Skip to main content

၂၀၁၂ ဝေဒနာ

၂၀၁၂ မှာ ကမ္ဘာပျက်မယ့်ကိစ္စအကြောင်း အသံဗလံတချို့ ကြားရသည်။ အသံများက တဖြည်းဖြည်း ကျယ်လာသည်။ နောက်ဆုံး နားနားထိကပ်အော်သည်။ ဒီတော့မှ ခပ်ပျင်းပျင်းနှင့်ပင် Google ကို မေးကြည့်ရသည်။ ထုံးစံအတိုင်း Google ဆိုသည့် ဆရာသမားက Yes or No ရှင်းရှင်းလင်းလင်း ဘယ်တော့မှ မဖြေ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှသော Link ပေါင်း တစ်သန်းခွဲလောက် ချပြသည်။ ညစ်နေသည့်စိတ်က ဂိတ်ဆုံးထိရောက်သွားသည်။ ညစ်ညစ်နှင့်ပင် ထိုမွစာတက်နေသည့် Link များကို ကျွဲပါးစောင်းတီး လိုက်ဖတ်နေခဲ့သည်။ English ဘာသာနှင့်ရေးထားသည့်စာကို ဖတ်ရသည်က ကျွန်တော့်လိုလူအတွက် သက်တောင့် သက်သာမဟုတ်။ အွန်လိုင်းမှ အလကားပေးသမျှ Dictionary တွေ အကုန်ဖွင့်ထားရသည်။ တံတွေးဆွတ်ပြီး လက်ညှိုးလေးဖြင့် လှန်ရသည့် အဘိဓာန်ကြီး နှစ်အုပ်ကိုလည်း ကွန်ပြူတာဘေး ချထားရသည်။  ညနေခင်းလှလှလေးလည်း ထိုသပွတ်အူ Link များကို ချွေးတလုံးလုံးဖတ်ရင်း ကုန်ဆုံးသွားရသည်။ မကျေနပ်သေး၍ မြန်မာလိုရိုက်ရှာပြန်သည်။ ၂၀၁၂ မှာ တကယ်ပဲ ကမ္ဘာပျက်မှာလားဆိုသည့် စာလုံးကြီး ပြူးနေအောင်မြင်ရသည်။ ခပ်သွက်သွက်ဖတ်ကြည့်သည်။ နာမည်ကြီး မြန်မာဗေဒင်ပညာရှင်တစ်ဦးက အင်တာဗျူးတွင် ခပ်တည်တည်ဖြီးသည်။ ဘလော့ဂ်တစ်ခုတွင် လွန်ခဲ့သည့် တစ်နှစ်ခန့်က ရေးသားထားသည့် ပို့စ်တစ်ခုကိုလည်းတွေ့ရသည်။ U-Tube ထဲကမှ ဘာသာပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။ အားလုံးဖတ်ပြီးသောအခါ စိတ်ဓာတ်တို့က အ၀ီစိထိဂျိုးကပ်ပြီး ၂၀၁၂ မရောက်ခင်ပင် အခုချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ်ပေါက်သွားရသည်။ ထို့ကြောင့် အချက်အလက်၊ အကြောင်းရင်းများထက် ကျွန်တော်တွေးမိသည်များကိုသာ ဝေဒနာပါပါ ရေးကြည့်ပါမည်။ (ဝေဒနာပါပါဆိုသည်မှာ စေတနာပါပါမဟုတ်ဟု ယူဆနိုင်သည်)

တကယ်တော့ ကျွန်တော့်အနေဖြင့် ဤသို့ အုတ်အော်သောင်းနင်း ကိစ္စမျိုး ရေးဖို့ စိတ်မပါလှ။ စင်စစ် ရေးစရာ အကြောင်းရင်းလည်း တစ်လုံးတစ်ပါဒမျှ ကျွန်တော့်တွင်မရှိ။ ကျွန်တော်က နက္ခတ်ဗေဒင်ပညာရှင်လည်းမဟုတ်၊ သိပ္ပံပညာရှင်လည်း မမည်၊ အကြားအမြင်ရပုဂ္ဂိုလ်နှင့်လည်း လားလားမျှမဆိုင်သလို ရေချိုးပေးစရာ ပူစီလေးလည်း ရှိတော့သည်မဟုတ်။ ဘာကြောင့်ရေးရသလဲဆိုလျှင် နားပူလို့ ဟူ၍သာ ဗြောင်ပြောရပါလိမ့်မည်။ သူငယ်ချင်းများထဲမှ ပညာတတ်ဘွဲ့ရ၊ အကြားအမြင် ဗဟုသုတအရာတွင် မညံ့လှသည့်လူများကလည်း ယုံချင်ချင်ဖြစ်နေသူ၊ ဆံပင်မွှေးထောင်အောင်ယုံကြည်သူ၊ ယုံရကောင်းနိုး မယုံရကောင်းနိုး ဝေခွဲမရဖြစ်နေသူ၊ ယုံမယုံ မသေချာသော်လည်း လူ့ဘုံသည် အခြေအနေမကောင်းတော့သည့်အတူတူ နတ်ပြည်ကို ဘုတ်ကင်လုပ်ထားခြင်းအလို့ငှာ ဘုရားတရားဘက်လှည့်တာမမှားဟူသော တွက်ကိန်းဖြင့် ပုတီးမှန်မှန် စိတ်နေသူများ ရှိလာသည့်အခါ၊ ကြွေးပတ်လည်ဝိုင်းနေသူများက ၂၀၁၂ ကို ဝေးလွန်းလှသည်ယူဆ၍ ပူဆွေးနေကြသည့်အခါ စိတ်ထဲခဲဆွဲထားသလို ခံစားလာရသည်။ ဒီတော့ အနည်းငယ် လျှောက်ရေးကြည့်ပါမည်။

ပထမဆုံးအချက်အနေဖြင့် ကမ္ဘာပျက်ဟောကိန်းများတွင် ပျက်ပုံပျက်နည်းကို အတိအကျ မဟောကြ။ ဂြိုဟ်ပဲ့ကြီးနှင့်တိုက်ပြီးပျက်မည်၊ ရေလွှမ်းမည်၊ မီးတောင်ပေါက်မည်၊ ငလျင်လှုပ်မည် စသည်ဖြင့်.. သေချင်းဆိုးများ အများအပြား ဖော်ပြထားသည်။ မာယာလူမျိုးတို့၏ ပြက္ခဒိန်ကို အကြောင်းရင်းတစ်ခု လုပ်သည်။ အဆိုပါပြက္ခဒိန်ကလည်း တစ်မျိုးတစ်စားတည်းရှိသည်မဟုတ်၊ မူကွဲများရှိသေးကြောင်း သိရပြန်သည်။ မိမိတို့ မျိုးနွယ်ပျက်သုန်းသွားမည့်အရေးကိုတောင် မကာကွယ်နိုင်ခဲ့သည့် ထိုလူမျိုးများက ၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့ ဟု ဤမျှလောက် သေချာတိကျနေသည့် ကမ္ဘာပျက်ရက်စွဲတစ်ခုကို တွက်ချက်ဟောကိန်းထုတ်နိုင်စွမ်း ရှိနေသည် ဆိုခြင်းမှာ ပွဲကျလောက်သည့် ပျက်လုံးတစ်ခုသာဖြစ်ပေသည်။ ဤပျက်လုံးကို အကြောင်းရင်း (Reason) တစ်ခုအနေဖြင့် ပေးရလောက်အောင် IQ မြင့်သည့်သူများက ပြောသည်ဆိုတော့ ယုံသင့်မယုံသင့် ဆင်ခြင်ကြည့်နိုင်ပါသည်။ သို့သော် ထိုကိစ္စကို ကြောင်ရေချိုးနေသူများ ထင်သည်ထက်များပြားလှစွာ ရှိနေကြောင်း သိရသည့်အတွက် ပိဿလေးဘေးပြစ် ဘာသာဗေဒဖြင့်သာ ဆက်လက်ပြောကြားလိုပါသေးသည်။

ဤဟောကိန်းသည် မာယာပြက္ခဒိန်အပြင် နိုင်ငံတကာ သိပ္ပံပညာရှင်များ၊ နက္ခတ်ဗေဒပညာရှင်များနှင့် မြန်မာ့နာမည်ကြီးဗေဒင်ပညာရှင် စံဇာဏီဘိုကပင် ဟောသည်ဟုဆို၏။ ၀မ်းနည်းဖို့ ကောင်းသည်က အနှီပညာရှင်တို့၏ ဟောကိန်းများထဲတွင် ယတြာ မပါ။ ရှောင်ရှားနည်း မရှိ။ လူသားအားလုံး သေကုန်ကြမည် ဆို၏။ ဗေဒင်ဆရာ၏အင်တာဗျူးတွင် ကြောက်ခမန်းလိလိ ဖြေကြားချက်များကို တွေ့ရသည်။ စင်စစ် ဤဟောကိန်းမှာ အင်တာနက်ပေါ်တွင် နှစ်အတန်ကြာကတည်းက တည်ရှိနေခဲ့ခြင်းဖြစ်သလို ခေတ်အဆက်ဆက်တွင်လည်း ဤသို့သောဟောကိန်းများ မရိုးနိုင်အောင် တည်ရှိခဲ့ပြီး ဖြစ်သည်။ ဘာသာရေးဂိုဏ်းဂဏ တစ်ခုခု၏ အနည်းစုယုံကြည်ချက်မျိုးဖြင့် ကိုယ့်ကိုယ်ကိုစုပေါင်း အဆုံးစီရင်မှုများလည်း သာဓကရှိ၏။ ထို့ကြောင့် ဆန်းလှသော ဟောကိန်းမဟုတ်ဟု ယူဆနိုင်သည်။ လွန်ခဲ့သည့် တစ်နှစ်ခန့်လောက်ကလည်း ခြင်္သေ့ရေသောက်မယ်ဆိုသည့် ဟောကိန်းတစ်ခုသဲ့သဲ့မျှ ကြားလိုက်ရဖူးသည်။ ရွှေတိဂုံဘုရားစောင်းတန်းက ခြင်္သေ့ကြီးတွေထိ ရေမြုပ်မည် ဆို၏။ ဒါဆို ဘာကြောင့် ဒီ မဆန်းလှသည့် ဟောကိန်းကို ဖင်ကြားခဲခုဖြစ်နေကြပါသလဲ စဉ်းစားကြည့်မိသည်။ သိပ္ပံပညာရှင်တွေက ပြောလို့လား။

သိထားရန်လိုအပ်သည့် အချက်တစ်ခုကို ဝေမျှလိုပါသည်။ ကောလာဟလများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ထုတ်လွှင့်ခြင်းများ ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ အစိုးရက ပြည်သူလူထုကို အကျိုးဆက်တစ်ခုခု (ထိုကောလာဟလကို လူအများစုက ယုံကြည်ခဲ့လျှင် ဖြစ်လာနိုင်သည့်အကျိုးဆက်) အတွက် အတည်ပေါက် ထုတ်လွှင့်ခြင်းများရှိသည်။ အရပ်ထဲတွင် ပဲပြုတ်သည်က စောစောစီးစီးပေးသော သတင်းမျိုး၊ ကလေးအမေများ သန်းရှာရင်းပြောသည့် Topic မျိုးများဖြစ်သည်။ ခုဟာကိုတော့ ဂလိုဘယ်ဟောကိန်းကြီးပဲ ထားပါတော့။ ထိုသို့သော သတင်းများတွင် ရည်ရွယ်ချက်တစ်စုံတရာ ရှိနေသည်။ အချက်အလက်၏ ခိုင်လုံမှု (Validity) က အဓိကမဟုတ်။ ယုံကြည်သူများရှိလျှင် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်ကသာ အဓိကဖြစ်သည်။

ဆိုကြပါစို့..။ ကမ္ဘာကြီး ၂၀၁၂ တွင် ဧကန်ပျက်တော့မည် ဆိုပါတော့။ လူတွေ ဒါကို ယုံကြည်နေလျှင်၊ အနည်းဆုံးအားဖြင့် ဇဝေဇ၀ါအခြေအနေဖြစ်နေလျှင် ဘာဖြစ်မည်လဲ။ အသေခံဗုံးခွဲရန် စိတ်အားထက်သန်နေသော အစ္စလာမ္မစ်စစ်သွေးကြွတစ်ယောက်အနေဖြင့် တက်ကြွမှုလျှော့ပါးသွားနိုင်သည်။ အကုန်သေကြတော့မယ့်တူတူ ဘာဖြစ်လို့ ခွဲနေတော့မလဲ။ ငြိမ်းချမ်းရေးစိတ်ဓာတ် အနည်းငယ်ဝင်လာနိုင်စရာ ရှိသည်။ ရုပ်ရှင်ထဲကလို ကမ္ဘာကြီးကို ဂြိုဟ်သားတွေလာတိုက်သည် ဆိုပါဦး။ အီရတ်နိုင်ငံရှိ အမေရိကန်တပ်များ ကလည်း အီရတ်ပျောက်ကျားများထက် ဂြိုဟ်သားများကိုသာ တိုက်ရပေတော့မည်။ ပျောက်ကျားများကလည်း သေနတ်တွေကို မိုးပေါ်ထောင်ရပေတော့မည်။ လွန်ခဲ့သည့်ခြောက်နှစ်ခန့်က ဖြစ်ခဲ့လျှင် ဘွတ်ရှ်နှင့် ဆက်ဒမ်ဟူစိန် လည်ပင်းဖက်ပြီး သွေးသောက်ညီအစ်ကိုများပမာ တိုက်ပွဲဝင်နေကြပါလိမ့်မည်။ ဆိုလိုသည်က ဤသို့ “ဘုံအကြောက်” တစ်ခု ဖန်တီးပေးထားခြင်းအားဖြင့် ငြိမ်းချမ်းရေးကို ဖန်တီးနိုင်သည် ဆိုသည့်အချက်ဖြစ်သည်။ လူသားများ၏ ဦးစီးဦးဆောင် ကြိုးကိုင်နေရာက လှုပ်ရှားကပြနေသူများက ဤသို့သော အကွက်မျိုးများ ပညာသားပါပါရွှေ့တတ်သည်။ ကမ္ဘာကြီးပူနွေးလာမှုအပေါ် ငြင်းခုန်ခြင်းများတွင်ပင် Global Warming မှာ Political သာဖြစ်ကြောင်း တန်ပြန် ငြင်းခုန်ခြင်းများ အများအပြားရှိနေပါသည်။ ဤသို့ ငြိမ်းချမ်းရေးကိစ္စဖြစ်မည်လားဟူသော မေးခွန်းကို မြန်မာပညာရှိက မဟုတ်ဟု တစ်ချက်လွတ်ငြင်းထားသည်ကို တွေ့ရသည်။ အကြောင်းပြချက်တော့ မတွေ့ရပါ။ ငြိမ်းချမ်းရေးမဟုတ်လျှင် ဘိန်းမှိန်းမှိန်းရေးသာ ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

အတွေးကို အနည်းငယ်ရှေ့တိုး၍ တစ်နည်းပြောင်းစဉ်းစားကြည့်ပါမည်။ အကယ်၍ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတစ်ဦးက ဤကိစ္စကို ယုံကြည်သည်ဆိုလျှင်ရော မည်သို့နည်း။ မြန်မာ့ ၂၀၁၀ ရွေးကောက်ပွဲကြီး၏ အနာဂတ်မှာ နှစ်နှစ်သာ ရှိတော့သည်။ စိတ်ပျက်စရာကြီးမဟုတ်ဘူးလား။ အန်တီစုလွတ်မလွတ်ကိစ္စသည် ကလေးကစားစရာသာ ဖြစ်သွားပေလိမ့်မည်။ ၀မ်းနည်းစရာကောင်းလှသည့်ကိစ္စ ဖြစ်လာပါပြီ။ ဤကိစ္စသည် “ဘုံအကြောက်ဖန်တီးမှု” တစ်ခုသာဖြစ်သည်ဆိုလျှင် ထိုဘုံအကြောက်သည် မည်သည့်ငြိမ်းချမ်းရေးကိုမျှ မရှေးရှုဘဲ လက်ရှိအရေးကြီး အခြေအနေများကို လျစ်လျူရှုမိအောင်လုပ်သည့် ဆိုးရွားလှသည့် မှိုင်းတိုက်မှုတစ်ခုသာ ဖြစ်ပေမည်။ မြန်မာတွေအတွက် အကျိုးမရှိဘဲ အဆိုးသာရှိသည့် ကောလာဟလများ ဖြစ်ပေသည်။ ဤသို့ပြောရသည့် အကြောင်းရင်းက ဤကိစ္စသည် ကမ္ဘာအနှံ့ပျံ့နေသည် ဆိုသော်လည်း အင်္ဂလိပ်လိုရေးထားသည့်ဆောင်းပါးများတွင် မှတ်ချက်များ၊ ဆွေးနွေးထားချက်များ များများစားစားတွေ့ရလေ့ မရှိဘဲ မြန်မာဘာသာ အင်တာနက်စာမျက်နှာများတွင်သာ ဗြဲလရမ်းမြင်တွေ့နေရ၍ ဖြစ်ပါသည်။ အကြောင်းရင်းကိုမူ နိုင်ငံကျော် ဗေဒင်ဆရာ၏ နှုတ်ထွက်စကားဖြစ်လို့လားဟု ခပ်ဖော့ဖော့သာ စဉ်းစားရဲပါသည်။ မြန်မာတွေ ငတုံးတွေချည်းပဲဟုပြောရန် ကျွန်တော့်အနေဖြင့် အိပ်မက်ထဲပင် ထည့်မမက်ဝံ့ပါ။

တကယ်တော့ ဤဟောကိန်းကို ယုံ၏ မယုံ၏ တခုတ်တရ ပြန်လည်ဖြေကြားစရာ လုံးဝမရှိပါ။ ကောလာဟလဟု ကျွန်တော် သုံးနှုန်းခဲ့သဖြင့် မယုံဟု သတ်မှတ်ပြီး ဒါဆို ကမ္ဘာကြီး ထာဝရတည်တံ့မှာလား မေးလာသည်ဆိုခဲ့လျှင်မူ ဖြေစရာ ရှိနေပါသည်။ “မသေချာမှုနိယာမ” အရ မနက်ဖြန်နေထွက်မည့်ကိစ္စသည်ပင် “လုံးလုံးလျားလျား” သေချာမှု ရှိနေသည်မဟုတ်ပါ။ မနက်ဖြန် နေမထွက်ခင်ကို ကမ္ဘာကြီးပျက်သွားနိုင်ပါသည်။ သို့သော် ပျက်နိုင်ချေ အလွန်နည်းသည်။ တစ်သန်းပုံတစ်ပုံပင်မရှိ။ ထို့ကြောင့် သေချာလုနီးနီးဖြစ်နေခြင်းသာဖြစ်ပါသည်။ လူသားတစ်ယောက်အနေဖြင့် ကိစ္စရပ်တိုင်းကို ဤသို့ ရာခိုင်နှုန်းဖြင့် သေချာမှုပမာဏမြင့်မားခြင်း၊ နည်းပါးခြင်း အားဖြင့်သာ လက်ခံထားခြင်းသည် အကျိုးအကြောင်း ဆီလျော်ပါသည်။ ကမ္ဘာကြီးသည် အချိန်မရွေး ပျက်စီးသွားနိုင်သည်။ လူသားမျိုးနွယ်သည်လည်း ထာဝရတည်တံ့နေမည့် အနာဂတ် ရှိကောင်းမှ ရှိပါလိမ့်မည်။ ဤသို့ပင် လက်ခံထားပါသည်။ သို့သော် ဒီကိစ္စသည် သာမန်လူတစ်ယောက်အနေဖြင့် အထွေအထူး စဉ်းစားနေစရာကိစ္စ မည်သို့မျှမရှိပါ။ ကမ္ဘာပျက်မည့်ကိစ္စကို ကာလည်းမကာကွယ်နိုင်၊ ဘယ်အချိန် ဖြစ်လာမည်မှန်းလဲမသိ (ယနေ့ခေတ်သိပ္ပံပညာအရ) ပြောင်းပြေးစရာ အခြားနေရာလည်းမရှိ လည်စင်းခံရမည့်အခြေအနေတွင် စိတ်ကူးထဲထည့်နေစရာ မလိုသလို မည်သူမျှလည့် မထည့်ကြပါ။ အိုဘားမား မိန့်ခွန်းပြောနေဆဲ၊ ၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံဖြစ်ရေး အလုအယက်ကြိုးစားနေကြဆဲ၊ AIDS ရောဂါကာကွယ်ဆေး သုတေသနပြုဆဲ၊ ၂၀၁၃ ထိ တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် လီပါပူးတွင် ဆက်ရှိနေရန် သေချာနေဆဲကမ္ဘာကြီးတွင် ကျွန်တော်တို့ကလည်း ကမ္ဘာပျက်ရင် ဘာလုပ်မလဲဟူသည့် နက်နဲလှသည့်ပုစ္ဆာကြီးအား နေပူထဲတွင် ထိုင်ပြီး ချွေးတလုံးလုံးဖြင့်တွက်ချက် အဖြေရှာနေကြဆဲဆိုလျှင်…?

◄ တေဇာ ► နိုဝင်ဘာ (၁၂) ၂၀၀၉

Comments

  1. စာဖတ်သူNovember 12, 2009 at 5:35 AM

    နားနားထိ ကပ်အော်သည်ဆိုတာ အလင်္ကာကို သဘောမကျပြုံးမိပါတယ် :D
    စာတင်ပေးတာ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. ဖြစ်ခါမှ ဖြစ်ရောပဲ...
    ယုံတယ်လဲ မဟုတ် , မယုံ ဘူးလဲ မဟုတ်ဘူး....
    အဲ___ ဒါပေမဲ့ ကြည့် တော့ကြည့် ချင်သားဗျ ! :D

    ReplyDelete
  3. ဟုတ်တယ်။ ပျက်မယ်ဆိုလဲ ဘာဖြစ်လဲ။ ပျက်ကာမှပျက်ရော ကိုယ်လုပ်စရာရှိတာ မသေမချင်း လုပ်နေရမှာက ကိုယ့်တာဝန်ပဲ မဟုတ်လား။ အရေးအသားလေးတော်တော်ကောင်းတယ်။

    ReplyDelete
  4. ပိဿလေးဘေးပြစ် ဘာသာဗေဒဖြင့်သာ ဆက်လက်ပြောကြားလိုပါသေးသည်။


    ဒီအသုံးအနှူံးလေးကို သိပ်သိပ်ကြိုက်ပါတယ်
    အမြဲလာဖတ်ပါတယ်
    မနေ့ကတောင်ရုပ်ရှင်ကြည့်သေးတယ် ၂၀၁၂ လေ
    ပျက်မပျက်တော့မသိဘူး
    ရုပ်ရှင်ကတော့ ကောင်းတယ်

    ReplyDelete
  5. တေဇာ ပြောမှ စောင်ထူထူရှာမယ်လို့ စဉ်းစားကြည့် လိုက်မိတယ်

    ReplyDelete
  6. ပျက်နိုင်ပါဘူး သူငယ်ချင်းရာ........။ အခုမှ သာသနာနှစ် တဝက်ပဲ ရှိပါသေးတယ်။ နောက်ထပ် တဝက် စိတ်ချလက်ချ ရှိသေးတာပဲ။ အဲဒါပြီးရင်တောင်..... ရှိနေဦးမှာပါ။ သာသနာပ ကာလပေါ့။ တင်ပြပေးတာလေး ကောင်းပါတယ်။

    ReplyDelete

Post a Comment

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...