Skip to main content

Posts

တာဝန်သိ အငြင်းသမား (Conscientious Objector)

ငါကတော့ သေမှာပဲ ဒါပေမဲ့ သေခြင်းတရားအတွက် ငါလုပ်စရာရှိတာ အကုန်ဟာ ဒါပဲ။ မြင်းကိုဆွဲရင်း တင်းကုပ်က သူထွက်လာသံ ငါကြားရ စပါးကျီကြမ်းပြင်ဆီက တဖျောက်ဖျောက်မြည်သံ ငါကြားရ သူက လောနေတယ်၊ ကျူးဘားမှာ သူ့လုပ်ငန်း ရှိတယ် ဘော်ကန်ဒေသမှာ ရှိတယ်၊ ဒီမနက်ခင်း လုပ်ရမယ့် ကိစ္စအများအပြား ရှိတယ် ဒါပေမဲ့ သူ ကုန်းနှီးထက် အခန့်သားထိုင်နေချိန်မှာ ငါက ဇက်ကြိုးကို ကိုင်မှာမဟုတ်။ သူ့ဘာသာ ခွစီးချင်စီးလိမ့်မယ် ငါကတော့ ခြေတစ်ဖက်မျှ ပေးကြွမှာမဟုတ်။ သူက ငါ့ပုခုံးတွေကို ကျာပွတ်နဲ့ တဖျပ်ဖျပ်ခတ်သော်ငြား မြေခွေးကလေး ပြေးသွားခဲ့ရာလမ်းကို ငါသူ့ကို ပြောမှာမဟုတ် သူ့ဖိနပ်ခွာက ငါ့ရင်ဝဆီ ရောက်နေလည်း၊ လူမည်းကလေးလေး ညွှံအိုင်ဘယ်နား ပြေးပုန်းနေလဲ ငါသူ့ကို ပြောမှာမဟုတ် ငါကတော့ သေမှာပဲ ဒါပေမဲ့ သေခြင်းတရားအတွက် ငါလုပ်စရာရှိတာ အကုန်ဟာ ဒါပဲ၊ သူ့ရဲ့ လခစားစာရင်းထဲမှာလည်း ငါမပါ။ ငါ့မိတ်ဆွေတွေ ရှိနေရာကို ငါသူ့ကို ပြောမှာမဟုတ် ပြီးတော့ ရန်သူတွေရှိတဲ့ အရပ်ရော။ သူက ငါ့ကို ကတိအထပ်ထပ်ပေးလည်း ဘယ်သူ့တံခါးဝဆီ ဦးတည်တဲ့ ခရီးလမ်းကိုမှ ငါသူ့ကို လမ်းညွှန်ပြမှာမဟုတ်။  လူတွေဆီ သေခြင်းတရား ပေးပို့ရအောင် ငါက ...

မတော်တဆမှု အပြီး

ဒီတော့ ဒါဟာ ဦးနှောက်တွေ ဖြစ်တတ်တဲ့အရာပဲ လမ်းမပေါ် တစဆီပြန့်ကျဲသွားတယ် ဒါဟာ ကိုယ်ခန္ဓာရဲ့ အဆုံးသတ်နိဂုံးပဲ အခန်းတစ်ခန်းအတွင်းက စက်တစ်လုံးထဲ ပစ်ထည့်ခံလိုက်ရတယ် ပြီးတော့ ဒါဟာ အသက်ရှင်နေဆဲနဲ့ ယုံရခက်ခက် အသက်ရှင်နေဆဲ ဒီကိုယ်ခန္ဓာ ရောက်တတ်ခဲ့တဲ့ နေရာပဲ ဦးနှောက်ကို လွှာချထားတဲ့ပုံစံ အဆောက်အဦတစ်ခုရဲ့ အ၀ါရောင် အခန်းရှည်တွေထဲ၊ ၀ါနေတဲ့ သွေးလွှတ်ကြောတွေထဲ အခြားသော ကိုယ်ခန္ဓာများနဲ့အတူ ပြီးတော့ ဒီလူတွေဟာ ကိုယ်ခန္ဓာတွေကို ကြပ်မတ်ကြရသူတွေ လူ့ဂွစာတစ်ယောက်၊ စိတ်ကြွဆေးတစ်လုံးနဲ့ နတ်ဘုရားမတစ်ပါး တောင်ကုန်းတစ်ခုပေါ်က အ၀ါရောင် အခန်းရှည်တွေထဲမှာ ပြီးတော့ ဒီမှာ ဒုက္ခိတလူနာရဲ့ လူတွေ၊ အဖော်အပေါင်းတွေ ဒါဟာ ကာလရှည် သတိလစ်မေ့မြောနေတဲ့ ကလေးငယ် သူ့အမေက သူ့ကို ငါးနှစ်တိုင်တိုင် နံနက်တိုင်း တကြော်ကြော်အော်ခေါ်လေ့ရှိခဲ့တယ် ပေါင်းချောင်ထဲက ကလေးငယ် ပြီးတော့ ခြေမရှိ၊ လက်မရှိ၊ အသံမရှိ၊ ဦးနှောက်မရှိ ဒါမှမဟုတ် ပကတိဦးနှောက် မရှိ အိပ်ယာပေါ်က ကိုယ်ခန္ဓာတစ်ခု၊ ပြီးတော့ အနံ့အသက် ဘာနံ့ကြီးလဲဟလို့ တစ်နေ့တော့ ငါမေးမိခဲ့ ဒါဟာ အိမ်သာနံ့၊ ကျင်ငယ်၊ တံတွေးနဲ့ ပုပ်အက်မှု ပြီးတော့ ဒါဟာ စိတ်ရဲ့ ပြန်လာတတ်ပုံပဲ အခုန်အပျံမရှိ အကျော်အလွှားမရှိ ဆေးဝါ...

Out of the Blue

ဒီဇင်ဘာကုန်ပြီဆို အားလုံးအစက ပြန်စရတော့တာပဲ အေးခဲနေတယ်၊ မပျော်ဘူး တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ခိုက်ခိုက်တုန်တယ်။ စွတ်စိုထိုင်းမှိုင်းမှုက အသက်အန္တရာယ်ကို ခြိမ်းခြောက်တတ်ပါတယ် အထူးသဖြင့် တစ်ယောက်တည်းရှိတဲ့အခါ အနွေးဓာတ်လေးတစ်ခုဟာလည်း လိုအပ်မှုပါပဲ။ အခုလို ရုတ်တရက် နွေ(ဦး) ရောက်လာတဲ့အပေါ် ကျွန်တော် ပျော်ဝင်သွားမိတဲ့အကြောင်း ထင်ရှားကြည့်ရုံပါ။ တေဇာ (လရောင်လမ်း)

Duration

စွန်လွှတ်ခြင်းနဲ့ပတ်သက်လို့ ကျေနပ်ဖို့ကောင်းတာတစ်ခုက အချိန်အတော်များများ ခေါင်းမော့ထားရတဲ့အချက်ပဲ မပြတ်သေးဘူး။ တေဇာ (လရောင်လမ်း)

Luxury

ဘိုင်ရွန်ဆန်တယ်*ဆိုတာ ကျွန်တော့်အတွက်တော့ မိုးသည်းသည်းညနဲ့ သွပ်မိုးတစ်စုံပဲ။ အမိုးအောက်လေးပဲ ရောက်ခွင့်ပေး ကျွန်တော် အေးအေးဆေးဆေး ကြေကွဲတော့မှာ။ တေဇာ (လရောင်လမ်း) Byronic* • (of a man) alluringly dark, mysterious, and moody. (Oxford)

Fianchetto: the Positional Play

ဘုန်းကြီး (ဘစ်ရှပ်) ဟာ နောက်နားကျကျ ဒီဆဲလ်တစ်ကွက်တည်းမှာပဲ အကြာကြီး ရပ်နေခဲ့တာ အကြောင်းမဲ့တော့ မဟုတ်တန်ရာဘူး။ ထားပါတော့ အကောင်တွေ သေပြီး အချိန်တွေ ပြောင်းသွားတယ် သူကတော့ သူ့နေရာမှာသူ နေမြဲအတိုင်းနေတယ်။ စိတ်ဝင်စားဖို့ကောင်းတာ တစ်ခုက နောက်ဆုံးမှာ ကွင်းလယ်ကို စိုးမိုးတဲ့ အကောင်ဟာ ဘုရင်မ မဟုတ်တာ များတယ် ဖှီအန်ခက်တို အဖွင့်မှာ။ တေဇာ (လရောင်လမ်း) ဇန်န၀ါရီ ၂၀၁၂

နောက်ပြန်လဲခြင်း

[ ၁ ] `ဖေကြီး´ လို့ သူမက ခေါ်လိုက်တယ်။ `ကိုယ် ဆိုနေတဲ့ သီချင်းစာသားတွေ သတိမရတော့ဘူး´ သူမက ခြောက်ဆယ့်နှစ်နှစ်။ ဆိုဖာအစွန်းမှာ ထိုင်ရင်း ဒူးပေါ် သူမရဲ့ ဟော်လိုဂစ်တာဟောင်းလေးကို တင်ထားတယ်။ ၄၇ နှစ်ကြာပေါင်းလာတဲ့ သူမရဲ့ ခင်ပွန်းက မီးဖိုချောင်ကနေ ဧည့်ခန်းထဲ လျှောက်လာတယ်။ `ဘာလဲ မေကြီး´ လို့ သူက မေးလိုက်တယ်။ သူတို့ရဲ့ တတိယကလေး ရပြီးကတည်းက သူက သူမကို မေကြီးလို့ စခေါ်တယ်။ သူမကလည်း အပြန်အလှန် သူ့ကို ဖေကြီးပေါ့။ အခုဆိုရင် ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီ။ `ဒုတိယအပိုဒ် ဘယ်ကစတယ်ဆိုတာကို ကိုယ် မေ့နေပြီ´ `အင်း မေကြီးက ဘယ်သီချင်းကို ဆိုနေတာလဲ´ `ကြည့် ကိုယ့်ကို ဂရုမစိုက်ဘူးမဟုတ်လား။ ဒီမှာ သီချင်းတစ်ပုဒ်တည်းကို ဆိုမလို့လုပ်နေတာ ၂၅ မိနစ်လောက်ရှိပြီလေ´ သူမ ခင်ပွန်း ဂျော့က မျက်နှာကြက်ကို မော့ကြည့်တယ်။ ပြီးတော့ သူ့ရဲ့ ထိုးထိုးထောင်ထောင် မုတ်ဆိတ်တွေကို ပွတ်ပြီး ပြောလိုက်တယ်။ `အင်း..ဘာဖြစ်မလဲ။ မိုးရေထဲ ပန်းကောက်ခြင်းလား´ `ကံကောင်းပြီး မှန်သွားတယ်´ သူမက ပြုံးပြီး ဂစ်တာကို ဟန်ပါပါခတ်လိုက်တယ်။ `ဒုတိယအပိုဒ်က မိုးစရွာတဲ့အချိန်လေ။ ပွင့်ဖတ်တွေပေါ်က မိုးရေစက်တွေကြောင်း.. တစ်ခုခုပဲ၊ သေချာပါတယ်´ `ဟုတ်ပါ့။...