Skip to main content

Posts

အတိုးဆုံး ကဗျာများ (၅၀)

လက်ညှိုးနဲ့ လက်မကို ဖြဲကြည့်လိုက်တယ် အဲဒီနေရာက ညအိပ်ဝတ်စုံနှစ်ခု သပ်ရပ်တဲ့အမူအရာနဲ့ တန်းပေါ် တွဲလဲခိုနေတယ် သူတို့အစားတောင် လွမ်းမိလိုက်သလိုပဲ ‪#‎map‬ သိမ်းဆည်းခဲ့ပါတယ် သင်္ဘောဦးချွန်က ထိုးခွဲလိုက်တဲ့ လိပ်ပြာတောင်ပံရေမွှားများ ဟိုတုန်းကနဲ့တူတာ ဘယ်တုန်းကမှ မရှိတော့ဘူး #‎flux‬ ၀င်လေနဲ့ ထွက်လေကြားထဲမှာ ထီးတစ်ချောင်း လာလာရှုပ်နေတယ် အဲ့ဒီ ထီးကို ပစ်ပျက်ဖွင့်ပီး အထပ်မြင့်က ငါ အသက်အောင့် ခုန်ချလိုက်တယ် #introspection တကယ်လို့ ပိုမိုကြိုးစားခဲ့သူဆိုပါတော့ အနက်ရှိုင်းဆုံး ဒဏ်ရာတွေကိုပဲ ရှာတွေ့မှာလား တူးဆွမှုဟာ တောင်တန်းများ ဖြစ်ပါစေ ‪#‎discovery‬ အငွေ့လိုလို အရိပ်လိုလို မျက်နှာကြက်ပေါ် ဖြူရော်ရော် မင်းမျက်နှာလေး အစိုင်အခဲပြန်ဖြစ်တဲ့အထိ လက်တွေ့ဘဝဆီ ငါလူးလဲထထိုင်တယ် ‪#‎anti‬-coup-de-grace တေဇာ (လရောင်လမ်း) Image: www.wallpaperswide.com

#‎ပွဲတော်မှအပြန် ခိုက်ရန်ဖြစ်ပွားခြင်း

မီးခိုးလုံးကြီးတွေ ထွက်လာလေ့ရှိတဲ့ စင်မြင့်ပေါ်မှာ နေကာမျက်မှန်နဲ့ကောင်က ငြိမ်းချမ်းရေးကို သီချင်းလိုဆိုတယ် ပရိသတ်ကြားထဲမှာ ငါတို့ဟာ မထင်မရှား "စစ်ဟာ တကယ်မဖြစ်ခဲ့ဘူး" လို့ တစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ် စလိုက်မီးတွေ ငါတို့ဆီ စုပြုံကျလာတယ် ပြီးငါတို့ကပဲ ပရိသတ်တန်မဲ့ လူနည်းစုပြန်ဖြစ်သွားတယ် ငါတို့ မီနီမိုက်ဇ်လုပ်ခံနေရတဲ့ အတောအတွင်း နေကာမျက်မှန်နဲ့အဆိုတော်ကောင်တွေ စင်မြင့်ပေါ်မှာ အကြီးအကျယ် ကလုန်းပွားတယ် ငါတို့ဆီကို မျက်ရည်ယိုဗုံးတွေနဲ့လှမ်း ထုတယ် ငါတို့ အသက်လုပြေးကြတယ် ကိုယ့်ပြေးလမ်းမှာ ရေညှိဟာ အန်နီမေးရှင်းနဲ့ ပေါက်လာတယ် မှန်တံခါးကို မျက်နှာကြီးပြားသွားတဲ့အထိ အပြင်းအထန်ဝင်တိုက်မိတယ် ဓာတ်လှေကားလို့ ထင်ရတဲ့ ဗီရိုကြီးထဲ ၀င်ပုန်းကြတယ် လူသေကောင်တွေလို နှာချေတယ် အဲဒီတုန်းက ကျွတ်ကျခဲ့တဲ့ မျက်လုံးတွေ မြင်မကောင်းဘူး မျက်မြင်သက်သေယောင်ဆောင်ထားတဲ့ နောက်လူတွေ ပြောကြပါလိမ့်မယ် စစ်ကြီးတကယ်မဖြစ်ခဲ့တဲ့အကြောင်း လက်ဆင့်ကမ်းဖို့ ငါတို့ထဲက တစ်ယောက်တစ်လေ အသက်ရှင်ကျန်မှဖြစ်မယ် ရုန်းရင်းဆန်ခတ်မှုအတွင်း ဒီလိုပဲ ငါမမြင်မစမ်းလှမ်းပြောမိခဲ့တယ်‬ တေဇာ (လရောင်လမ်း)

အိပ်ယာဝင်တေး (၁)

သိုးတွေကို မရေနဲ့ လာခဲ့ ရုပ်ချင်းဆင်တူတဲ့ သိုးတွေဟာ အချင်းချင်းရောနှောနေမှာပဲ အေးအေးဆေးဆေး အိပ်မောကျနိုင်တဲ့ ကိစ္စတွေ တခြားမှာအများကြီးပဲ ရေစပ်နားက တောအုပ်လေးထဲသွားကြမယ် လာခဲ့ အဲ့ဒီမှာ အရင်က လုံးဝသတိမထားမိတဲ့ သတ္တ၀ါကလေးတွေ အများကြီးရှိနေတယ် လိပ်ပြာနောက်လိုက်ရင်း ပျောက်သွားတဲ့ ကလေးလေးတွေလောက်တောင်ပဲ ပြီးအမည်မခေါ်တတ်တဲ့ ငှက်ကလေးတွေ ရှိတယ် ရေထဲမှာကျနေတဲ့ ငါးတွေက စကားမပြောတတ်ကြဘူး Orgasm ခံစားခွင့်မရှိတဲ့ ကိုယ်ခန္ဓာပိုင်ရှင်တွေကို အကြောင်းမဲ့ အတူတူဝိုင်းသနားမယ်၊ လာခဲ့ တွေ့လား၊ ဟိုးရေထဲမှာ ကျူရိုးလေးတစ်ခု ပေါ်နေတာ မြောက်ကိုရီးယားသူလျှိုတစ်ယောက် ပုန်းနေတာ မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ ကိုယ်တို့ သူ အနေခက်အောင် အဲဒီနား ခဲလုံးလေးတွေ ပစ်ချကြမယ် ဘယ်သူ ပိုနီးနီးပေါ့၊ ကိုယ်ကတော့ အလျှော့မပေးဘူး၊ အထူးလေ့ကျင့်ထားတဲ့ ကော်မန်ဒိုတစ်ယောက်ကို ကြောက်သွားအောင်စ,ရတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲ ပြီးရင် မီးပုံးပျံကြီးစီးပြီး ရောက်ရာပေါက်ရာ သွားကြမယ် လာခဲ့ မတော်တဆ ဆီးရီးယားလေပိုင်နက်ထဲရောက်သွားရင် ဥက္ကာပျံကြီးတစ်ခု ကမ္ဘာဆီတည့်တည့်လာနေချိန်မှာ အချင်းချင်းစစ်တိုက်နေကြတဲ့ အောက်က စစ်သားသေးသေးလေးတွေကိုကြည့်ပြီး ကိုယ်တို့ ...

အတိုးဆုံးကဗျာများ (၄၉)

ကမ်းခြေမှာ ခရုခွံလေးတွေ လိုက်ကောက်မယ် သိပ်မများဘူး ငါးထောင့်ကြယ်ပုံ ဖော်နိုင်တဲ့အထိပဲ ငါ အဲဒီလို အလင်းနှစ်ကို ချုံ့ပစ်မယ် #AboutHopeII တစ်ခန်းထဲ အတူရှိနေတောင် ပြတင်းပေါက်နံဘေး အပြင်ကို တစ်ယောက်တည်း ငေးလို့ရပါတယ် ရိုင်းတယ်လို့ ကိုယ်မဆိုလိုဘူး ‪#‎Solitude‬     တွက်မကြည့်ပါနဲ့ ဝတ်ရည်တွေအားလုံး ပေါင်းလဒ်ထက်ပို ပျားရည်ဟာ ချိုတယ် ‪#‎CumulativeEffect‬ မေ့နေတဲ့ အရာတစ်ခုကို သတိရချင်လာတယ် ဖုံထူထပ်တဲ့ ထပ်ခိုးလေးပေါ်မှာ ပျော်စရာတစ်ခုခု အမြဲရှာတွေ့နိုင်ပါတယ် ‪#‎NostalgiaIII‬ ပြောလိုက်တဲ့ စကားတိုင်း စက္ကန့် အနည်းငယ်ခြားပြီး ပဲ့တင်ထပ်တယ် ဟိုအဝေးဆီက အသံထက်မြန်တဲ့ နားလည်မှုကို ရခဲ့တယ် ‪#‎Unison‬

အချစ်ကိုစားသော ကြွက်များ (1984)

"ကမ္ဘာပေါ်မှာ ကြုံတွေ့ရနိုင်တဲ့ အဆိုးရွားဆုံးအဖြစ်ဟာ လူတစ်ယောက်နဲ့တစ်ယောက်အကြား ကွဲပြားတယ်။ အရှင်လတ်လတ်မြေမြှုပ်ခံရတာ ဖြစ်ချင်ဖြစ်မယ်၊ မီးရှို့ခံရတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ်လည်း ရေနစ်တာ၊ တံကျင်နဲ့ထိုးခံရတာ၊ ဒါမှမဟုတ်လည်း သေနည်းအမျိုးအစား ၅၀ ထဲက တစ်ခုခုပေါ့။ တချို့ဖြစ်ရပ်တွေမှာ သိပ်ပြီးထူးဆန်းနေတာမျိုးတောင်မဟုတ်ပဲ အမှုမထားလောက်တဲ့ အရာမျိုးလေးတွေလည်း ဖြစ်နေတတ်တယ်" ဟု အိုဘရိုင်ယန်က ပြောသည်။ သူက ဘေးဘက်သို့ အနည်းငယ်တိမ်းလိုက်ပြီး၊ စားပွဲပေါ်တွင်ရှိနေသည့် အရာကို ၀င်စတန် မြင်သာအောင် ပြလိုက်သည်။ ၀ါယာကြိုးဖြင့်ပြုလုပ်ထားသော ရှည်မျောမျော လှောင်အိမ်တစ်ခု၊ သယ်ဆောင်ရန်အတွက် လက်ကိုင်တစ်ခု အပေါ်တွင်ပါသည်။ ၎င်း၏ အရှေ့ဘက်တွင် ပူးတွဲပါရှိသည့်အရာတစ်ခုမှာ ဓားသိုင်းစွပ်မျက်နှာဖုံးနှင့်တူပြီး အခွက်မျက်နှာပြင်အတိုင်း အပြင်ဘက်သို့ ထိုးထွက်နေသည်။ သူ့ဆီမှ သုံးလေးမီတာခန့် ဝေးကွာနေသော်လည်း လှောင်အိမ်ကို အကန့်နှစ်ခုဖြင့် ခွဲခြားထားသည်ကို မြင်နေရပြီး၊ အထဲတွင် သတ္တ၀ါတစ်မျိုးရှိနေ၏။ ကြွက်များဖြစ်သည်။ အိုဘရိုင်ယန်က ပြောသည်။ "ခင်ဗျားကိစ္စမှာတော့ ကမ္ဘာပေါ်မှာဆိုးရွားဆုံးအဖြစ်ဟာ ကြွက်တွေ လာဖြစ်နေတယ်" လှောင်အိမ...

#ည၂နာရီ၂၆

တိတ်ဆိတ်တယ် မှောင်တယ် မခန့်မှန်းတတ်ဘူး ကြားရလား အဲဒီက မမြင်ရတဲ့ ပုရစ်တစ်ကောင် အော်နေတဲ့ ပုံသဏ္ဌာန် တကယ်လို့ အိပ်မက်ဟာမြန်ပြီး လေတဟူးဟူးတိုးပြီး ငါက ရာဇဝတ်သား ဖြစ်ပြီး ငါထွက်ပြေးသွားခဲ့တာ အဆုံးမှာ ဂိမ်းစီးတီးက ဆိုင်ကယ်ကြီးဖြစ်မနေဘူးဆိုရင် ဘာလို့ ပြန်မအိပ်ရဲ ရမှာလဲ ဒီလိုပဲ ငါ့ကိုယ်ငါ အားပေးတယ် ယုံကြည်ဖို့ ဒါမှမဟုတ်လည်း မိုင်ကုန်ဖြဲပြီး ဘယ်ဆီမှ မရောက်တဲ့ကိစ္စကို ခံနိုင်ရဲဖို့။ တေဇာ (လရောင်လမ်း) Image: wall.alphacoders.com

အလွှာများ (The Layers)

ဘ၀ပေါင်းများစွာထဲ ငါဖြတ်လျှောက်ခဲ့ဖူးတယ် တချို့ကတော့ ငါ့ကိုယ်ပိုင် လမ်းလွဲမသွားဖို့ ငါ ရုန်းကန်ခဲ့ရတဲ့ အသက်ရှင်တည်ရှိခြင်း စည်းမျဉ်းတချို့ ရှိပေမဲ့ ဒီလိုနဲ့ အရင်တုန်းကလူတစ်ယောက် ငါမဟုတ်ပြန်တော့။ ရှေ့ခရီးဆက်နိုင်ဖို့ အင်အားမရခင် ကြိုတင်ကြည့်ဖို့ လိုအပ်တဲ့လူတစ်ယောက်မို့ ငါ နောက်လှည့်ပြန်ကြည့်တော့ မိုးကုပ်စက်ဝိုင်းတူရှူ တဖြည်းဖြည်းဝေးကျန်ခဲ့တဲ့ ဘ၀မှတ်တိုင်တွေ၊ စွန့်ပစ်ခံလယ်တောကွင်းတွေဆီက ကြွက်မြီးတန်းတက်လာတဲ့ နှေးကွေးမီးလျှံတွေ အပေါ်မှာ၊ အတောင်ညောင်းအုပ်စုဖွဲ့ အစာရှာနတ်စေတမန်တွေ ငါမြင်ရ။ ငါ့ ချစ်ခြင်းအစစ်နဲ့ ငါ့ကိုယ်ငါ မျိုးနွယ်စုတစ်ခုအဖြစ် ဖန်ဆင်းခဲ့ အဲဒီငါ့မျိုးနွယ်ဟာ ပြိုကွဲခဲ့။ သူ့ ဆုံးရှုံးမှု ပွဲတော်ကြီးထဲ ငါ့ နှလုံးသားလည်း ဘယ်လိုပြန် ပေါင်းစည်းရပါ့မလဲ။ လေပြင်း တိုးတက်တိုက်ခတ်လာနေချိန် လမ်းတစ်လျှောက်တစ်စစီကြွေခဲ့တဲ့ ငါ့သူငယ်ချင်းတွေ သွေးရူးသွေးတန်းဖုံမှုန့်တွေလို ငါ့မျက်နှာကို စပ်ဖျင်းရိုက်ခတ်လို့။ သို့တိုင် ငါကတော့ တစ်စုံတစ်ခုကို အံ့သြဘနန်းနဲ့ ချိုးမြဲချိုးကွေ့နေဆဲ ငါသွားရမယ့် ဘယ်နေရာကိုမဆို ရှေ့ဆက်ဖို့အတွက် မပြိုလဲသေးတဲ့ဆန္ဒဇွဲနဲ့ ပြီး လမ်းပေါ်တွေ့သမျှ ငါ...