Skip to main content

ထပ်တူမရှိ...

အပြင်တွင် မိုးရွာနေသည်။ ဒေလီတွင် ဆောင်းတွင်းဘက် မိုးရွာတတ်ပါသလား...။ မိုးရွာသောညများသည် စိတ်ကူးယဉ် အိပ်မက်မက်ရန်၊ သို့မဟုတ် မျှော်လင့်ချက်များအားလုံး ဆုံးရှုံးသွားသည့်အဖြစ် (မျှော်လင့်ချက်မဲ့ အခြေအနေ) ကို ခံစားရန်၊ ဤနှစ်ခုအတွက်သာ သင့်လျော်ပါသည်။ သို့သော် ထိုနှစ်ခုလုံးအတွက် အဆင်သင့်မဖြစ်သေးပါ။ စောင်ထူထူ အိပ်ယာအတွင်းမှ အနာဂတ် လက်ကျန် ခပ်နည်းနည်းအကြောင်း အာသာငမ်းငမ်း တွေးရခြင်းသည် ငြီးငွေ့ဖွယ်ကောင်းလွန်း လှသည်။ မျှော်လင့်ချက်မဲ့အခြေအနေအား လှမ်းမျှော်ကြည့်ရခြင်း ကျတော့လည်း သဘာဝမကျ။ ဤညသည် ခါတိုင်းထက်ပို၍ ဂွကျသည်ဟူ၍သာ အရင်ညများကအတိုင်း လက်ခံလိုက်ရသည်။

စာဖတ်ရင်း သေခြင်းတရားကို အစမ်းခံစားကြည့်သည်။ မိမိတွေးနိုင်သည့် ဘောင်လေးအတွင်းမှသာ တွေးကြည့်နိုင်ခြင်းအကြောင်း ပြန်တွေးမိသဖြင့် စိတ်ပျက်ရပြန်သည်။ (သိပြီးသား) သဘောတရားများကို ဆင့်ကာဆင့်ကာ ပွားများနိုင်ခြင်းသာရှိပြီး သေခြင်းတရားနှင့် ပိုဝေးသွားသလို ခံစားလာရသည်။ အပြင်တွင် ကွန်ကရစ်ခေါင်မိုးပေါ်သို့ မိုးပေါက်များကျသံသည် အလွန်သာယာသည် ထင်ရ၏။ ရေဘုံဘိုင်မှ ရေစက်တို့ ကျသံသည် သွေးပျက်ဖွယ်ကောင်းသည် ထင်ရပြန်၏။ ထိုသို့ ထင်နေရခြင်းများသည် ဘာမျှ ရေရာမှုမရှိသယောင် ထပ်ထင်နေရပြန်၏။ တစ်ခုခုရေးရန် (ယခု) ကြိုးစားနေသော်လည်း တစ်ခုခုကိုသာ ရေးနိုင်သည်။ ရေးနိုင်ခဲ့သည့် တစ်ခုခုသည် ရေးရန်ကြိုးစားနေသည့် တစ်ခုခုမဟုတ်ခြင်းသည် အလွန်ဝမ်းနည်းဖွယ်ကောင်း၏။ ပြောချင်သည့်အရာအားလုံးကို ဘာသာဗေဒနည်းလမ်းအားဖြင့် ခြုံငုံကိုယ်စားပြုနိုင်မှုမရှိခြင်းသည် အထီးကျန်ခြင်းစစ်စစ်ဖြစ်၏ဟု လူသူထူထပ်ရာတွင်လည်း အော်ဟစ်မနေချင်တော့...။ မသေမရှင်လူတစ်ယောက်၏ ခံစားချက်မျိုး ပုံတူပွားပြီး အရှင်လတ်လတ်ခံစားနေရခြင်းသည် အမှန်တရားယောင်ဆောင်ထားသည့် အယောင်ယောင်အမှားမှား လူလည်ကျမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သေခြင်းတရားအကြောင်း အရှင်လတ်လတ်ဖွင့်ဆိုရန် ကြိုးစားခြင်းအားဖြင့် မိမိကိုယ်ကိုယ် ညှင်းဆဲနေမိခြင်းသည် နာတာရှည်ရောဂါ ဖြစ်မှန်းသိသိကြီးနှင့် ဖြစ်လာခဲ့လေပြီ။ စိတ်ဖြေသာစရာ တစ်ခုသာရှိသည်။ သေခြင်းတရားသည် (မနေ့ကထက်ပို၍) နီးကပ်လာပါပြီ။

မိုးပေါက်ကျသံသည် ပိုမိုကျယ်လောင်လာသယောင်နှင့် တိခနဲရပ်သွားသည်။ မိုးစက်တို့သည် အဆုံးသတ်တစ်နေရာတွင် ပေါင်းဆုံသွားကြပေလိမ့်မည်။ နောက်ဆုံးတော့ ရောက်တတ်ရာရာ ပြောပြီးသကာလ “မိုးလည်းတိတ်ပြီ အိမ်ပြန်လိုက်ဦးမယ်ဗျာ” ဟု နှုတ်ဆက်ထွက်ခွာသွားသော မိုးအတူခိုနေသူ လူစိမ်းတစ်ဦးဟုသာ ကျွန်တော့်ကို လက်ခံပေးရန် တောင်းပန်လိုပါသည်။

ဤနေရာအရောက်တွင် ခဏရပ်၍ အထက်ပါစာသားများကို အစအဆုံး ပြန်လှန်ဖတ်ကြည့်မိသည်။ ဆိုလိုချင်သမျှသည် ရေးထားသမျှနှင့် သိသိသာသာ ကွဲလွဲမှုရှိနေသည်။ ဤကိစ္စအတွက် မည်သို့မျှ တတ်နိုင်တော့မည်မထင်။ မိုးပေါက်တို့ပြန်မကျလာခင် ကျွန်တော်တကယ်သွားမှ ဖြစ်ပါတော့မည်။

◄ တေဇာ ► ဒီဇင်ဘာ (၁၅) ၂၀၀၉

Comments

  1. မရဏနုဿတိပွားတာ အယောင်ယောင်အမှားမှား လူလည်ကျမှုလို့ မထင်ဘူး။
    မရေရာမသေချာမှုတွေနဲ့ လောက ဆိုတော့ အရင်နှုတ်ဆက်သွားပေမယ့် ဘယ်သူက အရင်ရောက်မယ် မသိနိုင်ပေဘူး။

    ReplyDelete
  2. အက်ဆေး= ရင်အံစာ တဲ့.။ ခင်ဗျား တကယ်ပဲ အဲလို ခံစားနေရလား( ပုဂ္ဂလိက အထီးကျန် ခံစားမှု သက်သက်) ဒီလို ဆိုရင်တော့ မိုးပေါက်ကျသံဖြစ်ဖြစ်၊ ရေဘုံဘိုင်က ရေတစက်စက် ကျသံ ဖြစ်ဖြစ် သိပ် စဉ်းစား မနေနဲ့တော့.။ ခင်ဗျား နဲ့ အတူ ရှိနေတဲ့ လူစိမ်းတဦး ခင်ဗျားကို နှုတ်မဆက်ခင် ခင်ဗျားကသာ အရင် နှုတ်ဆက်နိုင်အောင် ကြိုးစား..။ မိုးသည်းနေရင်လည်း...ကျွန်တော်တို့ ခံစားချက်(ယုံကြည်ချက်) အတွက် သွားကို သွားရမယ်....သွားကြမယ်...း)

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

You have 24 notifications about Eain and others