Skip to main content

နှစ်ကိုယ်ကွဲလူသား (Dual Existence)

လူတစ်ယောက်ကို တစ်ချိန်တည်းမှာပဲ မတူညီသော နေရာ နှစ်ခုမှာ မြင်ခဲ့ရတယ်ဆိုတဲ့ ဖြစ်ရပ်များ အတော်များများ ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အာရုံသိမှုဘောင်ကို ကျော်လွန်ပြီး မိတ္တူပွား ခန္ဓာကိုယ်တစ်ခုရှိသလားဆိုတဲ့ မေးခွန်းတစ်ခု ထွက်ပေါ်လာပါတယ်။ တကယ်တော့ ဒီလိုမတော်တဆ ဖြစ်ရပ်များက ကျွန်တော်တို့ကို သို့သောသို့လော ဇဝေဇ၀ါဖြစ်မှုတွေ ကျန်ရစ်ခဲ့စေပါတယ်။ နိုင်ငံပေါင်းများစွာမှ ရုပ်ပိုင်းဆိုင်ရာ သုတေသန အဖွဲ့အစည်းတို့က ကမ္ဘာတစ်ဝှမ်းမှ တင်ပြလာတဲ့ ဒီလိုဖြစ်ရပ်များစွာကို စတင် စူးစမ်းလေ့လာ သုတေသန ပြုနေခဲ့ကြပြီ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ ဤသို့ နှစ်ကိုယ်ကွဲဖြစ်စဉ်များ ထောင်နှင့်ချီပြီး ရှိခဲ့ဖူးတယ်။ တူညီတဲ့အချိန် ကာလတစ်ခုအတွင်း ရုပ်ခန္ဓာက မတူညီတဲ့နေရာနှစ်ခုမှာ တစ်ပြိုင်တည်း တည်ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရပ် ခုနစ်ရာကျော် လောက်ကို Phantasm of the Living ဆိုတဲ့ စာအုပ်မှာ အကျယ်တ၀င့် ဆွေးနွေးခဲ့ဖူးတယ်။ လူအများစုမှာတော့ သူတို့ကို အခြားတစ်နေရာတစ်ခုခုမှာ မြင်ခဲ့ရကြောင်း ကိုယ်တိုင်တောင် သတိမပြုမိခဲ့ကြပါဘူး။

ဒါက ၁၉၀၈ ခုနှစ်တုန်းက အဖြစ်အပျက်တစ်ခုပါ။ အတိုက်အခံတွေဟာ အစိုးရကိုဖြုတ်ချဖို့ ရေကုန်ရေခမ်းကြိုးစားနေချိန်ဖြစ်ပါတယ်။ အိမ်တော်မှာ အစိုးရအဖွဲ့ဝင်များဟာ ပါလီမန် အစည်းအဝေး ထိုင်နေကြပါတယ်။ အစိုးရကိုကယ်တင်နိုင်ဖို့အတွက် ဥပဒေရေးဆွဲရေးပါတီဝင် များ အိမ်တော်မှာ မျက်နှာစုံညီရောက်ရှိနေဖို့ အရေးတကြီးလိုအပ်နေချိန် ဖြစ်ပါတယ်။ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဆာကွန်းရုရှ်ဟာ အဲဒီအချိန်မှာ အဖျားရောဂါနဲ့ အိပ်ယာထဲ လဲနေပါတယ်။ သူဟာ အဖျားဒဏ်ကြောင့် အစည်းအဝေးပွဲကို မတက်နိုင်ခဲ့ဘူး။ ဒါပေမဲ့ အစည်းအဝေး စတင်တဲ့အချိန်မှာတော့ သူ့ကို အိမ်တော်မှာရှိနေတာကို တွေ့ကြရတယ်။ အိပ်ယာထဲမှာပဲ လှဲနေရဖို့ဖြစ်နေတဲ့ လူတစ်ယောက်ဟာ အိမ်တော်ကို ဘယ်လိုနည်းနဲ့ ရောက်အောင်လာနိုင် ခဲ့သလဲလို့ လူတွေက အတွေးပွားကြတယ်။ တကယ်တော့ အိမ်တော်မှာ ခုလိုသူရှိနေသလို သူ့အိပ်ယာထဲမှာလည်း သူရှိနေတာပါပဲ။ ဆာ ဝေါ်လ်ကာ၊ ဆာ ဟက်တာနဲ့ ဆာ အိုနာမန်ဆိုတဲ့ အဖွဲ့ဝင်သုံးဦးက သူအိမ်တော်မှာရှိနေခဲ့ကြောင်း အခိုင်အမာ သက်သေခံကြတယ်။ အိမ်တော်မှာလုပ်တဲ့ အစည်းအဝေးကို သူတက်ရောက်ကြောင်း စာရွက် စာတမ်း၊ မှတ်တမ်းမှတ်ရာနဲ့တကွ အလေးထားဖော်ပြခဲ့ကြတယ်။

အလားတူဖြစ်ရပ်တစ်ခုကတော့ ကနေဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်။ ဗြိတိန်ကိုလံဘီယာစုဝေးပွဲကို ကနေဒါနိုင်ငံ ဗစ်တိုးရီးယားမြို့တော်မှာ ၁၈၆၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၃) ရက်နေ့မှာ ကျင်းပခဲ့ တယ်။ တည်ဆဲအစိုးရရဲ့အန္တရာယ်ဟာ တရိပ်ရိပ်ကြီးထွားလာနေချိန်ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချားလ်စ်ဝုဒ်ဆိုသူဟာ ဆိုးဆိုးရွားရွား ဖျားနာနေခဲ့တယ်။ သူ့အတွက် အသက်ရှင်ဖို့အခွင့်အလမ်း နည်းပါးလှတယ်။ အုပ်စုလိုက်ဓာတ်ပုံရိုက်ကြတဲ့အချိန်မှာတော့ ကုလားထိုင်ပေါ်ထိုင်နေတဲ့သူ့ကို အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့မြင်ကြရပါတယ်။

စဉ်းစားစရာကတော့ လူတစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ တစ်ချိန်တည်းမှာ မတူညီတဲ့နေရာနှစ်ခုမှာ ရှိနေနိုင်တာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ သိပ္ပံပညာက ဒီ နှစ်ကိုယ်ကွဲဖြစ်တည်မှုပုစ္ဆာကိုဖြေရှင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပြီးဖြစ်ပေမယ့် တိကျတဲ့အဖြေတစ်ခုကိုတော့ အခုထိ မဖော်ထုတ်နိုင်သေးပါဘူး။ လူတစ်ယောက်ဟာ သူ့ရဲ့ မူပွားခန္ဓာကိုယ်ကြီးနဲ့ အပြင်မှာ အရှင်လတ်လတ် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရတဲ့ကိစ္စမှာတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပါတယ်။ ဟားဘန်ကာ (Herr Banker) ရေးတဲ့ Gaspanter and Scoop ဆိုတဲ့ စာအုပ်ထဲမှာ ဒီလိုဖြစ်ရပ်တွေကို အလျှံပယ်တွေ့မြင်နိုင်ပါတယ်။ ဒီအထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ ဖြစ်ရပ်တစ်ခုကိုပြရရင် ညနေခင်းအိမ်ပြန်ရောက်တဲ့အခါမှာ မိမိရဲ့ ပုံဆွဲဘုတ်နဲ့ အလုပ်လုပ်နေတဲ့လူတစ်ယောက် ကို တွေ့ခဲ့ရတဲ့ မြူးနစ်မြို့က အင်ဂျင်နီယာတစ်ယောက်ရဲ့ဖြစ်ရပ်ပါ။ ခွင့်ပြုချက်မရဘဲ အိမ်ထဲဝင်ပြီး သူ့ပုံဆွဲဘုတ် ကို အသုံးပြုနေတဲ့ လူတစ်ယောက်ကိုတွေ့လိုက်ရချိန်မှာ သူ အကြီးအကျယ်ဒေါသထွက်သွားမိတယ်။ အဲဒီလူရဲ့ အနားကိုရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ဒေါသတွေဟာ အံ့အားသင့်မှုအဖြစ်ကို ကူးပြောင်းသွားတော့တယ်။ ပုံဆွဲ ဘုတ်ကိုအသုံးပြုနေသူဟာ သူကိုယ်တိုင်ပင် ဖြစ်နေတာကြောင့်ပါ။ ခဏလောက် သူ့ရဲ့ကိုယ်ပွားကို ငေးကြည့်နေ မိပြီးတဲ့နောက် မိတ္တုခန္ဓာကိုယ်ဟာ လေထဲကို တိမ်မြှုပ်ပျောက်ကွယ်သွားတော့တယ်။ အဲဒီနောက်မှာ ပုံဆွဲဘုတ် ပေါ်ကစာရွက်ကို သူ စစ်ဆေးကြည့်လိုက်တယ်။ နှစ်အနည်းငယ်အတွင်း မအောင်မြင်ခဲ့တဲ့ သူဆွဲဖို့ကြိုးစားနေတဲ့ ရုပ်ပုံအသေးစိတ်ကို စာရွက်ပေါ်မှာမြင်လိုက်ရတဲ့အချိန်မှာ အံ့သြသွားမိပါတော့တယ်။

(ဆက်ရန်)

◄ တေဇာ ►

Comments

  1. ကိုတာရာ က အဲ့ဒီ သဘောတရား ကိုပဲ (သို့) ခပ်ဆင်ဆင် ကို အနေအထိုင်မတတ်တဲ့ကြယ် ဆိုတဲ့ နာမည်နဲ့ဝတ္ထုရေးဖူးတယ်
    တခါတခါမှာ ကိုယ်တို့ ကိုက ကိုယ်တို့ ဆီကနေခွဲထွက်ပြီးတော့
    ကိုယ်တို့ စိတ်ရဲ့ ဖြစ်ချင်နေတဲ့ဆန္ဒတွေကို လိုက်လုပ်ပေးတာမျိုးပေါ့

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

You have 24 notifications about Eain and others