Skip to main content

Posts

ပုံပြောသူ အောင်ချိမ့်

ပုံပြောသူ ( ) ငါပြန်မတက်နိုင်တဲ့ တွင်းဆုံးထဲကျရောက်ခဲ့... ငါ ဘာသွားကောက်တာပါလိမ့်...။ XXXXXXXXXXX နေပူပူမိုးရွာရွာ... ထီးပါတော့မှ ဖွင့်ဆောင်းပေါ့... နေပူပူမိုးဖွဲဖွဲထဲ ထီးကို တုတ်ကောက်လိုကိုင်လျှက် ခပ်တည်တည်ပဲ အဲဒီလူ လမ်းလျှောက် အဲဒါ သူ ရှက်တက်မှုတဲ့ အတော်တော့ ဂွကျတာပဲ...။ xxxxxxxxxx တဖြည်းဖြည်းသာ... ငါတို့ရဲ့ ဘ၀ကြီးဟာ... ကုန်ခမ်းလာတယ်... အဲဒါကို အနည်းငယ်ထစ်ငေါ့အောင်... ငါတို့ မရပ်မနားဆော့ကြတယ်... တရားတွေ့ သယောင်တကယ်မတွေ့ရွေ့ မျောက်ဘ၀မှ လုံးဝမရွေ့ ။ xxxxxxxxx ကျွန်တော်တို့ မမျှော်မှန်းတိုင်းတဲ့အဝေးကြီး ကျွန်တော်လွင့်စင်သွားနိုင်ပါတယ်...။ ကမ္ဘာ့အပြင်.. စကြ၀ဠာအပြင်အထိ... ကျွန်တော်လွင့်စင်သွားနိုင်ပါတယ်... အရာရာမှောင်မဲမဲ... အမေက ကျွန်တော့်ကို လူ့ဘ၀အလင်းဆီ ဆွဲတင်ခဲ့ပါတယ်။ စိတ်ညစ်ညစ်နဲ့ အောင်ချိမ့်ရဲ့ ကဗျာလေးတွေ မှတ်မိသမျှ ရေးထင်တားတာပါ။ ညစ်တယ်..ညစ်တယ်...ညစ်တယ်...။ X-(

`ပြန်မပြောနိုင်ရသည့် အကြောင်းအရင်း`

တစ်စုံတစ်ခု မှားယွင်းနေမှန်း သူသတိမထားမိမီအထိ ဟင်နရီကူးပါး လပေါ်သို့ခြေချခဲ့သည်မှာ သီတင်းနှစ်ပတ်မျှ ရှိပြီဖြစ်သည်။ အစ၌ ဖော်မပြနိုင်သော ထူးဆန်းသည့်ခံစားချက်တစ်မျိုးကို သူခံစားရသည်။ သို့သော် သူ့အနေနှင့် အာရုံစူးရှထက်မြက်သော သိပ္ပံသတင်းထောက် တစ်ဦးဖြစ်ရာ ထိုကိစ္စအတွက် အထွေအထူးသောကရောက်နေစရာ မရှိ။ တကယ်တော့ သူဒီနေရာသို့ ရောက်နေရသည့်အကြောင်းရင်းမှာ ကုလသမဂ အာကာသဆိုင်ရာ ကွပ်ကဲမှုဌာန (UNSA) မှ တာဝန်ပေးစေလွှတ်ခြင်းခံရသောကြောင့် ဖြစ်၏။ UNSA အနေဖြင့် လကမ္ဘာပေါ်မှသတင်းများကို ကမ္ဘာမြေသို့ ပြန်လည်ပေးပို့ရေးအတွက် အမြဲပင် ထက်မြက်၍တာဝန်ကျေသောလူများကိုစေလွှတ်ရန် အလိုရှိခဲ့သည်။ ယခုလိုအချိန်မျိုးတွင် ဤကိစ္စသည် ပို၍ပင် အရေးကြီးနေသည်။ လူဦးရေ အလွန်အကျွံတိုးပွားလာသော ကမ္ဘာကြီးမှာ လမ်းများ၊ ကျောင်းများနှင့် ပင်လယ်ပြင်စားကျက်မြေများကို အငမ်းမရတောင်းဆိုလာကြပြီး အာကာသစူးစမ်းလေ့လာမှု ကုန်ကျစရိတ်အတွက်လည်း ကန့်ကွက်ဒေါသထွက်နေကြ၏။ ထိုသို့သောအကြောင်းများကြောင့် သူ၏ ဒုတိယမြောက်လကမ္ဘာခရီးတွင် စာလုံးနှစ်ထောင်ပါ အစီရင်ခံစာတစ်ခုကို နေ့စဉ် ကမ္ဘာမြေသို့ ပြန်ပို့နေရသည်။ လသည် သူ့အတွက် တစ်စိမ်းဆန်သော အရပ်တစ်ခုမဟုတ်တော့။ သို့သော် အာဖရိကတိုက်၏...

သုံးနှစ်ကျော်ကြာ ဘ၀တစ်ခု

တစ်ခါတစ်ရံ အလိုဆန္ဒမှသွေဖည်ရွေ့ ငါတို့ ကပြအသုံးတော်ခံနေ့များ…။ အခကြေးငွေပေးရွေ့ တိုက်စားခံရသော ဘ၀များစွာထဲ ငါလည်း ပါဝင်ခဲ့ဖူးတာပဲ…၊ ကြောင့်ကျသောကနှင့် အညံ့ခံရမှုများ ချောင်ပိတ်ရိုက်ခံရခြင်းများ ဒီလိုအချိန်မှာတော့ ငါမရင့်ကျက်ပါရစေနဲ့လား….။ ဆေးလုံးခါးခါးပေါ်က သကြားလို ခပ်ပါးပါးအပြုံးများကြား… ခပ်တည်တည်ပဲလမ်းသလားလို့…။ လိမ္မာပါ… နားလည်ပါ… ကြိုးစားပါ… ကိုယ့်ဘ၀ကိုယ်သိပါ… ခပ်တင်းတင်းဆုံးမစကားများ… ပြားပြားဝပ်ချင်လာအောင် ကြိုးကိုင်ခဲ့ဖူးတဲ့ ညှပ်ပူးညှပ်ပိတ် စက္ကန့်သံများအား ရိုးသားစွာ အာခံခဲ့ပါတယ်…။ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာလောက် သိတဲ့လူတွေအကြား… အကျိုးဖြစ်လာစေတဲ့ အကြောင်းပေါင်းများစွာ ခွဲခြမ်းစိတ်ဖြာပြနေလဲ… ဆင်ခြေလို့ပဲ တံဆိပ်ကပ်လိမ့်မယ်…။ ချွေးမထွက်အောင် အလုပ်လုပ်တတ်မှ ဒေါ်လာရကြေးဆို ငါ ထမင်းရည်ကြိုသောက်ရတာလည်း မဆန်းဘူး…။ ရေလောဂျစ်ဖတ်ပြီး တေးသွားအတိုင်းမှ လိုက်မကတတ်သူ နေပူပူမှာ လမ်းလျှောက်လို့….။ ငွေအတွက် အချိန်ကိုရောင်းသူ အချိန်အတွက် ငွေကိုရောင်းသူ သာတူညီမျှ ရှိပါလေစ။ မြို့ပြရဲ့ လမ်းကြားများကြား မုန့်ဟင်းခါးစား ထမင်းပေါင်းစား ခေါင်းအုံးနဲ့ဝေးတဲ့ညတွေဆို အိပ်မက်ပါပျောက်ရှခဲ့ရပြန်ရော…။ ရွှေဂ...

ချစ်သူအမည်နှင့်ကျသော... နှင်း

သူလာပြီ အဖြူရောင်မြူခိုးတွေထဲ အေးစက်တဲ့ လေနဲ့ပွေ့ဖက် နှလုံးသားတွေ အေးခဲတော့မယ် ဆံပင်တွေကြား .. ပုခုံးသားပေါ် လက်အစုံပေါ်ကို ကျဆင်း သူတစ်ခါလာပြန်ပြီ ... နှင်းတဲ့။ နှင်းရယ်၊ ချစ်သူရယ် အမည်တူခဲ့တယ် နှင်းတွေ ခဏကလေး ကျပြီး ခဏကလေး ပျောက်ကွယ် ချစ်သူ ခဏကလေး ချစ်ပြီး ခဏကလေး ပျောက်ကွယ်။ တစ်ချိန်ကလို သူလာပြီလေ ကောင်းကင်ပေါ်မှာ အုံ့ဆိုင်းပြီး တစ်ခဏကျသော ဒီနှင်းတွေဟာ ချစ်သူအမည်နှင့်..။ ဝေမြတ်အောင် ၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာမဂဇင်းမှ။

ဘ၀တစ်ခု

ဘယ်သူမဆို ဘ၀တစ်ခုပဲ။ ဒါကိုသိမှတော့ ဘာကိုမှုရမလဲ။ ထီထိုးဖို့စိတ်ကူးခဲ့ ခဏခဏမေ့ခဲ့ ဘောလုံးပွဲကြည့်ဖို့သက်သက်ပဲ ဂျာနယ်ဖတ်ဖို့သက်သက်ပဲ အရက်သောက်ဖို့သက်သက်ပဲ ငါလူဖြစ်လာခဲ့သလား မေးခွန်းဟာ ခြောက်ကပ်ကပ်။ ငါ ရစရာအညှီများ ငါ ပေးရမယ့် အတည်ပေါက်များ အေး... မင်းလစ်တော့ ဒီစကားဟာ ဟာသပဲ ဒီနှစ်ထဲ။ နိစ္စဓူဝ ဒါကိုပဲ ထပ်ကာတလဲလဲ စဉ်းစားရ။ သလင်းဦးရဲ့နှစ်များ လာလမ်းဖြောင့်ခဲ့ပါသလား။ ခင်ဇော်မြင့် ၂၀၀၉၊ မေလ၊ ရုပ်ရှင်တေးကဗျာမဂဇင်းမှ။

လိပ်ပြာတောင်ပံခတ် အကျိုးသက်ရောက်မှု

တောင်ထိပ်တွင် ဘောလုံးကလေးတစ်လုံးကို ချထားပါ။ ပြီးရင် အဲဒီဘောလုံးကလေးကို တောင်ကြားဆီသို့ လိမ့်ချလိုက်ပါ။ သူဘယ်နား ကျလိမ့်မလဲမပြောနိုင်ဘူး မဟုတ်လားဗျာ။ ဒါဟာ မသေချာမှု၊ (တစ်နည်း ဧကန်မဲ့မှု) (Uncertainty) ပေါ့။ ဒီဘောလုံးလေးဟာ သူလိမ့်ဆင်းလာရာ လမ်းတစ်လျှောက် ခလုတ်ကန်သင်းတွေနဲ့ တွေ့ရမှာပေါ့။ ကျောက်ခဲသေးသေးလေးတစ်တုံးနဲ့ တိုက်မိခဲ့သည်ဖြစ်စေ သူ့ရဲ့လားရာဟာ အများကြီးပြောင်းလဲသွားနိုင်တယ်မဟုတ်လား။ သူကျရောက်မယ့် တောင်ကြားလေးထဲကနေရာဟာ ကျောက်ခဲသေးသေးလေးတစ်တုံးကြောင်း အများကြီးလွဲချော်သွားစရာ ရှိတယ်မဟုတ်လား။ ဒါဟာ လိပ်ပြာတောင်ပံခတ် အကျိုးဆက် (Butterfly Effect) ကို အရိုးရှင်းဆုံးရှင်းပြတဲ့ ဥပမာပါ။ အမေဇုန်တောထဲက လိပ်ပြာကလေးတစ်ကောင် အတောင်ပံခတ်တာ မုန်တိုင်းကြီးတွေဖြစ်ပေါ်စေတယ်ဆိုတာ နည်းနည်းယုတ္တိမတန်သလို ထင်ရပေမဲ့ ဘောလုံးဥပမာကတော့ ယုတ္တိတန်ပြီး ထင်သာမြင်သာရှိပါတယ်။ သိပ္ပံဝတ္ထုတွေထဲကလို အတိတ်ကိုသာ ပြန်ပြီးခရီးသွားနိုင်တယ်ဆိုပါစို့။ သူဟာ မူလရှိပြီးသား သူနေခဲ့တဲ့ ပစ္စုပ္ပန်ဆီပြန်ရောက်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက အတိတ်ကိုသွားပြီး ပြောင်းလဲမှုတစ်စုံတစ်ရာ(သေးသေးလေးပဲဖြစ်ဖြစ်) လုပ်ခဲ့မိပြီဖြစ်လို့ပါပဲ...

`ကိုယ်ပိုင်ခြေထောက်ပေါ်ရပ်တည်သော မင်းသမီးငယ်´

ဟိုးရှေးရှေးတုန်းက ပင်လယ်နံဘေးကတိုင်းပြည်တစ်ခုမှာ အရပ်မြင့်မြင့်နဲ့ နေကြာပန်းလေးတစ်ပွင့်လို ထွန်းလင်းတောက်ပတဲ့ မင်းသမီးလေးတစ်ပါးရှိခဲ့ဖူးတယ်။ နန်းတွင်းပရောဟိတ်ကြီးတွေ သင်ကြားသမျှ အရာအားလုံးကိုလည်း သူမဟာ အလွယ်တကူ သင်ယူတတ်မြောက်ခဲ့တယ်။ သူမရဲ့ ရွှေနဲ့ငွေ ပေသီးခုံလေးတွေနဲ့လည်း နန်းတွင်းရတနာတွေကို တွက်ချက်ပြီး စာရင်းပြုစုနိုင်တယ်။ နောက်ဆုံး သူမရဲ့ အလွန်တရာနှစ်လိုဖွယ်ကောင်းမှုကြောင့် နန်းတွင်းစုန်းကြီးနဲ့တောင် သင့်တင့်အောင် ပေါင်းသင်းနိုင်ခဲ့တယ်။ အတိုချုပ်ပြောရရင်တော့ မင်းသမီးလေးဟာ ချစ်ခြင်းမေတ္တာကလွဲလို့ ကျန်တဲ့အရာအားလုံးမှာ ပြောစရာမရှိအောင် ပါရမီပါခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာကတော့ သူမရဲ့အချစ်နဲ့ထိုက်တန်တဲ့ အမျိုးသားတစ်ဦးတစ်လေမှ အဲဒီတိုင်းပြည်အတွင်းမှာ မရှိလို့ပေါ့။ သူမဟာ ဒုံမင်းတီးတယ်။ ပိုးသားပေါ်မှာ အရုပ်လေးတွေရေးထိုးတယ်။ ပြီးတော့ ငှက်ကလေးတွေကို သူမရဲ့လက်ထဲကအစာကိုလာစားဖို့ လေ့ကျင့်ပေးတယ်။ မင်းသမီးလေးဟာ တိရိစ္ဆာန်ကလေးတွေနဲ့ အကျွမ်းတ၀င်ရှိလှပါတယ်။ ဒါပေမဲ့ မင်းသမီးလေးဟာ သာမန်လူတွေနဲ့သွေးချင်းမနီးတဲ့ တော်ဝင်မင်းသမီးလေးတွေ တစ်ခါတစ်ရံခံစားရတဲ့အတိုင်း အထီးကျန်ပြီး ပျင်းရိနေတုန်းပါပဲ။ သူမရဲ့အဖြစ်ကို...