ကဗျာဆရာ “ပိုင်” ရဲ့ ၂၀၀၄ ခုနှစ် စက်တင်ဘာလထုတ် “စတိုင်သစ်” မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ကဗျာလေးကို ပြန်လည်တင်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားစရာ အတွေးလေးတွေ ပါဝင်နေလို့ စဉ်းစဉ်းစားစားလေး ဖတ်သင့်တဲ့ ကဗျာကောင်းတစ်ပုဒ်လို့ မြင်ပါတယ်။ ဆွေးနွေးချက်လေး မကြာခင် ရေးဖြစ်မယ်ထင်ပါတယ်...။ ◘ တေဇာ ◘ ♥ AD 1965 ကပေါ်တဲ့ တစ္ဆေမီးရထားစက်ခေါင်း ကျွန်တော်ဟာ မီးခိုးတအူအူထွက်နေတဲ့ မီးရထားပေါ် ခုန်တက်လိုက်ပြီးမှ ထိုင်ခုံအမှတ်က “၀” ဖြစ်နေတဲ့လူ။ ကိုယ်သွားရမယ့်မြို့ကို မေ့ကျန်ရစ်တဲ့လူ။ ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီကို မေ့ကျန်ရစ်တဲ့လူ။ ကျွန်တော့်မှာ လူတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အချက် ကလွဲပြီး တစ်ခြားဘာမှ ပါမလာခဲ့ဘူး။ ဒါပေမဲ့ မီးရထားက ထွက်ခဲ့ပြီ။ အဲဒီမီးရထားကလည်း ကျွန်တော်စီးမယ့်မီးရထား ဟုတ်မဟုတ် သံသယ ဖြစ်လာမိ။ မီးရထားက သူ့အမည်ကိုအော်ပြီး ထွက်ခဲ့ပြီ။ မီးရထားမောင်းသမားဟာ သေနတ်တစ်လက်ကို တိုက်ချွတ်နေပြီး မီးရထားစီးသမားအချို့ဟာ ဖဲကစားနေကြတယ်။ ကျွန်တော်ဟာ ကုတ်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားတဲ့ သူတို့ကို၊ နောက်ကျောဘက်ကပဲ မြင်နေရ။ ကျွန်တော့် လက်ပတ်နာရီကို ငုံ့ကြည့်လိုက်တော့ ကျွန်တော်ထွက်လာတဲ့အချိန်မှာပဲ ရပ်တန့်လို့။ မီးရထားကကော … မီးရထားအပြင်ဘက်မှာ ...
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။