Skip to main content

စိတ်ကြွပုံအဆင့်ဆင့်

[ ၁ ]


ဥက္ကလာဟိုမားကောင်စီ မြို့နယ်အ၀န်းအ၀ိုင်းအပြင်ဘက် တစ်မိုင်လောက်နားလေးမှာ စိုစွတ်နေတဲ့ မီးခိုးရောင်ဆွယ်တာအင်္ကျီနဲ့ ညစ်ထေးထေး ဂျင်းဘောင်းဘီဝတ်ထားတဲံ လူတစ်ယောက် ၈၁ လမ်း ကုန်းကျော်တံတားအပေါ်မှာ ရပ်နေတယ်။ အချိန်က နိုဝင်ဘာလရဲ့ နံနက်ခင်း၊ အရှေ့အရပ်ဆီမှာ နေကို မြင်ရရုံသာ ရှိသေးတယ်။ သူက အရိုးခိုက်နေတဲ့ အချမ်းဒဏ်ကို သက်သာအောင် လက်ဖ၀ါးနှစ်ဖက်ကို ပူးကပ်ပြီး ပွတ်နေမိတယ်။ ဆယ့်ရှစ်ဘီးကားကြီးတွေက အစုန်အဆန် မောင်းနှင်စပြုနေပြီ။ အရှေ့ဘက်ကို ဦးတည်နေတဲ့ ကုန်တင်ကားကြီးတွေဟာ ဥက္ကဟိုမားမြို့ထဲကို ၀င်ရောက်သွားကြပေမဲ့ သူတို့ ဘယ်ကလာခဲ့သလဲဆိုတာကိုတော့ ဘယ်သူသိနိုင်မှာလဲ။ ဒီကားကြီးတွေဟာ ၃၅ ဟိုင်းဝေးလမ်းမပေါ်ရောက်ပြီး တောင်ဘက်က ဒါးလက်စ် ဒါမှမဟုတ် ဟူစတန်မြို့တွေဆီကိုလည်း ရောက်သွားနိုင်တယ်။ မြောက်ဘက်ကျတော့ ကန်းဆက်စ်မြို့၊ အိုမားဟား ဒါမှမဟုတ် အမွှာမြို့တော်ကိုတောင် ခရီးပေါက်သွားချင်သွားမှာ။ အရှေ့ဘက်ကို ဆက်မောင်းသွားမယ်ဆိုရင်လည်း အခြားမြို့တွေကို ရောက်မှာပဲ၊ နေ့လယ်ခင်းလောက် ဆိုရင်ပေါ့။

အနောက်ဘက်ကို ဦးတည်သွားတဲ့ လမ်းမကြီးကို သူရွေးချယ်လိုက်တယ်။ အဲဒီလမ်းဘက်မှာက အခြားရွေးစရာလမ်းခွဲ သိပ်အများကြီးရှိမယ့်ပုံ မရဘူး။ အနောက်ကိုသွားတဲ့ ကုန်တင်ကားတွေဟာ လောက်လောက်လားလား တစ်ထောက်နားစရာနေရာရောက်ဖို့ အမာရီလိုမြို့ထိ တစ်ခါတည်းရောက်အောင် သွားရမှာ။ တစ်ခါတုန်းကတော့ အဲဒီလောက်ဝေးဝေးထိရောက်အောင် မိသားစုနဲ့အတူ သူသွားခဲ့ဖူးပါတယ်။ ဦးလေးတစ်ယောက် တက္ကဆက်မှာ လက်ထပ်ပွဲကျင်းပချိန် သူ့အသက်ဆယ့်သုံးနှစ်မတိုင်ခင်ကပေါ့။ အဲဒီတုန်းကတော့ အတော့်ကို ပျော်စရာပါပဲ။ အမာရီလို ရောက်တဲ့အချိန်မှာ မြောက်ဘက်စူးစူးက တောလမ်းကျဉ်းကလေးဆီ သူတို့ရောက်ခဲ့ပုံကို သူကောင်းကောင်း မှတ်မိနေသေးတယ်။ အဲဒီမှာ တကယ့်တောင်တွေ မရှိပေမယ့် သူ့စိတ်ထဲမှာ ကုန်းမြင့်ဒေသဆီတက်ခဲ့တယ်လို့တော့ ခံစားနိုင်နေတုန်းပဲ။ ဒါပေမဲ့ ဒူးမက်စ်ကို ပြန်ဆင်းလာခဲ့တော့ အနောက်ဥက္ကလာဟိုမားလိုပဲ ပြားချပ်ချပ် မြေနိမ့်ပိုင်းကို ပြန်ရောက်တော့တာပဲ။ 'ခပ်မြင့်မြင့် မြေပြန့်ပေါ့ကွာ' လို့ သူ့အဖေက ကားရဲ့ ရှေ့ထိုင်ခုံကနေ လှမ်းပြောခဲ့တယ်။
အဲဒီလို ပြားချပ်ချပ် အမြင့်ပိုင်းမျိုး ရှိလိမ့်မယ်လို့ သူတွေးတောင် မကြည့်ဖူးခဲ့ဘူး။

ကုန်းကျော်တံတားတစ်လျှောက် ခေါင်းငိုက်စိုက်ချ လျှောက်လာနေရင်း ပလက်စတစ်ဗူးတစ်ဗူး မြင်လိုက်တိုင်း သူ့ရင်ခုန်သံတွေ မြန်သွားတတ်ပေမဲ့ အထဲမှာ ကျင်ငယ်ရည်မပါလို့ ပြန်လွင့်ပစ်လိုက်ရတာနဲ့ချည်း ကြုံနေတယ်။ အခုလို ခရီးဝေးမောင်းရတဲ့ ကုန်တင်ကားဒရိုင်ဘာတွေဟာ အိပ်ပျော်မသွားအောင်လို့ စိတ်ကြွဆေးသုံးတတ်တယ်ဆိုတာ သူသိထားတယ်လေ။ ကားရပ်စခန်းမှာ ၀င်ရပ်ပြီး ကျန်းမာရေးကိစ္စအတွက် ဆယ့်ငါးမိနစ်ကြာမှာထက်စာရင် အများစုက ပလက်စတစ်ဗူးတွေထဲပဲ သေးကို အလွယ်တကူ ပန်းထည့်ပြီး ပြတင်းပေါက်က လွင့်ပစ်တတ်တယ်ဆိုတာလည်း သူက သိထားပြန်တယ်။ အခုလို တဆင့်ခံပြန်ရတဲ့ စိတ်ကြွဆေးက သုံးစွဲဖို့အတွက် အသန့်စားချည်းတော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ စိတ်ကြွဆေးပါတဲ့ ကျင်ငယ်ရည်ကောင်းကောင်း တစ်ခွက်သောက်လိုက်ရရင်ကို သူ့အတွက်က ငါးနာရီလောက် အဆင်ပြေနေတာပဲ။

ဆက်လျှောက်လာတုန်းမှာပဲ သူ့ဘယ်ဘက်လက်ပေါ်က အမာရွတ်ကို သူသွားနဲ့ကိုက်နေမိမှန်း သတိပြုမိသွားတယ်။ သူ ရုတ်တရက် သတိလွတ်သွားတဲ့အချိန်မှာ အဲဒီလို ဖြစ်တတ်တယ်။ သူ့လက်တွေကို အိတ်ကပ်ထဲ ထိုးထည့်လိုက်မိတယ်၊ ဒါပေမဲ့ စိတ်ကတော့ သူ့ကိုယ်ခန္ဒာက ဒဏ်ရာဒဏ်ချက်တွေအကြောင်း စဉ်းစားနေမိတယ်။ ဒီတော့လည်း သူ့နဖူးပေါ်က ခပ်ကြမ်းကြမ်းအကွက်ဆီ သူ့လက်က လှမ်းပြီး စမ်းမိသွားပြန်တယ်။ ငါ ဘာရုပ်ပေါက်နေပြီလဲလို့ သူ အတွေးဝင်သွားတယ်။ အိမ်ခြေရာမဲ့တစ်ယောက်များ ဖြစ်နေပြီလား၊ ဒီအခြေအနေမှာတော့ သူ့ကို ကလေကချေလို့ ပြောလို့ရနေတာပဲ။ အရင်အပတ်က သူ့ကောင်မလေး သူ့ကို ထားခဲ့တယ်၊ အဲဒါပြီး တစ်ပတ်တောင်မကြာဘူး သူတို့ လျှပ်စစ်မီး ဖြတ်တောက်လိုက်တယ်၊ နောက်ရက်အနည်းငယ်ကြာတော့ သူ့ကို ရေပါဖြတ်လိုက်တယ်။

[ ၂ ]

ဟိုဘာ့ထ်က အမျိုးတွေဆီမှာ နေမယ်ဆိုပြီး ကောင်မလေး ထွက်သွားတယ်၊ ဒါကလည်း အကြောင်းတွေတော့ ရှိတယ်။ တစ်အချက်ကတော့ သူ့လိုကောင်ကို မျက်စိရှေ့မှာ မြင်မနေရတော့အောင်ပေါ့၊ ကောင်မလေးမိဘတွေက သူတို့သမီး သူ့ထက် ရှစ်နှစ်ငယ်နေတဲ့အချက်ကို ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး။ နှစ်အချက်ကတော့ ကောင်မလေးအဖေက ရဲ၊ နှစ်ပတ်တစ်ခါ ဆေးစစ်ချက်ကို တာဝန်ယူထားတယ်။ ကောင်မလေးဟာ အရူးပဲ၊ သူ့မိဘတွေလည်း ဘာထူးလဲ။ သူတို့တွေ ဆိုးဆိုးရွားရွား အဆုံးသတ်သွားမှာလို့ သူသိနေတယ်။

ခေါင်းကိုက်နေတာက တဖြည်းဖြည်း ပိုဆိုးလာတယ်။ ကုန်းကျော်တံတားကို ဖြတ်ပြီး တစ်ဖက်ခြမ်းမှာ ရှာကြည့်ဦးမှလို့ သူ တွေးလိုက်တယ်။ ကားမောင်းခြင်းအနုပညာကို သူ လေးလေးနက်နက် စဉ်းစားကြည့်နေတယ်။ ဘယ်မောင်းကားနဲ့ ဒရိုင်ဘာတွေကျတော့ ဘယ်လိုလုပ်မလဲ။ သေးပုလင်းကို လွှင့်ပစ်ဖို့အတွက် လူတင်ခုံဘက်ကို ကုန်းကုန်းကွကွလုပ်ပြီး သူတို့ ပစ်ပါ့မလား။ ကားလမ်းကို အလျားလိုက် နှစ်ပိုင်းပိုင်းထားတဲ့ လမ်းလယ်ကျွန်းပေါ်က မြက်ခင်းဟာ ဖြစ်နိုင်ခြေပိုရှိတယ်။

မြက်ခင်းပေါ်မှာ တုံးလုံးလဲနေတဲ့ ပလက်စတစ်ပုလင်းလေးကို သူ မြင်လိုက်ရတယ်ဆိုရင်ပဲ သူ့ကို လမ်းလယ်ခေါင်မှာ မြင်ရလို့ ဟိုင်းဝေးလမ်းပတ္တရောင် က စစ်နေဦးမလား စဉ်းစားမိသွားတယ်။ အနားမှာ ၀န်းရံထားတဲ့ သက်မဲ့မြက်ပင်တွေဟာ သူအမြင်မမှားနိုင်တဲ့ ရွှေအိုရောင်ကျင်ငယ်ရည်တွေကို ဖုံးကွယ်လုနီးနီးဖြစ်နေတယ်။ ဒူးထောက်ထိုင်ချလိုက်ပြီး သူ ပုလင်းကို ကောက်ယူလိုက်တယ်။ နွေးတော့ မနွေးတော့ဘူး။ အို ဒါကဘာအရေးလဲလို့ သူ့ကိုယ်သူ အားပေးလိုက်တယ်။ စိုးရိမ်စိတ်နဲ့ မျှော်လင့်စိတ် ရောကြိုထားတဲ့ အတွေးတွေနဲ့ သူက ပလက်စတစ်ဗူးကို ဖျော်ရည်လို လှုပ်ရမ်းလိုက်တယ်။ အဖုံးကို ဖွင့်လိုက်ပြီးတော့ ဗူးကို သူ့နှာခေါင်းဆီကပ်လိုက်တယ်၊ ဒီထဲမှာ စိတ်ကြွဆေးပါမပါ စမ်းသပ်တဲ့နည်းရှိရင်တော့ ကောင်းမှာလို့ တောင့်တမိလိုက်တယ်။ တကယ်တော့ အဲဒီလိုနည်းမျိုးမရှိမှန်း သူသိပါတယ်။

တေဇာ (လရောင်လမ်း)
ဂျူလိုင် ၂၀၁၃
Gradation by Geoff Peck ကို ဆီလျော်သလို

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA