Skip to main content

Posts

ထွက်ပေါက် (မြင့်သန်း)

ဟိုကောင်က တို့သွားနားထောင်ရအောင် ဆိုတာနဲ့ပဲ ဆရာကြီးဦးရွှေရောင်ရဲ့ ဟောပြောပွဲဆီကို လိုက်လာမိတာ။ ဆရာကြီးဦးရွှေရောင်က နာမည်ကသာ ရွှေရောင်တောက်ပေတဲ့ လူကတော့ မွဲညစ်ညစ်ရယ်။ အသားအရောင်တင် မွဲတာမဟုတ်ဘူး၊ ငွေရေးကြေးရေးအရလည်း မတောင့်တင်းတော့ လူပါမွဲတယ်လို့ ပြောရမှာပဲ။ ဒါပေတဲ့ သူ့မှာ ပီအိပ်(ချ)ဒီတွေ အပုံကြီး။ အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု ဘွဲ့ထူးဂုဏ်ထူးတွေ အပုံကြီး။ အသိပညာဆိုတာကိုသာ တင်းတောင်းနဲ့ထည့် တိုင်းတာလို့ရရင် ဆရာကြီးဦးရွှေရောင်မှာရှိတဲ့ အသိပညာတွေ တိုင်းတာကြည့်ဖို့ တင်းတောင်းရက်ခိုင်းမယ်ဆိုရင် ရက်တဲ့လူခမျာ အလျင်မီအောင် ရက်ပေးနိုင်မှာ မဟုတ်ဘူး။ အသိပညာဆိုတာကလည်း ပိုက်ဆံလို ထုတ်သုံးလို့ရတာမှ မဟုတ်ဘဲ။ ဒီတော့လည်း ဆရာကြီးမွဲတယ်ဆို မွဲပျော်တာပဲ။ ဆရာကြီးက ပျော်ပျော်ကြီးနဲ့ မွဲနေတာ။

ဖျာပေါ်ကလိမ့်ကျလို့ သေရတဲ့ကောင်အကြောင်း (မြင့်သန်း)

အရပ်ထဲရောက်ပြီဆိုတာနဲ့ အစုံကြားရတယ်။ မကြားချင်လို့လည်း မဖြစ်ဘူး။ အရပ်မှာဆိုတာက အရပ်သတင်းပဲရှိတယ်။ မြို့က ကားကြုံနဲ့ပါလာတတ်တဲ့ သတင်းစာမျိုးဆိုရင်တော့ စာချဘုန်းကြီးကဖတ်ပြီး သူဖတ်ရသမျှကို အဖိတ်နေ့၊ ဥပုသ်နေ့လူစည်စည်မှာ ပြန်ပြောပြလေ့ရှိတယ်။ မျောက်ကလေးတစ်ကောင်ကို အာကာသထဲ ဒုံးပျံနဲ့လွှတ်တယ်ဆိုတာကို ဘုန်းကြီးက ပြန်ပြောပြတော့ ဘယ်သူမှမယုံဘူး။ မယုံဆို ဒုံးပျံဆိုတာနဲ့ ဘုန်းကြီးပျံမှာတိုက်တဲ့ ဒုံးလောက် မြင်ဖူးတဲ့လူတွေအဖို့ မျက်စေ့ထဲမှာ ထင်ရာမြင်ရာမြင်ပြီး အတွေးစပြီး ချော်တော့တာပဲ။ အာကာသပွင့်အောင် ငရုတ်ကောင်းကောင်းထောင်းပြီး သြဇာရွက်နဲ့နယ်ကျွေးရတယ်လို့ တစ်သက်လုံးလက်ခံထားတဲ့ ဓာတ်ဆရာဦးမှန်တို့ အတွေးထဲမှာတော့ အာကာသဆိုတာ သွားလို့ရတဲ့နေရာ မဟုတ်ဘူး။ နားမလည်လို့ ပြောကြတာ။ ရတယ်ဆိုဦးတော့ မြင့်မိုရ်တောင်က ခံနေဦးမှာဆိုပဲ။ ခုခေတ်လူတွေများ မိုက်ပါ့လို့ပဲ မြင်တယ်။

ငါ့ဖက်မှာ တစ်ယောက်တော့ရှိတယ် (မြင့်သန်း)

ဘာစိတ်ကူးရလို့ရယ်တော့ မသိဘူး။ ကျောင်းမှာ စာသင်သားတွေ၊ စာချတွေ ပါးနေတုန်း ဆွမ်းစားဆောင်ဖက် ရေနံလေးဘာလေး ပြန်သုတ်ထားပြီး၊ ကုဋီအသစ်၊ အိမ်သာအသစ်၊ အပိုတစ်လုံး၊ နှစ်လုံးလောက်ဆောက်ထားရင် ကောင်းမယ်လို့ ဆရာတော်ကြီးက မိန့်တယ်။ ကောင်းပါသဘုရာ့လို့ လက်အုပ်ကလေး အသာချီရင်း တိုက်အုပ်ကတော့ ဖြေရုံပဲ။ ဆရာသမားဆီက၊ လူကြီးဆီက ထွက်လာတဲ့အကြံဆိုတာကို မကောင်းဘူးလို့ပြောလို့ ဘယ်ဖြစ်မှာတုန်း။ အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းကောင်း ဆိုတာမျိုးကလည်း လူကြီးသူမတွေဆီကမှ အထွက်များတာမဟုတ်လား။ အဓိကကတော့ လူကြီးသူမတွေဆီမှာ စဉ်းစားစရာအချိန်တွေ ပိုနေလို့ပဲဖြစ်မယ်။ အချိန်ပိုလို့တင်တော့လည်း မဟုတ်ဘူး။ တခြား ထူးထူးထွေထွေ တွေးနေစရာမှ မရှိဘဲကိုး။ ထူးထူးထွေထွေ တွေးစရာ မရှိမှလည်း တွေးစရာဆိုတာက ကောင်းကောင်းလေးတွေ ပေါ်လာနိုင်တာ။ ထမင်းဆာနေရင်၊ ရှူရှူပေါက်ချင်ရင်၊ ယုတ်စွအဆုံး ယောက္ခမကို ကြောက်နေရင်တောင် အတွေးကောင်းကောင်း စိတ်ကူးကောင်းကောင်း ဘယ်ပေါ်နိုင်မှာလဲ။ ဒါကြောင့်လည်း တိုက်အုပ်နဲ့ ဆရာတော်ကြီးတို့ ကွာကြတာ။ တိုက်အုပ်အနေနဲ့ကတော့ စိတ်ကူးကောင်းကောင်းရဖို့ အချိန်လည်းမရှိဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ တင်ပါ့ဘုရားလို့ နှုတ်က အာမခံလိုက်မိ...

မြစ် (မြင့်သန်း)

ဖုန်းဆက်တုန်းက ဟိုကောင်ကပြောတယ်။ မင်းလာရင် ဟိုဘက်ကမ်းဆီ လှေလှော်သွားရအောင်တဲ့။ ကျွန်တော်လည်း ဟိုရောက်တာနဲ့ ၀ီစကီထိုင်သောက်ကြရင်း ဟိုကောင့်ကိုမေးတယ်။ မင်းဘယ်တော့သွားချင်သလဲလို့။ ဒီတော့ သူက ငါလှေစပ်ခိုင်းထားသတဲ့။ ရတာနဲ့ သွားမယ်။ ကျစ်လုံးလည်း လိုက်မယ်တဲ့။ ဘာလို့သူက လိုက်ချင်ရတာလဲဆိုတော့ သူ့ရည်းစား သူများနဲ့လိုက်သွားလို့တဲ့။ သူ့ရည်းစား သူများနဲ့လိုက်သွားတာနဲ့ မြစ်ဟိုဘက်ကို လှေလှော်ထွက်တာနဲ့ ဘာဆိုင်လို့လဲလို့ ကျွန်တော်ကမေးတော့ ဟိုကောင်က ငါဘယ်သိမှာလဲ၊ သူက လိုက်ချင်တယ်ပြောလို့လို့ပြောပြီး ပုခုံးတွန့်ပြတယ်။ မြစ်ဘက်ကိုလှမ်းကြည့်လိုက်ရင်း သူ့ဖန်ခွက်ထဲကို ၀ီစကီဖြည့်ပေးလိုက်ရင်း မေးလိုက်မိတယ်။ ဟိုဘက်ကမ်းမှာ အရက်ဆိုင်ရှိလားလို့။ သူက ပုခုံးတွန့်ပြရင်း ငါဘယ်လိုလုပ် သိမှာလဲ။ ငါမှ မရောက်ဖူးဘဲလို့ ပြန်ဖြေတယ်။ စားပွဲထိုးတဲ့ကောင်ကလေးကိုခေါ်ပြီး မေးကြည့်ဦးမလို့ပဲ၊ မမေးတော့ဘူး။ ခုခေတ် စားပွဲထိုးတဲ့ကောင်ကလေးတွေက အရက်ပုလင်းအကြောင်းထက် မိုဒယ်ကလေးတွေအကြောင်းပဲ ပိုသိတာများတယ်။  ခရမ်းချဉ်သီးဆော့နဲ့ ငရုတ်ဆီ သိပ်ကွဲကြတာမဟုတ်ဘူး။ ဘာဝိုင်ရှိသလဲလို့မေးရင် ၀ိုင်အဖြူ၊ ၀ိုင်အနီရှိပါတယ်လို့ဖြေပြီး ကိုယ့်ကိုယ်ကိုယ် အတေ...

နန်းတွင်းက ကြမ်းခင်း (မြင့်သန်း)

ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့နေတဲ့ ဟိုတယ်က ပျင်းဖို့ကောင်းတယ်။ ပျင်းဖို့ကောင်းရတဲ့ အကြောင်းတစ်ခုကတော့ ဟိုတယ် သက်သက်မဟုတ်လို့ပဲ။ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ရဆော့ဟိုတယ်။ တချို့အရပ်တွေမှာတော့ ရဆော့ဟိုတယ်ဆိုတာ အတော်ပျော်ဖို့ကောင်းတာ။ လူစည်တယ်၊ ပျော်စရာပါးစရာ စုံတယ်။ ရဆော့ဟိုတယ်ဆိုတာကလည်း အပန်းဖြေလာတဲ့လူတွေမို့ ပိုက်ဆံလည်းကောင်းကောင်း ပေးရတယ်။ ကျွန်တော်တို့နေတဲ့ ဟိုတယ်ကတော့ ရဆော့ဟိုတယ်ရဲ့ ရှိရမယ့်ဂုဏ်ရည်တွေ အကုန်ရှိပေတဲ့ လူမရှိသလောက်ပဲ။ မြို့နဲ့လည်း ဝေးတယ်။ မြို့ထဲဆီကနေလာရင် တစ်နာရီလောက် လာရတယ်။ အဝေးပြေးလမ်းမကြီးကနေ ခွဲထွက်၊ မြို့ပတ်လမ်းကနေမောင်းပြီး အတွင်းထဲကို ဆယ်မိနစ်လောက် ထပ်ဝင်ရသေးတယ်။ အထဲရောက်တော့မှ ဟိုတယ်ကို တွေ့ရတယ်။ အထပ်တွေအများကြီးနဲ့ ဟိုတယ်မျိုးလည်း မဟုတ်ဘူး။ ၀င်းကြီးကတော့ အကျယ်ကြီးပဲ။ အထဲမှာ နှစ်ထပ်တိုက်၊ တစ်ထပ်တိုက်တွေနဲ့။ ကျွန်တော်တို့ နေတာက ဟိုတယ်ရဲ့ တစ်ဖက်စွန်းမှာ။ ကျွန်တော်တို့ အဆောက်အဦတွေရဲ့နောက်က မီတာတစ်ရာလောက်မှာ အုတ်စည်းရိုး။ အဲဒီနောက်မှာ ချောင်းသာသာမြစ်ကလေး။ ကျွန်တော်တို့နေတဲ့အပိုင်းက အခန်းငါးခန်းစီရှိတဲ့ အဆောက်အဦကလေး လေးခုကို မျက်နှာချင်းဆိုင် ဆောက်ထားတာ။ စတုရန်...

ကာတ်ဗောနိဂတ် သေတယ် (မြင့်သန်း)

When the last living thing has died on account of us, how poetical it would be if Earth could say, in a voice floating up perhaps from the floor of the Grand Canyon, 'It is done.' People did not like it here. _Kurt Vonnegut (1922-2007), Requiem ဗုဒ္ဓဟူးနေ့ ဧပြီလ ၁၁ ရက်၊ ၂၀၀၇ ခုမှာ ကာတ်ဗောနိဂတ် Kurt Vonnegut သေတယ်။ မဲင်ဟတ်တန်မှာ ကာတ်ဗောနိဂတ်ဆိုတာ နော်မာန်မေးလားတို့လို လူမျိုးက 'A marvelous writer with a style that remained undeniably and imperturbably his own ...I would salute him - our own Mark Twain' လို့ ပြောရတဲ့ စာရေးဆရာမျိုး။ သူ့ဂုဏ်ရည်နဲ့ သူ့ဘာသာရပ်တည်နေနိုင်တဲ့ စာရေးဆရာမျိုး။ သတင်းကြားရတော့ စိတ်မကောင်းဖြစ်မိတယ်။ စိတ်မကောင်းပေတဲ့ မတတ်နိုင်ဘူး။ အထူးသဖြင့် သေတယ်ဆိုတဲ့ကိစ္စက မနက်တိုင်းအိမ်သာတက်ရတာမျိုးမို့ တားထားလို့ရတာမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ ၀မ်းသာတာတစ်ခု ရှိလိုက်မိတယ်။ ကမ္ဘာကြီးပိုမိုပူနွေးလာတယ်ဆိုပြီး မျောက်ပြဆန်တောင်းနေတဲ့ အလ်ဂေါလို သတ္တ၀ါမျိုးတွေရဲ့ ညည်းချင်းတွေကို ကာတ်တစ်ယောက် နားထောင်နေရတော့မှာ မဟုတ်ဘူး။ အီရတ်မှာ ဆာဒမ်လက်ထက်ကထက် အခြေအနေသိပ်ဆို...

နေရင်းထိုင်ရင်း

ဖန်သားပြင်ပေါ်က စကားလုံးတွေအတိုင်း မျက်လုံးကို ရွေ့လျားနေချိန်မှာပဲ ဖျပ်ခနဲ မီးမှောင်သွားတယ်။ မြန်နှုန်းမြင့်စာဖတ်ခြင်းမှာ မျက်လုံးရွေ့လျားပုံက အရေးကြီးသတဲ့။ စကားလုံးတစ်လုံးချင်းစီမဟုတ်ဘဲ စကားစုတစ်ခုစီကို ခြုံငုံပြီး မျက်လုံးသူငယ်အိမ်တွေကို ခပ်မြန်မြန် ရွေ့လျားနေစေရမယ်တဲ့။ အခုတော့ ကံမကောင်းတဲ့ သူငယ်အိမ်တွေ အရှိန်နဲ့သွားနေတုန်း စုန်းစုန်းမြုပ်သွားတယ်။ အခန်းမီးရော ကြည့်နေတဲ့ ဖန်သားပြင်ရော အမှောင်ကျသွားတယ်။ အမှန်တော့ ကွန်ပြူတာက ခဏဖြစ်ဖြစ် မီးဆက်လင်းနေသင့်တာ၊ ဘတ်ထရီက တော်တော် အခြေအနေဆိုးနေပြီပဲ။ ဟိုတစ်နေ့က အခန်းဖော်ပြောတာကို သတိရမိတယ်။ ဘက်ထရီက တစ်ရာရာခိုင်နှုန်းပြနေတယ်ဆို၊ ဘာလို့ပြတ်ရတာလဲတဲ့။ ဟုတ်တယ်၊ ပြတာတော့ တစ်ရာရာခိုင်နှုန်းပဲ၊ ဒါပေမဲ့ ချက်ချင်း ပိတ်သွားတယ်။ တခြားစနစ်တွေလိုပဲ ကွန်ပြူတာ စနစ်ဟာလည်း စနစ်တကျ လိမ်ညာတတ်တယ်။ မလိမ်ဘူးဆိုရင်တောင် အနည်းဆုံးတော့ အမှန်ကိုမပြောဘူးလို့ ဆိုလို့ရတယ်။ One Minute Remaining စာသားပြပြီး ထမင်းအိုးတစ်အိုးကျက်လောက် စောင့်ခိုင်းထားတာတွေ ကြုံခဲ့ဖူးတာပဲ။ ဒီတော့လည်း ရာနှုန်းပြည့်ဆိုတာကို သိပ်မယုံနဲ့လို့ပဲ ကိုယ့်ကိုယ်ကိုယ် ဆုံးမထားလိုက်တယ်။