Skip to main content

Posts

Showing posts from 2009

စာရေးရသည့် အကြောင်းရင်း (၂)

ဤသို့ ကွဲပြားသော လှုံ့ဆော်မှုများသည် အချင်းချင်း ၀ိရောဓိ ဖြစ်လိမ့်မည် ဆိုသည်နှင့် လူတစ်ဦးမှတစ်ဦး တစ်ချိန်မှတစ်ချိန် ပြောင်းလဲမှုရှိလိမ့်မည် ဆိုသည်မှာ အလွယ်တကူ မြင်တွေ့နိုင်ပါသည်။ ပုံမှန်အားဖြင့် မိမိ၏ သဘာဝကို ရယူပိုင်ဆိုင်နိုင်သည့် အခြေအနေကို စတင်အရွယ်ရောက်သည့် အချိန်တွင် ရရှိပါသည်။ ကျွန်တော့်အနေဖြင့်မူ အဦးဆုံး လှုံ့ဆော်မှု သုံးရပ်သည် စတုတ္ထအချက်ထက် ပိုမိုအရေးပါပါသည်။ အပူအပင်ကင်းသည့် ကလေးဘ၀တွင် အဆင်တန်ဆာများ သို့မဟုတ် အဖွဲ့အနွဲ့ သက်သက်မျှသာဖြစ်သည့် စာအုပ်များ ကျွန်တော်ရေးချင်ရေးခဲ့နိုင်ပါသည်။ ကျွန်တော်၏ နိုင်ငံရေး ခံယူချက်ကိုလည်း သတိမပြုမိလုနီးနီး ရှိနေခဲ့နိုင်ပါသည်။ လက်ကမ်းစာစောင် ရေးသားခြင်း အလုပ်မျိုးကို ကျွန်တော် စေခိုင်းခံရဖူးပါသည်။ ပထမဦးဆုံးအနေဖြင့် မိမိနှင့် အံဝင်ခွင်ကျမဖြစ်သည့် အလုပ်တွင် ကျွန်တော် ငါးနှစ်တာကြာခဲ့ပြီး (Indian Imperial Police တပ်ဖွဲ့ဝင်အနေဖြင့် ဗမာပြည်တွင်) ဆင်းရဲမွဲတေမှုနှင့် အရှုံး၏အငွေ့အသက်ကို ရှူရှိုက်မိခဲ့ပါသည်။ ဤသည်က အာဏာပိုင်များအပေါ် ကျွန်တော်၏ ပင်ကိုယ်မုန်းတီးမှုကို တိုးပွားလာစေပြီး၊ အလုပ်သမားလူတန်းစား၏ တည်ရှိနေမှုကိုလည်း ပထမဆုံးအနေဖြင့် တင်းပြည့်ကျပ်ပြည့် သတိပြ

ဆန်တာခလောစ် ဒဏ္ဍာရီ

ချစ်ခင်နှစ်လိုဖွယ် ကောင်းလှသည့် ဆန်တာခလောစ် ပုံရိပ်သည် ယဉ်ကျေးမှုများ၊ စိတ်ကူးယဉ် ယုံတမ်းပုံပြင် အများအပြားဖြင့် စုံစီနဖာ ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ဆန်တာခလောစ် လူသားသည် ယနေ့ မြင်တွေ့နေရသည့် အသွင်အပြင်အတိုင်း အမြဲတမ်း မရှိခဲ့စေကာမူ သူ၏ မူလဇစ်မြစ်မှာ တကယ်တမ်းတော့ အခြေအမြစ် သိပ်မရှိလှပါ။ (၃) ရာစုအတွင်းက ရှိခဲ့သော ကက်သလစ် သူတော်စင်တစ်ဦး၏ လက်ဆောင်ပေးခြင်း အလေ့မှ ဆင်းသက်လာခဲ့ခြင်း ဖြစ်ပါသည်။ ခရစ်ယန် ပရိုတက်စတင့်ဂိုဏ်း ပေါ်ပေါက်လာခြင်းနှင့် ဥရောပ ယဉ်ကျေးမှုများ အမေရိကသို့ ပြောင်းရွှေ့ အခြေချလာခြင်း တို့ကြောင့် အဆိုပါ သာသနာတွင်း ပုံရိပ် (Pious Figure) သည် ယနေ့ကမ္ဘာတွင် အကျော်ကြားဆုံး ရုပ်ပုံဖြစ်သည့် အနီဝတ်စုံဝတ် အဖိုးအိုအဖြစ်သို့ တဖြည်းဖြည်း အသွင်ပြောင်းလာခဲ့သည်။ ပဉ္စလက် သယ်ယူပို့ဆောင်ရေး စနစ် (Magical Transportation System) နှင့် သူ၏ တန်ခိုးရှင်များတပ်ဖွဲ့ (Army of Elves) ၏ အမှတ်အသားကိုလည်း ပိုမိုပြီးပြည့်စုံစေခဲ့သည်။

ဆင့်ကဲဖြစ်စဉ် အပြေးသန်လာခြင်း

ဒီဇင်ဘာ (၂၄) ၂၀၀၉ ကွမ်တမ်ရူပဗေဒပညာရှင် စတီဖှင်ဟော့ကင်း (Stephen Hawking) က လူသားတို့သည် ဆင့်ကဲဖြစ်စဉ်၏ ပြောင်းလဲမှုအဆင့် အသစ်တစ်ရပ်သို့ ၀င်ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် လူသားတို့က ဉာဏ်ရည်မြင့် စက်ပစ္စည်းများ (Intelligent Machines) ကို ဖန်တီးခြင်းအားဖြင့် ရှေ့ဆက်သွားမည့် အရာပင် ဖြစ်သည်ဟု သူကဆိုသည်။ “ဆင့်ကဲဖြစ်စဉ်” (Evolution) သည် ယခုအပတ်ထုတ် Subscriber အင်တာဗျူး ခေါင်းစဉ်များထဲတွင် တစ်ခုအဖြစ် ပါဝင်သည်။ ဆင့်ကဲဖြစ်စဉ်သည် သဘာဝအားဖြင့် ကြုံရာကျပန်း ဗီဇပြောင်းလဲမှု (Mutation) များမှ နှစ်သန်းပေါင်းများစွာကြာ “သဘာဝရွေးချယ်မှု” (Natural Selection) ဖြစ်စဉ်ကို ကျော်လွန်ကာ  ဖြေးဖြေးမှန်မှန် ဖြတ်သန်းရှေ့ဆက်လေ့ရှိခဲ့သည်။ ယခုသော် ဆင့်ကဲဖြစ်စဉ်မှာ အရှိန်မြင့်လာခဲ့ပြီဖြစ်၏။ ဟော့ကင်းက အဓိကအပြောင်းအလဲကြီးများသည် နှစ် (၅၀) တစ်ကြိမ်ခန့် ဖြစ်ပေါ်မည်ဟု ခန့်မှန်းသည်။ မူလက အဆိုပါပြောင်းလဲမှုများသည် ဗီဇဆိုင်ရာ ချို့ယွင်းအားနည်းချက်ကို ပြုပြင်ခြင်းတွင်ပင် ကန့်သတ်ထားခဲ့ပေလိမ့်မည်။ Cystic Fibrosis နှင့် Muscular Dystrophy တို့ကဲ့သို့ ဗီဇတစ်မျိုးတည်းဖြင့်သာ ထိန်းကွပ်ထားခြင်းဖြစ်သောကြောင့် အတော်လေး

ငကြောက်

ကျွန်တော်က ကြောက်တတ်ပါသည်။ အလွန့်အလွန်ကို ကြောက်တတ်ပါသည်။ ငယ်ငယ်က စာမရမှာ၊ ဆရာမအရိုက်ခံရမှာ ကြောက်ခဲ့ပါသည်။ သို့သော် ကြောက်ကြောက်နှင့်ပင် စာမကျက်ဘဲ နေနိုင်သမျှ နေခဲ့ပါသည်။ ကြောက်ကြောက်နှင့်ပင် အရိုက်ခံခဲ့ရပါသည်။ မိဘများ အဆူအပူခံရမှာ ကြောက်ပါသည်။ ဆိုးသည်ဟု မိဘများက သတ်မှတ်မည်ကို ကြောက်ပါသည်။ ထို့ကြောင့် တတ်နိုင်သမျှ လိမ္မာချင်ယောင်ဆောင်ပါသည်။  “ငါ့သားလေးက လိမ္မာတယ်” ဟူသော မေမေ့စကားကို သာယာခဲ့ပါသည်။ သူငယ်တန်းအသေး (မူကြို) တွင် “သုံးလူ့ရှင်ပင်” ကို အာဂုံဆောင်နိုင်ခဲ့ပါသည်။ (ဤ ၀ါကျကိုပင် ကိုယ်ရည်သွေးသည်ဟု စွပ်စွဲချက်များထွက်ပေါ်လာမည်ကို “ကြောက်” သဖြင့် ဖျက်ပစ်လိုက်ပြန်ထည့်လိုက်  ဝေခွဲမရဖြစ်နေပါသည်။ နောက်ဆုံး အခြားသူများ၏ အထင်ကို ကြောက်သည်ထက် မိမိကိုယ်ကိုယ် ထင်သောအထင်ကို ကြောက်သည်က ပိုသဖြင့် ထည့်လိုက်ပါသည်) လူပျိုပေါက်အရွယ်ရောက်တော့ မိဘက ဆိုးသည်ဟုသတ်မှတ်ခံရမှာ ကြောက်သည်ထက် ရွယ်တူအပေါင်းအသင်းများက “ငကြောက်” ဟု အထင်ခံရမှာ ပိုမိုကြောက်လာသည်။ အဆိုပါ နှိုင်းရသဘောတရားကြောင့် ကွမ်းယာ၊ ဆေးလိပ်၊ အရက်၊ မူးရစ်ရန်ဖြစ် စသည်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ လုပ်ဆောင်ခဲ့ပါသည်။ ငကြောက်အဖြစ်မှ လွတ်ကင်းခွင့်ရမည

စာရေးရသည့် အကြောင်းရင်း (၁)

ငါးနှစ်သား ခြောက်နှစ်သား အတော်ငယ်သည့် အရွယ်ကလေးမှစ၍ ကြီးလာလျှင် စာရေးဆရာ တစ်ယောက်သာ ဖြစ်သင့်သည်ဟု ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သိခဲ့ပါသည်။ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြားတွင်မူ ထိုအကြံအစည်ကို စွန့်ပစ်ဖို့ ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုသို့ ကြိုးစားနေရင်းနှင့် တစ်ပြိုင်တည်းမှာပင် ကျွန်တော်သည် မိမိဗီဇ အစစ်အမှန်ကို မကျေမနပ် ဒေါသထွက်နေခြင်းသာ ဖြစ်ကြောင်းနှင့် အနှေးနှင့်အမြန် စာအုပ်များရေးသားခြင်း အလုပ်တွင် ဇောက်ချရသင့်သည် ဖြစ်ကြောင်းလည်း သိနေခဲ့ပါသည်။ ကျွန်တော်က သားသမီးသုံးယောက်အနက် အလတ်ဖြစ်ပါသည်။ သို့သော် အကြီးနှင့်ရောအငယ်နှင့်ပါ ငါးနှစ်ခန့် ခြားပြီး၊ အသက်ရှစ်နှစ် မတိုင်ခင်အထိ အဖေနှင့် ခဏတစ်ဖြုတ်သာ တွေ့ခဲ့ရပါသည်။ ဤသို့သော အကြောင်းရင်းများကြောင့် ကျွန်တော်သည် တစ်နည်းတစ်ဖုံ အထီးကျန်ဖြစ်နေပြီး မကြာခင်တွင်ပင် အခြားသူများ အမြင်တွင် ထောင့်မကျိုးသည့် မျက်နှာရိပ်ကဲနှင့် ဟန်ပန်မူယာတို့ ဖွံ့ဖြိုးလာခဲ့ပြီး ဤသည်က ကျွန်တော့် ကျောင်းသားဘ၀တစ်လျှောက်လုံး ကျွန်တော့်ကို မထင်မရှားဖြစ်အောင် လုပ်ဆောင်ခဲ့လေသည်။ ကျွန်တော့်တွင် အထီးကျန်ကလေးများ၏ အလေ့အကျင့်ဖြစ်သည့် ပုံပြင်ဖွဲ့ခြင်း၊ စိတ်ကူးယဉ်လူသားများနှင့် စကာြးေ

ဖြစ်ပြီးသား ပစ္စက္ခများ (သို့မဟုတ်) ဒီဂျာဗှူး (Déjà vu)

တလောက အဖေနှင့်အတူ ကိစ္စတစ်ခုရှိသဖြင့် ဒေလီမြို့တွင်းသို့ သွားခဲ့ပါသည်။ လုပ်စရာရှိတာ လုပ်ရင်းနှင့် ထမင်းစားချိန်သို့ ရောက်လာသည်။ အိမ်တွင် နားပူနားဆာ သိပ်မလုပ်တတ်သည့် ဗိုက်က အပြင်ရောက်တော့ အချိန်အတိအကျ အချက်ပေးသည်။ သို့နှင့်ပင် ထမင်းဆိုင်ရှိရာသို့ သားအဖနှစ်ယောက် ရောက်သွားသည်။ ဆိုင်တွင် အင်္ဂလိပ်လိုတစ်လုံးမျှ နားမလည်သည့် ဗိုက်ပူပူ ကုလားကြီး တစ်ယောက်ကို Menu ထဲ လက်ညှိုးထောက်ကာ မှာရသည်။ မှာပြီးသော် အဖေထိုင်နေသော ထိုင်ခုံတွင် ကျွန်တော် ၀င်ထိုင်လိုက်မိသည်။ ဤတွင် အဖေကပြောသည်။ “မင်း ထမင်းကြော် မှာနေတဲ့ကုလားကို ငါကြည့်နေတာ၊ တစ်နေရာရာမှာတွေ့ဖူးသလိုပဲ၊ ဒါပေမဲ့ တကယ်တော့ တွေ့ဖူးတာမဟုတ်ဘူး။ မင်းခုနလို မှာနေတဲ့ပုံစံတွေကိုရော၊ တစ်ချိန်ချိန်မှာ ဒီလိုအချိန် ဒီလိုနေရာမှာ ထမင်းစားရမယ့်အဖြစ်ကိုရော... သိနေသလိုပဲ” ဟု ဆိုပါသည်။ ထိုအခါတွင် ကျွန်တော်လည်း ထိုသို့သောခံစားချက်မျိုး ကြုံဖူးကြောင်း သတိရမိသည်။ လုံးဝ အသစ်ချတ်ကျွပ် ဖြစ်ရပ်၊ နေရာ၊ လူ၊ အတွေ့အကြုံ တစ်ခုခုကို ယခင်က ဖြစ်ဖူးသယောင်၊ သို့မဟုတ် ကြိုသိနေသယောင် ခံစားချက်မျိုး ဖြစ်ပါသည်။ ဘိုးတော်ဝိဇ္ဇာတွေလို အကြားအမြင်ရခြင်းမျိုး မဟုတ်ပါ။ ဦးနှောက်တွင် “ကြိုသိနေယောင်

မော်ဒန်အလေ့အထကောင်းများ

ပြုံးခြင်းထက်စာလျှင် မျက်မှောင်ကုပ်ခြင်းသည် မျက်နှာရှိ ကြွက်သားများကို ပိုမိုအသုံးပြု ရပါသည်။ သို့သော် ပျော်ပျော်နေခြင်းထက် လဒမှိုင်မှိုင်ပြီး သူများပျော်လို့ မပျော်နိုင် ဖြစ်နေခြင်းက မိတ်ဆွေအတွက် ပိုကောင်းသည်ဟု ဆိုပါလျှင်...။ အပြုအမူဆိုင်ရာ ကျန်းမာရေး လေ့လာမှုအသစ် တစ်ခုအရ အထိမခံကြွေပန်းကန် သဘောထား ရှိသည့် လူစားများသည် အလိမ်ခံရခြင်း၊ တစ်ပတ်ရိုက်ခံရခြင်းများ နည်းပါးပြီး ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိသည်ဟု ဆို၏။ ဤအံ့အားသင့်စရာ ကျွမ်းထိုးမှောက်ခုံ ရလဒ်ကို ၂၀၀၉ ခုနှစ် နိုဝင်လာလထုတ် သြစတြေးလျ ကျန်းမာရေး စာစောင်တစ်ခုတွင် စိတ်ပညာကျွမ်းကျင်သူ ပါမောက္ခ Joseph Forgas က ထုတ်ဖော်ဖွင့်ဟခဲ့ခြင်း ဖြစ်ပါသည်။ သူ၏တွေ့ရှိချက်အရ ၀မ်းနည်းခြင်း၊ စိတ်ထိခိုက်ခံစားလွယ်ခြင်းစသည့် အနုတ်လက္ခာဆောင်မှု အရှိအဆုံး စိတ်ခံစားချက်များသည်ပင် ပျော်ရွှင်ခြင်းနှင့်တကွ တခြားသော အပေါင်းလက္ခဆောင် ခံစားမှုများထက် ပိုမိုတန်ဖိုးရှိကြောင်း သက်သေပြနိုင်သည်ဟု ဆိုသည်။ ဤတွေ့ရှိချက်သာ မှန်ကန်သည် ဆိုပါလျှင် မြန်မာပြည်မှ ဒေါသအိုး စစ်ဗိုလ်ချုပ်များကို မိမိတို့အစား ဆုံးဖြတ်ချက်ချ (Decision Making) ခိုင်းခြင်းသည် အလွန်သင့်ေ

စိတ်ထောင်ချောက်များ (Thinking Traps)

ကျွန်တော်တို့ကိုယ်တိုင်၏ စိတ်တွင်  အတွေးအခေါ်ပိုင်းဆိုင်ရာ ထောင်ချောက်များ တည်ရှိနေပါသည်။ အကယ်၍  ၎င်းတို့ကို သတိမပြုမိခဲ့ပါလျှင် အဆိုပါ ထောင်ချောက်များသည် ယေဘုယျကျကျ စဉ်းစားတွေးခေါ်နိုင်သည့် ကျွန်တော်တို့၏ အရည်အချင်းကို အကြီးအကျယ် အဟန့်အတားဖြစ်စေပြီး ညံ့ဖျင်းသည့် ဆင်ခြင်မှုနှင့် အမှားမှားအယွင်းယွင်း ဆုံးဖြတ်ချက်များ ချမိစေရန်အထိ ဦးတည်သွားစေ နိုင်ပါသည်။ အသုံးချရန်အတွက် တည်ရှိနေသည့် ထူးခြားသည့် စိတ်စွမ်းရည်များသည် တကယ့်လက်တွေ့တွင်မူ ကျွန်တော်တို့ကို ဒုက္ခတွေ့ရန် ဖန်တီးထားသလို ဖြစ်သွားစေနိုင်သည်။ အဆိုပါ ထောင်ချောက်များနှင့် အသုံးဝင်နိုင်စရာ ရှောင်ကွင်းနည်းတချို့ကို ဖော်ပြလိုက်ပါသည်။

ဘောင်ဘင်ခေတ်သံများ

မပြည့်တဲ့အိုး ဘောင်ဘင်ခတ်။ ~မြန်မာစကားပုံ~ ရေမပြည့်သော အိုးများသည် ဘောင်ဘင်ခတ်တတ်သည်။ ရေပြည့်နေသော အိုးများသည် ဘောင်ဘင်မခတ်။ လျှံသာ လျှံကျတတ်၏။ သို့သော် ထည့်သွင်းစဉ်းစားရန် လိုသည်က ရေတစ်စက်မျှမရှိသည့် အိုးများသည်လည်း ဘောင်ဘင် မခတ်တတ်ခြင်းပင် ဖြစ်ပါသည်။ သူတို့က ဘောင်ဘင်မခတ်တတ်ဘဲ ဟောင်းလောင်းပေါက်ကြီး အဆံချောင်နေ၏။ ရှင်းရှင်းပြောရလျှင် ဘောင်ဘင်ခတ်နိုင်စွမ်း မရှိ။ ၎င်းတို့ ဘောင်ဘင်မခတ်ခြင်းသည် ရေပြည့်နေလို့မဟုတ်။ ခတ်စရာ “ရေတစ်စက်မျှမရှိ” ခြင်းကြောင့် ဖြစ်ပါသည်။ ဘောင်ဘင်ခတ်သည့် အိုးတစ်အိုးဖြစ်ဖို့ အနည်းဆုံး ရေ “ဖင်ကပ်” လောက်တော့ ရှိရပါလိမ့်မည်။ သို့မှသာ ပလုံပလုံ ဘောင်ဘင်ခတ်သံလေးများ တလွင်လွင် ထွက်ပေါ်လာနိုင်သည်။ တစ်နည်းအားဖြင့် ဘောင်ဘင်ခတ်ခြင်းသည် ရေအနည်းငယ်တော့ ရှိကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပါသည်။

ချိန်သီးနှင့် မြစ်ဝကျွန်းပေါ်က ငါး (ကဗျာခံစားမှု)

အိပ်ယာကနိုးနိုးချင်း ဘ၀ရဲ့ မလုပ်မဖြစ် အရေးကြီး လုပ်စရာတာဝန်တွေကို တရစပ်တန်းစီပြီး လုပ်ပစ် လိုက်တယ်။ မျက်နှာသစ် သွားတိုက်ရတယ်၊ မျက်စိရှေ့ရောက်နေတဲ့ ထမင်းပန်းကန်ကြီး ကိုလည်း မဖြစ်မနေ စားပစ်ရသေးတယ်။ နစ်ကိုတင်း ဓာတ်နည်းနည်း သွားဝယ်ရတယ်။ ဒါတွေအားလုံး ပြီးတော့လည်း မထိုင်ရသေးဘူး။ ဓာတ်ဗူးထဲ ရေဖြည့်၊ ခလုပ်ကို On ၊ ခွက်နှစ်ခွက်ထဲ သကြားနဲ့ နို့မှုန့်ထည့်၊ ပြီးတော့ လက်ဖက်ရည်ထုတ်လေး စိမ်ပြီး အဖေ့အတွက် တစ်ခွက် ကိုယ့်အတွက်တစ်ခွက်...။ မဖြစ်မနေလုပ်ရမယ့် အလုပ်တွေ အကုန်ပြီးတော့ စိတ်ထဲနည်းနည်း ပေါ့သွားသလိုပဲ။ တစ်နေကုန် အိပ်ထားလို့လည်း တစ်ညလုံးနိုးထဖို့ အဆင်သင့်ဖြစ်နေသလို ခံစားရတယ်။ ဖွင့်ပြီးသား ကွန်ပြူတာရှေ့မှာ အကျအနထိုင်၊ စားပွဲပေါ်တင်ထားတဲ့ စာအုပ်အဖုံးတစ်ခုပေါ်က ဒါဝင်က မျောက်ကလေးပွေ့ချီပြီး ကျွန်တော့်ကို ရီဝေေ၀ကြည့်နေတယ်။ အဲဒီမျောက်ကလေးကလည်း သူကိုယ်တိုင်ရဲ့မျက်နှာနဲ့ပဲ။ ထားပါတော့ ညာဘက်ခြမ်းမှာ လက်ဖက်ရည်ခွက်ရှိတယ်။ နီကိုတင်းနည်းနည်း ပါးစပ်ထဲထည့်လိုက်တယ်။ ကဲ...စမယ်...။ ခက်တာက ဘာကိုစရမှန်းမသိတာပဲ။ တစ်နေ့တစ်နေ့ ကွန်ပြူတာရှေ့မှာသာ ထိုင်နေတယ် ဘာအလုပ်မှရှိတာ မဟုတ်ဘူး။ ကျောင်းသားဘ၀က တစ်ခါမှ မရေးခဲ့တဲ့ အက်ဆေးတွေ

စကားလုံးများ၏ ကိုယ်ရေးပုံတူကား

စကားလုံးများသည် ကျည်ဖြည့်ထားသည့် ပစ္စတိုများပင်ဖြစ်သည်။ ~ ယန်းပေါဆာ့ထ် ~ စကားလုံးများသည် စွမ်းအားသတ္တိ အပြည့်ရှိ၏။ စကားလုံးများသည် တန်ခိုးသြဇာ ကြီးမား၏။  စကားလုံးများသည် ကျောက်ဆိုင်ကျောက်သားများ ပမာ ခိုင်မာမြဲမြံ၏။ စကားလုံးများသည် စူးရှထက်မြက်၏။ စကားလုံးများသည် သွေးထွက်သံယို ဖြစ်တတ်၏။ ထို့ကြောင့် ပစ်ခတ်ဆော့ကစားခြင်း မပြုနိုင်ရန် စကားလုံးများကို လူကြီးများ လက်လှမ်းမမီသော နေရာတွင် ထားသင့်၏။ စကားလုံးများကြောင့် ရရှိသော ဒဏ်ရာ အညိုအမဲများသည် မသေမရှင် နှိပ်စက်နိုင်၏။ သေချင်စိတ်ပေါ်လာအောင် ပြုစားနိုင်၏။ စကားလုံးများသည် စုန်းမများဖြစ်၏။ လိုလိုလားလား အသက်စွန့်ချင်စရာ ကောင်းလောက်အောင်ပင် ချောမောလှပ၏။ စကားလုံးတို့သည် ဝေဆာနေသော ပန်းဥယျာဉ်အလား လှပ၏။ ယခု ကျွန်တော်သည် ပန်းဥယျာဉ်အလယ်တွင် မတ်မတ်ရပ်၍ စကားလုံးများဖြင့် ပစ်ခတ်ဆော့ကစား နေသူတစ်ယောက် ဖြစ်ပါသည်။

အချစ်နှင့်ဟော်မုန်း (သို့) အသည်းကွဲကုထုံး

ခုတလော အပေါင်းအသင်း မိတ်ဆွေများကြားတွင် အချစ်ကြောင့် ဒုက္ခများနေရသူ အရေအတွက် သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်။ ချစ်သူနှင့်အဆင်မပြေလို့ စပိုင်သောက်ပြီး မူးသည့် မမ၊ ကောင်မလေးရွာ ပြန်သွားလို့ ဒူးနှင့်မျက်ရည် သုတ်နေရသည့် ကိုကို၊ သူ့ကိုမှမရရင် စစ်ကိုင်းချောင် သွားပါတော့မယ် ရည်ရွယ်သည်အထိ အချစ်ကြီး ချစ်မိကြသူများ၏ လွမ်းခန်းများ စသည်စသည် မြင်နေကြားနေရသည်။ လူမသိစေဘဲ ရင်ထဲကကြိတ် ငိုနေသူများလည်း ဘယ်လောက်များမည် မခန့်မှန်းနိုင်။ အချစ်ကြောင့် ဒဏ်ရာရသေဆုံးစာရင်း မြင့်မားသည်ကို သတိပြုမိလာချိန်တွင် အချစ်ဆိုတာဘာလဲဟူသည့် မဆန်းလှသည့်မေးခွန်းကို တွေးတောနေမိခဲ့သည်။ လူ့ဘ၀တွင်၊ အထူးသဖြင့် လူငယ်လူရွယ်ဘ၀တွင် အချစ်၏ လွှမ်းမိုးမှုသည် အတော်ကို ကြီးမားကြောင်း သတိပြုမိရသည်။ အချစ်ကြောင့် မိုးမမြင်လေမမြင်ပျော်ရွှင်နေကြသူများရှိသလို အချစ်ကြောင့် ငါးပါးမှောက်နေကြသူများလည်း ပေါများလှသည်။ သို့သော် သေချာသည်က ပျော်ရသူအရေအတွက်ထက် ငိုနေရသူ အရေအတွက် ပိုများသည့်အချက်ပင် ဖြစ်ပါသည်။

ထပ်တူမရှိ...

အပြင်တွင် မိုးရွာနေသည်။ ဒေလီတွင် ဆောင်းတွင်းဘက် မိုးရွာတတ်ပါသလား...။ မိုးရွာသောညများသည် စိတ်ကူးယဉ် အိပ်မက်မက်ရန်၊ သို့မဟုတ် မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသည့်အဖြစ် (မျှော်လင့်ချက်မဲ့ အခြေအနေ) ကို ခံစားရန်၊ ဤနှစ်ခုအတွက်သာ သင့်လျော်ပါသည်။ သို့သော် ထိုနှစ်ခုလုံးအတွက် အဆင်သင့်မဖြစ်သေးပါ။ စောင်ထူထူ အိပ်ယာအတွင်းမှ အနာဂတ် လက်ကျန် ခပ်နည်းနည်းအကြောင်း အာသာငမ်းငမ်း တွေးရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းလွန်း လှသည်။ မျှော်လင့်ချက်မဲ့အခြေအနေအား လှမ်းမျှော်ကြည့်ရခြင်း ကျတော့လည်း သဘာဝမကျ။ ဤညသည် ခါတိုင်းထက်ပို၍ ဂွကျသည်ဟူ၍သာ အရင်ညများကအတိုင်း လက်ခံလိုက်ရသည်။

ငတိလေးတစ်ယောက်အကြောင်း...

ငတိလေးတစ်ယောက် ခုတလော စိတ်ဓာတ်တွေ အော်တိုမုတ်တုပ် (အလိုအလျောက်) ပြုတ်ပြုတ်ကျ နေသည်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ပျင်းရိငြီးငွေ့၊ လေးလံထိုင်းမှိုင်း စသည့်အရာတွေ စုပြုံပြီး စိတ်ဓာတ်က အ၀ီစိအထိ စိုက်စိုက်ကျ နေသည်။ လဒမှိုင်မှိုင်ပြီး၊ မျောက်ငိုင်ငိုင်သည်။  စက္ကန့်မလပ် အသက်ရှူနေရသည်ကို ပင်ပန်းလွန်းသည် ထင်မိသည်။ ထမင်းစားရမှာ ပျင်းသည်ကိုအသာထား၊ ရေထသောက်ရသည် ကိုပင် ညောင်းသည်ထင်လာတော့ ခက်ချေပြီ...။ စိတ်ဓာတ်ကျလျှင် စားပွဲပေါ်မှ ပြုတ်ကျသွားသည့် ခဲတံလေးလို အသာလေး ပြန်ကောက်တင်လို့ ရသည်မဟုတ်။ စိတ်ဓာတ်ဆိုသည့်အရာက ပေကပ်ကပ်နိုင်သည်။ သူ့စိတ်က  အမြင့်ကြောက်ရောဂါရှိသည်။ မြင့်မြင့်မှာ ထားလို့မရဘဲ ကလေကချေအဆင့်မှာပင် နေချင်သည်။ အချိန်ဆွဲ (Procrastination) တတ်သည့် အကျင့်ဆိုးအား ယူပစ်သလိုပျောက်နည်း သံမဏိမူဝါဒ (၅) ရပ်အား ကျောင်းသားလူငယ် မအူမလည်လေးများဖတ်ရှုနိုင်ရန် ဘာသာပြန်ပေးဦးမှဟူသည့် စေတနာကြီးနှင့် သူ Bookmark လုပ်ထားသည့် ဆောင်းပါးကလေးကလည်း (၅) လ တိတိရှိပေပြီ။  တစ်လတစ်ချက် ပြန်လျှင်တောင်မှ ယခုလောက်ဆို ပြီးသင့်ပြီဖြစ်သော်လည်း တစ်လုံးမှပင် စ,မရေးရသေး...။ သြော်... ငါ ပျင်းတာအရေးမကြီးဘူး သူတို့လေးတွေ ကံဆိုးရှာသည်ဟု

မသေချာမှု နိယာမ (Uncertainty Principle)

နယူတန်၏ ဒြပ်ဆွဲအား သီအိုရီကဲ့သို့ သိပ္ပံနည်းကျ သီအိုရီများ၏ အောင်မြင်မှုနှင့်အတူ (၁၉) ရာစု အစောပိုင်းတွင် ပြင်သစ်သိပ္ပံပညာရှင် “လပ္ပလေ့စ်” (Marquis de Laplace) က စကြ၀ဠာကြီးသည် အလုံးစုံ “သတ်မှတ်ပြဋ္ဌာန်းပြီး” (Deterministic) ဖြစ်သည်ဟု အဆိုပြုငြင်းခုန်ခဲ့သည်။ ကာလတစ်ရပ်တွင် တည်ရှိနေသည့် စကြ၀ဠာ၏ ပြီးပြည့်စုံသည့် အခြေအနေတစ်ရပ်ကိုသာ သိနိုင်ခဲ့လျှင် စကြ၀ဠာအတွင်း နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် အရာရာတိုင်းကို ခန့်မှန်းတွက်ချက်နိုင်မည့် သိပ္ပံနည်းကျဥပဒေသ အစုအဝေးတစ်ရပ် ရှိတန်ရာသည်ဟု လပ္ပလေ့စ်က အဆိုပြုလာခဲ့သည်။ ဥပမာဆိုရလျှင် ကာလတစ်ရပ်/အချိန်တစ်ခုတွင် တည်ရှိနေသည့် နေနှင့် ဂြိုဟ်တို့၏ တည်နေရာနှင့် (Position) နှင့် အမြန်နှုန်း (Speed) ကို သိရှိလျှင် နယူတန်၏ ဥပဒေသများကို အသုံးပြု၍ အခြားမည်သည့်အချိန်တွင်မဆို တည်ရှိနေမည့် နေအဖွဲ့အစည်း၏ အခြေအနေကို တွက်ချက်နိုင်ပေလိမ့်မည်။ ဤသာဓကတွင် “သတ်မှတ်ပြဋ္ဌာန်းပြီးဝါဒ” (Determinism) သည် အတော်လေး ထင်ရှားပေါ်လွင်သည်။ သို့သော် လပ္ပလေ့စ်က ထိုထက်ပို၍ လူ့အပြုအမူများ (Human Behavior) အပါအ၀င် အရာအားလုံးကို ထိန်းကွပ်နေသည့် အလားတူဥပဒေသတစ်ရပ် တည်ရှိရမည်ဟု တစ်ဆင့်တက် ယူဆလာခဲ့သည်။

ချစ်ခြင်းဖြင့် မလုံလောက်လေသောအခါ ...

ပွဲကြည့်ပရိသတ်၏ တတိယမြောက် ခုံတန်းတွင် ကျွန်မနှင့် ခင်ပွန်းဖြစ်သူ “မိုက်” တို့ ထိုင်နေသည်။ ဘွဲ့နှင်းသဘင် ပေးအပ်ပွဲတွင် သမီးလေး ကေတီ၏နာမည်ကို ခေါ်ယူမည့်အချိန်ကို စောင့်ဆိုင်းနေ ကြခြင်းဖြစ်သည်။ မိုက်က ကျွန်မ၏ လက်ကို ဖြစ်ညှစ်ဆုပ်ကိုင်ပြီး ပြုံးလိုက်သည်။ ကျွန်မတို့နှစ်ယောက်သား ဂုဏ်ယူဝမ်းမြောက်မှုကို ခံစားနေရသည်။ တကယ်တော့ ကေတီ၏ဘွဲ့နှင်း သဘင်အခမ်းအနားကို အိပ်မက်မမက်နိုင်ခဲ့သော ကာလတစ်ရပ် အမှန်ပင်ရှိခဲ့ပါသည်။ ထိုကာလကိုလည်း ကျွန်မ ကောင်းကောင်း မှတ်မိနေပါသည်။ ကျွန်မတို့ ဘုရားကျောင်း၏ အော်ပရက်တာ (Operetta) ပြဇာတ်အတွက် ၀တ်စားဆင်ယင်မှု အစမ်းလေ့ကျင့်ခန်းသည် အဆင်ပြေချောမွေ့နေခဲ့သည်။ သံပြိုင်သီဆိုရမည့် အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျွန်မက ပန်းရောင်တောက်တောက်ဂါဝန်ကိုဝတ်ပြီး အခြားအမျိုးသမီး ကိုးယောက်နှင့်အတူ ခပ်တောင့်တောင့် ရပ်နေမိသည်။ အားလုံးက ကျွန်မလို အိမ်ရှင်မတွေဖြစ်ပြီး ပျော်လည်းပျော်စေ၊ အလှူငွေလည်းရစေ သဘောမျိုးဖြင့် ပါဝင်ကူညီကြသူများချည်းဖြစ်သည်။ ဘုရားကျောင်း၏ အတွင်းရေးမှူးတစ်ယောက် ၀င်ရောက်လာပြီး ကျွန်မသတိထားမိအောင် အချက်ပြကာ ပါးစပ်လှုပ်ပြီး ကျွန်မကို ပြောလိုက်သည်။ “တယ်လီဖုန်း...” §§§§§§§

အဆိုးမြင်ဝါဒအား ထောက်ခံခြင်း...

အပြုသဘောတွေးခြင်းသည် အချည်းအနှီး စိတ်ပညာသိပ္ပံအဖွဲ့ (Association for Psychological Science) မှ အပြုသဘောဆောင်တွေးခြင်း (Positive Thinking) သည် မိမိကိုယ်ကိုယ်လေးစားမှု (Self-esteem) တည်ဆောက်ရာတွင် အကျိုးတစ်စုံတစ်ရာ မပြုသကဲ့သို့ စင်စစ် ပိုမိုဆိုးရွားမှုကိုပင် ဖြစ်ပေါ်စေသည်ဟု အသစ်ထပ်မံတွေ့ရှိမှုများအရ ဆိုသည်။ ၀ါတာလူး (Waterloo) နှင့် ဘရန်းဆွစ်ခ် (New Brunswick) တက္ကသိုလ်တို့မှ သုတေသီများက တက်ကျမ်းများနှင့် လူပိန်းကြိုက် စိတ်ပညာစာအုပ်များက ကြွေးကျော်နေသကဲ့သို့ “ငါလုပ်နိုင်တယ်” ဟု အနုလုံပဋိလုံ မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးခြင်းမျိုး (Repeating Affirmation)၊ သို့မဟုတ် အပြုသဘောဆောင် ကိုယ်တိုင် တွေးထင်ချက်များသည် မိမိကိုယ်ကိုလေးစားမှု လျော့နည်းသောလူများကို ယုံကြည်ချက် ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ စင်စစ် ဤသို့သော နည်းလမ်းများသည် ပိုမိုပင် ဆိုးရွားသွားစေနိုင်သည်။

အစိမ်းရောင်

ကျွန်တော်က အစိမ်းရောင်ကို ကြိုက်သည်။ သို့သော် အစိမ်းသည် အစိမ်းဖြစ်သလို အကြိုက်သည် အကြိုက်သာ ဖြစ်ပါသည်။ ဘာမျှ ထွေထွေထူးထူး မဟုတ်ပါ။ အစိမ်းရောင်ကို မကြိုက်မိလျှင်လည်း တခြား တစ်ရောင်ရောင်ကို ကျွန်တော် ကြိုက်နေမိမည်သာ ဖြစ်ပါသည်။ သဘာဝတရားကြီး၏ အရောင်ဖြစ်လို့၊ အသက်ဓာတ်ဖြစ်လို့၊ မျက်စိအေးလို့ စိမ်းကားခြင်းကို သဘောကျလို့ စသည်ဖြင့် အကြောင်းပြချက်များ ကျွန်တော့်တွင် မရှိပါ။ အစိမ်းရောင်၏ ဂုဏ်ရည်တစ်ရပ်ရပ် အပေါ်တွင် သာယာမိ၍ ကြိုက်လိုက်ခြင်း မျိုးမဟုတ်ဘဲ အစိမ်းအပေါ် အာရုံခံမိသည့် ပုံရိပ်ကိုသာ အစဦးဆုံး ဖမ်းဆုပ်ရယူ နှစ်သက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် အစိမ်း၏ဂုဏ်ရည်ကို အဓိပ္ပာယ်အနည်းငယ် ဖွင့်ဆိုလာနိုင်ချိန်တွင် ထိုဂုဏ်ရည်များကိုပါ တစ်ပါတည်း ကျွန်တော် နှစ်သက်လာခဲ့ခြင်း၊ သို့မဟုတ် နှစ်သက် သယောင်ယောင် အထင်မှားလာခြင်း ဖြစ်ပေလိမ့်မည်။ ဤသို့ အစိမ်းကို ကျွန်တော်ကြိုက်ခဲ့ပါသည်။

အိပ်မက်ဆန်ဆန် နာရီသံတချို့မှာ...

ပြောင်းလဲဖို့ အသင့်ပြင်နေတဲ့ ကျောက်ရိုင်းတုံး...။   ~လေးဖြူ~ ပန်းပေါင်းစုံ ဝေဆာဖူးပွင့်နေဟန်တူတဲ့ ဥယျာဉ်လေးတစ်ခုထဲ ညက ကျွန်တော် ရောက်သွားဖြစ်တယ်။ ထူးခြားတာက ခုတစ်ကြိမ်မှာ ကျွန်တော့်ဘေးမှာ မိန်းကလေးငယ်တစ်ယောက် ပါနေတာပဲ။ ဒီလို နေရာဒေသနဲ့ ဒီလိုတွဲဖက်မှုမျိုး ကျွန်တော် တစ်ခါမျှ (ဘယ်တုန်းကမျှ) မကြုံဖူးဘူး။ မိန်းကလေးက သာယာလိုက်တဲ့အချိန်ပဲနော်လို့ ကျွန်တော့်ကိုကြည့်ရင်း ပြောလိုက်တယ်။ တကယ်တော့ အခုအချိန်ဟာ ညီမနဲ့ကိုယ် ချစ်သူတွေမဖြစ်ခင်က သာယာလှပတဲ့ အတိတ်တစ်ချိန်ပေါ့ကွယ် လို့ ကျွန်တော်က ပြန်ပြောလိုက်မိတယ်။ ဟွန် လို့ သူမဆီက အာမေဋိတ်အသံ ထွက်လာတယ်။ သူက ကျွန်တော်နဲ့ အဲဒီအချိန်တုန်းက (အတိတ်က) အထိ ချစ်သူတွေမဟုတ်ကြသေးမှန်း ခုမှ သတိပြုမိဟန် တူတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ကိုယ့်စကားသံ ကိုယ်ပြန်ကြားမှ အဲဒါကို သတိရသွားသလိုပဲ။ ဒါပေမဲ့ ကျွန်တော့်စကားဟာ အကြွင်းမဲ့မှန်ကန်ပါတယ်လို့ သူရောကျွန်တော်ရော အဲဒီအခိုက်အတန့်မှာ ထူးထူးဆန်းဆန်း ယုံကြည်နေကြတယ်။ ဒါမှမဟုတ် ကျွန်တော်ဟာ သူ့ရဲ့ချစ်သူ ဖြစ်လာမယ့်သူလို့ ရုတ်တရက်သိလိုက်ရလို့ အံ့သြသွားပုံမျိုးနဲ့လည်း တူတယ်။

တမာရိပ်မှ ခါးသက်သက် ကျေးငှက်ငယ်များအကြောင်း

အိမ်နားမှာ ပန်းခြံတစ်ခုရှိသည်။ ဤနေရာတွင် နေထိုင်လာခဲ့သည်မှာ အချိန်အတော်ကြာ သည်အထိ ကျွန်တော် ပန်းခြံအတွင်းသို့ မရောက်ဖြစ်သေး။ တကယ်တော့ ကျွန်တော့် ဘ၀တွင် ပန်းခြံများနှင့် ပတ်သက်ဆက်နွယ်မှုမှ သိပ်မရှိခဲ့ဘဲ။ တွဲသွားတွဲလာစရာ ချစ်သူရည်းစားလည်း မရှိခဲ့သဖြင့် တကယ်တမ်း အားဖြင့် ပန်းခြံများနှင့် ကျွန်တော် တစိမ်းဆန်ပါသည်။ ယခု ရောက်ရှိနေရာ အရပ်တွင်မူ ရပ်ကွက်တစ်ခုလျှင် မကျဉ်းမကျယ်ပန်းခြံလေးများ နှစ်ခုသုံးခုခန့် တွေ့ရလေ့ရှိသည်။ ဖြတ်လမ်းသဘောမျိုး ဖြတ်သန်းသွားလာသည်မှအပ ပန်းခြံများကို အဘက်မလုပ်ခဲ့မိ။ ခုတလောတော့ စာဖတ်ရသည်ကို ငြီးငွေ့သလိုဖြစ်လာသော နံနက်ခင်းများတွင် အိမ်နားရှိပန်းခြံအတွင်းသို့ ကျွန်တော် ဆင်းဆင်းသွားလေ့ ရှိနေခဲ့သည်။ အာလူးကြော်တစ်ထုပ်နှင့် သစ်သီးဖျော်ရည် တစ်ဗူးဝယ်ပြီး တစ်ယောက်ထဲ ထိုင်နေမိတတ်သည်။

သမိုင်းထဲမှ သက်ပြင်းများ

(၁) အဒေါ့ဖ်ဟစ်တလာ လုပ်ကြံသတ်ဖြတ်မှုပေါင်း ၅၀ ကျော် ကြုံတွေ့ခဲ့ရပြီး ထိုထဲတွင် “အပြာရောင်ရူးသွပ်မှုအစီအမံ” (Porn-mad Plan) လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ နာဇီခေါင်းဆောင် ဟစ်တလာသည် ခန့်မှန်းချေ ဂျူးလူမျိုး ခြောက်သန်းခန့်ကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဖြစ်ပေသည်။ နှစ်သန်းခန့်သည် လူမျိုးရေးကြောင့်ဖြစ်ပြီး လေးသန်းခန့်မှာ “ဘ၀နှင့်ထိုက်တန်မှုမရှိ” (Unworthy of life) ၊ သို့မဟုတ် ရှင်သန်နေထိုင်ရန် မထိုက်ဟု ဆုံးဖြတ်၍ သတ်ဖြတ်သုတ်သင်ခဲ့ခြင်း ဖြစ်သည်။ ထိုထဲတွင် မသန်စွမ်းသူများ၊ စိတ်ရောဂါခံစားနေရသူများ၊ ဆိုဗီယက်စစ်သုံ့ပန်းများ၊ လိင်တူဆက်ဆံသူများ၊ ဖရီးမေဆင်များ* နှင့် ဂျိုဗက်သက်သေ* များပါဝင်သည်။ ၎င်းလုပ်ရပ်ကို မြေလှန်သုတ်သင်ရှင်းလင်းခြင်း အစီအစဉ်တစ်ရပ်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ဤစာရင်းထဲတွင် ဟစ်တလာ နံပါတ်တစ်နေရာက ပါလာခြင်းအတွက် အထူးအထွေအံ့သြစရာတော့မရှိပါ။ ဟစ်တလာသည် သတ်ဖြတ်ရန်ကြံစည်မှုပေါင်း ၅၀ ကျော်ခန့် ကြုံတွေ့ခဲ့ရသည်။ ထိုထဲမှ ပထမဦးဆုံးဖြစ်ရပ်မှာ ၁၉၂၁ ခုနှစ်က မိန့်ခွန့်ပြောကြားအပြီး သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်သည်။ ၁၉၃၉ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ ၀ါဆောမြို့တွင

အေးစက်နေသော အက်ဆေး

ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ် ဖြစ်ပါသည်။ အဆိုပါဝါကျသည် အပိုအလိုမရှိ ကွက်တိမှန်ကန်မှု ရှိသည်။ တစ်သည် တစ်နှင့်ညီမျှသကဲ့သို့ အက်ဆေးသည် အက်ဆေးသာ ဖြစ်ပါသည်။ သို့သော် အဆိုပါ သင်္ချာဆန်ဆန် မှန်ကန်လှသည့် ၀ါကျတစ်ကြောင်းသည် အရေးအသား တစ်ခုအတွက် သိပ်အထောက်အကူမပြုသလို ဆွဲဆောင်မှုလည်း ရှိမနေပါ။ အက်ဆေးသည် အက်ဆေးဖြစ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် သက်သေပြရန်လိုအပ်နေသည်။ အက်ဆေး၏ အဖေသည် အက်ဆေး၏ အမေနှင့် မေတ္တာမျှခဲ့ပြီး တရားဝင်အကြင်လင်မယားဖြစ်ကြောင်း ထည့်သွင်းဖော်ပြဖို့ လိုကောင်းလိုပေမည်။ အဆိုပါ အက်ဆေးမောင်နှံ၏ သားသမီးစစ်စစ် ဖြစ်ကြောင်းလည်း ဤအက်ဆေးသည် ခိုင်မာစွာသက်သေပြရ ပေလိမ့်ဦးမည်။ ထို့ပြင် ဤအက်ဆေး တည်ရှိရာရပ်ဝန်းသည် အက်ဆေးအဖွဲ့အစည်းအတွင်း ဖြစ်ရပေဦးမည်။ ဤသို့ဖြင့် အက်ဆေးအရေးအသားတစ်ခုသည် အက်ဆေးအရေးအသားတစ်ခုအဖြစ် အများသတ်မှတ်လက်ခံနိုင်ရန် အက်ဆေးတစ်ပုဒ်စာ ကြိုးစားအားထုတ်ရပေတော့မည်။ ဆိုလိုရင်းက “ဤအက်ဆေးသည် အက်ဆေးတစ်ပုဒ် ဖြစ်ပါသည်” ဟူသော ၀ါကျတစ်ကြောင်းသည် သီးခြားရပ်တည်နိုင်စွမ်းမရှိသလို မည်သို့မျှ အသုံးမ၀င်သည့် အရေးအသားတစ်ခုသာ ဖြစ်ပါသည်။ ထို့ကြောင့် ဤကဲ့သို့ဝါကျဖွဲ့ဆိုမှုများကို တွေ့ရခဲခြင်း ဖြစ်ပေလိမ့်မည

ရွှေမင်းသမီး၏ ဈာပန

ခဏခဏ ခဏခဏ မေ့ထား... သေခြင်းသေခြင်း သေခြင်းသေခြင်းရဲ့ တရား... ♪ ~The Ants~ ဤစာသားမှာ The Ants အဖွဲ့၏ “သတိ” သီချင်းမှ ဖြစ်ကြောင်း လူငယ်တိုင်း သိကြပါသည်။ အများစု နှစ်သက်ကြသည့် သီချင်းလည်း ဖြစ်ပါသည်။ ထူးခြားသည့်တစ်ချက်က ဤသီချင်းကို ခဏခဏ နားမထောင် ဖြစ်သလို နားထောင်ဖြစ်လိုက်သည့် အချိန်ကျမှသာ “သေခြင်း” အကြောင်း ရုတ်တရက် သတိရမိသွားတတ်ခြင်း ဖြစ်ပါသည်။ သို့သော် သီချင်းစာသားတွင် စွပ်စွဲထားသလို သေခြင်းတရားကို ခဏခဏမေ့ထားသည်ဟုတော့ ကျွန်တော်က ကိုယ့်ကိုယ်ကို မယူဆမိပါ။ ကျွန်တော့်အနေဖြင့် သေခြင်းတရားကို သတိမရခြင်း၊ တစ်နည်း “သတိရဖို့ သတိမရခြင်း” သာ ဖြစ်ပါသည်။ သေခြင်းတရားကို မေ့ထားခြင်းမဟုတ်ပါ။ တကယ်တော့ မေ့ထားသည် ဟူသည့်စကားရပ်တွင် အားထုတ်ရခြင်းသဘော ပါဝင်နေသည်။ တမင်သက်သက် မေ့ဖျောက်ထားရခြင်းမျိုး ဖြစ်ပါသည်။ ရှင်းရှင်းဆိုရလျှင် သေမှာကြောက်လို့ မေ့ထားခြင်းမျိုးဖြစ်ပါသည်။ ကျွန်တော်က ဤသို့ မေ့ထားခြင်းမျိုး မဟုတ်ပါ။ ဘာသိဘာသာ သေခြင်းတရားကို သတိမရခြင်းသာ ဖြစ်ပါသည်။ ဤသို့ သတိမရခြင်းအတွက် ပြဿနာမရှိဟုလည်း ထင်သည်။ သေဖို့အရေး တွေးပူနေရခြင်းဖြင့် အချိန်ကုန်ဆုံးလိုစိတ် မရှိသလို၊ ကျန်းမာနေခြင်းအကြောင်းလည်း တခုတ်တရ ဂု

တစ်ကိုယ်ကောင်း ပီတိ

ခုတလော ပျော်သလိုလိုဖြစ်နေသဖြင့် မိမိကိုယ်ကို တစ်ကိုယ်ကောင်းဆန်သလို ခံစားနေရသည်။ ဒီလိုဆိုတော့လည်း သိပ်မကောင်းလှသေးဟု ဦးနှောက်၏ ဆင်ခြေထုတ်လုပ်ရာ အပိုင်းမှ သတိပေးသည်။ သူ့ဘာသူ ပျော်နေတာ ငါက ဘာတတ်နိုင်မှာတုန်းဟု ဖြေတွေးတွေးရသည်။ ပျော်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်း မည်သို့ပတ်သက် နေပါသနည်း။ အတွေးခေါင်သူ တစ်ယောက်အတွက် ကြံဖန်ပတ်သက်နေသည် ဟုသာ ဆိုရလိမ့်မည်။

အကောင်းဆုံးခေတ်ကြီးတွင် ယစ်မူးခြင်း

အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမဟုတ်သော်လည်း သောက်ပြီးရင် ကောင်းသွားတဲ့ ယမကာရှိတယ်။ အကောင်းဆုံးခေတ်ကြီးမှာ အကောင်းဆုံးမျိုးဆက်တွေရှိတယ်။ အကောင်းဆုံးခေတ်ကြီးမှာ လက်တွေ့ဘ၀ကို ဖြစ်ဖြစ်မြောက်မြောက် တုပထားတဲ့ တီဗီဂိမ်းရှိတယ်။ အဲမှာစတွေ့တယ်…။ အမူးသမားတွေအဖို့ တီဗီဂိမ်းဆော့ချင်တာက အကျင့်လိုဖြစ်နေတယ်။ သောက်စားမူးရစ်ပြီးရင် အလျဉ်းသင့်ရာ သူငယ်ချင်း တစ်ယောက်၊ ဒါမှမဟုတ် နှစ်ယောက်နဲ့ တီဗီဂိမ်းဆိုင် ရောက်ရောက်သွားဖြစ်တာ များတယ်။ တီဗီဂိမ်းဆော့ရင်လည်း များသောအားဖြင့်က ဘောလုံးပဲ ကန်တာပါ။ မူးနေတာဆိုတော့ ကန်မိကန်ရာ နှိပ်နေကြတာပဲ။ ဒါပေမဲ့လည်း အမူးသမားအချင်းချင်းဆိုတော့ လယ်ဗယ်ညီနေတယ်ပဲ ဆိုရမယ်။ ဟုတ်တယ်။ လောကမှာ လယ်ဗယ်ညီတဲ့လူအချင်းချင်းပဲ ဆက်ဆံရတာ ကောင်းတယ်။ မိမိနဲ့ တန်းတူရည်တူ အခြေအနေမှာ မရှိတဲ့ လူတစ်ယောက်ယောက်နဲ့ ပြိုင်ဆိုင်မိတယ်ဆိုရင် နောင်တရမိတတ်တယ်။ မြန်မာ့လက်ဝှေ့ကျော် “တွေ့မရှောင်” ပြောသလို ၀ိတ်တန်းမတူတဲ့ကလေးတွေနဲ့ ထိုးရတာ နိုင်သွားလည်းမကောင်းဘူး၊ ရှုံးသွားလည်းမကောင်းဘူး။ သိပ်မှန်တဲ့စကားလို့ ထင်တာပဲ။ သူ့အနေနဲ့ လောလောဆယ်အခြေအနေမှာ ပွဲတိုင်းကျော် လက်ဝှေ့ကျော်တစ်ယောက်ဖြစ်နေပေမဲ့ ရှုံးသွားလည်းမကောင

ပညာသားပါခြင်းအကြောင်း ခပ်တုံးတုံးတွေးမိခြင်း

U2 အဖွဲ့ရဲ့ ဂီတဟာ တခြားဂီတအဖွဲ့တွေနဲ့စာရင် သိပ်တော့ ထူးခြားကောင်းမွန်နေတာမျိုး မဟုတ်ဘူးဆိုတာကို လက်ခံနိုင်ကြမယ်ထင်တယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ ဂီတထက် အကြောင်းအရာကိုသာ ပွဲဆူနှစ်သက်ကြတာ များပါတယ်။ အန်တီစုအကြောင်း Walk on ဆိုတဲ့ သီချင်းစပ်ပြီးဆိုတာ ကြာခဲ့ပြီ။ အမှန်အတိုင်းပြောရရင် သီချင်းက သိပ်မကောင်းလှဘူး။ သူတို့ဟာ ယနေ့ကမ္ဘာ့ဇာတ်ခုံရဲ့ ဒရာမာအကြောင်းအရာတွေကို သီချင်းလုပ်ဆိုနေတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့ Image နဲ့ တခြား လူတွေ စိတ်ထိခိုက်ခံစားရတဲ့ တကယ့်ဖြစ်ရပ်တွေကို ယူပြီးသီချင်းရေးစပ်နေတာ တစ်ဘက်က ပြန်တွေးကြည့်ရင် သူတို့ရဲ့ အောင်မြင်ရေးနည်းနာကောင်း တစ်ခုဖြစ်နေတယ်။ သီချင်းသံကြားလို့ ကြက်သီးထကြေးဆို ကမ္ဘာမကြေ.. မြန်မာပြည်..ကို သံပြိုင်ဆိုလည်း ကျွန်တော်တော့ ထတယ်...။ စဉ်းစားစရာကောင်းလှပေမဲ့... အဆိုးမြင်ဝါဒီလို့ သမုတ်ကြတာ ခံရဖန်များလွန်းလို့ စိတ်ထဲမှာပဲ ထားပါတော့မယ်...။ U2 ပရိသတ်အားလုံးရဲ့ အမုန်းဒဏ်တွေ ရောက်လာနိုင်တော့ ဒါလည်း ကျွန်တော်ကိုယ်တိုင်ရဲ့ လူမုန်းများနည်း နိသျှည်းဖြစ်သွားမှာ ကြောက်ရတယ်...။ Walk On Aunty Su ♪ ဘလော့ဂ်ပေါ်တင်ဖို့ ပို့စ်အသစ်မရေးဖြစ်တာ နည်းနည်းကြာပါပြီ။ ရေးပြီးသားတချို့

၂၀၁၂ ဝေဒနာ

၂၀၁၂ မှာ ကမ္ဘာပျက်မယ့်ကိစ္စအကြောင်း အသံဗလံတချို့ ကြားရသည်။ အသံများက တဖြည်းဖြည်း ကျယ်လာသည်။ နောက်ဆုံး နားနားထိကပ်အော်သည်။ ဒီတော့မှ ခပ်ပျင်းပျင်းနှင့်ပင် Google ကို မေးကြည့်ရသည်။ ထုံးစံအတိုင်း Google ဆိုသည့် ဆရာသမားက Yes or No ရှင်းရှင်းလင်းလင်း ဘယ်တော့မှ မဖြေ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော Link ပေါင်း တစ်သန်းခွဲလောက် ချပြသည်။ ညစ်နေသည့်စိတ်က ဂိတ်ဆုံးထိရောက်သွားသည်။ ညစ်ညစ်နှင့်ပင် ထိုမွစာတက်နေသည့် Link များကို ကျွဲပါးစောင်းတီး လိုက်ဖတ်နေခဲ့သည်။ English ဘာသာနှင့်ရေးထားသည့်စာကို ဖတ်ရသည်က ကျွန်တော့်လိုလူအတွက် သက်တောင့် သက်သာမဟုတ်။ အွန်လိုင်းမှ အလကားပေးသမျှ Dictionary တွေ အကုန်ဖွင့်ထားရသည်။ တံတွေးဆွတ်ပြီး လက်ညှိုးလေးဖြင့် လှန်ရသည့် အဘိဓာန်ကြီး နှစ်အုပ်ကိုလည်း ကွန်ပြူတာဘေး ချထားရသည်။  ညနေခင်းလှလှလေးလည်း ထိုသပွတ်အူ Link များကို ချွေးတလုံးလုံးဖတ်ရင်း ကုန်ဆုံးသွားရသည်။ မကျေနပ်သေး၍ မြန်မာလိုရိုက်ရှာပြန်သည်။ ၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလားဆိုသည့် စာလုံးကြီး ပြူးနေအောင်မြင်ရသည်။ ခပ်သွက်သွက်ဖတ်ကြည့်သည်။ နာမည်ကြီး မြန်မာဗေဒင်ပညာရှင်တစ်ဦးက အင်တာဗျူးတွင် ခပ်တည်တည်ဖြီးသည်။ ဘလော့ဂ်တစ်ခုတွင် လွန်ခဲ့သည့် တစ်

ရောဂါတို့၏ မူလဇစ်မြစ်

ရေချိုးရခြင်း၊ ရည်းစားစကားပြောရခြင်း၊ ငှားဖတ်ထားသော စာအုပ်အား ပိုင်ရှင်ထံပြန်ပေးရခြင်း အလုပ်များ ပြီးလျှင် ဖောင် (Form) ဖြည့်ရသောအလုပ်မှာ သူ ဇီဇာအကြောင်ဆုံး အလုပ်များတွင် ထိပ်တန်းကျကျ တစ်နေရာမှ ပါဝင်နေပေသည်။ ဇီဇာကြောင်လွန်းမက ကြောင်သောအခါ စိတ်ရောဂါများ အသွင်ဆောင်လာသည်။ စိတ်ပညာကို အထူးစိတ်ဝင်စားသော သူက မိမိ၌ရှိသည့် အဆိုပါစိတ်ရောဂါ အငယ်စား (Neurosis) ကလေးများကို တယုတယ မွေးမြူစောင့်ရှောက်ကာ စောင့်ကြည့်လေ့လာ နေခဲ့ပါသည်။ ရေချိုးပျင်းရောဂါက မွေးရာပါ ပါရမီဟုဆိုနိုင်သည်။ ငယ်စဉ်ဘ၀ထဲက ယနေ့အချိန်ထိ ပျင်းမြဲပျင်းဆဲ ရှိနေတုန်းပင်။ ခုလို အေးခဲနေသည့် အခါများတွင် ထိုရောဂါက ပိုမိုပြင်းထန်တတ်သည်။ ငယ်စဉ်က မျောက်ရှုံးအောင် ဆော့ကစားထားသဖြင့် ညစ်ပတ်ပေတေနေသောသူ့ကို အမေက ရေချိုးခိုင်းလျှင် တော်ကြာနေချိုးမယ်ဟု သူက ဆင်ခြေပေးတတ်ခဲ့သည်။ တော်ကြာနေဆိုသည့်အတိုင်း ဖြစ်နိုင်သမျှ တော်တော်ကို ကြာအောင် အချိန်ဆွဲနေတတ်သည်။ သူက လာမယ့်ဘေးပြေးရှောင်ဆိုသည့် လူစားထဲကဖြစ်ပေသည်။ ဤရောဂါသည် ကလေးဘ၀က ဆိုးကျိုးတစ်စုံတရာမရှိခဲ့သော်လည်း လူပျိုပေါက်အရွယ်ရောက်လာတော့ ကပ်သီးကပ်နိုင် လာသည်။ လိုင်းကားတိုးစီးရာတွင် လက်သည်းကြားတွင် ညှပ်နေသည့်ဂ

ဖြစ်တည်မှုပဓာန ချစ်ဒဏ္ဍာရီ (သို့) ဆတ်နှင့် ဒီဘိုးဗွား

ယန်းပေါဆတ်သည် အမျိုးသမီးများ ၀န်းရံနေခြင်းကို သဘောကျနှစ်သက်သူ ဖြစ်သည်။ မကွယ်မ၀ှက်ဘဲ ဗြောင်ကျမြင်သာမှုကို များစွာ အားပေးထောက်ခံသူ တစ်ယောက်အနေဖြင့် အကြောင်းရင်းကိုလည်း သူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟခဲ့သည်။ “ပထမဆုံးအနေနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိပါတယ်။ ရုပ်ဆိုးတဲ့ အမျိုးသမီးတွေ ရှိသလို ကျွန်တော်ကတော့ ချောချောလှလှကို ပိုသဘောကျတတ်ပါတယ်” ဟု “ဆတ်ပြောသော ဆတ်အကြောင်း” အင်တာဗျူးမှတ်တမ်းတွင် သူက ပြောပြခဲ့သည်။ “ပြီးတော့ သူတို့ဟာ ဖိနှိပ်ခံထားရတယ်ဆိုတဲ့ အချက်ပါ။ အလုပ်အကြောင်းတွေပြောပြီး သူတို့က ခင်ဗျားကို ပျင်းရိငြီးငွေ့အောင် လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် အမျိုးသမီးတွေနဲ့ အတူရှိနေရတာကို ပျော်ရွှင်ပါတယ်။ စကားစမြည်ပြောတဲ့အချိန်မှာ အတွေးအခေါ်အကြောင်း တွေပါလာရင် ကျွန်တော် စိတ်မသက်မသာ ဖြစ်မိတာကြောင့်ပါ” ဟု ဆတ်က ဆိုသည်။ “ဆတ်ပြောသော ဆတ်အကြောင်း” ကို ၁၉၇၂ ခုနှစ်၊ ဆတ်၏အသက် (၆၆) နှစ်တွင် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ အင်တာဗျူးသူများမှာ စစ်ပြီးနောက် ဆတ်တည်ထောင်ခဲ့သော Les Temps Modernes ဂျာနယ်မှ သစ္စာရှိ အပေါင်းအဖော်များ ဖြစ်ပါသည်။ ဆိုင်မွန်ဒီဘိုးဗွား ရှိလာချိန်မှစ၍ သူတို့နှစ်ဦး၏ ဆက်နွယ်မှုဒဏ္ဍာရီကို ဒီဘိ

ယန်းပေါဆတ်နှင့် တွေ့ဆုံခြင်း (၂)

ဆရာ “မောင်သာမည” ဘာသာပြန်ပါသည်။ ပလေးဘွိုင် ◙  ဒါပေမဲ့ ဆရာတို့ဆီမှာ ဒီအလုပ်သမားကိုပေးဖို့ အဓိပ္ပာယ်လေးနက်တဲ့ ကိုယ်ကျင့်တရား ဥပဒေတစ်ခု ရှိတယ်မဟုတ်ပါလား။ လွတ်လပ်မှုကို ရရှိမယ့် နည်းကောင်းလမ်းကောင်း တစ်ခုခုပေါ့။ ယန်းပေါဆတ် ►  သူ့ရဲ့ပြဿနာက သူ့ရဲ့လွတ်လပ်မှုကို ထိန်းသိမ်းရေးမဟုတ်ဘူး။ သူ့လွတ်လပ်မှုကို အရယူရေးဖြစ်တယ်။ သည်ကနေ့အချိန်မှာ ကိုယ်ကျင့်တရား အစစ်အမှန်ဆိုတာ မရှိပါဘူး။ သည်လိုခေါ်ဝေါ်ဖို့ ထိုက်တန်တဲ့ ကိုယ်ကျင့်တရားဥပဒေရဲ့ အခြေအနေမျိုး မရှိသေးလို့ပါပဲ။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် မမြင်နိုင်ကြဘဲ ဖြစ်နေပါတယ်။ ကျွန်တော်ပြောတဲ့အတိုင်း စက်ယန္တရားတွေအမြောက်အမြားက မြင်ကွင်းကို ပိတ်ဆို့တားဆီးနေပါတယ်။ သည်နေ့အချိန်မှာ လူသားအားလုံးသက်ဆိုင်တဲ့ ကိုယ်ကျင့်တရားစနစ် တစ်ခုအကြောင်း ပြောလို့မဖြစ်နိုင်သေးပါဘူး။ ဆိုင်ရာဆိုင်ရာလူတန်းစားတွေနဲ့ပတ်သက်တဲ့ သီးသန့်အကျင့် စရိုက်တွေ ၀ါသနာတွေကိုထင်ဟပ်တဲ့ ကိုယ်ကျင့်တရားမျိုးအကြောင်းပဲ ပြောဖို့ဖြစ်နိုင်ပါမယ်။ လူသားတွေကို လူမှုပုံစံသစ်တစ်ခု၊ လူမှုစနစ်သစ်တစ်ခု ရရှိစေမယ့် အခြေခံအကြောင်းတရားတွေ မရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရှိလူ့အဖွဲ့အစည်းလို အရာထဲမှာ ပုဂ္ဂလိကဖိစီးမှုတွေနဲ့ စ

သူ့အိပ်မက်

သဲသောင်ပြင် ဖြူလွလွပေါ်မှာ ရွရွလေး သူ လျှောက်နေတယ်။ အေးမြမြလေညင်းလေးက သူ့ကို ဂရုမစိုက်ဘဲ ပုခုံးချင်း တိုက်သွားတယ်။ ဟုတ်တယ်။ သဘာဝတရားကြီးက သူ့ကို အသိအမှတ်မှ မပြုတာပဲ။ သူ့ကို ရှောင်တိမ်း သွားရအောင်လည်း သူက အရေးမှမပါတာ။ တကယ်တော့ သူ အိပ်မက်မက်နေတာပါ။ အိပ်မက်ထဲမှာ ပင်လယ်ကမ်းခြေ သဲသောင်ပြင်ပေါ်မှာ တစ်ယောက်ထဲ လမ်းလျှောက်နေတယ်။ လရောင်က သူ့အပေါ် ဖြာကျနေတယ်။ လှိုင်းပုတ်သံမှတစ်ပါး အခြားမရှိ။ သက်ရှိဆိုလို့ သူမှအပ မည်သူမျှမရှိ။ ဟုတ်တယ်။ သူ့အပြင် ဒီလောကကြီးထဲမှာ ဘယ်သူများရှိသေးလို့လဲ။ အမြဲတမ်းသူတစ်ယောက်ထဲပဲ ရှိခဲ့တာ မဟုတ်လား။ ဒီအိပ်မက်က သူ မနိုးချင်သေးဘူး။ ဒီနေရာ ဒီအချိန်မှာ သူ ဆက်ရှိနေချင်သေးတယ်။ ပြင်ပကမ္ဘာက တခြားလူတွေကို  ရှိချင်ယောင်ဆောင်ပေးနေရတာကို သူမုန်းတယ်။ သူ့ရဲ့ ကြည်နူးဖွယ်ရာအိပ်မက်ကို ခဏပဲဖြစ်ဖြစ်သဘောထားပြီး သူ ဆက်မက်နေတယ်။ ဒီလို တစ်ယောက်ထဲ ရှိနေရတာကို သူက သဘောကျကျေနပ်နေတယ်။ ခုချိန်မှာ မိန်းကလေးတစ်ယောက် သူ့အနားရှိနေရင် ကောင်းမလားလို့ သူ တွေးမိလိုက်သေးတယ်။ ဒါပေမဲ့ သူ့အတွက် အဖော်တစ်ယောက်ယောက် လိုအပ်မှာ မဟုတ်ဘူးဆိုတာ သူသိနေတယ်။ အောင်မြင်မှုဆိုတာလည်း လိုအပ်မှာမဟုတ်ဘူး။ သူ့အတွက် ဘာဆိုဘာမှ လိုအပ်လိ

ယန်းပေါဆတ်နှင့် တွေ့ဆုံခြင်း (၁)

ဆရာ “မောင်သာမည” ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ၁၉၆၄ ခုနှစ်အတွက် စာပေဆိုင်ရာနိုဘယ်ဆုကို ငြင်းပယ်လိုက်သည့်အခါ ပြင်သစ်ဒဿန ဆရာကြီး ယန်းပေါဆတ်ကို လူအများက ပြန်လည် စိတ်ဝင်စား လာကြသည်။ (ထိုအချိန်တွင် သူ၏အသက်မှာ ၅၉ နှစ်ရှိပြီ) လူအများစိတ်ဝင်စားသည့် အရာနောက်သို့ လိုက်ပါတင်ပြကြရသော သတင်းမီဒီယာ သမားတို့သည်လည်း ဆရာကြီးယန်းပေါဆတ်နှင့် တွေ့ဆုံရဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အလွန်တန်ဖိုးထားသော ယန်းပေါဆတ်နှင့် တွေ့ဆုံရဖို့ကား အလွန် ခက်ခဲသော အခွင့်အလမ်းတစ်ခုဖြစ်ခဲ့သည်။ ယင်းအခက်အခဲများ ကြားမှပင် ကမ္ဘာကျော် Playboy မဂ္ဂဇင်းကြီးသည် ယန်းပေါဆတ်၏ ချစ်မိတ်ဆွေ ဆိုင်မွန်ဒီဘိုးဗွား၏ အကူအညီဖြင့် သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့သည်။ အောက်တွင် ယင်းတွေ့ ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်တချို့ကို ဖော်ပြလိုက်ပါသည်။ ပလေးဘွိုင် ◙ ဒုတိယကမ္ဘာစစ်ကြီးပြီးသွားတဲ့နောက်မှာ ဆရာက အလွန်တင်းကျပ်တဲ့ ဖြစ်တည်မှုဒဿနကို စာတမ်းတွေ၊ ၀တ္ထုတွေ၊ ပြဇာတ်တွေရေးပြီး တင်ပြနေခဲ့ပါတယ်။ တစ်ချိန်တည်းမှာလည်း ကာမဂုဏ်စည်းစိမ်ချမ်းသာတွေနဲ့လည်း ပျော်မွေ့နေတယ်လို့ ပြောကြပါတယ်။ ဓလေ့ထုံးစံတို့ စည်းမျဉ်းစည်းကမ်းတို့ကို ဂရုမစိုက်ဘဲ

ဝိုင်အရက်ဆိုင်

ဝိုင်အရက်ခန်းနံရံမှာ ဘယ်လိုအရက်တွေ ရနိုင်ကြောင်း ဖော်ပြထားတယ် ၀ိုင်အရက် သက်တမ်းတွေကို တွက်ချက်ပြထားတယ် ၀ိုင်အရက် သောက်ပုံသောက်နည်း လမ်းညွှန်ချက်တွေ ကပ်ထားတယ် ၀ိုင်အရက် တစ်ခုစီက ရနိုင်တဲ့ အရသာကို အချက်အလက်ထုတ်ပြထားတယ် ၀ိုင်အရက် သောက်ခြင်းဖြင့် လူကြီးလူကောင်းပီသမှုကို ရရှိမှာဖြစ်ကြောင်း တိုက်တွန်းထားတယ် ၀ိုင်အရက်ခွက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ပုံစံတွေ ပြထားတယ် ၀ိုင်အရက်သောက်ဖော်သောက်ဖက်တစ်ယောက် လိုအပ်ရင် ဆောင်ရွက်ပေးနိုင်ကြောင်း ကြေငြာထားတယ် ၀ိုင်အရက်စားပွဲ ဘယ်နှစ်လုံးတိတိရှိကြောင်း ရေတွက်ပြထားတယ် ၀ိုင်အရက် မသောက်သုံးခြင်းဖြင့် မိန်းမတွေရဲ့ ငြင်းပယ်ခံရမှာဖြစ်ကြောင်း သတိပေးထားတယ် ၀ိုင်အရက် တစ်လီတာမှာ ဘုရားသခင်ဘယ်လောက်ပါဝင်နေကြောင်း ဆွဲဆောင်ထားတယ် ၀ိုင်အရက် လိုချင်တဲ့ ပင်လယ်ဓားပြသင်္ဘောတွေဆက်သွယ်ဖို့ တယ်လီဖုန်းနံပါတ်တစ်ခု ပေးထားတယ် ၀ိုင်အရက် အထူးအစီအစဉ်အဖြစ် သားကောင်တွေကို ပုဆိန်နဲ့ခုတ်ဖြတ်နေပုံကို တင်ဆက်မှာဖြစ်ကြောင်း ခြိမ်းခြောက်ထားတယ် ၀ိုင်အရက် ကလပ်ရဲ့ စားပွဲထိုးတွေဟာ သွေးစုပ်ဖုတ်ကောင်တွေဖြစ်ကြောင်း ဖုံးကွယ်ထားတယ် ၀ိုင်အရက်ခန်း နံရံမှာ ၀ံပုလွေမျက်လုံးတွေကို မီးလုံး

အိမ်မြှောင်

အိမ်မြှောင်အများအပြား အခန်းရဲ့နံရံမှာ ဖြိုးဖြိုးဖျောက်ဖျောက်၊ မြေဆွဲအားကို မထီမဲ့မြင် အံတုပြီး ကပ်နေကြတယ်။ ကြီးငယ်ရွတ်လတ်၊ ဖြူဖြူညိုညို ပြာနှမ်းနှမ်း…အရွယ်စုံအသွေးစုံ။ ဒီတော့.. အိမ်မြှောင်အဖွဲ့အစည်းလို့ပဲ ဆိုပါရစေတော့။ အဲဒီ အိမ်မြှောင်အဖွဲ့အစည်း မှီတင်းနေထိုင်ရာ အခန်းထဲကလူက ညနက်နက်မှာ သူတစ်ယောက်တည်း ဆိုတဲ့ အတွေးနဲ့ အထီးကျန်နေတယ်။ သူတစ်ယောက်ထဲ၊ ဒါပေမဲ့ အိမ်မြှောင်များလည်း သူနဲ့အတူတော့ ရှိနေသေးတယ်။ ရဲတင်းလှတဲ့ အိမ်မြှောင်များရဲ့ ပြေးလွှားလှုပ်ရှားမှုကြောင့် သူက သတိပြုမိသွားတယ်။ ဒါနဲ့ပဲ မတ်တပ်ရပ်ပြီး အိမ်မြှောင်အဖွဲ့အစည်းကြီးတစ်ရပ်လုံးကို စနစ်ပုံအနေအထားက အကဲခတ်နေ လိုက်မိတယ်။ ဒီကောင်တွေဟာ အိမ်မြှောင်တွေကိုး။ သူတို့ ကမ္ဘာမြေပေါ်မှာရှိကြောင်း ငါမေ့လျော့နေတာ ကြာခဲ့ပေါ့။ တကယ်တော့ သူတို့နဲ့ ငါဟာ သိပ်တော့မစိမ်းလှပါဘူး။ မစိမ်းလှဘူးဆိုပေမဲ့ ရင်းလည်း မရင်းနှီးဘူး။ တကယ်တော့ “ပိစိကွေး” (ကြောင်ကလေး) ရှိစဉ်တုန်းက သူက အိမ်မြှောင်တွေ ခုတ်လာတတ်တာကိုး။ အမြီးပြတ်ခေါင်းပြတ် ကိုးရိုးကားရားနဲ့ဆိုတော့ သိပ်မသတီလှဘူး။ သူတို့အနေနဲ့ကလည်း မျိုးနွယ်စုတစ်ရပ်လုံးရဲ့ ရန်သူတော်ကြီးရဲ့ သခင်ဖြစ်နေတယ်ဆိုတော့ သူ့ကို သိပ်သဘောကျြ

ဟေး… ဘယ်လိုလူမျိုးတွေနဲ့ ပေါင်းရမလဲ

ဒီ အသွားမျိုးတွေ ပြောနေတာ မီးကို တုတ်နဲ့သတ်လို့ရသလား မီးကိုမီးနဲ့သတ်ရတယ် ဆိုသလားလို့။ စားသောက်ဖွယ်ဆိုင်းဘုတ်လေးတစ်ခု ရေးတာတောင် လက်က အမှတ်လေးတစ်ခုတော့ တို့ချင်ဆိတ်ချင် ဘ၀ဟာ လုံလောက်ပါပြီ ဘ၀ဟာ လုံလောက်ပါပြီ နေခွင့်ရတာလေးကိုက ရတာလေးကိုက ကိုက လိုအပ်တဲ့ ရလဒ်ကွက်ကလေးကိုက ကွက်လပ်ကလေးလို လုံလောက်ပါပြီ။ လူကြီးမင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျွန်တော် ဒီဘ၀မရောက်ခင် ရောက်ခဲ့ရတဲ့ ဒုက္ခကတောင် လူကြီးမင်းဆီ မရောက်ရောက်အောင်လာပြီး ကျေးဇူးတင်ကြောင်းပြောမလို့ ဆိုလား။

ယန္တရားည

တကယ်ဆိုရင် ညဟာ အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အမနေသင့်ဘူး။ ညရဲ့အင်္ဂါမှာ လေအေးရနံ့တွေပါမယ်။ တူတူပုန်းတမ်းကစားနေတဲ့ တိမ်တဲ့ ကြယ်တချို့ပါမယ်။ မိန်းမတစ်ယောက်ကို ဒေါသတကြီးရိုက်နှက်ပြီးမှ မျက်ရည်ကို အနမ်းနဲ့သုတ်ဖယ်နေတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရှိုက်သံပါမယ်။ လေးဖက်ထောက်ပြန်လာတဲ့ ယောက်ျားကို ဖရုဿဝါစာတွေ နှစ်နှစ်ကာကာ ပစ်လွှတ်ရင်း မနိုင့်တနိုင်ပွေ့ထူနေတဲ့ မိန်းမမျက်ဝန်းက ထွက်လာတဲ့ အရောင်လဲ့လဲ့တွေနဲ့ ညက ချိုမြနေမယ်။ တအီအီဂျီကျနေတဲ့ ကလေးကို နို့ပိန်ကလေးညှစ်ညှစ်ပြီး သားချော့တေးဆိုညည်းနေတဲ့ ခ၀ါသည်မရဲ့ မီးပူထိုးသံ တချပ်ချပ်ပါမယ်။ ညရဲ့အင်္ဂါမှာ ခွေးအူသံကလည်း လှတယ်။ တိတ်ဆိတ်နေသံလည်း ညဂီတပဲ။ အဝေးကလွင့်လာတဲ့ ဂစ်တာသံကလည်း ညရဲ့အားတွေပဲ။ ကြာပြီ ... ။ အခု မကြားရတာ ညကိုဝေစည်ခဲ့ဖူးတဲ့ ဂီတကြေးစည်၊ ကြာပြီ အခုမကြားရတဲ့ အမျှဝေသံ။ တကယ်ဆိုရင် ညဟာ အခုလောက် အင်္ဂါမစုံမလင်နဲ့ ဆွံ့အ မနေသင့်ဘူး။ အခု တစ်ညလုံးဝါးမျိုနေတာ...။ ◄ လှမိုးသစ် ► ၂၀၀၅ ခုနှစ် ဧပြီလ၊ မဟေသီမဂ္ဂဇင်းမှ...။

တော်ရိလျော်ရိဖတ်စာ (၂)

တကယ်တော့ တော်ရိလျော်ရိဖတ်စာ (၁) ဆိုတာကို တော်ရိလျော်ရိစဉ်းစားပြီး ရေးလိုက်ခြင်းဖြစ်ပါသည်။ ဘယ်လိုကြောင့် (၁) ဆိုသည့် နံပါတ်စဉ်တပ် ထားခဲ့မိသည် မသိ..၊ ၂၊ ၃ စသည်ဖြင့် အဆက်ရေးဦးမည့် ပုံစံပေါက်နေသည်။ သို့သော် သေသေချာချာ စီစဉ်စိတ်ကူးထားခြင်းက မရှိ။ တကယ်တော့ တော်ရိလျော်ရိဆိုသည့်အတိုင်း သေသေချာချာ စီစဉ်စဉ်းစားထားသည်များကို ရေးသားခြင်းမျိုး မဟုတ်ဘဲ စိတ်ကူးထဲပေါ်လာသည့် အတွေးများကိုသာ အဆင်သင့်သလို လျှောက်ရေးချနေခြင်းသာ ဖြစ်သည်။ သို့သော် ဘာရေးရေး ခေါင်းစဉ်က အကာအကွယ် ပေးထားသလို ဖြစ်နေသဖြင့် အာပတ်လွတ်နေသည်ဟုပင် ဆိုရမည်။ “ကျွန်တော့်ခေါင်းစဉ်ကိုက တော်ရိလျော်ရိပါဆို ရွက်ကြမ်းရေကြိုလောက်ပဲဖတ်ရမှာပေါ့…” ဒီလိုအချိုးမျိုးဖြင့် စာဖတ်သူကို (တစ်ယောက်တလေ ရှိခဲ့ရင်ပေါ့လေ) ဆင်ခြေဆင်လက် ပေးနိုင်သည်။ ဤသို့ ခံစစ်လေးတည်ဆောက်ထားခြင်းက မမှားဟုတော့ထင်သည်။ Blog မှာက ဂျာနယ်လိုမဟုတ်။ ကားစပယ်ယာရာထူးရဖို့ လိုင်စင်လိုနေသူများ အရည်အချင်းပြည့်ဝရန် Blog နှင့် Forum များတွင် Comment ပေးခြင်းဖြင့် ဆဲရေးလေ့ကျင့်နေသည်ဟု သိရသည်။ ခုလို ကတုပ်ကျင်းလေးဆောက်ထားတော့ အနည်းငယ်တော့ စိတ်အေးလက်အေး ရေးနိုင်မည်ထင်သည်။

လူဆိုသည်မှာ... ?

ဒေါ်ရသီရိုး (Dorothy Rowe) သည် အောင်မြင်ထင်ရှားသည့် စိတ်ပညာရှင် စာရေးဆရာမတစ်ဦးဖြစ်ပြီး သူမကျွမ်းကျင်သည့် အလုပ်များတွင် ခံစားမှုဆိုင်ရာ စိတ်ကျဝေဒနာ၊ ပျော်ရွှင်မှု၊ အိုမင်းမှု၊ နိုင်ငံရေး၊ ငွေကြေး၊ မိတ်ဆွေနှင့် ရန်သူ၊ ဘ၀င်မြင့်ခြင်းနှင့် သိမ်ငယ်စိတ်၊ မိဘနှင့်ကလေး၊ ညီအစ်ကို မောင်နှမဆက်ဆံရေး စသည့်နယ်ပယ်များ ပါဝင်သည်။ အောက်ပါတို့မှာ ဘီဘီစီနှင့် သူမ၏ အင်တာဗျူးမှ ကောက်နှုတ်ချက်များ ဖြစ်ပါသည်။ “ဦးနှောက်နှင့် အာရုံကြောသိပ္ပံက လွတ်လပ်စွာ ရွေးချယ်ခွင့် (Free will) ရှိကြောင်း သက်သေပြနိုင်ပြီ” ဟုဆိုလျှင် မီဒီယာများအတွက် သာမန်ထက်ထူးခြားသည့် ခေါင်းကြီးပိုင်း ဖြစ်လိမ့်မည်။ အကယ်၍ ဤသတင်းသာ မှန်ကန်သည်ဆိုခဲ့လျှင် ပို၍ပင် ထူးခြားလိမ့်ဦးမည် ဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြော သိပ္ပံပညာရှင်တို့ သက်သေပြခဲ့သည့်အရာမှာ ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်၏ ဘာသာပြန်ဆိုခြင်းများနှင့် ပတ်သက်၍ ရွေးချယ်မှုများပြုလုပ်ရာတွင် ကျွန်တော်တို့အနေဖြင့် လွတ်လပ်စွာ ပြုမူလုပ်ကိုင်နိုင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဖြစ်ရပ်များကို ဘာသာပြန်ဆိုထားခြင်း (တစ်နည်း) ဖြစ်ရပ်များကို ကျွန်တော်တို့ဦးနှောက်က နားလည်အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည့် အရာများက

“အိပ်မက်တစ်ခု၏ အနက်”

အိပ်မက်တွေဟာ အနာဂတ်ကို နိမိတ်ပြပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ကြိုတင်ပြောင်းလဲပစ်ဖို့ အခွင့်အရေး ကျွန်တော်တို့ကို ပေးနိုင်ပါသလား။ ဒါဟာ ယုံဖို့ခက်တဲ့ ကိစ္စပါ။ အကယ်၍ အနာဂတ်ကို အိပ်မက်မှာ မြင်ရတယ် ဆိုပါတော့။ ဒါဆိုရင် အနာဂတ်ဟာ ကျိန်းသေပေါက် တည်ရှိပြီးသား အရာတစ်ခု ဖြစ်မှာပေါ့။ ဒီလိုသာဆိုရင် ကျွန်တော်တို့ ဆန္ဒရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြုမှုလှုပ်ရှားလို့ မရတဲ့သဘော ဖြစ်သွားပြီ။ တစ်နည်းအားဖြင့် ကိုယ့်ဘ၀ကိုယ်မပိုင်တဲ့ အဓိပ္ပာယ် သက်ရောက်နေပါပြီ။ အိပ်မက်အကြောင်းမပြောခင် ကျွန်တော့်အကြောင်းတော့ နည်းနည်းရှင်းပြဖို့ လိုလိမ့်မယ်ထင်တယ်။ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျွန်တော်ဟာ မိသားစုနဲ့အတူ ပြင်သစ်ပြည် တောင်ပိုင်းကိုဖြတ်ပြီး အီတလီက ကားမောင်းပြန်လာခဲ့ပါတယ်။ ကျွန်တော့်သားက ကားမောင်းမသင်ရသေး၊ သမီးကလည်း အလွန်ငယ်၊ ဇနီးကတော့ တစ်ခါမျှ ကားမောင်းလေ့မရှိတဲ့ လူတစ်ယောက်ပါ။ သီတင်းပတ်သုံးပတ်အတွင်း အချိန်အတော်များများမှာ ကျွန်တော်ဟာ လက်နဲ့စတီယာရင်နဲ့ သိပ်မခွာရသလောက် ကားချည်းပဲ မောင်းနေခဲ့ ရပါတယ်။ ပင်ပန်းနွယ်နယ်နေတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ကားအကြောင်းကလွဲလို့ ကျန်တာ ဘာတစ်ခုမျှ စဉ်းစားလို့မရလောက်အောင်ပဲ။ အိပ်မက်မက

“ တကိုယ်ရည် အချဉ်ပေါက်မှု ”

ကြိုတင်ပြင်ဆင်အောင်ပွဲဝင် ဆိုသူက ကမ္ဘာကြီးထဲ အတာချီကေ့စ်လေးတောင်မပါဘဲ ရောက်လာတယ် ခု သူက... သေဖို့ပြင်ဆင်ပြီးပြီလား သတိပေးလာတော့ ယုံဖို့ခက်ခက်ပဲ အသက်တစ်ခု ပီပီပြင်ပြင်ရှင်သန်နေရထဲကိုက သေဖို့လုံလောက်အောင် အဆင်သင့်ဖြစ်ခဲ့ပြီ မဟုတ်ဘူးလား သဘာဝနဲ့တည့်အောင်ပေါင်းမှ ရှင်သန်ကျန်ရစ်မယ်ဆိုတဲ့ ကမ္ဘာထဲ ယေဘုယျအားဖြင့် သဘာဝမကျတတ်တဲ့ ငါ့ ဖြစ်တည်မှုက သဘာဝကျကျ ယေဘုယျဆန်ပါတယ်လို့ နားလည်ပေးနေရတာဟာ ၀မ်းနည်းစရာ...။

“ရသ အော်လတာနေးတစ်” သုံးသပ်ချက်…

စာကြည့်တိုက် ပေါက်စနထဲတွင် မြန်မာမဂ္ဂဇင်း အဟောင်း တချို့တစ်ဝက် ရှိသည်။ စပယ်ဖြူနှင့် နွယ်နီ အတန်အသင့်၊ စတိုင်သစ်၊ ရနံ့သစ်၊ ချယ်ရီ အနည်းငယ်နှင့် အခြားမဂ္ဂဇင်းဟောင်းများ တစ်အုပ်စနှစ်အုပ်စ။ စတိုင်သစ်ပါ ဆောင်းပါးများက အလွတ်နီးပါး ဖြစ်နေပြီ။ ထို့ကြောင့် နွယ်နီမဂ္ဂဇင်းလေး တစ်အုပ်ကို ရွေးချယ်ယူပြီး မာတောင့်တောင့် ခုံတန်းလျားပေါ်တွင်ပင် အကျအန လှဲအိပ်ပြီး ဖတ်နေလိုက်သည်။ နွယ်နီက မျက်မှောက် နိုင်ငံတကာရေးရာ ဇောင်းပေးဖော်ပြသည့်မဂ္ဂဇင်း။ ရသထက် သုတပိုင်းပိုများသည်။ ကျွန်တော်က ရှားရှားပါးပါး ပါရှိသည့် မြန်မာဝထ္ထုတို၊ ရသစာတမ်း စသည်တို့ကို အရင်ဆုံး ရွေးချယ်ဖတ်ရှုလိုက်သည်။ ထို့နောက်တွင် အိမ်မှာ မွေးထားသည့်ခွေးတွေအကြောင်းကို ဓာတ်ပုံများနှင့်တကွ တဖွဲ့တနွဲ့ရေးထားသည့် “မေမေကြီး” ၏ ဆောင်းပါးကို ဘာများပါလိမ့် သိချင်စိတ်ဖြင့် စိတ်ဝင်တစားဖတ်ကြည့်မိသည်။ အိမ်မှာမွေးထားသည့်ခွေး၏ မွေးနေ့ပွဲ၊ ခွေးယောက်ျားရသည့်အကြောင်းနှင့် ခွေးဗိုက်ကြီးသည့်အကြောင်း၊ ခွေးအိမ်ထောင်ရေး ဇာတ်လမ်း ဇာတ်ကွက်များကိုသာ အံ့အားတကြီးတွေ့လိုက်ရသည်။ တခြား ဘာမျှ မပါရှိ။ စိတ်ညစ်ညူးစွာဖြင့်သာ တခြား အကြောင်းအရာများဘက် လှည့်ရပြန်သည်။ နိုင်ငံတကာရေးရာ သတင်းများ

စပိဘာ့ခ်၏ ကိုလိုနီနင်းပြားတွေ အကြောင်း

၂၀၀၃ ကုန်မယ်ဆိုတော့ ကျောင်းသားဟောင်းတစ်သိုက် ဧည့်ခံပွဲတစ်ခုမှာ ပြန်ဆုံကြတယ်။ ကြီးကြီးကျယ်ကျယ် ဖြစ်ကုန်တဲ့ကောင်တွေလည်း ပါတယ်။ ဧည့်ခံပွဲပြီးပေမယ့် စကားက ကောင်းနေကြတော့ ပုလင်းကိုယ်စီကိုင်ပြီး ရေကန်စောင်းနားမှာ ဆက်ပြီးစကားပြောကြတယ်။ အဲဒီမှာပဲ အနောက်တိုင်းသား တစ်ယောက်က စပြောတယ်။ “မင်းတို့တော့ မသိဘူး။ ငါ့အမြင်မှာတော့ စပိဘာ့ခ်မေးခဲ့တဲ့မေးခွန်းတွေ မှန်မှန်လာတယ်” လို့ ပြောတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ စပိဘာ့ခ်အကြောင်း ပြောဖြစ်ကြတယ်။ ကျွန်တော်တို့နဲ့ မိတ်ဆွေတချို့ကတော့ ကုလားမကြီးလို့ ညွှန်းခေါ်တတ်ကြတယ်။ ညွှန်းဆို သူက ကာလကတ္တားမှာမွေးတဲ့ ကုလားမကြီးကိုး။ ၁၉၇၄ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ Myself Must I Remake: The Life and Poetry of W.B. Yeats ဆိုတာ သူ ပီအိပ်ခ်ျဒီဘွဲ့ယူတုန်းက ရေးတဲ့စာတမ်း။ ဂယတြီချကရာဗော်တီ စပိဘာ့ခ် (Gayatri Chakravorty Spivak) ဆိုတာ ဒီကနေ့ ပညာရပ်ဆိုင်ရာ အဆောက်အအုံတွေထဲမှာ သိမထားလို့ မဖြစ်တဲ့သူ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းတစ်ခု ကျွန်တော်တက်တုန်းက ပါမောက္ခတစ်ယောက်ကပြောတာ ကျွန်တော် မမေ့ဘူး။ ပထမဆုံးနေ့မှာ အဲဒီပါမောက္ခက ကျွန်တော်တို့လေးငါးယောက်ကိြုေ

လွတ်လပ်မှု၏ အကျဉ်းစံ (သို့) “စု”

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၏ ပူလောင်အိုက်စက်သော နေ့လယ်ခင်းတစ်ခု ဖြစ်ပါသည်။ လမ်းမများသည် ငြိမ်သက်တိတ်ဆိတ် နေသည်။ တစ်ခုသော အိမ်တစ်အိမ်အတွင်းမှ အမျိုးသမီးငယ်တစ်ဦးသည် စန္ဒယားရှိရာသို့ ရွေ့လျားသွားပြီး စတင် တီးခတ်လိုက်သည်။ သူမ၏ လက်ချောင်းသွယ်သွယ်များက စန္ဒယားခလုတ်များ တလျောက် ကျွမ်းကျင်လျင်မြန်စွာ ကခုန်နေပြီး လေထုနွေးနွေးအတွင်းသို့ ငြိမ့်ညောင်းသောဂီတသံက လွတ်လပ်စွာပျံ့လွင့်လာသည်။ “စု” သည် နေအိမ်အကျဉ်းကျနေသူဖြစ်သည်။ စင်စစ် သူမသည် ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးအတွက် ဖြစ်နိုင်သည့်နည်းလမ်းဖြင့် လက်တွေ့ တိုက်ပွဲဝင်နေသူ ဖြစ်လေသည်။ ♥ ♥ ♥ ♥ ♥ ♥ ♥

ဂယ်လီလီယို၏ တရားခွင်

အချိန်ကား ၁၆၃၃ ခုနှစ်။ ဂယ်လီလီယိုဆိုသူဟာ ရောမမြို့မှာ မိစ္ဆာဒိဌိဆိုတဲ့ စွဲချက်နဲ့ တရားခွင်မှာ အစစ်ဆေးခံနေ ရပါတယ်။ ဖြစ်ရပုံက အခုကျွန်တော်တို့ သင်နေကြရတဲ့ နေစကြ၀ဠာမှာ နေကိုဗဟိုပြုပြီး ကျန်တဲ့ဂြိုဟ်တွေက လှည့်ပတ်နေကြတယ်ဆိုတဲ့ သူ့ရဲ့ အမြင်ကြောင့်ပါ။ နေဗဟိုပြု နေအဖွဲ့အစည်း (Heliocentric) လို့ခေါ်ပါတယ်။ ဒီစနစ် မတိုင်ခင်က လူသားများဟာ ကမ္ဘာကိုသာ နေနဲ့တကွ အခြားသောဂြိုဟ်တွေက လှည့်ပတ်နေကြတယ်လို့ ယူဆခဲ့ကြတာပါ။ ကမ္ဘာဗဟိုနေအဖွဲ့အစည်း (Geocentric) လို့ ခေါ်နိုင်ပါတယ်။ ဒီ ကမ္ဘာဗဟိုပြုနေအဖွဲ့အစည်း အယူအဆကို လူသားတွေဟာ (၁၈) ရာစု မတိုင်ခင်အထိ နှစ်နှစ်ကာကာ လက်ခံလာခဲ့ကြတာပါ။ ဂယ်လီလီယို တရားခွင်ရောက်ရတဲ့အဖြစ်ကိုပဲ ကြည့်ပေါ့။ (၁၆) ရာစုလောက်ကဆိုရင် ကျွန်တော်တို့ ယနေ့ခေတ် လက်ခံကျင့်သုံးနေတဲ့ နေဗဟိုပြုစကြ၀ဠာစနစ်အယူအဆဟာ လူသားတွေနဲ့ ဘာသာတရားကို စော်ကားတဲ့ မိစ္ဆာဒိဌိအယူအဆလို့ ခါးခါးသီးသီး သတ်မှတ်ခံခဲ့ရပါတယ်။ ဂယ်လီလီယိုက ကိုပါးနီးကပ်စ်နဲ့ အယူအဆချင်း တူညီခဲ့တယ်။ တကယ်တော့ ဂယ်လီလီယိုဟာ ၁၆၁၆ ခုနှစ်ကထဲက ဘုရားကျောင်းတော်နဲ့ အမြင်မကြည်မှု ရှိခဲ့တာပါ။ အဲဒီအချိန်ကထဲက သူ့ရဲ့အမြင်တွေကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ မသင်ပေးဖို့ ကျောင်းတော်

ပစ္စက္ခ သံစဉ် (၁)

ဒီနေ့ ဒေ၀ါလီနေ့ဟု သိရသည်။ ခါတိုင်း တိတ်ဆိတ်နေကျ ညများသည် ခုတော့ ပြောင်းပြန်ပြန်ဖြစ်ခဲ့ပြီ။ မိုးခြိမ်းသံလို တ၀ုန်းဝုန်း မီးပန်းများမှ ပေါက်ကွဲသံ၊ စက်သေနတ်ပစ်သလို တရစပ် ရှူးဒိုင်းများ၏ အသံတို့ဖြင့် ရှေ့တန်း စစ်မျက်နှာ တစ်နေရာကို ရောက်နေရသည့် အလား…။ အဘိုးကြီး အဘွားကြီးများ ကတော့ ဆီမီးထွန်းကြသည်။ အုတ်ခုံတန်းများပေါ်တွင် ဖယောင်းတိုင် မီးလေးများ မြင်ရသဖြင့် မြန်မာသတင်းကျွတ် မီးထွန်းပွဲတော်ကို အမှတ်ရ မိလိုက်သည်။ ဆင်နွဲသည့်ပုံစံက ဆင်တူယိုးမှားဖြစ်သော်လည်း အခြေခံအယူအဆချင်းက ကွာခြားသည်။ မြတ်စွာဘုရားရှင် တာဝတိံသာမှ ဆင်းသက်တာလား၊ ရာမမင်းသား၏ အောင်ပွဲခံအယုဒ္ဓယပြန် ဇာတ်လမ်းလား… အမှန်ကို ခွဲခြားမရ။ တစ်ခုမှန်ရင်တော့ တစ်ခုက မှားနေမှာပဲ။ ဒါပေမဲ့ ဟိန္ဒူကတော့ အတော်လေးစောနေတယ်ဟု အဖေက ရှင်းပြ နေသေးသည်။ ဘယ်ဟာအမှန်လည်း အဖြေမရှာချင်သလို အဖြေရှာစရာ ကိစ္စတစ်ခုလည်း ဟုတ်မည်မထင်ပါ။ အဓိကက မီးရှူးမီးပန်း ကိုယ့်ကို လာမမှန်အောင် သတိထား ရှောင်တိမ်းနိုင်ဖို့ပဲ ဖြစ်သည်။

အကြိမ်ကြိမ်မှားမိလေသော ပထမဆုံးအမှားများ (မြင့်သန်း)

ကိုယ့်ဘ၀အကြောင်းကို ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ကြည့်။ ကိုယ့်ဘာသာကိုယ် တွေ့ရမှာက ကိုယ်အပြစ်ရှိ မရှိ။ ဘ၀၊ ဘ၀၊ ဘ၀၊ ဒီလိုအရွယ် ဒီလိုအမြဲ … ( ၊ ဘ၀ ဘ၀) စတယ်လာနှင့် စကားပြောရတာကိုက သိပ်အမြီးအမောက် မတည့်ချင်တော့ဘူး။ ကျွန်တော်ပြောခဲ့ဖူးတဲ့ စကားတွေနဲ့ ကျွန်တော့်ကို ပြန်ချည်တယ်။ ငြိမ်းမောင်ကိုတောင် လှမ်းပြီး တိုင်တည်နေသေးတယ်။ မဟုတ်ဘူးလား။ ကိုငြိမ်း၊ ကိုတို့ပြောဖူးတယ်မဟုတ်လား။ သွားတော့မယ်ဆိုတဲ့လူကို ဘာဖြစ်လို့ တားနေမှာလဲ ဆိုတာလေလို့ သူက ပြောနေပြန်တယ်။ ကျွန်တော်က ငြိမ်းမောင်ကို လှမ်းကြည့်လိုက်တယ်။ ငြိမ်းမောင်က ကျွန်တော့်ကို ပြုံးပြတယ်။ ဘာမျှတော့ ပြန်မပြောဘူး။ ငါ နင့်ဆီလာတာ နင်တို့လင်မယားအကြောင်း ပြောဖို့လာတာ။ ငါ့အကြောင်းတွေ ရေနှူးခိုင်းဖို့လာတာ မဟုတ်ဘူးလို့ပြောတော့ စတယ်လာက ပြုံးစိစိလုပ်နေတယ်။ ဒီလို။ ရန်ကုန်ရောက်တော့ မင်းဆွေတို့၊ ဌေးညွှန့်တို့က စတယ်လာတို့လင်မယားအကြောင်း၊ မင်းနည်းနည်းလောက် ၀င်စမ်းပါဦးလို့ ပြောပြန်တယ်။ ဘယ်လင်မယားကြားမှ ငါမ၀င်ချင်ဘူးလို့ ပြောပေတဲ့၊ မင်းပေးစားထားတဲ့ လင်မယား၊ မင်းမ၀င်ရင် ဘယ်သူဝင်မလဲလို့ မင်းဆွေက ကျွန်တော့်ကိုချည်တယ်။ အဲဒီတုန်းက ငြိမ်းမောင်ကလည်း ထောက်ခံတယ်။ နှ

ချိုချဉ်

Love also has to be learned. Fredrich Neitzche. The Joyful Wisdom IV:335 ပွဲဈေးတန်းမှာ ဆိုင်စုံတယ်။ ဗူးသီးကြော်ဆိုင်နားမှာ ကောက်ညှင်းကျည်တောက်သည် ရှိတယ်။ အဲဒီဘေးမှာ နှစ်ပြန်ကြော်သည်ရှိတယ်။ ပြီးတော့ ဇီးပေါင်းသည် ရှိတယ်။ ကျွန်တော်ကတော့ ဒီဘက်ကို သိပ်မကြိုက်ဘူး။ ဟိုဘက် ရေခဲမုန့်သည်ရှိတဲ့ဘက်ကို ကြိုက်တယ်။ ချော့ကလက်ရောင်းတဲ့ ကုလားကြီးရှိတယ်။ သူတို့ နဘေးမှာ သကြားလုံးသည် ရှိတယ်။ ကျွန်တော်က အဲဒီဘက်ကို ကြိုက်တယ်။ အိမ်ပြန်ခါနီးရင် ကျွန်တော်က သကြားလုံး ၀ယ်လေ့ရှိတယ်။ သကြားလုံးဆိုပေမဲ့ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေ ၀ယ်လေ့ရှိတယ်။ လိမ္မော်ရောင် ချိုချဉ်ပြားလေးတွေက လိမ္မော်သီးခြမ်းလေးတွေလိုပဲ။ ကျွန်တော် ကြိုက်တယ်။ သူကတော့ ပရုပ်ပါတဲ့ စပ်ပြူစပ်ပြားလေးတွေ ၀ယ်လေ့ရှိတယ်။ ခံတွင်းရှင်းတယ်လို့ ပြောတယ်။ ပါးစပ်မွှေးတယ်လို့ပြောတယ်။ ငယ်ငယ်တုန်းက ကျွန်တော်က သူ့ကို ပြောဖူးတယ်။ တစ်နေ့တော့ နင့်ပါးစပ်မွှေးမမွေး ငါနမ်းကြည့်ဦးမယ်လို့ပြောတယ်။ သူက ရယ်တယ်။ အေး၊ တစ်နေ့တော့… လို့ သူက ပြန်ပြောတယ်။ အဲဒီတုန်းက ဟိုကောင်က စိတ်ဆိုးတယ်။

♥ ချစ်ခြင်းတရား သရုပ်ခွဲ

♥ ♥ ♥ ... အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ ရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားတွင်သာ အနက်အဓိပ္ပာယ်တစ်စုံတရာ မရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည် ရှိခဲ့ (သို့မဟုတ်) မရှိခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည် ဤသို့ဖြစ်ခဲ့လျှင်... အကယ်၍ ချစ်ခြင်းတရားသည်... ချစ်ခြင်းတရားသည် အကယ်၍ ..... ခဲ့လျှင် .... ♥ ♥ ♥ ! တစ်စုံတစ်ယောက်က သူ့ကို ချစ်ခြင်းတရား၏အနက်အဓိပ္ပာယ် တစ်စုံတရာကို မေးမြန်းခဲ့ပါလျှင် သူ့အနေဖြင့် အဖြေတစ်ခုခု ပြန်လည်ပေးစွမ်းနိုင်လိမ့်မည်မှာ မသေချာလှ။ အချစ်ကို ကျွန်မအဓိပ္ပာယ်ဖွင့်ဆိုရန် မတတ်စွမ်းပါဟု ရေးသားခဲ့သည့် စာရေးဆရာမလေးကဲ့သို့ အဖြေမဟုတ်သော အဖြေတစ်ခုကိုပင် သူက ပေးနိုင်လိမ့်မည်မထင်။ ချစ်ခြင်းတရား၏ အဓိပ္ပာယ်တစ်ခုခုကို ဖမ်းဆုပ်ရယူရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် ယင်း၏အနက်အဓိပ္ပာယ်မှာ (သို့မဟုတ်) ချစ်ခြင်းတရားမှာ ကြေမွပျက်စီးနှင့်ပြီးသား ဖြစ်ခဲ့ပြီဟု အဓိပ္ပာယ်ဖွင့်ဆိုရမည်လား သူက စဉ်းစားကြည့်သည်။ ဖတ်ကောင်းအောင်ရေးထားသော (သို့မဟုတ်) ယုံကြည်ရန်လွယ်ကူသော (သို့မဟုတ်) လူပြိန်းကြိုက်ဟု လူပြိန်းများကသတ်မှတ်မည်ဖြစ်သော (သို့မဟုတ်) မြီးကောင်ပေါက်များ ဒိုင်ယာရီထဲ ရေးမှတ်လေ့ရ

သိပ္ပံနည်းကျ စိတ်ချင်းဆက်သွယ်မှု

သူတစ်ပါးရဲ့စိတ်ကို ဖတ်ချင်ခဲ့ဖူးပါသလား။ ပါးစပ်က စကားတစ်ခွန်းမျှမပြောဘဲ စိတ်ချင်းဆက်သွယ်ချင် ခဲ့ဖူးပါသလား။ ဤကိစ္စသည် နောက်ပိုင်းတွင် လက်တွေ့ အကောင်အထည် ပေါ်လာကောင်းသည်ဟု “ဦးနှောက်ချင်း ဆက်သွယ်မှု” (Brain-to-Brain Communication) ကို ခွင့်ပြုသော စနစ်တစ်ခုကို ဖန်တီးခဲ့ကြသည့် ဗြိတိသျှသိပ္ပံပညာရှင်များက ဖွင့်ဟခဲ့ကြသည်။ လူတစ်ယောက်၏ ဦးနှောက်မှ အချက်ပြမှုများကို အင်တာနက် ကော်နက်ရှင်မှတစ်ဆင့် မိုင်ပေါင်းများစွာဝေးကွာသော အခြားလူတစ်ဦး၏ ဦးနှောက်သို့ ပို့ဆောင်ပေးနိုင်မည့် စနစ်ဖြစ်ပါသည်။ ဆောက်သမ်တန်တက္ကသိုလ်တွင် အပေါင်းပါများနှင့်အတူတကွ အလုပ်လုပ်နေသော ခရစ်စတိုဖာ ဂျိမ်းစ်ဆိုသူက ဤနည်းပညာမှာ အတွေးများ၊ စကားလုံးများနှင့် ပုံရိပ်များကို အခြားသူများ၏စိတ်အတွင်းသို့ ချက်ချင်းဆိုသလို တိုက်ရိုက် ပေးပို့နိုင်မည်ဖြစ်ပြီး လမ်းလျှောက်သင်သည့် ကလေးငယ်၏ ပထမဆုံးခြေလှမ်းသဖွယ် စမ်းသပ်ချက် တွေ့ရှိချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဤနည်းပညာက ကိုယ်ခန္ဓာမလှုပ်ရှားနိုင်သူများ၊ စကားမပြောနိုင်သူများနှင့် မျက်မမြင်များအတွက်တောင်မှ အသုံးဝင်လာနိုင်လိမ့်မည်ဟု ဒေါက်တာ ဂျိမ်းစ်က ပြောကြားခဲ့သည်။ ကီးဘုတ်များ၊ တယ်လီဖုန်းများနှင့် အနည်းဆုံ

ညဥ့်နက်ခဲ့သော ကြိုး ...

အစဉ်အမြဲ ဒီအခန်းထဲမှာပါပဲ။ နာရီလက်တံ ပြောင်းပြန်အတိုင်းလည်နေတဲ့ မျက်နှာကြက် ပန်ကာဆီက တ၀ီဝီအသံနဲ့ သီချင်းသံ တိုးတိုးဆိတ်ဆိတ်…။ ခါတိုင်းညများလိုပဲ ဒီညမှာလည်း မှောင်နေတယ်။ Tobacco ပါတဲ့ ရယ်ဒီမိတ်ကွမ်းယာကို ပါးစပ်ထဲအမြဲ ငုံထားတတ်သူက သူ့မှာ စွဲလန်းခြင်းတွေ ကင်းခဲ့ပြီဖြစ်ကြောင်း သက်သေပြဖို့ ကြိုးစားချင် နေတယ်။ သူဟာ အချစ်ဆိုတဲ့အရာကို မြေမြှုပ် သဂြုင်္ိဟ်ပြီး ဖြစ်ကြောင်း သူ့ကိုယ်သူ စက္ကန့်မလပ် သတိပေးနေတယ်။ ဒါကြောင့်ပဲ အချစ်ဆိုတဲ့အရာသာ သူ့ခေါင်းထဲမှာ အခါမလပ် ကြီးစိုးနေရတယ်။ အချစ်ကို မေ့ပြစ်လိုက်ပြီလို့ တွေးနေရခြင်းကိုယ်နှိုက်က အချစ်ရဲ့ လေးနက်မှုကို တစ်ဖက်လှည့်ပြန်ညွှန်းနေပြန်တယ်။ တကယ်သာ မေ့သွားခဲ့ပြီဆိုရင် မေ့ပစ်လိုက်ပြီလို့ သတိပေးနေစရာ ဘယ်လိုမှာလဲ။ ခက်တာက သည်အချက်ကို မသိမမြင်ဘဲ ဇွတ်တိုးနေရင်လည်းကောင်းသား။ သူ့ကိုယ်သူ လှည့်စားခြင်း အလုပ်မှာ သူဟာ အမြဲတမ်း ရှုံးနိမ့်ခဲ့သူဖြစ်တယ်။ သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်နေတယ်။ သူ့ကိုယ်သူ တစ်ပတ်ရိုက်လို့မရဘူး။ ဒီထက်ပိုခက်တာက သူကိုယ်တိုင်ဟာ သူ့ထက်ပိုလည်တယ်ဆိုတဲ့အချက်ကိုလည်း သူက ပြန်သိမြင်နိုင် လောက်အောင် ပါးနပ်နေပြန်တယ်။ ဒီတော့ သူ့ဆီမှာ နာကျင်မှုဝေဒနာ ဖြစ်ပေါ်လာတယ်။ အဲဒီ