှိအိမ်တွေထဲကို ခိုးဝင်မိတုန်းက ကျွန်မဆယ်ကျော်သက်အရွယ်ပဲရှိသေးတယ်" တစ်နေ့တော့ အိပ်ယာပေါ်မှာ သူတို့လဲလျောင်းနေရင်း သူမက ပြောလိုက်တယ်။ သူမပုံပြင်ပြောတဲ့အခါမှာ ဖြစ်တတ်သလို၊ ဟာဘရာ့အဖို့ပြော ပြန်ပြောစရာ စကားလုံးရှာမရဘူး။ "ရှင်ရော တစ်ယောက်ယောက်ရဲ့အိမ်ထဲကို ခိုးဝင်ခဲ့ဖူးလား" လို့ သူမက မေးတယ်။ "၀င်ဖူးတယ် မထင်ပါဘူး" လို့ သူက ခြောက်ကပ်ကပ်အသံနဲ့ ပြန်ဖြေတယ်။ "အဲ့ဒါက တစ်ခါလုပ်ဖူးတယ်ဆိုရင် အခါခါထပ်လုပ်ချင်လာရော" "ဒါပေမဲ့ ဒါ တရားမ၀င်ဘူးလေ" "ဘယ်ကလာ.. အန္တရာယ်ရှိတာတော့မှန်တယ်၊ ဒါပေမဲ့ အဲ့ဒါက သိပ်အရသာရှိတဲ့ အလုပ်ရှင့်" ဟာဘရာက ခပ်ဆိတ်ဆိတ်ပဲ သူမ ဆက်ပြောတာကိုစောင့်နေလိုက်တယ်။ “ဘယ်သူမှမရှိချိန်မှာ သူစိမ်းတစ်ယောက်ရဲ့ အိမ်ထဲမှာ ရှိနေရတာနဲ့ပတ်သက်ပြီး အကောင်းဆုံးအချက်ကတော့ ဘယ်လောက်တိတ်ဆိတ်နေသလဲ ဆိုတာပဲ။ အသံလုံးဝမရှိဘူး။ ကမ္ဘာပေါ်မှာ အဆိတ်ငြိမ်ဆုံးနေရာတစ်ခုနဲ့ တူနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အဲဒီလိုပဲ ခံစားရတယ်။ ကြမ်းပြင်ပေါ်မှာထိုင်ရင်း ကျွန်မ ငြိမ်ငြိမ်သက်သက်လေး နေနေတဲ့အချိန်မှာ ကျွန်မရဲ့ စုပ်ကပ်ငါးဘ၀က ကျွန်မဆီပြန်ရောက်လာတယ်။ ကျွန်မအရင်ဘဝ

ခီဟာရာဇာ (Scheherazade) (၁)

သူတို့ လိင်ဆက်ဆံပြီးတဲ့အခါတိုင်း သူမက ဟာဘရာ့ကို စိတ်ဝင်စားဖွယ် အဆန်းတကြယ်ပုံပြင်တစ်ပုဒ် ပြောပြလေ့ရှိတယ်။ တစ်ထောင့်တစ်ညပုံပြင်များထဲက ဘုရင်မ ခီဟာရာဇာလိုပဲ။ ဒါပေမဲ့ ဟာဘရာကတော့ အဲဒီထဲက ဘုရင်ကြီးလို နောက်တစ်နေ့မနက်မှာ သူမခေါင်းကို ဖြတ်ပစ်ဖို့ အစီအစဉ်မရှိဘူးပေါ့။ (ဘာလိုပဲဖြစ်ဖြစ် သူမကလည်း မိုးလင်းတဲ့အထိ သူနဲ့အတူ နေလေ့မရှိပါဘူး) သူမ ဟာဘရာ့ကို ဒီပုံပြင်တွေ ပြောပြနေတယ်ဆိုတာကလည်း ပြောချင်လို့ပြောတာလို့ပဲ ဆိုရမယ်။ အကြောင်းကတော့ ချစ်တင်းနှောပြီးခါစ အခုလို စိမ်ပြေနပြေ ရင်းနှီးနွေးထွေးလှတဲ့ အခိုက်အတန့်မျိုးမှာ အခုလို အိပ်ယာထဲ ခွေခေါက်ပြီး ယောက်ျားတစ်ယောက်ကို စကားပြောရတာ သူမနှစ်သက်လို့ဖြစ်လိမ့်မယ်လို့ သူ ယူဆတယ်။ ပြီးတော့ နေတိုင်း အိမ်ထဲမှာပဲ အမြဲတမ်း ကြပ်ကြပ်ညှပ်ညှပ်နေရတဲ့ ဟာဘရာ့ကို သူမ နှစ်သိမ့်ပေးချင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ ဒါကြောင့်ပဲ ဟာဘရာက အမျိုးသမီးကို ခီဟာရာဇာလို့ ကင်ပွန်းတပ်ခဲ့တာ။ သူ့ရှေ့မှာတော့ ဒီနာမည်ကို မသုံးပါဘူး၊ ဒါပေမဲ့ သူ တစ်ကိုယ်တည်းကျိတ်ရေးနေတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ သူမကို အဲဒီလိုပဲ ညွှန်းပြီး ရေးသားလေ့ရှိတယ်။ "ဒီနေ့ ခီဟာရာဇာ လာတယ်" ဘောပင်နဲ့ သူက အမှတ်အ

အတိုးဆုံးကဗျာများ (၅၉)

စိတ်ကူးထဲမှာ မျောက်တစ်ကောင်ရောက်နေပြီး ငါလုပ်သမျှအကုန် လိုက်လုပ်တယ် ငါက မျက်မမြင်လုပ်လိုက်တော့ သူက မျက်မှန်အမည်းနဲ့ ‪#‎Mimicry‬ မိုးခိုဖို့တစ်နေရာ ပြိုင်တူရှာတွေ့တဲ့အခါ တစ်ယောက်က မမြင်ချင်ယောင်ဆောင်ရတယ် သက်သာချောင်ချိသော တိုက်ဆိုင်မှုက ဇာတ်လမ်းရဲ့အမှန်ယောင်ကို လျော့ပါးသွားစေတယ် ‪#‎Verisimilitude‬ ငါ့စာအုပ်ကို ပင်လယ်ထဲလွှင့်ပစ်တယ် အသစ်တစ်အုပ်ကို ဘုံဘိုင်မှာရေစွတ်ပြီး သူ့ အံဆွဲထဲ ပြန်ထည့်ခဲ့တယ် ‪#‎Specter‬ ပုခုံးကိုဖက်ရင်း စကားပြောရင်း ဖြေးဖြေးချင်း ကုတင်ပေါ်မျှားခေါ်ရတယ် ပျောက်ဆုံးယာယီမှတ်ဉာဏ်များ အိပ်လျက်သားလမ်းလျှောက်သူကို ရုတ်တရက်မနှိုးပါနဲ့ ‪#‎SleepWalking‬ လန့်နိုးနိုးချင်း တိတ်ဆိတ်နေတာ အသံတွေပဲ ပြန်အိပ်လို့ပျော်သွားကြောင်း သေချာပီဆိုမှ ကိုယ့်လေချွန်သံကိုယ် ရပ်တယ် ‪#‎Lullaby‬ တေဇာ (လရောင်လမ်း) Image: www.wallpaper.com

အတိုးဆုံးကဗျာများ (၅၈)

ပင်လယ်ကို ကြေးနန်းတစ်စောင် ရောက်လာတယ် မုန်တိုင်းမကျခင်ငြိမ်သက်ခြင်းမှာ သဘာဝရှုခင်းတိုင်းကို အရောင်းမြှင့်တင်နိုင်တယ် ‪#‎Catalyst‬ အပြာရောင်ကောင်းကင်ကိုပဲ အကျင့်ပါနေလို့မရဘူး မိုးရွာတဲ့ဇာတ်ကွက်ကို နောက်ပြန်ရစ်တော့ ကမ္ဘာဟာ တိမ်ဖြစ်သွားတယ် (ဆိုရင်) အဲဒီရေစက်တွေက အစစ်သိပ်ဖြစ်နိုင်ပါတယ် #Reverse သော့တံထိပ်ဖျား ခွေးသွားစိတ်တွေဟာ သီးသန့်ဆန်ပါတယ် လှိုင်းထခဲ့ရာ အနိမ့်အမြင့်တိုင်းကို သံရည်ကြိုရမယ် ‪#‎IdentityIV‬‬ နံရံမှာကပ်ထားတဲ့ ဓာတ်ပုံအောက် အိမ်မြောင်တစ်ကောင် ရောက်လာတယ် အိပ်မောကျမှုတစ်ခုက ယခင်ညပေါင်းများစွာကို ကလဲ့စားချေတယ် #Grayscale ခြောက်ထောင့်ကိုယ်ထည် ခဲတံဟာ စားပွဲစောင်းပေါ်က လိမ့်ကျရခက်တယ် ကုန်းကောက်စရာ တစ်စုံတစ်ခုဟာ လိုလားအပ်တဲ့ မတော်တဆမှု ဖြစ်ပါတယ် #Incident တေဇာ (လရောင်လမ်း) Image: www.pinterest.com

အတိုးဆုံးကဗျာများ (၅၇)

ဝယ်လိုအားနည်းတဲ့ ပျော်ရွှင်ခြင်းတချို့ ရှိပါတယ် ကြည့်စမ်း သံဇကာပေါက်တွေထဲ ပျားတစ်ကောင် မြွေလိမ်မြွေကောက် ဖြတ်ပျံတယ် ‪#‎Zigzag‬ နှာချေလိုက်မိတယ် တစ်စုံတစ်ယောက်က ငါ့နံဘေး လိပ်ပြာတောင်ပံကို အသက်အောင့် စောင့်ဖမ်းနေတယ် #InterventionII ရေစက်ကြောင့် ဖျပ်ခနဲ အိကျသွားတဲ့ ပိန်းရွက်ပေါ်က ပုတ်သင်ဟာ လေထဲမှာ ကျန်ခဲ့တယ် #Inertia ငါ့စာအုပ်ကို ပင်လယ်ထဲလွှင့်ပစ်တယ် အသစ်တစ်အုပ်ကို ဘုံဘိုင်မှာရေစွတ်ပြီး သူ့ အံဆွဲထဲ ပြန်ထည့်ခဲ့တယ် ‪#‎Specter‬ စကြ၀ဠာတစ်ခုလုံးကို အထင်နဲ့ သေးပစ်လိုက်တယ် သစ်ရွက်ပေါ်မှာတင် လမ်းခွဲသွားကြတဲ့ အကြောပေါင်းများစွာ ရှိတယ် #Fork တေဇာ (လရောင်လမ်း) Image: www.wallpapersfolder.com

ယာဉ်မောင်းသူ (၃)

ဒါကတော့ သူတို့နှစ်ဦး မိတ်ဆွေတွေဖြစ်သွားတဲ့ အကြောင်းပဲ။ သောက်ဖော်သောက်ဖက်တွေဟာ အနှေးနဲ့အမြန် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်သွားတတ်တာချည်းပဲ။ ပုံမှန်အဆက်အသွယ်လုပ်ပြီး မြို့ထဲက အရက်ဘားအများအပြားကို သူတို့ ရောက်ဖြစ်ကြတယ်၊ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲ စကားတွေ ပြောဖြစ်ကြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကတော့ သောက်ဖို့စားဖို့ကိစ္စသက်သက်ပဲ အမြဲတမ်းဖြစ်ခဲ့တယ်၊ တစ်ခါမှ ထမင်းလက်ဆုံ အတူတူမစားဖူးဘူး။ သူတို့ပေါင်းသင်းမိတဲ့ ကာလတစ်လျှောက်လုံး၊ အရက်ဘားတွေမှာရောင်းတဲ့ မုန့်တွေကိုပဲ တာကာသျှူကီ စားနေတာ ကာဖုကု မြင်ခဲ့ဖူးတယ်။ ဒီလူ ပုံမှန်ထမင်းဟင်းရော စားရဲ့လားမသိဘူးလို့ ကာဖုကုတွေးမိတဲ့အထိပဲ။ တစ်ခါတလေ ဘီယာသောက်တာကလွဲလို့ တာကာသျှူကီက ၀ီစကီကိုပဲ စွဲစွဲမြဲမြဲသောက်လေ့ရှိတယ်၊ သူ့စိတ်ကြိုက် မော့လ်ဝီစကီတံဆိပ်အမျိုးမျိုးပဲ။ သူတို့စကားဝိုင်းက အကြောင်းအရာတွေတော့ စုံတယ်၊ ဒါပေမဲ့ ကာဖုကုမိန်းမ သေတဲ့အကြောင်းဆီပဲ နောက်ဆုံးမှာ မပျက်မကွက်ပြန်ရောက်တယ်။ လွန်ခဲ့တဲ့တစ်နှစ် သူတို့လင်မယားအတူတကွရှိနေတုန်းက ဇာတ်လမ်းတွေကို ကာဖုက ပြန်ဖောက်သည်ချတဲ့ အချိန်တွေဆို တာကာသျှူကီက စိတ်ဝင်တစား နားထောင်နေတတ်တယ်၊ အဲဒီဇာတ်လမ်းတွေကို တိတ်တဆိတ် ခိုးယူသိမ်းဆည်းေ

ယာဉ်မောင်းသူ (၂)

သူ့စိတ်ကူးတွေထက် ပိုပြီး နာကျင်စရာကောင်းတာကတော့၊ သူမဇာတ်လမ်းတွေကို သူသိထားတဲ့အကြောင်း မျိုသိပ်ထားပြီး သာမန်ဘ၀တစ်ခုမှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ အားထုတ်ရတာပဲ။ သွေးလွှတ်ကြောတွေအတွင်းမှာ သူ့သွေးတွေ အပြင်းအထန် ဆောင့်တိုးပြီး၊ သူ့အတွင်းအင်္ဂါတွေကို တစ်စစီဆုတ်ဖြဲပစ်နေချိန်မှာ၊ သူ့အပြင်ပန်းကိုတော့ တည်ငြိမ်နေအောင် သူထိန်းသိမ်းထားတယ်။ နေ့စဉ်ကိစ္စတွေ၊ စကားပြောဆိုဆက်ဆံရေးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်သည်ဘ၀တစ်ခုလုံးဟာ ပုံမှန်အတိုင်းရှိခဲ့တာပဲ။ ဒီကိစ္စဟာ လူတစ်ယောက်အနေနဲ့ ထိန်းချုပ်နိုင်တဲ့ ကိစ္စတော့မဟုတ်ဘူး။ တစ်ဖက်မှာလည်း ကာဖုကုဟာ ကိုယ်တိုင်ပရော်ဖက်ရှင်နယ်သရုပ်ဆောင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပညာကို ညွှန်ကြားပြသပေးနေတဲ့သူ၊ ကိုယ့်မူရင်းစိတ်ကို အဝေးတစ်နေရာဆီလွှင့်ထားဖို့ဆိုတာ သူ့အတွက်တော့ ထမင်းစားရေသောက်ပဲ။ ဒီတော့လည်း၊ အားပေးမယ့်ပရိသတ် တစ်ယောက်မှမရှိပေမယ့် သူ့ရင်ထဲက ဝေဒနာကို ဖုံးကွယ်ဖို့အတွက် သူ့သရုပ်ဆောင်ပညာကို အစွမ်းကုန်အသုံးချနေမိတော့တယ်။ သူ့ဇနီးအနေနဲ့ အခြေအနေပေးသလို တခြားယောက်ျားတွေနဲ့ အိပ်တတ်တဲ့အချက်ကလွဲလို့ သူတို့အိမ်ထောင်သည်ဘ၀မှာ အခက်အခဲကြီးကြီးမားမား တွေ့ခဲ့တာမျိုးမရှိပဲ ကျေနပ်ပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။ န

ယာဉ်မောင်းသူ (၁)

အမျိုးသမီးတွေ မောင်းတဲ့ ကားကို ကာဖုကု အကြိမ်အတော်များများ စီးဖူးပါတယ်။ သူ့အတွေ့အကြုံအရတော့ သူတို့ကို အကြမ်းဖျင်း နှစ်မျိုးနှစ်စား ခွဲခြားကြည့်နိုင်မယ်ထင်တယ်၊ နည်းနည်း အမောင်းကြမ်းလွန်းတဲ့ယာဉ်မောင်းနဲ့၊ နည်းနည်းလေးအမောင်း နုလွန်းတဲ့ ယာဉ်မောင်းပဲ။ ကျေးဇူးတင်စရာကောင်းတာကတော့၊ အရှေ့အုပ်စုထက် အနောက်အုပ်စုထဲပါတဲ့ လူတွေက အများကြီးပိုများတယ်။ အမျိုးသမီးယာဉ်မောင်းတွေဟာ အမျိုးသားယာဉ်မောင်းတွေထက်ပိုပြီး ယဉ်ကျေးတယ်၊ ပြီးတော့ သတိလည်းပိုကြီးတယ်။ ယဉ်ကျေးပြီး သတိကြီးလွန်းတဲ့ ယာဉ်မောင်းတွေကို စောဒကတက်စရာတော့ မရှိဘူးပေါ့။ ဒါပေမဲ့ အဲဒီလို မောင်းပုံမျိုးက တချို့အခြေအနေတွေမှာ တခြားယာဉ်မောင်းတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတတ်တယ်။ အခြားတစ်ဖက်မှာကျတော့၊ "အမောင်းကြမ်း" အုပ်စုထဲ အကျုံးဝင်တဲ့ အမျိုးသမီးယာဉ်မောင်းအများစုဟာ သူတို့ကိုယ်သူတို့ ကျွမ်းကျင်ယာဉ်မောင်းတွေအဖြစ် ခံယူထားမှန်း သိပ်သိသာတယ်။ အခြားကြောက်ကြောက်ရွံ့ရွံ့ အမျိုးသမီးယာဉ်မောင်းများတွေ့ရင် မကြာခဏဆိုသလို လှောင်ပြောင်တတ်တယ်။ သူတို့ကိုယ်သူတို့ အဲဒီအုပ်စုထဲမပါဘူးဆိုတာကို ဂုဏ်ယူယုံကြည်ထားလို့ပဲဖြစ်မယ်။ ခပ်ရဲရဲ ယာဉ်ကြောပြောင်းလိုက်တဲ့အခါမှာ သူတိ

အတိုးဆုံးကဗျာများ (၅၆)

ကြောင်နဲ့ စကားပြောပါ အထုပ္ပတ္တိ ဖတ်ပါ မှတ်ချက်မရသော စကားလုံးများရေးသားပါ ဆက်လက်တွေးခေါ်စရာများ ရှိပါတယ် ‪#‎InteriorMonologue‬ အပြာရောင်ကောင်းကင်ကိုပဲ အကျင့်ပါနေလို့မရဘူး မိုးရွာတဲ့ဇာတ်ကွက်ကို နောက်ပြန်ရစ်တော့ ကမ္ဘာဟာ တိမ်ဖြစ်သွားတယ် (ဆိုရင်) အဲဒီရေစက်တွေက အစစ်သိပ်ဖြစ်နိုင်ပါတယ် #FictionalReality ကျောက်စလစ်ခဲလေး တစ်လုံးရှိတယ်၊ တစ်နေ့တော့ တစ်စုံတစ်ယောက်က "ကျရှုံးမှု"လို့ စာရွက်လွတ်တစ်ခုပေါ် ရေး၊ ပြောင်းပြန်လှန်ပြီး သူ့ကို အပေါ်မှာ တင်ထားလိုက်တယ် ‪#‎Paperweight‬ သန္တာကျောက်တန်းတွေ ရွေ့လျားသွားတယ် (နည်းနည်းဖြစ်ဖြစ်) ပျော်စရာကောင်းအောင် ရေနံတင်သင်္ဘောကို မှောက်လိုက်တယ် ညချမ်းဟာ အလျားလိုက်ရောက်လာတယ် #Escape စမ်းရေစီးသံက တိတ်ဆိတ်ခြင်းကို ရုတ်တရက် ဖြိုခွင်းလိုက်တယ် ကောင်းကင်မှာ သေပီးသား ကြယ်တွေ သာနေတယ် ‪#‎Velocity‬ တေဇာ (လရောင်လမ်း) Image: fotografija.tumblr.com

အတိုးဆုံးကဗျာများ (၅၅)

စိတ္တဇလူသတ်သမား အိမ်သာတံခါးတွေကို တစ်ခုချင်း လိုက်ဖွင့်တယ် ခွေးခြေခုံပြိုလဲသံတစ်ခု ပေါင်းထည့်လိုက်တဲ့ အော်ဒီယိုသမားဟာ ငါဖြစ်တယ် ‪#‎Intervention‬ လိပ်ပြာတောင်ပံတွေ ကပ်ထားတဲ့လျှို့ဝှက်စာအုပ်လေး ရှိခဲ့တယ် ပျောက်သွားတော့ ဘယ်သူ့ကိုမှ မေးမြန်းခွင့်မရဘူး #Autism ဝင်္ကပါထဲကို သံလိုက်အိမ်မြောင်မိုးတွေ ရွာချလိုက်တယ် ဘုရားသခင်ဟာ သူ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် ‪#‎PlayingOut မီးခိုးထွက်နေတဲ့ ကမ်းဝေးကျွန်းငယ်ကို အဝေးကြည့်မှန်ပြောင်းက မြင်သွားတယ် မီးကိုးကွယ်လူရိုင်းမျိုးနွယ်တစ်စု ရှိသေးကြောင်း ဒိုင်ယာရီလက်ရေးနဲ့ ပုံဖော်တယ် ‪#‎Indifference‬ အဆုံးမှာ ပေါ်လာမယ့် သတ္တ၀ါဆန်းကို ကြိုတင်ပြဌာန်းထားနိုင်တယ် ဇာတ်လမ်းအစ အသေကောင်တွေပေါ် အခု ထူးခြားဆန်းသစ်တဲ့ ဒဏ်ရာတွေ တပ်ရမယ် ‪#‎Design‬ တေဇာ (လရောင်လမ်း) Image: temphis.deviantart.com

အတိုးဆုံးကဗျာများ (၅၄)

နေရင်းထိုင်ရင်း သံဆူးကြိုးရှနိုင်တယ် နေရင်းထိုင်ရင်း လွတ်လပ်နိုင်တယ် အဓိပ္ပာယ်နှစ်မျိုးပေါင်းပြီး စကားလုံးအသစ် လမ်းလျှောက်ထွက်ခဲ့ ‪#‎Milieu‬ အသစ်တစ်ခု ကမ္ဘာကို အဝေးကလေ့လာနေတဲ့ ဂြိုဟ်သားရဲ့ အံ့အားသင့်မှု ‪#‎Shift‬ ဘယ်လို သရုပ်ဆောင်ရပါသလဲ ကိုယ့်သေတွင်းကိုယ်တူး ခုန်ချပြီး မြေလာဖို့ပေးသူမရှိမှ ပြန်တက်လာရတဲ့ မျက်နှာ ‪#‎Heuristic‬ ငါ့ရဲ့ ရှေးရိုးစွဲမှုက ကျောက်ခေတ်ဆီ ပြန်ပို့တယ် မိန်းမကောင်းတစ်ယောက်လို ဘယ်ရီသီးခူးရမယ့် လမ်းကိုသိတယ် #Juxtapose မြက်ပင်ရဲ့ ထိပ်ဖျားလေးကို ကြောင်ကလေးဟာ စားတယ် သူ့အတွေးအခေါ်ကို ကျွန်တော်သဘောတူတယ် ‪#‎Exorcise‬ တေဇာ (လရောင်လမ်း) Image: www.wallpapersdb.org

ရဟတ် (၂)

သူမ ဘေးသိုင်းအိတ်ထဲက မှတ်စုစာအုပ်လေးကိုထုတ်ပြီး ပြင်သစ်ဘာသာနဲ့၊ "ကစားကွင်းရဲ့ ရဟတ်ထဲမှာ ကျွန်မ ပိတ်မိနေလို့ ကူညီပါ" လို့ ရေးလိုက်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ စာရွက်လေးကို ပစ်ချလိုက်တယ်။ စာရွက်လေးက လေထဲမှာ ၀ဲပျံသွားတယ်။ လေက မြို့ဆီကို ဦးတည်တိုက်ခတ်နေတာ၊ ဒီတော့ ကံကောင်းရင် အဲဒီကို ရောက်သွားမှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ဒါကို ကောက်ယူပြီး၊ ဖတ်ကြည့်ပါ့မလား။ ဖတ်ကြည့်တယ်ဆိုဦးတော့ ယုံပါ့မလား။ နောက်ထပ်စာရွက်တစ်ရွက်ထပ်ဖြဲပြီး အထဲမှာ သူမ နာမည်နဲ့ လိပ်စာပါထည့်ပြီး အဲဒီစာသားကို ထပ်ရေးလိုက်တယ်။ ဒီလိုဆိုရင် ပိုယုံကြည်ချင်စရာကောင်းသွားပြီ။ ဒီလောက်ဆိုရင် နောက်ပြောင်ထားတာလို့ လူတွေထင်တော့မှာမဟုတ်ဘူး၊ သူမ တကယ်ဒုက္ခရောက်နေမှန်း သိနိုင်လောက်တယ်။ မှတ်စုစာအုပ်ထဲက စာရွက်တွေ တစ်ဝက်လောက်နီးပါး လေထဲလွှင့်လိုက်လို့ ကုန်သွားတယ်။ ရုတ်တရက် အကြံတစ်ခု ရလာတာနဲ့ တစ်ဆယ်တန်တစ်ရွက်ပဲချန်ထားပြီး ပိုက်ဆံအိတ်ထဲက ပစ္စည်းတွေ အကုန်ထုတ်လိုက်တယ်။ အထဲမှာ "အပေါ်က ရဟတ်ထဲမှာ အမျိုးသမီးတစ်ယောက် ပိတ်မိနေလို့၊ ကျေးဇူးပြုပြီး ကူညီပါ" လို့ ရေးပြီး ပိုက်ဆံအိတ်ကို အောက်ပစ်ချလိုက်တယ်။ ပိုက်ဆံအိတ်က အောက်ကို တည့်တည့်ကျသွ

ရဟတ် (၁)

တစ်ခုသောနွေရာသီမှာတော့ ပြင်သစ်နယ်စပ်နားက ဆွစ်ဇာလန်မြို့ငယ်လေးအခုမှာ မိရုတစ်ယောက်တည်း သွားနေခဲ့တယ်။ အဲဒီတုန်းက သူမအသက်က နှစ်ဆယ့်ငါးနှစ်၊ ပြင်သစ်မှာနေပြီး ပီယာနိုသင်နေခဲ့တဲ့ အချိန်။ ဒီမြို့လေးကို ရောက်လာရတဲ့အကြောင်းရင်းကတော့ အလုပ်ကိစ္စ ညှိနှိုင်းစရာလေးတွေ လုပ်ဖို့ သူမအဖေက တောင်းဆိုလို့ပဲ။ အလုပ်ကိစ္စကတော့ ခပ်ရိုးရိုးပါပဲ၊ တစ်ဖက်လူတွေနဲ့ ညစာထိုင်စား၊ ပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးကြပေါ့။ ဒီမြို့လေးကိုတော့ မိရု မြင်မြင်ကတည်းက မျက်စိကျနေခဲ့တယ်။ အလယ်ခေတ်ရဲတိုက်ကြီးတစ်ခု ဘေးမှာရှိနေတဲ့ ရေကန်ကြီးတစ်ခုနဲ့၊ ချစ်စရာကောင်းတဲ့ နွေးထွေးပျော်ရွှင်ဖွယ် မြို့လေးပဲ။ ဒီမြို့လေးမှာ နေရရင်တော့ ပျော်စရာကောင်းမှာပဲလို့ အတွေးဝင်မိတော့ နေဖြစ်အောင်နေကြည့်လိုက်ဦးမယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ နောက်တစ်ချက်ကလည်း၊ အနားက ရွာတစ်ရွာမှာ ဂီတပွဲတော်တစ်ခု တိုက်တိုက်ဆိုင်ဆိုင် ကျင်းပနေတယ်။ ဒီတော့လည်း ကားငှားလိုက်တာနဲ့ သူမအနေနဲ့ အဲဒီကို နေ့တိုင်းသွားဖို့ အခွင့်သာနေတော့တယ်။ ကံကောင်းချင်တော့ ယာယီနေဖို့အတွက် ပြင်ဆင်ပြီးသား အခန်းသန့်သန့်လေးတစ်ခုကို ရှာတွေ့တယ်၊ မြို့စွန်က တောင်ကုန်းတစ်ခုထိပ်မှာ ဆောက်ထားတဲ့ သပ်ရပ်နှစ်လိုဖွယ် အဆောက်အ

ထာဝရသို့ ထွက်ခွာရာ ခြေလှမ်းများ

မြို့ပြင်တစ်နေရာ၊ သစ်တောနှင့် သီးနှံစိုက်ခင်းများအနီး၊ မျက်မမြင်ကျောင်းဝန်းတစ်ခု၏ နှစ်လိုဖွယ် ခေါင်းလောင်းစင်အနီး၊ သူတို့နှစ်ယောက် အိမ်နီးချင်းများအဖြစ် ကြီးပြင်းခဲ့သည်။ အခုတော့ သူတို့ အသက်နှစ်ဆယ်၊ တစ်ဦးနှင့်တစ်ဦး မမြင်ရသည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီ။ သူတို့နှစ်ဦးကြား ပျော်ရွှင်နွေးထွေးမှုတို့နှင့် အဆင်ပြေစွာရှိခဲ့သော်လည်း အချစ်အကြောင်းတော့ မပြောခဲ့ဖူး။ သူ့နာမည်က နျု၊ သူမ နာမည်က ကက်သရင်း။ နေ့လယ်ခင်းတစ်ခုတွင် နျုက ကက်သရင်း၏ အိမ်တံခါးကို ခေါက်လိုက်သည်။ ကက်သရင်းက တံခါးဆီသို့ ထွက်လာသည်။ သူမ ဖတ်လက်စ ပြောင်ပြောင်လက်လက် မဂ္ဂဇင်းထူထူတစ်အုပ်ကို ကိုင်လာသည်။ မဂ္ဂဇင်းက သတို့သမီးတို့အတွက် ဦးတည်ရေးသားထားသည်။ သူ့ကို မြင်သောအခါ "နျု" ဟု သူမက အံ့သြစွာ အော်ခေါ်လိုက်သည်။ "လမ်းလျှောက်ဖို့ လိုက်ခဲ့ပါလား" ဟု သူကပြောသည်။ သူက ရှက်တတ်သည်။ ရှက်တတ်သည်မှ ကက်သရင်းနှင့်တွေ့လျှင်တောင် ရှက်တတ်သည်။ သူ့ရှက်ရွံ့မှုကို စိတ်မပါသည့်စကားပြောဟန်ဖြင့် သူက ဖုံးကွယ်ထား၏။ စကားပြောနေစဉ်အတွင်း သူ့စိတ်တို့က အခြားအဝေးတစ်နေရာသို့ ရောက်နေသလိုမျိုး။ အထူးစုံထောက်တစ်ယောက်က အဝေးတစ်နေရာမှ အန္တရာယ်ရှိသည့် လှလှပ

ဘ၀သည် ဟာသတစ်ပုဒ်

ကျွန်မ သေတုန်းက မြင်တဲ့သူတစ်ယောက်မှ အနီးအနားမှာ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းပဲ သေသွားတယ်။ ဒါလည်း အဆင်ပြေပါတယ်။ တချို့လူတွေကတော့ အနားမှာ ကိုယ့်ကိုမြင်မယ့်သူ တစ်ယောက်မှမရှိဘဲ တစ်ယောက်တည်းသေရတာဟာ သိပ်ကိုကြေကွဲစရာကောင်းတယ်လို့ ထင်ကြတယ်။ ကျွန်မအထက်တန်းကျောင်းတုန်းက ရည်းစားက ကျွန်မကို လက်ထပ်ချင်ခဲ့တယ်၊ သူ့အကြောင်းပြချက်က ဘ၀မှာအရေးအကြီးဆုံးအရာက မျက်မြင်သက်သေရှိဖို့ပဲတဲ့။ အထက်တန်းကျောင်းက ရည်းစားကို ဘ၀တစ်လျှောက်လုံး အနားမှာရှိခိုင်းဖို့၊ ဒီလိုဆိုရင်တော့ မျက်မြင်ကိုယ်တွေ့တွေ အများကြီးဖြစ်နေမှာပဲ။ အရေးကြီးတဲ့အရာ မှန်သမျှကို မိန်းမတစ်ယောက်က မျက်မြင်သက်သေအဖြစ် ရှိနေတော့မှာပဲ။ ဘေးနားမှာအမြဲတမ်း ရှိနေပြီး သူများဘ၀တစ်ခု အထုပ်ပြေတာကြည့်နေဖို့လား၊ ဒါ ဇနီးမယားတစ်ယောက်ဖြစ်ဖို့အတွက် အကြောင်းရင်းဆိုတဲ့ စိတ်ကူးကိုတော့ ကျွန်မ မနှစ်မြို့ဘူး။ ဒါပေမဲ့ အခုတော့ သူ့ ကျွန်မ ပိုနားလည်နိုင်လာပြီ။ ကိုယ့်ဘ၀ကို ကြည့်မြင်ဖို့အတွက်၊ အဲဒီအကြောင်း ညတိုင်း ဆွေးနွေးဖို့အတွက် ကိုယ်ချစ်ရသူတစ်ယောက် အနားမှာရှိနေတယ်ဆိုတာ ခပ်သေးသေးကိစ္စတော့ မဟုတ်ဘူး။

အတိုးဆုံးကဗျာများ (၅၃)

နောက်ကနေ မျက်လုံးကို ခပ်ဖွဖွပိတ်လိုက်ပြီးမှ ငါ့မှာ နာမည်မရှိကြောင်းသတိရလာတယ် ငါ ကြောက်မိတော့မယ် ‪#‎identityIII‬ ကော်ဖီသောက်လိုက်တယ် ပြီးတော့ ခွက်ထဲကို စူပါယင်ကောင်တစ်ကောင် ခုန်ချလိုက်ပြန်တက်လိုက် လုပ်ဖူးတယ်လို့ ယုံကြည်လာတယ် ‪#‎LucidDream‬ ဝမ်းနည်းခြင်းအထိမ်းအမှတ်ငြိမ်သက်မှုအတွင်း ဟက်ဟက်ပက်ပက် ထရယ်ပြီးမှ အားလုံးကို ထိုင်အားနာနေလိုက်တယ် ထွက်ပြေးပျောက်ကွယ်သွားမှုက ပိုမိုလွယ်ကူတယ် #GuiltyConscience နေရင်းထိုင်ရင်း သံဆူးကြိုးရှနိုင်တယ် နေရင်းထိုင်ရင်း လွတ်လပ်နိုင်တယ် အဓိပ္ပာယ်နှစ်မျိုးပေါင်းပြီး စကားလုံးအသစ် လမ်းလျှောက်ထွက်ခဲ့ ‪#‎milieu‬ လျှောက်နေရင်းတန်းလန်း ချာခနဲနောက်ပြန်လှည့် လာရာလမ်းအတိုင်း ပြန်လျှောက်တယ် နောက်ယောင်ခံရ ခက်ဖို့ ‪#‎Paranoid‬II တေဇာ (လရောင်လမ်း) Image: http://nl.hqhdwalls.com

#‎deactivate‬ (Rubber Birds on the Plastic Horizon)

ဘာကြောင့်မှန်းတော့ မသိဘူး၊ နောက်က ဒိုင်နိုဆောကြီးလိုက်လာတော့ ကားကို မင်း အပြင်းအထန် မောင်းပြေးမယ်၊ ကြက်သီးမွှေးညှင်းထမယ်၊ ကြောက်မယ်၊ ဆံပင်တွေ ထောင်လာမယ် ခဏနေတော့ ကားမောင်းစွမ်းရည်ပြချင်လာမယ် လွယ်လွယ်မသေမှန်း သိလာမယ် လွတ်မြောက်ဖို့လည်း ယုံကြည်ချက်ရှိလာတယ် ဒါပေမယ့် အချိန်ကြာလာတယ်၊ ဘယ်လိုကြီးလဲ မင်း စိတ်ပျက်လာမယ် သံသယဝင်လာတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ခဏနေ ဒိုင်နိုဆောကြီး မင်းကိုအမှုမထားပဲ ပရိုဂရမ်တကျ ပတ်လမ်းအတိုင်း ကျော်တက်ပြေးလွှားသွားတော့ မင်း တကယ်ရူးသွားတယ်၊ တွေဝေတယ်၊ ပီးဆုံးဖြတ်ချက်ချတယ် ကားစက်နှိုးပီး အသံထွက်ပီးမီးပဲပွင့်တဲ့သေနတ်နဲ့ နောက်ကလိုက်ပစ်မယ် အဲဒီတော့ မင်းပျော်လာမယ် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်လာမယ် မင်းနာမည်က ရမ်ဘိုလို့ မှတ်မိလာမယ်၊ ချေမှုန်းသုတ်သင်ရေးစိတ်ဝင်လာမယ် စစ်သွေးကြွလာတယ် ဒါပေမယ့် ဒါလည်း အချိန်ကြာလာတယ်၊ မင်းပျင်းလာမယ် စိတ်ကုန်သွားတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ဒိုင်နိုဆောအသစ်တွေ ရမ်ဘိုအသစ်တွေ မင်းဘေးက တလှည့်စီဖြတ်ပြေးသွားကြမယ် ရမ်ဘိုအကြီးတချို့က နေကာမျက်မှန်အောက်ကနေ မ

အတိုးဆုံးကဗျာများ (၅၂)

ပျော်ရွှင်မှုအသစ်တိုင်းကို စနစ်တကျ လွဲချော်ခဲ့ ရေလွှာလျှောအောက်ခြေက ဘလိပ်ဓားစတစ်ကာကို ခွာမယ် ‪#‎Paranoid‬ I ဆူးတောင်အတုနဲ့ စနောက်တဲ့သူကို မှိန်းနဲ့ ၀ိုင်းထိုးလိုက်တယ် ငါးမန်းအစစ် မလာတော့ဘူး #Deformation အရိုးစုများစွာ တွေ့ရလေ့ရှိတဲ့ ဝင်္ကပါလမ်းကို ကျော်လာတယ် သိစိတ်နဲ့ ကြောက်ပီး မသိစိတ်နဲ့ ပျော်တယ် #Labyrinth II ရှေးဦးလူသား ကျောက်ဆက်ပန်းဆွဲကို ငေးရင်း မှေးခနဲ အိပ်ပျော်သွားတဲ့ နေရာမှာ ပုံပြင်ကို မဆက်တော့ပါနဲ့ #‎Stalactites‬     အရမ်းကို အရေးကြီးသွားတယ် လက်သည်းပြင်ခြေရင်းမှာ သာတဲ့ လ,ရဲ့ အခြားတစ်ခြမ်းဟာ တကယ်မရှိဘူးတဲ့ ‪#‎Lunula‬ တေဇာ (လရောင်လမ်း) Image: 1ms.net

တစ်ကွက်စာ ပြဇာတ်

ကျွန်တော့်အိမ်ကပ်လျက်က ကော်ဖီဆိုင်မှာ ချစ်စရာကောင်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ရှိတယ်။ အဲဒီက စားဖိုခန်းမှာလုပ်တဲ့ ဘန်နီရဲ့ အပြောအရ သူ့နာမည်က "ဆစ်ခ်မာ"။ ဘဲမရှိဘူး၊ ပြီးတော့ ဆေးလေးဝါးလေးလည်း သုံးစွဲတတ်တယ် ဆိုပဲ။ ကော်ဖီဆိုင်မှာ သူ စားပွဲထိုးမလုပ်ခင်တုန်းက ကျွန်တော် အဲဒီဆိုင်ကို ယောင်လို့တောင် မရောက်ဖူးဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အဲဒီက စားပွဲတစ်ခုမှာ ကျွန်တော်အခန့်သားထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အက်ပရက်ဆို သောက်မယ်။ သတင်းစာထဲ ကျွန်တော်လျှောက်ဖတ်ထားတဲ့အကြောင်းတွေ၊ အခြား ဆိုင်လာထိုင်သူတွေရဲ့အကြောင်း၊ ကွတ်ကီးမုန့်အကြောင်း စသည်ဖြင့် သူနဲ့ စကားစမြည်ပြောမယ်။ တစ်ခါတလေဆို သူ့ကို ရယ်သွားအောင်တောင် ကျွန်တော် လုပ်နိုင်သေးတယ်။ သူရယ်တဲ့အခါကျ ကျွန်တော်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်သွားကြည့်ကြမလားလို့ သူ့ကို ကျွန်တော် ဖိတ်ခေါ်မိလုနီးနီးဖြစ်သွားတာ မကြာခဏပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်ဆိုတာက ဗြောင်ကျလွန်းတယ်။ ရုပ်ရှင်ဆိုတာ ညစာစားဖို့၊ ဒါမှမဟုတ် ကမ်းခြေမှာတစ်ပတ်လောက် အချိန်သွားဖြုန်းဖို့ မဖိတ်ခင် အစပြုရမယ့် ခြေလှမ်းပဲ။ စော်တစ်ပွေကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ပြီဆိုကတည်းက တစ်ခုပဲြ

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၂)

ဒီလိုနဲ့ ခဏအကြာမှာ ဂျော့လည်း တကယ်အိပ်ပျော်သွားတယ်။ အပူချိန်မြင့်နေတဲ့အခန်းထဲ ခေါင်းကို အနေအထားမမှန်မကန်နဲ့ အိပ်နေရင်း ဂျော့တစ်ယောက် ဂလော်ရီယာအကြောင်းကို အိပ်မက်မက်နေတယ်။ ပြန်နိုးလာတော့ ဆေးရုံအခန်းဟာလည်း သူ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်။ ဘယ်ဟာ အစစ်အမှန်လဲ၊ ဘယ်ဟာ အိပ်မက်လည်း ခွဲခြားဖို့ကြိုးစားရင်း သူ့ဘေးနားက စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျော့စစ်ဆေးကြည့်မိတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဂလော်ရီယာ သူ့အတွက်ယူလာတဲ့ ပန်းပင်နဲ့ မဂ္ဂဇင်းလည်းပါတယ်။ မဂ္ဂဇင်းရဲ့ အဖုံးကတော့ ဂျော့မက်နေတဲ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု သိပ်ကိုဖြစ်နိုင်တယ်။ ဒါနဲ့ သူလည်း ဘေးကို ပစ်ထားလိုက်တယ်။ တကယ် စစ်မှန်တာတစ်ခုကို ဖတ်နိုင်ဖို့အတွက် ပန်းပင်ရဲ့ ပင်စည်မှာ တွဲချည်ထားတဲ့ စာရွက်လေးကို ဖတ်လိုက်တယ်။ စာသားကတော့ အတော်လေးစစ်မှန်ပါတယ်။ ပန်းပင်ရဲ့ ရုက္ခဗေနာမည်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီစာသားလည်း ပြီးရော နောက်စာသားတွေက ရုတ်တရက် ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တယ်။ "သတိ။ မှတ်ပုံတင်ထားပြီး အပင်မျိုးစိတ်ဖြစ်သည်။ လိင်မဲ့မျိုးပွားခြင်းကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်" လို့ ရေးထားတယ်။ *****

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၁)

ဂျော့က ဓမ္မဆရာရဲ့သား၊ ပြီးတော့ ဓမ္မဆရာရဲ့ မြေးဆိုလည်းဟုတ်တယ်။ ကိုရီးယားစစ်ပွဲကို ရောက်ခဲ့တယ်။ စစ်ကြီးပြီးတော့ သူလည်း ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အပေါက်ကျဉ်းဆိုတာ မကြုံဖူးသေးတဲ့ လူငယ်လေး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်။ ဒီတော့ ရှီကားဂိုးတက္ကသိုလ်ကို တက်တယ်။ ဘာသာရေးတင်မကဘူး၊ လူမှုသိပ္ပံ၊ စိတ်ပညာ၊ ပြီးတော့ မနုဿဗေဒကိုတောင် သင်ယူခဲ့သေးတယ်။ တစ်နှစ်ပတ်လုံး ကျောင်းတက်လာအပြီး နွေရာသီတန်းခွဲအရောက်မှာ "မှုခင်းရေးရာ" ဘာသာရပ်အတွက် အတန်းတစ်ခုရှိနေတာ တွေ့ရတယ်။ ရာဇ၀တ်သားတွေအကြောင်း ဂျော့က ဘာဆိုဘာမှမသိဘူး။ ဒီတော့လည်း သင်တန်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ "စိန့်ပရဲယားဂရပ်ဇ်" ဆိုတဲ့ နာမည်နဲ့ အကျဉ်းသူတစ်ယောက်ကို တွေ့ဆုံမေးမြန်းဖို့ နယ်မြေအကျဉ်းထောင်တစ်ခုဆီ သူ့ကို လွှတ်လိုက်ကြတယ်။ အကျဉ်းသူဆိုတာက၊ ကြေးစားလူသတ်သမားနဲ့ သူခိုးလို့ ပြောနေကြတဲ့ "ဘားနပ်ဂရပ်ဇ်" ဆိုသူရဲ့ မိန်းမပဲ။ ဂွကျတာက သူ့အကြောင်း ဘယ်လိုမှ သက်သေမပြနိုင်တာနဲ့ ဂရပ်ဇ်က အဖမ်းမခံရပဲ အပြင်မှာပဲ လတ်လျားလတ်လျား ဖြစ်နေတယ်။ သူ့မိန်းမကတော့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ထောင်ထဲရောက်နေလေရဲ့။ ဂရပ်ဇ်ခိုးထားတာတွေဆိုတာ

#လက်ဆောင်

 ငါနိုးထ..။ ကုန်ရန်ခက်ခဲ ည၊ နိုးတစ်ဝက်တောင်ကုန်း၊ တောအုပ်နဲ့ ရေကန်များရဲ့ ကမ္ဘာပေါ်သွန်းချ သူမ၏ လရောင်တေးသံ၊ ပြီး တိုးတိတ်လက်ချောင်းများနှင့်အတူ လိုက်ပါလာသော လေပြည် ရိုးတံရှည်များထက်။ အာရုဏ်ချိန်က ငါ့ဆီ ရွှေအိုရောင်ကျေးငှက်တေးသွား လက်တစ်ဆုပ်ဖြင့် ကမ်းလင့်ညင်သာ။ #လက်ဆောင် တေဇာ (လရောင်လမ်း) A Gift by Leonora Speyer ကို ဆီလျော်သလို။ Image: http://naldzgraphics.net

ဖြစ်စဉ် (၁)

ကျောကုန်းမှာ ရှပ်ဖောက်ထားတဲ့ ငါးမျှားချိတ်နဲ့ လာစားမယ့် ငါးရံ့ကို သွေးရူးသွေးတန်းမျှော် ငါးဖျင်းသလပ် ရေမျက်နှာပြင်ပေါ် ဖော့ဟာ ကြိုးအရှည် ခွင့်ပြုသလောက် ကူးခတ် အပေါ်က ငြိမ်သက်နေတဲ့ ငါးမျှားတံထိပ် မလှုပ်မယှက် နှုတ်ဆိတ်နေတဲ့ ပုစဉ်းတစ်ကောင် လူက အိမ်ပြန်နားပြီး သူဖမ်းနေတဲ့ ငါးဟာ အိပ်မောကျနေစဉ် ပတ်ဝန်းကျင်ဖြစ်စဉ် #‎ phenomenon‬ တေဇာ (လရောင်လမ်း) နိုဝင်ဘာ ၂၀၁၄  Image: queen0fsnail.deviantart.com   ‪

အတိုးဆုံး ကဗျာများ (၅၁)

ငှက်ကလေးကို လေထဲပြန်လွှတ်လိုက်သလို လွတ်လပ်မှုမျိုးမဟုတ်ဘူး အမျိုးကောင်းသမီးတန်မဲ့ တံမြက်စည်းပျံကြီးစီးပီး ပျံတက်သွားစမ်းပါ #transcendence နေပူဆာလှုံနေတဲ့ ကြောင်ကလေးရဲ့ စိတ်ထဲမှာ စလိုးမိုးရှင်းကြွက်တွေ ရှိနိုင်တယ် ‪#‎euphoria‬ ပြွတ်သိပ်နေတဲ့ ကြယ်ကလေးတွေအချင်းချင်း ကြားက အကွာအဝေး အနာဂတ်တစ်ခုမရှိဘူး စိတ်ကူးယဉ်ပုံပြင်တွေအများကြီး ငါတွေးခေါ်နိုင်တယ် ‪#‎Interstellar‬ မကြောက်ပါနဲ့လို့ ကိုယ်မတားနိုင်ဘူး သရဲတစ်ကောင်တည်းကို အတူတူမြင်ပေးနိုင်တယ် #mutuality ဘာဆိုဘာမှ မလေးနက်ခဲ့ရဘူး ပင်လယ်ရေမျက်နှာပြင်အထက် မိုင်ထောင်ချီပျံတက်ခဲ့သည်မှအပ ငါ ကျွမ်းကျင်စွာ ပျက်ကျခဲ့ရာ ကျွန်း ‪#‎altitude‬ တေဇာ (လရောင်လမ်း) Image: www.youwall.com

မှော်ပုဇွန်လုံး

< ၁ > ဂျယ်ရမီးက ကော်နီကျွန်းကလေးမှာ သူ့အဖေ၊ အမေနဲ့ အစ်မ ဆယ်လိုတို့နဲ့အတူ နေတယ်။ သူမွေးကတည်းက ပင်လယ်ရနံ့တွေကိုပဲ အသက်ရှူသွင်းခဲ့တယ်။ ကမ်းခြေမှာ လမ်းလျှောက်ရတာလောက် သူပိုပြီးနှစ်သက်တဲ့အရာ မရှိတော့ဘူး။ နေပူပူမိုးရွာရွာ ဂျယ်ရမီးတစ်ယောက်ကတော့ ပင်လယ်ကမ်းစပ်ကို ရောက်တာချည်းပဲ။ အဝေးက သင်္ဘောတွေကို ငေးကြည့်မယ်၊ လှိုင်းပုတ်သံတွေ၊ ဘောကွင်းတွေဆီက ခေါင်းလောင်းသံတွေနဲ့ ဖားအော်သံတွေကို နားထောင်မယ်၊ သူ့ ခြေထောက်ဆီက သဲပွင့်တွေရဲ့ အရသာကို ခံစားမယ်၊ ပြီးတော့ ရွက်လွှင့်နေရတဲ့အကြောင်း စိတ်ကူးယဉ်မယ်ပေါ့။ ကမ်းခြေမှာလမ်းလျှောက်တိုင်း သူ ဆာလောင်မှုကိုခံစားရတာချည်းပဲ၊ ဂျယ်ရမီးအကြိုက်အစားအစာကတော့ ငါးပေါ့။ ပင်လယ်ထဲက ထွက်လာတဲ့ ဘယ်အရာမကိုမဆို သူ ကြိုက်တာချည်းပါပဲ။ တစ်နေ့မှာတော့ ပင်လယ်ထဲ ရွက်တိုင်သုံးခုတပ် ရွက်လှေကြီးတစ်စင်း ဖြတ်သွားတာကို မြင်ခွင့်ရလိုက်ပြီး၊ ရေစပ်မှာ မြင်းခွာကဏန်းတစ်ကောင်လျှောက်သွားနေတာကို ထူးထူးခြားခြားကြုံတွေ့ရတဲ့ ပြီးပြည့်စုံတဲ့ လမ်းလျှောက်အပြန်မှာ သူ့အမေက သူ့အတွက် ပုဇွန်လုံးတွေ ၀ယ်ထားတာ တွေ့ပြီး ဂျယ်ရမီး ပျော်သွားတယ်။ ပုဇွန်လုံးတွေက မီးဖိုချောင်စားပွဲမှာ အရှင်တွေ၊ ခြေချောင်းတွေနဲ့ နှုတ်