Skip to main content

အဆိုးမြင်ဝါဒအား ထောက်ခံခြင်း...

အပြုသဘောတွေးခြင်းသည် အချည်းအနှီး

စိတ်ပညာသိပ္ပံအဖွဲ့ (Association for Psychological Science) မှ အပြုသဘောဆောင်တွေးခြင်း (Positive Thinking) သည် မိမိကိုယ်ကိုယ်လေးစားမှု (Self-esteem) တည်ဆောက်ရာတွင် အကျိုးတစ်စုံတစ်ရာ မပြုသကဲ့သို့ စင်စစ် ပိုမိုဆိုးရွားမှုကိုပင် ဖြစ်ပေါ်စေသည်ဟု အသစ်ထပ်မံတွေ့ရှိမှုများအရ ဆိုသည်။

ဝါတာလူး (Waterloo) နှင့် ဘရန်းဆွစ်ခ် (New Brunswick) တက္ကသိုလ်တို့မှ သုတေသီများက တက်ကျမ်းများနှင့် လူပိန်းကြိုက် စိတ်ပညာစာအုပ်များက ကြွေးကျော်နေသကဲ့သို့ “ငါလုပ်နိုင်တယ်” ဟု အနုလုံပဋိလုံ မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးခြင်းမျိုး (Repeating Affirmation)၊ သို့မဟုတ် အပြုသဘောဆောင် ကိုယ်တိုင် တွေးထင်ချက်များသည် မိမိကိုယ်ကိုလေးစားမှု လျော့နည်းသောလူများကို ယုံကြည်ချက် ပိုမိုမြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့ကြသည်။ စင်စစ် ဤသို့သော နည်းလမ်းများသည် ပိုမိုပင် ဆိုးရွားသွားစေနိုင်သည်။



သိမှုဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းအားဖြင့် 
ယုံကြည်မှုတည်ဆောက်ခြင်း 



ဆယ်စုနှစ်များစွာအတွင်း စိတ်ပညာရှင်များသည် မိမိကိုယ်ကို ယုံကြည်မှုနည်းပါးသူများကို “သိမှုပြန်လည်တည်ဆောက်ခြင်း” (Cognitive Restructuring) ဖြစ်စဉ်ဟု သိကြသည့် နည်းလမ်းဖြင့် ကုစားဖို့ ကြိုးစားခဲ့ကြသည်။ သိမှုပြန်လည်တည်ဆောက်ခြင်းဆိုသည်မှာ အပျက်သဘောဆောင်သော အဆိုးမြင် အတွေးများအစား အပြုသဘော အကောင်းမြင်အဆိုများကို အစားထိုးတွေးတောလာအောင် ကူညီခြင်းအားဖြင့် လူတို့၏ တွေးခေါ်ပုံကို ပြောင်းလဲလာအောင် ကြိုးစားခြင်းပင်ဖြစ်သည်။ ဤနည်းအားဖြင့် တဖြည်းဖြည်း မိမိတို့အကြောင်း အပြုသဘောအဆိုများကို လူနာများက ယုံကြည်စပြုလာပြီး မိမိကိုယ်ကို လေးစားမှုနှင့် အကောင်းမြင်သဘောထားများ တိုးပွားလာလိမ့်မည်ဟု စိတ်ပညာရှင်များကိုယ်တိုင်က ယုံကြည်ခဲ့ကြသည်။

အပြုသဘောဆောင် အတည်ပြုချက်များသည် 
သင်ကိုယ်တိုင်နှင့် ထပ်တူထပ်မျှမဖြစ်

အသစ်လေ့လာဆန်းစစ်မှုများအရ “အပြုသဘော ကိုယ်ရေးရုပ်ပုံလွှာ၊ အချို့အတွက် စွမ်းအား အများအတွက် အန္တရာယ်” (Positive Self-Statements: Power for Some, Peril for Others) ဟူသည့် စိတ်ပညာသိပ္ပံဂျာနယ်ပါ သုတေသနဆောင်းပါးတွင် မိမိကိုယ်ကိုလေးစားမှု လျော့ပါးသော လူများအတွက် မိမိကိုယ်ကို အပြုသဘောဆောင် စိတ်တွင်းပြောဆိုမှုများ၊ အတည်ပြုချက်များသည် ကိုယ်ရေးရုပ်ပုံလွှာကို တိုးတက်အောင် မကူညီနိုင်ဟု သက်သေပြခဲ့သည်။ မကူနိုင်ရုံသာမက တကယ်တမ်းအားဖြင့် အဆိုပါ အကောင်းမြင်နည်းလမ်းများမှာ လူများကို မိမိကိုယ်ကို ပိုမိုသိမ်ငယ်လာခြင်းကိုပင် ခံစားရစေသည်ဟု ဆိုသည်။

ဝါတာလူးနှင့် ဘရန်းဆွစ်ခ်တက္ကသိုလ်တို့မှ စိတ်ပညာရှင်နှစ်ဦးက ကျောင်းသား (၆၈) ယောက်အား ၎င်းတို့၏ အတွေးနှင့် စိတ်ခံစားချက်များကို လေးမိနစ်တာကာလ အပိုင်းအခြားအတွင်း မှတ်တမ်းတင်ထားရန် ညွှန်ကြားခဲ့သည်။ အချို့ကျောင်းသားများကို “ငါဟာ ချစ်ခင်ဖို့ကောင်းတဲ့ လူတစ်ယောက်ပါ” ဟူ၍ ဆယ့်ငါးစက္ကန့် တစ်ကြိမ် မိမိကိုယ်ကို အသိပေးအဆိုပြုရန် ညွှန်ကြားထားသည်။ အဆိုပါ အပြုသဘော အဆိုပြုချက်အား ထပ်ခါထပ်ခါ ပြုလုပ်အပြီးတွင် မိမိကိုယ်ကို လေးစားမှုနည်းပါးသောသူများအနေဖြင့် မူလထက်ပင် ပိုမိုသိမ်ငယ်မှုကို ခံစားရကြောင်း သုတေသီများက တွေ့ရှိခဲ့ရသည်။

တိုင်းမ်မဂ္ဂဇင်း၏ ဆောင်းပါးရှင်၊ ဂျွန်ကလောက် (John Cloud) က ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုစိတ်ပညာဂျာနယ်ပါ၊ “အတ္တနှိုင်းယှဉ်ဖြစ်စဉ်နှင့် အတ္တကွဲ ပြန်ကျွေး” (The Self-Comparison Process and Self-Discrepant Feedback) ဆောင်းပါးကို ညွှန်းဆို ထောက်ပြသည်။ အဆိုပါဆောင်းပါးတွင် သုတေသီများက ယေဘုယျအားဖြင့် လူတို့သည် မိမိတို့ကိုယ်တိုင်ကို သိသောအသိကို ပြန်လည် စိစစ်ဖို့ အလိုမရှိတတ်ကြပေ။ အတိအကျဆိုရလျှင် ပို၍အပြုသဘောဆောင်သော ကိုယ်ရေးပုံရိပ်ကို မွေးစားဖို့ကိစ္စရပ်တွင် ပိုဆိုးသည်ဟု ဆိုခဲ့သည်။ စင်စစ် လူအများစုသည် မိမိတို့မယုံကြည်ရာ တစ်ခုခုကို ကြားသိရခြင်းကြောင့် ၎င်းတို့တွင် တည်ရှိခဲ့သည့် စိန်ခေါ်ခံရခြင်း မရှိသေးသည့် မူလယုံကြည်ချက်ကိုပင် ပိုမိုစွဲမြဲစွာ ဖက်တွယ်လာနိုင်စေပေသည်။

ကလောက်က “အကယ်၍ ခင်ဗျားရဲ့ ခပ်တုံးတုံးသူငယ်ချင်းတစ်ယောက်ကို မင်းဟာတစ်နေ့ အိန်းစတိန်းလို ဖြစ်လာမယ်လို့ ပြောပြီဆိုပါစို့၊ သူ့အနေနဲ့ ဉာဏ်ထက်မြက်လာမယ့်အရာ တစ်ခုတလေမှ ရရှိမှာမဟုတ်ပါဘူး။ ခင်ဗျားရဲ့ ၀ိရောဓိအဆိုကြီးကို သူက ယုံလိမ့်မှာ မဟုတ်တဲ့အပြင် သူ့ရဲ့ မူလ ကိုယ်ပိုင်အယူအဆ (ကိုယ့်ကိုယ်ကို တုံးတယ်လို့ သိ/ထင်နေတာ) ကိုသာ ပိုပြီးနီးနီးကပ်ကပ် လက်ခံလာစေလိမ့်မယ်။ နောက်ဆုံးမှာ ပိုလို့တောင် တုံးသွားဖို့ပဲရှိတယ်” ဟု ဆိုသည်။ ဤနည်းအားဖြင့် အပြုသဘော အဆိုများသည် တကယ်တမ်းတွင် ကျွန်တော်တို့၏ မိမိကိုယ်တိုင်အပေါ် ထားရှိသော အပြုမဘောမဆောင်သည့် ယုံကြည်ချက်များကိုသာ တိုးပွားစေတော့သည်။

ကုထုံးသစ်

ဤသုတေသန၏ ကျေးဇူးကြောင့် ယခုအခါ သုတေသီများအနေဖြင့် မိမိကိုယ်ကိုယုံကြည်ချက် နည်းပါးသူများအတွက် ကုထုံးကို ချဉ်းကပ်နည်းအသစ်များဖြင့် ဖော်ဆောင်နေကြပြီဖြစ်သည်။ လူနာများအား ၎င်းတို့၏ အဆိုးမြင်အတွေးများကို ငြင်းဆန်ရန် အတင်းအကြပ်တိုက်တွန်းခြင်းထက်၊ စိတ်ကုဆရာဝန်များက ယခုအခါ အဆိုးမြင်အတွေးများကိုပင် လက်ခံရန်နှင့် ၎င်းတို့ကိုပင် မြင်ကွင်းကျယ်ဖြင့် ကြည့်ရန် အားပေးတိုက်တွန်းလာ ကြသည်။

အဆိုးမြင်သဘောထားကို ချစ်ပါ

ဝါတာလူးနှင့် ဘရန်းဆွစ်ခ် တက္ကသိုလ်တို့မှ သုတေသီများက မိမိကိုယ်ကို အတင်းအကြပ်လုပ်ယူပြီး အကောင်းမြင်ခိုင်းမှုသည် ယုံကြည်မှုနည်းပါးသူများအတွက် အကျိုးမဖြစ်စေဘဲ၊ ပြောင်းပြန်အနေဖြင့် အဆိုးသာ ဖြစ်စေကြောင်း တွေ့ရှိခဲ့ရပြီဖြစ်သည်။ စိတ်ကုဆရာဝန်များကလည်း အဆိုးမြင်သဘောထားများကို “လက်ခံ” ရန်နှင့် မြင်ကွင်းချဲ့ကြည့်ရန်ကိုပင် အားပေးအားမြှောက်ပြုထား ကြပေသည်။




◄ တေဇာ ► ဒီဇင်ဘာ (၄) ၂၀၀၉

Comments

  1. အဆိုးမြင်ဝါဒ မြင်ပြီး စိတ်ကျ ရောဂါ ရနေတဲ့ သူတယောက်ကိုပဲ အဲဒီ လူကို အားပေးအားမြှောက် ပြုပြီး စိတ်ကို တဖြည်းဖြည်း တိုးယူတဲ့ သဘောနဲ့ ပုံမှန်ကို ပြန်ဆွဲခေါ်တဲ့ သဘောပဲ ဖြစ်မှာပါဗျာ ။ ကျုပ်လို သာမန် ပုံမှန် တယောက်အနေနဲ့
    အဆိုးမြင်ဝါဒကြီးကိုပဲ အဆိုးမြင်ရင်း မြင်ရင်းနဲ့ နောက်ဆုံးမှာ “အလကား ပါကွာ”
    ဆိုပြီး စိတ်ကျရောဂါဆီ ဦးတည် သွားရင်ရော.....း)

    ReplyDelete
  2. ကျွန်တော်ထင်တာတော့ အဲဒါက အဆိုးမြင်တာတွေ များပြီး စိတ်ကျရောဂါ ရနေတဲ့ သူအတွက်ပဲ ဖြစ်မယ် ဗျ။ အဆိုးမြင်တာတွေ များနေတဲ့ သူ့ကို အားပေး အားမြှောက် ပြုပြီး သူ့ကို ပုံမှန်ဘက်ကို ပြန်ဆွဲခေါ်တဲ့ သဘောပဲ ဖြစ်မယ်။ ပုံမှန် အနေအထားမှာ ရှိနေတဲ့ လူတယောက်က အဆိုးမြင်တာ တခုစ နှစ်ခုစရှိမယ်ဗျာ.။ အဲဒါကို အားပေးနေလိုက်မယ်ဆိုရင် အဆိုးမြင်ရင်း မြင်ရင်းနဲ့ ပုံမှန် လူတယောက်လည်း စိတ်ကျ ရောဂါသည် တယောက် ဖြစ်သွားနိုင်တယ်လေ....အဲလို...း)

    ReplyDelete
  3. ဒီစာလေးဖတ်ပြီး အကောင်းမြင်ဝါဒီသမားတွေက လေယာဉ်ပျံကို တီထွင်ပြီး အဆိုးမြင်သမားတွေက လေထီးကို တီထွင်တယ်ဆိုတာ သတိရစေတယ်။

    ပင်ကိုစိတ်ကို အတင်းအကြပ်ပြုပြင်ရင် ဘယ်လမ်းကိုပဲ ရွေးရွေး အစွန်းရောက်သွားရင် လိမ့်ကျမှာပဲလို့ ယုံတယ်။

    ဒါပေမယ့် အဆိုးမြင်သမားတွေဟာ စိတ်ချမ်းသာမှုရကြရဲ့လားလို့ သိချင်တယ်...ကိုယ်ကိုယ်တိုင် လောကကို မဲပြာနေတဲ့ နောက်ကျိမှန်ကသာ ကြည့်တတ်သူမို့ တကယ်သိချင်လို့ မေးခြင်းဖြစ်ပါတယ်။

    ကိုယ်တိုင်ကတော့ အဆိုးမြင်ရတာ စိတ်ဆင်းရဲစရာကောင်းလို့ အတတ်နိုင်ဆုံးပယ်ရှားလိုသူသာ ဖြစ်ပါတယ်။
    ခက်တာက ငြိမ်းချမ်းမှုဆိုတာ စိတ်ရောဂါကုဆရာတွေဆီမှာ သွားတောင်းလို့ မရဘူး ဖြစ်နေတယ်။

    ReplyDelete
  4. I would say that would be my favorite post ever.
    About 6 months ago, i was under sever stress and I looked for several self-help books.
    And all of them say "Be positive" "positive" ppoossiittiivvee.... too noisy and I was so pissed off.
    You cant make a world better just by seeing everything in a positive way. Why dont we try to accept honestly how we feel!!!

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

You have 24 notifications about Eain and others

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...