Skip to main content

Posts

Showing posts with the label သီချင်းခံစားမှု

အပျံကျင်လည်သော ဇင်ယော်ငယ်၏ ခရီးဝေး

နေရာ (၁) ကျေးလက်တောတန်း နေရာက မြို့ပြများလည်း ကျော်လွန်ရင်း မိုင်ထောင်ချီတဲ့အတွေးတွေရယ် ပင်လယ်ပြာရေမွှာဖြူ လှိုင်းများကြားမှာ ဇင်ယော်လို ကျင်လည်စွာဖြတ်သန်းခြင်း ခရီးဝေး… ပျောက်ဆုံးစာရင်း ၀င်နေတဲ့ ကျွန်ကလေးတစ်ကျွန်း တစ်နေရာက ရင်ခုန်သံတွေနဲ့အတူတူ ကိုယ်ရှာဖွေနေတဲ့ ကိုယ့်ဘ၀ကို ဘယ်နေရာမှာ ပြန်လည်တွေ့ရှိမလဲ အချစ်ရေ… မင်းနဲ့ဝေးတဲ့နေ့တွေမှာ ဒီကမ္ဘာမှာ နေစရာမရှိခဲ့ မင်းပျောက်သွားတဲ့နေ့တွေကို လိုက်လျှောက်ဖို့နေရာမရှိခဲ့ ကိုယ့်ရဲ့ အားနည်းချက်ဟာမင်း ကိုယ့်ရဲ့ ချို့ယွင်းချက်ဟာမင်း… မင်း… အသိုက်မဲ့ငှက်တေလေရဲ့အတွေးထဲမှာ ငယ်စဉ်ခိုနားဖူးတဲ့နားခိုရာဆီ လမ်းပျောက်တဲ့သိုးတွေလိုပဲ တမ်းတမယ် ပျော်ရွှင်ကျက်စားဖူးတဲ့ ကိုယ့်နေရာလေးက ဘယ်မှာ မင်းမရှိတဲ့ကိုယ့်စိတ်ထဲမှာ နေ့ဟာနေ့နဲ့မတူဘူး ညဟာ ညနဲ့မတူဘူး ကြင်နာသူမင်းက ယုံကြည်ပါ ကိုယ့်စိတ်ရှိတဲ့နေရာ ကြင်နာသူမင်းက ယုံကြည်ပါ ကိုယ့်အသက်ရှိတဲ့နေရာ ဒီကမ္ဘာမှာ အလိုချင်ဆုံး… မင်းကတော့ ကိုယ့်ဘ၀ထဲကနေရာ မင်းကတော့ နှလုံးသားရှိတဲ့နေရာ...။ နေရာ >>

စကားဝှက်နှင့်တူသော လူ

ချစ်သူမသိတဲ့ ငါ ငါဟာ တိမ်တိုက်နဲ့ တူတယ်လို့ ပြောတယ် တကယ်ဆို အချစ်လေးမင်း မသိပါကွယ် ငါဟာ အိပ်မက်နဲ့ တူတယ်လို့ ပြောတယ် တကယ်ဆို အချစ်လေး အမှန်ကို နားမလည် ငါဟာ စကားဝှက်နဲ့ တူတယ်လို့ ပြောတယ် ရင်ထဲကငါ့ တကယ် ခံစားချက်ကို ဖုံးကွယ် ရင်ခုန်သံကို ငါလျှို့ဝှက် မင်းအနားက ရှောင်ဖယ်ြ ကင်နာသူရဲ့ အချစ်စစ် သနားတယ် ပြန်မဆုံ နိုင်တဲ့ဆီ သူ ထွက်သွားတော့မယ် ရင်မှာ ဒီမျက်ရည် ချစ်သူ မတွေ့ စေချင်…။ ချစ်သူမသိတဲ့ ငါ >>

ငါဘယ်သူတုန်း... ???

ကြည့်မှန်တစ်ချပ်ရှေ့ ရပ်ကြည့် စကားပြော ငါ့အရိပ်နဲ့ငါ ဘယ်သူအမှန်တုန်း ... ကောင်းသောနေ့ပါနှုတ်ဆက် သွားတဲ့ မနေ့က မကောင်းမှုတွေ အားလုံး ... အပေါစားမျက်ရည်တစ်စက်နဲ့ လွမ်းတဲ့ ငါ့ရဲ့နှလုံးသား ငိုနေတုန်း ... အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း ... ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင် ရှာဖွေနေတုန်း ... အနက်ဆုံးတွင်းဘာလဲကွ မေးတဲ့ သူဌေးသားမင်းက ဒီကိုလာ ... အကောင်းဆုံးကားဘာလဲဗျ မေးတဲ့ စားပွဲထိုးလေးရယ် ဆောရီးပါ ... အနိမ့်အမြင့်လောကဓံများနဲ့ လောက စိတ်ဓာတ်ကျလို့ မနေနဲ့ဦး ... အပြစ်တင်ချင်တယ် လွဲအောင်ရှောင်ဖယ် ဟန်ဆောင်နေတုန်း ... ဟောဒီကမ္ဘာမှာ ငါ့ကိုယ်ငါတောင် ရှာဖွေနေတုန်း ... ဘာမှငါမကြားချင်ဘူး ... ငါ့ဘ၀ရဲ့အကြောင်းကို ပြောပါ ... ဘာမှငါ မသိချင်ဘူး ... ငါ့ဘ၀ကို ငါ့ကို ပေးပါ ... ဘာမှငါ မတောင်းဆိုဘူး ... ငါ့ဘ၀ကို ငါ့ဆီ အပ်ပါ ... သိချင်တယ်လေ တွေ့ချင်တယ် သိချင်တယ်လေ ... တွေ့ချင်တယ်လေ .. သိချင်တယ်လေ ကြားချင်တယ်လေ သိချင်တယ်လေ ... ငါဘယ်သူတုန်း .....။ ကိုလေးဖြူသီချင်းတွေထဲက ကျွန်တော် အကြိုက်ဆုံးများထဲမှ တစ်ပုဒ်ပါ .... ။ သူငယ်ချင်းတို့လဲ ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်...။