Skip to main content

Free Gate Software အခမဲ့အသုံးပြုခွင့် ကန့်သတ်

ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြတဲ့ Free Gate Software ကို ယခု ဇန်န၀ါရီလ (၁) ရက်နေ့မှ စတင်ပြီးတော့ အခမဲ့အသုံးပြုခွင့် ပြုတော့မှာမဟုတ်ပါဘူး။ အသုံးပြုချင်တယ်ဆိုရင်တော့ ပိုက်ဆံပေးပြီးသုံးရတော့မှာပါ။ ဒါပေမဲ့ China က User တွေကိုတော့ (ဘာကြောင့်လဲတော့မသိဘူး .. ဟဲ..ဟဲ.. ) Limited Services ကို အခမဲ့ဆက်ပြီးအသုံးပြုခွင့်ပေးထားမှာပါတဲ့။
တရုတ်ပြည်ကမဟုတ်တဲ့ ကျွန်တော်တို့လို (မဟုတ်တရုတ်) တွေအတွက်တော့ ၀ယ်သုံးရမဲ့ Free Gate Shareware Version အသစ်တစ်ခု မကြာခင်ထုတ်ဝေပေးသွားပါမယ်တဲ့။ စိတ်မကောင်းလိုက်တာ.. :P ။

ဒီနေရာမှာ Free Gate Software ထုတ်ဝေတဲ့ D.I.T. ကုမ္မဏီရဲ့ စီးပွားရေးဗျူဟာလေးကို သတိထားမိပါတယ်။ ပထမဆုံး သူ့ရဲ့ Product ကို Free ပေးသုံးပြီး၊ အသုံးပြုတဲ့ User တော်တော်များများရတော့မှ Fee Based ဆိုပြီးလုပ်လိုက်တာကိုပါ။ ဘယ်လိုဖြစ်လာမလဲတော့ စောင့်ကြည့်ရဦးမယ်။ ကျွန်တော်တို့ကတော့ ဘယ် Software ပဲဖြစ်ဖြစ် တစ်ခွေငါးရာနဲ့ ၀ယ်သုံးနေတာပဲ.. ဟဲ ဟဲ...။ သိပ်တော့ ပြဿနာမရှိလောက်ဖူးထင်ပါတယ်။

Comments