Skip to main content

စကားဝှက်နှင့်တူသော လူ

ချစ်သူမသိတဲ့ ငါ

ငါဟာ တိမ်တိုက်နဲ့
တူတယ်လို့ ပြောတယ်
တကယ်ဆို အချစ်လေးမင်း
မသိပါကွယ်

ငါဟာ အိပ်မက်နဲ့
တူတယ်လို့ ပြောတယ်
တကယ်ဆို အချစ်လေး
အမှန်ကို နားမလည်

ငါဟာ
စကားဝှက်နဲ့
တူတယ်လို့ ပြောတယ်
ရင်ထဲကငါ့ တကယ်
ခံစားချက်ကို ဖုံးကွယ်

ရင်ခုန်သံကို ငါလျှို့ဝှက်
မင်းအနားက ရှောင်ဖယ်
ကင်နာသူရဲ့ အချစ်စစ်
သနားတယ်
ပြန်မဆုံ နိုင်တဲ့ဆီ
သူ ထွက်သွားတော့မယ်
ရင်မှာ ဒီမျက်ရည်
ချစ်သူ မတွေ့ စေချင်…။

ချစ်သူမသိတဲ့ ငါ
<<<၀ိုင်ဝိုင်း>>>

Comments

  1. ခိုလုံနိုင်စရာ ရင်ခွင်မဲ့သူထဲ
    နွေလည်ခေါင်မှာ
    ကိုယ်တယောက်လည်း ပါတယ်
    နဂိုကရှိပြီးသား အလွမ်းအဆွေးဓတ်ကို
    ဆွပေးလိုက်သလိုပဲ အပြင်မှာပူသလို
    ရင်မှာပူလာရင်ခက်လှချည်ကွယ်.......

    PS_စိုင်းထီးစိုင် သီချင်နော်

    ReplyDelete

Post a Comment