ကျောကုန်းမှာ ရှပ်ဖောက်ထားတဲ့ ငါးမျှားချိတ်နဲ့
လာစားမယ့် ငါးရံ့ကို သွေးရူးသွေးတန်းမျှော် ငါးဖျင်းသလပ်
ရေမျက်နှာပြင်ပေါ် ဖော့ဟာ ကြိုးအရှည် ခွင့်ပြုသလောက် ကူးခတ်
အပေါ်က ငြိမ်သက်နေတဲ့ ငါးမျှားတံထိပ်
မလှုပ်မယှက် နှုတ်ဆိတ်နေတဲ့ ပုစဉ်းတစ်ကောင်
လူက အိမ်ပြန်နားပြီး သူဖမ်းနေတဲ့ ငါးဟာ အိပ်မောကျနေစဉ်
ပတ်ဝန်းကျင်ဖြစ်စဉ်
#phenomenon
တေဇာ (လရောင်လမ်း)
နိုဝင်ဘာ ၂၀၁၄
Image: queen0fsnail.deviantart.com

Comments
Post a Comment