Skip to main content

Posts

အတိုးဆုံး ကဗျာများ (၂)

“ဓာတ်ပုံ” ရမ္မက်ခြောက်အောင်စပါသော ပုံရိပ်ကို ချိန်နေတယ် မပြုံးပါနဲ့ ကင်မရာတိုင်း မမှိတ်မသုန် မျက်ခွက်နဲ့ချည်းပဲ နောက်ဆို ငါ့ကို မညှို့နဲ့။ “အိမ်” ဂြိုဟ်သားများ အမှန်တကယ်ရှိသလော ခေါင်းစဉ်အား စိတ်ဝင်တစား ဖတ်ရှုနေသော ဂြိုဟ်သားများ။ မထူးဆန်းသော မြင်ကွင်းများသည် အံ့ဖွယ်လိလိပြီးသည့် ဤနေရာ။ “လေလွင့်” ခြေဦးတည့်ရာ အရပ်ဟာ မျက်နှာမူရာချည်း ဖြစ်ဖြစ်နေတယ် လေလွင့်ဖို့ ဦးတည်ခဲ့။ အတိတ်အား နောက်ကောက်ချပြီးနောက် အနာဂတ်ကို မျက်မှောက်ပြုဖို့ အခု အခု တွေမှာ အချိန်လုလို့။ “ထောင်” ကောင်းကောင်းနေ လျှော့ရက်ရမယ်။ ဒီလိုအခြေအနေအတွက် ဒီစကားကြားရတော့ မအီမသာ ဖြစ်ရတယ်။ ကမ္ဘာမြေပေါ်က နှစ်,လ စေ့မှ လွတ်မြောက်ချင်ပါတယ်။ “အဖျား” ဖြစ်နိုင်ရင် အမေဇုန်တောထဲ သွားမဆော့ပါနဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့။ အလွယ်တကူ လိမ္မာကြလို့။ ငါ့မှာကား မသိသော ပဉာတ်တော်များနဲ့ ဆက်လက်မိုက်မဲဖို့ ခက်ခဲလို့။ ◄ တေဇာ ►

အတိုးဆုံး ကဗျာများ (၁)

“သန္နိဋ္ဌာန်” စိတ်ဓာတ်ခိုင်မာသူပီပီ စိတ်ကူးနဲ့ တိုက်အိမ်ဆောက်မယ် မယိုင်မလဲ။ ငလျင်တွေကိုယ်တိုင် ပြိုကျတဲ့အထိ။ “ပျော်ရွှင်မှု” ကဲ ကလေးတွေ မျက်လုံးကောင်းကောင်းနဲ့ ရှာကြပါဦး ဘာပျောက်တာပါလိမ့် ပျော်ရွှင်မှုတဲ့ “မေမေကျန်းမာနေပါတယ်” “ဖှလော်ဆော်ဖှာ” အလုပ်မဲ့အကိုင်မဲ့ ဖြစ်နေချိန်မှာ ပွေးကွက်တစ်ကွက် ရထားလို့သာ တော်တော့တယ်။ ကုတ်ရင်းကုတ်ရင်း ဘ၀ဟာ ကျယ်ပြန့်လာလိုက်တာများ။ “ရှာဖွေတွေ့ရှိမှု” ၀ီစကီဆိုတာ ဆင်ခြင်တုံတရားဖောင်းပွမှုကို ထိန်းညှိပေးတဲ့ လူမှုရေးသီအိုရီ တစ်ခုပေါ့။ ရင့်ကျက်မှုသို့ သွားရာလမ်းမှာ ဖြတ်လမ်းများဟာ ပိုဝေးမြဲ။ “မေတ္တာဘွဲ့” စေတနာအမှားဆိုတာ မှားယွင်းခွင့်ရ လိုင်စင်တစ်မျိုးလား သတ်မှတ်မိုင်နှုန်း ပိုနေသော လူနာတင်ယာဉ်မှ ဒဏ်ရာများ ဖိတ်စင်ကျ ကျန်ရစ်။ ◄ တေဇာ ►

“တစ်ခန်းရပ်”

§ § § § § § § မုန်တိုင်းစဲသည့် နေ့တချို့တွင် ကျွန်တော် စကားအများကြီး ပြောခဲ့ပြီးပါပြီ။ ထို့ကြောင့် ယခုသော် ကျွန်တော့်အား နှုတ်ဆိတ်ခွင့် ပြုကြပါတော့ . . .။ သဘာဝကျစွာပင် မျှော်လင့်ထားသည့် မုန်တိုင်းများ ပြန်လည် ၀င်ရောက်ခဲ့ပါပြီ။ Blogging, Facebooking, G Talking စသော အလုပ်များအား ၃၆၅ ရက်ထက် မနည်းသော ခဏတာမျှ ရပ်နားပါဦးမည်။ လာရောက် ဖတ်ရှုခဲ့ကြခြင်း အတွက် အပိုအလိုမရှိ ကျေးဇူးတင်ပါသည် မိတ်ဆွေများ . . . ။ လရိပ်ကျနေသော နေရာများ လွန်မြောက်ခဲ့လျှင် ကျွန်တော် ပြန်ရောက်လာနိုင်ဦးမည် မျှော်လင့်ပါသည်။ ရိုးသားစွာဖြင့် . . . ◄ တေဇာ (လရောင်လမ်း) ► မတ်လ (၁၄) ရက်၊ ၂၀၁၀ § § § § § § §

တစ်မိုးအောက်

တကယ်တော့ လူသားတို့သည် အသွင်သဏ္ဍန်၊ အယူအဆ၊ သဘောထား၊ တန်ဖိုးထားမှုစံ စသည့် ကြီးမားသော အသေးအဖွဲ များစွာတွင် မည်သို့ ကွဲပြားနေသည် ဖြစ်စေ အပြာရောင် မိုးကောင်းကင်ကြီး အောက်၌ အတူတကွ ရှင်သန်နေထိုင် ကြသူများ ချည်းသာ ဖြစ်ပါသည်။ ကောင်းကင်ကြီး၏ ကြည်လင်သာယာမှုသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်သည်။ ကောင်းကင်ကြီး၏ လျှပ်စီး မိုးကြိုးများသည် ကျွန်တော်တို့ အားလုံးနှင့် သက်ဆိုင်ပြီး အတူတကွ ရင်ဆိုင်လိုစိတ် မွေးမြူသင့်ပေသည်။ တစ်မိုးအောက်ခိုနေသူ အချင်းချင်း ရိုင်းပင်းကူညီခြင်း၊ ကိုယ်ချင်းစာတရားနှင့် ချစ်ခင်လေးစားမှုတို့ . . . ။ ဤနေရာ အရောက်တွင်ပင် ပေါက်သွားသည့် ကားဘီးလို ကျွန်တော့် ၀ါကျများမှာ ပျော့ခွေပြီး ဗလပ်ဗလပ်ဖြင့် လမ်းဘေး ထိုးရပ်သွားသည်။ ကြည့်ပျော်ရှုပျော် အကြောင်းအရာများ ရေးသားခြင်းဖြင့် ပြုံးနေသော မျက်နှာသည် ယခုသော် မိမိကိုယ်ကိုယ် လှောင်ပြောင်သော သရော်ပြုံးအဖြစ်သို့ ကူးပြောင်းသွားသည်။ ကျွန်တော့်တွင် အများလက်ခံထားသော (Conventional) စာကောင်းပေမွန်တို့အား ရေးသားနိုင်သော အစွမ်း ရှိမနေပါ။ ထုံးစံအတိုင်း လျှပ်စီးလက်သလို ဖျပ်ခနဲ လက်လာသော အတွေးများက ကြည်လင်သာယာနေသော ကောင်းကင်အား အပြီးတိုင် ချေမွ ဖျက်ဆီးခဲ့ပြါ...

မိုးလေ၀သ စိတ်ပညာ (၂)

“မျက်မြင်ကိုယ်တွေ့” အတွေး (When Experience Trumps Data) Eric Johnson သည် Columbia Business School မှ “ဆုံးဖြတ်မှု သိပ္ပံ” ( Decision Sciences ) ဌာန၏ ဒါရိုက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်မှု သုတေသနဌာနမှ သုတေသီ တစ်ဦးလည်း ဖြစ်သည်။ § § § § § § § စာရင်းဇယား အချက်အလက်များနှင့် ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့် အတွေ့အကြုံ များမှာ မကြာခဏ ဆိုသလို အတိုက်အခံ ဖြစ်နေ တတ်သည်။ ရှင်းလင်း ထင်ရှားသည့် ကျွန်တော်တို့၏ ပစ္စက္ခ အတွေ့အကြုံ များမှာ မှုန်ဝါး ဝေးကွာသည့် စာရင်း အချက်အလက်များအား မကြာခဏ ဆိုသလို လွှမ်းမိုးသွား တတ်သည်။ အကြမ်းဖက်မှုကို အရေပြားကင်ဆာ ထက်ပို၍ ကျွန်တော်တို့ ကြောက်ရွံ့တတ် သော်လည်း နှစ်စဉ် ပိုမို အသေအပျောက် များသည်မှာ အရေပြား ကင်ဆာသာ ဖြစ်ပါသည်။ ကင်ဆာသမား အများစုမှာ တစ်နေ့တာ ခံစားချက်သည် ရေရှည် ရောဂါရင့်လာမှုနှင့် အဆက်အစပ် မရှိကြောင်း ကြုံတွေ့ကြရသည်။ အိပ်ရေး၀၀ အိပ်လိုက်ရလျှင် လူတစ်ယောက်သည် နေကောင်းထိုင်ထသာ ရှိနေနိုင်ပေသည်။ သို့ရာတွင် ရောဂါ ရင့်ကျက်လာမှုက သွေးခုန်နှုန်းနှင့် အခြား တိုက်ရိုက် အတွေ့အကြုံ မဟုတ်သည့် အတိုင်းအတာများနှင့် များစွာ သက်ဆိုင်နေသည်။ သို့တိုင်အောင် သာမ...

မိုးလေ၀သ စိတ်ပညာ (၁)

ရာသီဥတု ဖောက်ပြန်ခြင်းများက ကမ္ဘာကြီး၏ မိုးလေ၀သ အခြေအနေ ပြောင်းလဲလာခြင်း အပေါ် လူထု၏ နားလည်မှု၊ သို့မဟုတ် နားလည်မှု လွှဲမှားခြင်းများကို မည်သို့ သက်ရောက်စေ ပါသနည်း။ ယမန်နှစ် သြစတြေးလျ အပူလှိုင်းနှင့် သဲမုန်တိုင်း ကာလအတွင်းက ကမ္ဘာကြီးပူနွေးလာမှုအပေါ် ထောက်ခံသူများသည် ရေရှည် မိုးလေ၀သ အပြောင်းအလဲ ဖြစ်စဉ်များနှင့် အလျင်အမြန် ချိတ်ဆက်ပုံဖော် ပြခဲ့ကြသည်။ သို့ရာတွင် အအေးလှိုင်း၊ သို့မဟုတ် နှင်းမုန်တိုင်း ကျစဉ်တွင်လည်း ဤအရာများ အားလုံးမှာ ကမ္ဘာကြီးပူနွေးလာမှု၏ အစွန်းရောက် ရာသီဥတု အခြေအနေများသာ ဖြစ်သည်ဟု မိုးလေ၀သ သိပ္ပံပညာရှင်များ ကာကွယ်ပြောဆိုနေသည့် ကြားမှ မယုံကြည်သူများဘက်က “ဘယ်မှာပူလို့လဲ” ဟု လက်ညှိုးထိုး ထောက်ပြစရာ အကွက်ရခဲ့သည်။ ဤအချက်အရ ထွက်ပေါ်လာသည့် မေးခွန်းမှာ ရာသီဥတုနှင့် ပတ်သက်သည့် ဤသို့သော အတွေ့အကြုံများသည် ကမ္ဘာကြီးပူနွေးလာမှုကိစ္စအပေါ် လူထု၏ အမြင်နှင့်၊ ၎င်းတို့ချမှတ်ကြသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် မည်သို့ သက်ရောက်သနည်း ဟူသော မေးခွန်းပင် ဖြစ်ပါသည်။ § § § § § § §

မလုံ့တလုံ အက်ဆေး

“မလုံ့တလုံ” ဟူသည့် စကားလုံးအား “မလုံ” သည့်အကြောင်း အသားပေး ဖော်ပြလိုသော အခါတွင် အများအားဖြင့် သုံးစွဲသည်။ ဆတ်ကော့လတ်ကော့ နိုင်သည့် သဘော၊ သုံးစွဲသူ၏ မနှစ်မျို့သည့် သဘောများ အနည်းနှင့်အများ ပါဝင်နေသည်။ အမျိုးသမီးများ၊ မိန်းကလေးငယ်များ စသည့် ဣတ္ထိယ ဆန်သော စကာလုံးများနှင့် ပူးတွဲ တွေ့ရလေ့ ရှိသဖြင့် ယောက်ျားများ၏ မျက်လုံးများကို တစ်မျိုးတဖုံ ငြို့ငင်ဆွဲယူ နိုင်သည်။ သို့ရာတွင် တစ်ဖက်က ပြန်ကြည့်သော် မလုံခြင်းသည် ဖုံးကွယ်ထားသည့် တစ်စုံတစ်ရာ ကျန်ရှိနေသေးကြောင်း ညွှန်းဆိုရာ ကျသည်။ “မီဂန်ဖော့က်စ်၏ မလုံ့တလုံ” ဟူသော အသုံးတွင် အနည်းဆုံး တစ်ခုခုတော့ ၀တ်စားထား သေးကြောင်း အလွယ်တကူ သိရှိနိုင်သည်။ တိုက်ရိုက်ပြောလျှင် ၀တ်လစ်စလစ် အခြေအနေသို့ မရောက်သေးသော၊ အကာအကွယ် တဖြည်းဖြည်း ပါးလျားလာသည့် အခြေအနေတစ်ရပ်ပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ “မလုံ့တလုံ” သည် ညှို့အားပြင်းသည်။ မသက်မသာနှင့်ဖြစ်စေ အလိုမကျလှသော်လည်း လက်ခံလိုက်ရသည့် အခြေအနေမျိုး  ရှိသေးသည်။ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ရန် အားမသန်သေးသော ပရိသတ်၏ လိပ်ခဲတည်းလည်း အခြေအနေတစ်ရပ် ဖြစ်ပါသည်။ § § § § § § §