Skip to main content

မိုးလေ၀သ စိတ်ပညာ (၂)

“မျက်မြင်ကိုယ်တွေ့” အတွေး
(When Experience Trumps Data)

Eric Johnson သည် Columbia Business School မှ “ဆုံးဖြတ်မှု သိပ္ပံ” (Decision Sciences) ဌာန၏ ဒါရိုက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုံးဖြတ်မှု သုတေသနဌာနမှ သုတေသီ တစ်ဦးလည်း ဖြစ်သည်။

§ § § § § § §

စာရင်းဇယား အချက်အလက်များနှင့် ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသည့် အတွေ့အကြုံ များမှာ မကြာခဏ ဆိုသလို အတိုက်အခံ ဖြစ်နေ တတ်သည်။ ရှင်းလင်း ထင်ရှားသည့် ကျွန်တော်တို့၏ ပစ္စက္ခ အတွေ့အကြုံ များမှာ မှုန်ဝါး ဝေးကွာသည့် စာရင်း အချက်အလက်များအား မကြာခဏ ဆိုသလို လွှမ်းမိုးသွား တတ်သည်။ အကြမ်းဖက်မှုကို အရေပြားကင်ဆာ ထက်ပို၍ ကျွန်တော်တို့ ကြောက်ရွံ့တတ် သော်လည်း နှစ်စဉ် ပိုမို အသေအပျောက် များသည်မှာ အရေပြား ကင်ဆာသာ ဖြစ်ပါသည်။ ကင်ဆာသမား အများစုမှာ တစ်နေ့တာ ခံစားချက်သည် ရေရှည် ရောဂါရင့်လာမှုနှင့် အဆက်အစပ် မရှိကြောင်း ကြုံတွေ့ကြရသည်။ အိပ်ရေး၀၀ အိပ်လိုက်ရလျှင် လူတစ်ယောက်သည် နေကောင်းထိုင်ထသာ ရှိနေနိုင်ပေသည်။ သို့ရာတွင် ရောဂါ ရင့်ကျက်လာမှုက သွေးခုန်နှုန်းနှင့် အခြား တိုက်ရိုက် အတွေ့အကြုံ မဟုတ်သည့် အတိုင်းအတာများနှင့် များစွာ သက်ဆိုင်နေသည်။ သို့တိုင်အောင် သာမန်မျှကြည့်ပြီး အပေါ်ယံအမြင်ဖြင့် သုံးသပ်ဆုံးဖြတ်ခြင်းအား ရှောင်ရှားဖို့လည်း ခက်ခဲနေသေးသည်။

§ § § § § § §


အပေါ်ယံ အခွံအား မကြည့်ဘဲ နေဖို့ရန်မှာ များစွာခက်ခဲသဖြင့် မြေပေါ်၌ နှင်းတစ်ပုံတွေ့ရုံမျှဖြင့် ကမ္ဘာကြီး ပူနွေးလာတာ တကယ်ပါလားဟူသည့် အတွေးမျိုး အလွယ်တကူ ၀င်ရောက်လာနိုင်ပါသည်။ ကင်ဆာသမားနှင့် နှင်းခဲ၊ ဥပမာနှစ်ရပ်လုံးတွင် တိုက်ရိုက်သက်ဆိုင်မှု အနည်းငယ်မျှသာ ရှိသည့် အချိန်တွင်သော်မှ မိမိ မျက်စေ့ရှေ့မှ ခိုင်မာသော ပစ္စက္ခ အထောက်အထားအပေါ်သာ အလေးပေး တွက်ချက်မိရန် တိမ်းညွတ်မှု ပိုမိုအားကောင်းသည်။

ကာကွယ်ကုသရန် ဆုံးဖြတ်ချက်အား တဒင်္ဂ ဆုံးဖြတ်ချက်များချည်း သက်သက်ဖြင့် ချမှတ်ရန်မှာ ကောင်းမွန်လှမည် မဟုတ်ပါ။ အကယ်၍ လူတို့အနေဖြင့် ကမ္ဘာကြီး ပူနွေးလာခြင်းအကြောင်း တဒင်္ဂဖြစ်ရပ်များ၊ သို့မဟုတ် တစ်ပတ်စာ ရာသီဥတုအခြေအနေကို ကြည့်၏ ဆုံးဖြတ်နေကြမည်ဆိုလျှင် အလားတူ အမှားမျိုးအား ကျူးလွန်ရာ ရောက်ပါလိမ့်မည်။ စာဖတ်သူများ၏ အထင်အမြင်များကို သိလိုပါသည်။ ယနေ့ မိုးလေ၀သ အခြေအနေများက ကျွန်တော်တို့၏ ကမ္ဘာကြီးပူနွေးလာမှုအပေါ် အာရုံသိမှုအား လွမ်းမိုးမှုရှိသည်ဟု ထင်ပါသလား။

သောင်မတင်ရေမကျကြားမှ လမ်းများ
(Ways Around the Impasses)

Jonathan Rose သည် Garrison Institute ၏ ဥက္ကဌနှင့် “Jonathan Rose ကုမ္ပဏီများ” ၏ ဦးဆောင်သူလည်း ဖြစ်ပြီး “သဘာဝရင်းမြစ်များ ကာကွယ်ရေးကောင်စီ” (Natural Resources Defense Council) ဘုတ်အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

§ § § § § § §

ကမ္ဘာကြီးသည် ပူနွေးလာနေပြီး ဤသည်က ရာသီဥတုဆိုင်ရာ အဆင်သဏ္ဍာန်များ (Weather Pattern) ကို ပြောင်းလဲလာစေကာ မကြာခဏဆိုသလိုပင် ဒေသဆိုင်ရာ ပူနွေးလာမှုနှင့် ဆန့်ကျင်သော ရုတ်ချည်း ဆိုးရွားလာသည့် ရာသီဥတုအခြေအနေများကို ဖြစ်ပေါ်စေတတ်သည်။ အစွန်းရောက် အခြေအနေများ ဖြစ်သော မုန်တိုင်းများ၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ ထူးထူးခြားခြား နှင်းထူခြင်းနှင့် နှင်းမကျခြင်း၊ စသည်များအားလုံးမှာ ကမ္ဘာကြီး ပူနွေးလာမှု၏ လက္ခဏာများသာ ဖြစ်ကြသည်။ ရာသီဥတုအား ခန့်မှန်းရန် ပို၍ခက်ခဲလာကြောင်း လူတို့ သိကြပါသည်။ “အစိုးမရသော ရာသီဥတု” (Weird Weather) ဟူ သုံးနှုန်းကြသည်။

မကြာသေးခင်ကမှ ၀ါရှင်တန်တွင် စံချိန်တင် နှင်းမိုးရွာခဲ့၏။ သို့တိုင် ရာသီဥတုအရေးထက် စီးပွားရေးကျဆင်းမှုကို ပိုမိုသောကပွားနေသေးရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေအား ဝေဖန်မှုများ ရှိနေသည်။ ပြုပြင်ပြောင်းလဲရေးသမားများက “ပတ်ဝန်းကျင်ညစ်ညမ်းမှုကာကွယ်ရေး” (Cap and Trade) အတွက် ကျောက်မီးသွေး၊ နျူစွမ်းအင်၊ ဆန်စပါးနှင့် အခြားသော အဓိကရင်းမြစ်များ ပေးလွန်းခြင်းဖြင့် သာမန်လူများအတွက် မြင့်မားလာသော စွမ်းအင်စရိတ်များအား လက်လှမ်းမီရန် မလုံလောက်တော့ကြောင်း ဝေဖန်မှုများ ရှိသည်။ ကွန်ဆာ့ဗတစ် (Conservative) များဘက်မှ မူလကတည်းက အထိနာနေသော စီးပွားရေးအား အခြားသော ၀န်ပိစေမည့် အစိုးရ အစီအမံတစ်ရပ် ဖန်တီးပေးလိုက်ခြင်းဟု ဝေဖန်ကြသည်။ ဤအရာများနှင့် ပတ်သက်၍ ဆီးနိတ် (The Senate) မှ တစ်နည်းတစ်ဖုံ ချိန်ညှိရပေလိမ့်မည်။ အဆိုပြုထားသည့် "Cantwell-Collins CLEAR Act" အက်ဥပဒေမှာ ရှေ့သို့လှမ်းနိုင်ရန် ကူညီနိုင်ကောင်းသော်လည်း လတ်တလော နိုင်ငံရေး မိုးလေ၀သအရ ခရီးရှည်ကြီးသာ ဖြစ်နေပါလိမ့်မည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးပူနွေးလာမှုအား တိုက်ဖျက်ရန် ကျွန်တော်တို့တွင် ထူးခြားသည့် နည်းလမ်းတစ်ခုလည်း ရှိနေပါသေးသည်။ ရာသီဥတုအခြေအနေ မည်သို့ပင် ဖြစ်နေပါစေ၊ စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များအပေါ် စကားစစ်ထိုး ဖြေရှင်းနေချိန်နှင့် တစ်ပြိုင်တည်း၊ နောက်ဆုံး ပုံမှန်လုပ်ထုံးလုပ်နည်း များနှင့် ဈေးကွက်ထွက်ပေါက် မရရှိသေးမီမှာပင် ကျွန်တော်တို့လုပ်ဆောင်စရာ တစ်စုံတစ်ရာ ရှိနေပါသည်။ ၎င်းမှာ ကျွန်တော်တို့၏ အမူအကျင့်များအား ပြောင်းလဲဖို့ပင် ဖြစ်သည်။

အကယ်၍ ကျွန်တော်တို့သာ အသုံးမလိုသည့် အချိန်တွင် အဲကွန်းနှင့် မီးများအား ပိတ်ထားခြင်း၊ ကား လေပေါင်ပြည့်အောင် ထားခြင်း (Tires Inflated) ၊ ကလေးများအား ကားကြုံ ထည့်ခြင်းနှင့် အခြားသော ရိုးရှင်းသည့် အပြောင်းအလဲလေး များကိုသာ လုံလောက်အောင် ပြုလုပ်မည်ဆိုပါလျှင် တန်ပေါင်း သန်းတစ်ထောင်ခန့်  (Gigaton) ပမာဏရှိသည့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ကာမိပါလိမ့်မည်။ ဤသို့ အမူအကျင့်များ ပြောင်းလဲရန် စည်းမျဉ်းများ ချမှတ်နေဖို့ မလိုပါ။ လူနေမှုအဆင့်အား လျှော့ချရန် မလိုသည့်အပြင် ငွေကြေး ကုန်ကျမှုလည်း မရှိပါ။ စင်စစ် ငွေကြေး ချွေတာရာပင် ရောက်ပါသည်။ သို့တိုင် ဤသည်က တန်သန်းတစ်ထောင်ခန့်မျှ ဖန်လုံအိမ်ဓာတ်ငွေ့များကို ကာကွယ်ရာ ရောက်နေသည်။ ကမ္ဘာကြီး ပူနွေးလာမှု ကာကွယ်ရေးအား “တစ်ချက်ခုတ် နှစ်ချက်ပြတ်” (Wedge) သဘောထားပါ။ ဤသည်မှာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် လက်ခံနိုင်သော လုပ်ဆောင်မှုများသာ ဖြစ်ပါသည်။ တစ်ဖက်တွင် ငွေကြေးချွေတာရာ ရောက်သည်။ အခြားတစ်ဖက်တွင် အမျိုးသား လုံခြုံရေးအား တိုးမြင့်စေသည်။

အခြားသော မျက်နှာစာများတွင် အဓိကကျသည့် ပြန်သုံးစွမ်းအင် (Renewable Energy) အစီအစဉ်များတွင် ရင်းနှီးမြှုပ်နှံခြင်း၊ “စွမ်းအင်နည်းပစ္စည်းနှင့် စနစ်များ သုံးစွဲတည်ဆောက်ခြင်း” (Energy Efficiency) “ခြေလျင်ဦးစားပေး မြို့ပြပို့ဆောင်ရေးစနစ်” (Smart Growth) စသည်တို့ ပါဝင်သည်။ သို့ရာတွင် ဤအရာများတွင် အတိုင်းအတာတစ်ခု အောင်မြင်ရန်မှာ အချိန်နှင့်ငွေ ထိုက်သင့်သလောက် ပေးရပါလိမ့်မည်။ အမူအကျင့်ပြောင်းလဲခြင်း မျက်နှာစာမှာမူ ငွေကုန်ကြေးကျမရှိဘဲ ချက်ချင်းပြုလုပ်နိုင်သည့် အရာဖြစ်သည်။ အားစိုက်လုပ်ဆောင်ရန်မှာ ရွေးချယ်ရမည့်အရာသာဖြစ်ပြီး ငွေစကြေးစအချို့ ချွေတာရာ ရောက်မည်မှာတော့ အမှန်ပင်ဖြစ်သည်။

◄ တေဇာ ► မတ်လ (၁၂)

Comments

  1. Not everybody is using zawgyi as their default font, bro. Please, specify d correct font in CSS (font-family: ...); I cannot read your blog anymore.

    ReplyDelete
  2. ဘာသာစကားကျွမ်းကျင်မှု၊ အရေးအသားပိုင်နိုင်မှု၊ အကြောင်းအရာ ရွေးချယ်ပုံကောင်းမွန်မှုတို့ကြောင့် သေချာ အဆုံးအထိဖတ်ဖြစ်ပါတယ်။ တိုက်ရိုက်ဘာသာပြန်တဲ့ပုံစံမျိုးမဟုတ်ပဲ ပြန်ရှင်းပြတဲ့ ပုံစံမျိုးနဲ့ ရေးရင် ဖတ်ရတာ ပိုစွဲဆောင်မှု ရှိမယ်ထင်မိတယ်။ ဒါပေမယ့် ဒီလိုရေးတာကဘဲ တေဇာ (လရောင်လမ်း) ရဲ့ ပင်ကိုယ်စတိုင်ဆိုတော့ ....။

    ReplyDelete

Post a Comment

Popular posts from this blog

Reynold Aquino, Leading Water Treatment Expert, Announces Unprecedented Black Friday Deals on Premium Water Filters

Los Angeles, California – November 25, 2024  – Reynold Aquino, a renowned authority in water treatment and a prolific writer on water purification technologies, today announced an exclusive Black Friday sale on a range of high-performance water filters. This limited-time offer provides consumers with an exceptional opportunity to access top-tier water filtration systems at significantly reduced prices, ensuring healthier and cleaner water for households across the nation. Aquino, whose expertise is widely recognized through his insightful articles and in-depth analyses of water treatment devices, emphasizes the importance of quality water filtration for overall well-being. "With growing concerns about water contaminants, investing in a reliable water filter is no longer a luxury but a necessity," says Aquino. "Our Black Friday sale is designed to make premium water filtration accessible to everyone, ensuring families can enjoy the peace of mind that comes with knowing ...

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

အားနာရင် ခါးပါတယ်

“အားနာရင် ခါးပါတယ်” ဆိုတဲ့ မြန်မာစကားပုံလေးတစ်ခု ရှိပါရောလား။ မြန်မာပုံပြင်တွေရဲ့ထုံးစံအတိုင်း သူနဲ့ဆက်စပ်နေတဲ့ ပုံပြင်လေးတစ်ပုဒ်လည်း ရှိလေရဲ့။ ပုံပြင်လေးရဲ့နာမည်က “အားနာရင် ခါးပါ” တဲ့။ ဟိုရှေးရှေးတုန်းက သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်တဲ့။ သူတို့အိမ်ထောင်ကျတော့ မွေးလာတဲ့ သားသမီးချင်း လက်ထပ်ကြမယ်လို့ ကတိထားကြတယ်ဆိုပဲ။ ခက်ချင်တော့ သူတို့နှစ်ယောက်လုံး မွေးကြတာ မိန်းကလေးတွေချည်းဖြစ်နေရော။ ဒီကလေးမတွေ အရွယ်ရောက်တော့ ကတိအတိုင်း လက်ထပ်ပေးချင်ပေမဲ့ ဘယ်လိုမှမဖြစ်နိုင်တာမို့ သူငယ်ချင်းနှစ်ယောက်လုံး စိတ်မကောင်းဖြစ်နေကြတယ်တဲ့။ ဒီမှာတင် မိန်းကလေးတစ်ယောက်ဟာ ခုလိုတွေးနေမိတယ်တဲ့…။ “အင်း.. ငါသာ ယောက်ျားလေးဖြစ်ရင်၊ သိပ်ကောင်းမှာ၊ ဒါဆိုရင် အဖေလည်း စိတ်မညစ်ရတော့ဘူး” ဒီလို ကလေးမလေးရဲ့ ညည်းသံကိုကြားတော့ သူတို့အိမ်နားက ညောင်ပင်စောင့် ရုက္ခစိုးကြီးဟာ စိတ်မကောင်းဖြစ်မိတယ်တဲ့။ ဒီရုက္ခစိုးကြီးက သိပ်စိတ်ကောင်းရှိတာ။ သိပ်လည်း အားနာတတ်တာဆိုပဲ။ ကြံရာမရတဲ့ မိန်းကလေးလည်း ညောင်ပင်ကြီးအောက် လာပြီး ခုလိုတောင်းပန်သတဲ့။ “ရုက္ခစိုးကြီးရယ်၊ ဖြစ်နိုင်ရင် သုံးလလောက် အောက်ပိုင်းချင်းလဲရအောင်ပါ၊ ကျွန်မ မင်္ဂလာဆောင်ပြီးရင်ြ...