Skip to main content

ပညာသားပါခြင်းအကြောင်း ခပ်တုံးတုံးတွေးမိခြင်း

U2 အဖွဲ့ရဲ့ ဂီတဟာ တခြားဂီတအဖွဲ့တွေနဲ့စာရင် သိပ်တော့ ထူးခြားကောင်းမွန်နေတာမျိုး မဟုတ်ဘူးဆိုတာကို လက်ခံနိုင်ကြမယ်ထင်တယ်။ ပရိသတ်တွေကလည်း သူတို့ရဲ့ ဂီတထက် အကြောင်းအရာကိုသာ ပွဲဆူနှစ်သက်ကြတာ များပါတယ်။ အန်တီစုအကြောင်း Walk on ဆိုတဲ့ သီချင်းစပ်ပြီးဆိုတာ ကြာခဲ့ပြီ။ အမှန်အတိုင်းပြောရရင် သီချင်းက သိပ်မကောင်းလှဘူး။ သူတို့ဟာ ယနေ့ကမ္ဘာ့ဇာတ်ခုံရဲ့ ဒရာမာအကြောင်းအရာတွေကို သီချင်းလုပ်ဆိုနေတယ်။ ကောင်းပါတယ်။ ဒါပေမဲ့ ဒေါ်စုရဲ့ Image နဲ့ တခြား လူတွေ စိတ်ထိခိုက်ခံစားရတဲ့ တကယ့်ဖြစ်ရပ်တွေကို ယူပြီးသီချင်းရေးစပ်နေတာ တစ်ဘက်က ပြန်တွေးကြည့်ရင် သူတို့ရဲ့ အောင်မြင်ရေးနည်းနာကောင်း တစ်ခုဖြစ်နေတယ်။ သီချင်းသံကြားလို့ ကြက်သီးထကြေးဆို ကမ္ဘာမကြေ.. မြန်မာပြည်..ကို သံပြိုင်ဆိုလည်း ကျွန်တော်တော့ ထတယ်...။ စဉ်းစားစရာကောင်းလှပေမဲ့... အဆိုးမြင်ဝါဒီလို့ သမုတ်ကြတာ ခံရဖန်များလွန်းလို့ စိတ်ထဲမှာပဲ ထားပါတော့မယ်...။ U2 ပရိသတ်အားလုံးရဲ့ အမုန်းဒဏ်တွေ ရောက်လာနိုင်တော့ ဒါလည်း ကျွန်တော်ကိုယ်တိုင်ရဲ့ လူမုန်းများနည်း နိသျှည်းဖြစ်သွားမှာ ကြောက်ရတယ်...။ Walk On Aunty Su ♪

ဘလော့ဂ်ပေါ်တင်ဖို့ ပို့စ်အသစ်မရေးဖြစ်တာ နည်းနည်းကြာပါပြီ။ ရေးပြီးသားတချို့ ရှိပေမဲ့ မတင်ဖြစ်သေးပါဘူး။ တစ်ပိုင်းတစ်စ တွေးမိတာလေး တစ်ခုကို တင်လိုက်ပါတယ်။ ထုံးစံအတိုင်း တောမရောက်၊ တောင်မရောက်၊ ပင်လယ်မရောက်၊ သောင်မတိုက်ကမ်းမဆိုက် အတွေးပါပဲ...။ ဆီလိုအပေါက်ရှာပြီးတွေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ သေချာတာတစ်ခုက လူတွေဟာ အောင်မြင်မှုကို ရရှိဖို့ နည်းပေါင်းစုံသုံးတတ်ကြတယ်ဆိုတာကို (By hook or by crook) မေ့ထားလို့တော့ မဖြစ်ပါဘူး။

◄ တေဇာ ► နိုဝင်ဘာ (၁၈) ၂၀၀၉

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...