Skip to main content

Posts

မျက်ကွယ်ရာ ရလဒ်များ

သူနဲ့ တွေ့တယ်။ ဒီတစ်ခါ တွေ့တာ အရင်တုန်းကလို တွေ့တာနဲ့ မတူတော့ဘူး။ ကျွန်တော်က သူ့ကိုတွေ့တာ မဟုတ်ဘူး။ ကျွန်တော်နဲ့ သူနဲ့ကို ဘေးတစ်နေရာရာက ပြန်တွေ့ရသလိုမျိုးပဲ။ အထူးသဖြင့် သူ့မျက်လုံးတွေနဲ့ ကျွန်တော့်ကိုယ်ကိုယ် ပြန်တွေ့ လိုက်ရသလိုမျိုးပဲ။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့တဲ့ ရလဒ်တွေကို သူ့အနေနဲ့ ပြန်ခံစားနေရ မိသလိုမျိုးပဲ။ အဲဒီရလဒ်တွေကို အရင်တုန်းက ကျွန်တော် မတွေးခဲ့မိဘူး။ ကျွန်တော် မသိခဲ့တဲ့ ရလဒ်တချို့ ကျွန်တော့်ကြောင့် ရှိခဲ့တယ်ဆိုတာ ဒီနေ့မှ ကျွန်တော် သတိပြုမိတယ်။ တခါတခါ ကျွန်တော်တို့ မသိလိုက်ဘဲ မှားခဲ့မိတဲ့ အမှားတွေ အတော်များလိမ့်မယ် ထင်တယ်။ ဘယ်လောက်ထိ များတယ် ဆိုတာတော့ ကျွန်တော်မသိလိုက်လို့ အတိအကျ ပြန်မပြောနိုင်တော့ဘူး။ § § § § § § § ဆံပင်ရှည်ကို ညှပ်လိုက်ရင် ကျွန်တော်ကြားချင်တဲ့အဖြေကို ပေးမယ်လို့ သူက ပြောတယ်။ ကျွန်တော်က သူ့ကို ပြုံးပြီးကြည့်နေ လိုက်မိတယ်။ အိုကေ ညှပ်မယ်မညှပ်ဘူး ပြန်မပြောတော့ဘူး။ လာမယ့် တစ်ပတ်လောက်အတွင်း ဆိုင်ကို လာနိုင်မှာ မဟုတ်ဘူး။ ပြန်လာတဲ့နေ့ကျရင် ညှပ်ခဲ့လား မညှပ်ခဲ့ဘူးလားကြည့်ကြည့်ပေါ့လို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ သူကလည်း ရှက်ပြုံးပြုံးပြီး ခေါင်းညိတ်ပြလိုက်တာ တွေ့ရ...

ဖန်သားပြင်ပေါ်က ခံစားချက်များ (သို့မဟုတ်) Emoticons

မနေ့ညက ကားကို အချိန်အတော်ကြာ မောင်းခဲ့ရပြီး အိမ်ပြန် ရောက်တော့  Facebook ပေါ်သို့ ကျွန်မ ၀င်ကာ “လောလောဆယ် စိတ်အခြေအနေ” (Mood) တွင် Click တစ်ချက် နှိပ်၍ “မောပန်းနွမ်းနယ်ပြီး ခြေကုန် လက်ပမ်းကျ” (Tired and Worn out) လို့ ပြောင်းလဲပြင်ဆင် လိုက်ပါတယ်။ ကျွန်မ သူငယ်ချင်းတွေသာ ကျွန်မအိမ်မှာရှိနေခဲ့မယ်ဆိုရင် တကယ်ကို ကျွန်မ ဘယ်လောက် မောပန်းနွမ်းနယ်နေလဲဆိုတာကို ကျွန်မရဲ့ ခန္ဓာကိုယ်အနေအထား၊ အသံနေအသံထားနဲ့၊ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ပြီးတော့ မြင်တွေ့ရမှာပါ။ ဒါပေမဲ့လည်း သူတို့က ကျွန်မကို မမြင်ရဘူးဆိုတော့ Emoticon ရဲ့ အကူအညီကို ရယူပြီး ကျွန်မ အပြင်မှာ တကယ်ဘယ်လို ခံစားနေရတယ် ဆိုတာကို ရှင်းပြလိုက်တဲ့ သဘောပါပဲ။ Scott Fahlman ဆိုသူက Carnegie Mellon University ရဲ့ ထင်မြင်ချက်ပေးတဲ့ စနစ် (Bulletin Board) ပေါ်မှာ မက်ဆေ့တစ်ခု တင်ရင်းနဲ့ Emoticon များကို စတင်ဖန်တီးခဲ့ပါတယ်။ ဒါဟာ ၁၉၈၂ ခုနှစ် စက်တင်ဘာ (၁၉) ရက်နေ့က ဆိုတော့ အတော်ကို စောပါသေးတယ်။ Emoticon တွေရဲ့ မူလအစကတော့ ရိုးရှင်းလှတဲ့ သင်္ကေတ အမှတ်အသားများနဲ့ တစောင်းကြည့်ရင် လူရဲ့ မျက်နှာသွင်ပြင်လေး ပေါ်နေအောင် စီစဉ်ထားခြင်းဖြင့် စတင်ခဲ့တာပါ။ [ .... ;) ;( ;P...

ပါပါရာဇီလာနေပြီ ဒီဘက်တိုးနေ

တစ်ဘို့တည်းဝါဒ ကူးစက်ပြန့်ပွားခြင်း  (The Narcissism Epidemic) ၂၀၀၉ ခုနှစ်အတွင်းက “တစ်ကိုယ်ကောင်းဝါဒ ကူးစက်ပြန့်ပွားခြင်း” (The Narcissism Epidemic) ဟု အမည်ရသည့်စာအုပ် ထွက်ပေါ်လာသောအခါ ပထမဆုံးအနေဖြင့် “ကူးစက်ပြန့်ပွား” နေပြီဟု မည်သို့ဆိုနိုင်သနည်း ဟူသော မေးခွန်း ထွက်ပေါ်လာသည်။ ဤအတွက် အထောက်အထားမှာ ပုံသဏ္ဍာန်နှစ်ရပ်အနေဖြင့် တည်ရှိနေသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းအရ ပြောင်းလဲမှုနှင့် ယဉ်ကျေးမှုအရ ပြောင်းလဲမှုတို့ ဖြစ်ကြသည်။ ထိုစာအုပ် ရေးသားသူ South Alabama တက္ကသိုလ်မှ John Foster နှင့် Jean M. Twenge ဟူသော စိတ်ပညာရှင်နှစ်ဦးတို့က ထင်ထားသည်ထက်ပင် ပိုမိုမြင့်မားနေသော တစ်ကိုယ်ကောင်းဝါဒ စရိုက်လက္ခဏာများကို ဖော်ပြထားသည့် လေ့လာဆန်းစစ်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၀၂ မှ ၂၀၀၇ ခုနှစ်အတွင်း ကောလိပ်ကျောင်းသားများ၏ “တစ်ကိုယ်ကောင်းစိတ် ကိုယ်ရည်ကိုယ်သွေး စာရင်း” (Narcissism Personality Inventory)  NPI သည် ၁၉၈၂ မှ ၂၀၀၆ ခုနှစ်အကြား အစောပိုင်းပြုလုပ်ခဲ့သော စာရင်းထက် နှစ်ဆခန့် ပိုမိုမြင့်တက် မြန်ဆန်လာသည်ကို တွေ့ရှိရသည်။ NIP သည် ပုံမှန်လူများ၏ တစ်ကိုယ်ကောင်းစရိုက်ကို တိုင်းတာခြင်းသာဖြစ်ပြီး ရောဂါတစ်...

စုံးစုံးနစ်တော့မယ့် (၂) မိနစ်အလို

နာနာဘာဝစာအုပ် ကလေးသင် ပထ၀ီဝင်စာအုပ်မှာ ငါဖတ်ခဲ့တယ် လူ့သမိုင်း တစ်နံတစ်လျားမှာ ငါဖတ်ခဲ့တယ် မိုးမှုန်မှုန်နဲ့ သရက်ပင်အုပ်အုပ်မှာ ငါဖတ်ခဲ့တယ် ပင်လယ်တကြော စုန်ဆန်မျောနေတဲ့ နှစ်ကာလတွေမှာ ငါဖတ်ခဲ့တယ် မထွေးနိုင် မမျိုနိုင် အဖြစ်အပျက်တွေမှာ ငါဖတ်ခဲ့တယ် စုံးစုံးနစ်တော့မယ့် ၂ မိနစ်အလိုမှာ ငါဖတ်ခဲ့တယ် နတ်သမီးပုံပြင်တွေနဲ့ ဂြိုဟ်တုသတင်းတွေမှာ ငါဖတ်ခဲ့တယ် အကြောင်ရိုက်တတ်တဲ့ ကံကြမ္မာရဲ့ ထွေပြားမှုတွေမှာ ငါဖတ်ခဲ့တယ် အပုပ်ခံဆေးနဲ့ စီရင်ထားတဲ့ ဘ၀ကွေ့ချိုးတွေမှာ ငါဖတ်ခဲ့တယ် ခရမ်းရင့်ရောင် ကတ္တီပါကားလိပ်နဲ့ တိုင်ဖုံးနောက်ကွယ်မှာ ငါဖတ်ခဲ့တယ် ငါဖတ်ခဲ့ပါတယ် ငါဖတ်ခဲ့တာတွေကတော့ အများမှ အများကြီး။ ခွင့်လွှတ်ပါ အခု ပြန်ပြောပြဖို့ ကြိုးစားတော့ မကျွတ်မလွတ်သေးတဲ့ နာနာဘာဝပြိတ္တာတစ်ကောင်လို လူတွေကြားအောင်သိအောင် ငါ့မှာ လုပ်နိုင်စွမ်းမရှိ ဖြစ်ရတယ်။ ◄ ခင်အောင်အေး ► § § § § § § §

ကျွန်တော့်ကီးဘုတ်မှ ရိုက်မရသောစာကြောင်းများ

ခံစားချက်စစ်စစ်များအား အိတ်သွန်ဖာမှောက် ရေးချလိုက်ရုံဖြင့် လှလှပပ ၀ါကျများ မော်နီတာပေါ် ပြေးကပ်။ မဟုတ်ဘူး။ ဟို အသည်းကွဲ ကဗျာဆရာ ဆိုသူရေးတာနဲ့ ခပ်ဆင်ဆင် ဖြစ်နေပြန်ပြီ။ မရသေးဘူး။ ပြန်ပြင်ဦး။ ခဲဖျက်၊ Correction Pen ။ ကီးဘုတ်က ကျွံဝင်နေတဲ့ Backspace Key အား အားနာနာဖြင့် ထပ်နှိပ်ရ။ ခံစားချက်က အမှန်အကန်ပါ။ ကကြီးက အအထိ ညာတာပါတေး ဆန်နေတာတော့ ကျွန်တော်လည်း ဘယ်တတ်နိုင်တော့မလဲ။ အချိန်အတော်ကြာ ဆွံအခဲ့သူ။ အများအသိအမှတ်ပြု လက်ခံထားပြီးသား ဆွံ့အနားမကြား...။ သူ စကားပြောတတ်ကြောင်း တတွတ်တွတ် ရှင်းပြပါသော်လည်း လက်သင့်မခံနိုင်စရာ ဖြစ်ရ...။ ကြားခဲ့ဖူးတာက ဟိုလူကြီးဆွဲတဲ့ နွားက နွားအစစ်ထက်တောင် နွားနဲ့ပိုတူသတဲ့။ အခု ငါ့မှာတော့ ရုပ်ရှင်မင်းသား လွမ်းနေတာကိုကြည့်ပြီး ကိုယ့်အလွမ်းလေးကိုပင် ကိုယ်သိမ်ငယ်ရ။ သူ့လို သဘာဝ အလွန်ကျနေမှာလည်း စိုးရိမ်ရ။ ရေးပြီးသားဝါကျလေးတွေမှာ ပလီပလာလေသံ ပါနေမှာလည်း ငဲ့ရ။ ကျွန်တော် ဆွဲတဲ့နွားဟာ ခင်ဗျားနဲ့ ခပ်ဆင်ဆင်တူနေမှာ အားနာရ။ ဒီတော့ ရေးလက်စ ၀ါကျတွေ အဆုံးမသတ်တာလည်း မဆန်းဘူး။ ဒီတော့ ခနော်ခနဲ့ မျက်နှာပေး ထားတတ်မှ လွမ်းကြပါ။ ဒါမှသာ သဘာဝကျမှာပါ။ ကျွန်တော့်မှာတော့ “သဘာဝ၏ သဘာဝမကျသော သဘာဝ” ...

ချောင်ထဲကကောင်

“ပြေးသူ လိုက်သူ အခွင့်အရေး ဆတူရှိအောင် ကျယ်ပြန့်ပြန့် တလင်းပြင်မှာ ကစားရအောင်” လို့တောင် မတောင်းဆိုနိုင်ခဲ့ဘူး။ မွေးထဲက ဒီချောင်ထဲမှာပဲ။ ကမ္ဘာကြီးထဲ တစ်ဘ၀စာ အကျယ်ချုပ် ကျ။ အကျဉ်းထောင်ထဲက အချုပ်၊ အချုပ်ထဲက လှောင်အိမ်၊ လှောင်အိမ်ထဲက ထောင်ချောက်၊ ထောင်ချောက်ထဲက ကန့်သတ်ချက် စည်းဝိုင်းထဲမှာ နွံနစ် ... ။ နွံထဲမှာတင် လေဖြတ်ထားသလို လှုပ်မရ အော်မရ။ တိုင်မရ တည်မရ။ အဆုံးမရှိ...။ ဒါနဲ့... နေပါဦး...။ ဒီဦးနှောက်က တွေးတာ ဒီ့ထက်မပိုတော့ဘူးလား။ ငါတွေးတာတွေထက် ပိုအောင် ငါမတွေးနိုင်တော့ဘူးလား။ ငါမတွေးမိတဲ့အတွေးမျိုး ငါဘာလို့ တစ်ခါမှ မတွေးမိတာလဲ။ ဒီဦးနှောက်ရဲ့အတွေးက ငါဘာလို့ မလွတ်မြောက်နိုင်ရတာလဲ။ ဘယ်သူမှမတွေးမိသေးတဲ့ အတွေးသစ်တစ်ခုခု ငါဘာလို့ မတွေးနိုင်ရတာလဲ။ ဘယ်သူမှ မတွေးမိသေးတဲ့ အသစ်စက်စက် အတွေးလှိုင်းတစ်ခု တွေးနိုင်ခဲ့တဲ့အကြိမ်တိုင်း ငါတွေးပြီးသားဖြစ်နေလို့ ငါ့မှာ စိတ်ဓာတ်ကျရ။ ဦးနှောက်ရဲ့ အထူးပြုလုပ်ချက် (Special Effect) မဟုတ်တာ တစ်ခုခု ငတ်မွတ်လွန်း။ § § § § § § §

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရ...