Skip to main content

Posts

ညီမလေး မိုးမိတယ်၊

အဲဒီနေ့ ညက ညီမလေး မိုးမိတယ်၊ အသားမှာကပ်နေတဲ့ ပိတ်သားပါးပါးလေးကို ဖေါက်ထွင်းပြီး ကြည့်လိုက်မိတယ်၊ မြင်လိုက်မိတယ် ကျစ်ကျစ်ပါအောင် မျက်နှာလွှဲ ကြားဖြတ်ပြီး မေးဦးမယ်၊ ဘာကြောင့်များ ကျွန်တော်တို့တွေ အပြစ်ကင်းဖို့ လိုအပ်ရပါသလဲ ကျုပ်ပဲပြောမယ်ဗျာ ကျွန်တော်ဆိုတော့ရှည်ပါတယ် ဘာကြောင့်များ ကျုပ်တို့တတွေ အပြစ်မကင်းဖို့လိုပါသလဲ အဖြေမသိချင်ဘူးနော် မစဉ်းစားနဲ့၊ သွပ်မိုးပေါ် မိုးပေါက်ကျသံတွေ ဖွင့်ထားတဲ့ညမှာ တွေးစရာတစ်ခုခုတော့ လိုမှာပဲ အဖြစ်က ဒီလို၊ ညီမလေးအရင်းနဲ့ ကျွန်တော် ဖောက်ပြားပစ်လိုက်တာ၊ အဲမှာ စတာ ညီမလေးခေါက်ခေါက်နဲ့ ဖောက်တယ်၊ ပြန်တယ်၊ ဖောက်ပြန်မိသွားတယ် (နောင်တလေးအာဆွတ်ရုံထည့်) ဇာတ်တော်တွေထဲက မင်းညီမင်းသားတွေလိုပဲ ကျွန်တော် မိုက်ရိုင်းတာ ထွားကျိုင်းတာ၊ သန်မာတာ ဘာပဲဖြစ်ဖြစ်ဗျာ အခုခေတ်မှာတော့ သာမန်အဖြစ်ပေါ့လေ (အရင်တုန်းက မဆန်းဘူး) လျှော့လျှော့ပေါ့ပေါ့လေး သတ်သေကြည့်တာပေါ့... နော့ တော်ဝင်မင်းသားအဖြစ် ခွေးဇာတ်ခင်းလိုက်တယ် ဒါပါပဲ။ နောက် ငါးမိနစ်လောက်ကြာရင် ကျွန်တော့်ခမျာ ရင်ကွဲပက်လက်ငိုနေရှာရော့မှာ ခုချိန်မှာတော့ အပြင်းလေးကစ်လိုက်၊ အချမ်းပြေသွားလိမ့်မယ် ငှက်ငှက် လောလောဆယ်ဆယ် ကောင်...

အစ (မြင့်သန်း)

ကျွန်တော် နာရီပြင်တယ်။ နာရီပြင်တယ် ဆိုတော့ အချိန်သိချင်တဲ့လူတွေ အချိန်မှန်,မမှန်သိချင်တဲ့လူတွေ အတွက် အကျိုးဆောင်ကြီးပေါ့။ အချိန်ဆိုတာ လူကို မစောင့်ဘူးလို့ ပြောတယ်။ ဟုတ်သားပဲ။ အချိန်ကတော့ အချိန်ကိုး။ အချိန်ဆိုတာ စက်နဲ့ လုပ်ထားတာပဲ မဟုတ်ဘူးလား။ စက်က လူရဲ့သိပုံကို ကန့်သတ်ခိုင်းထားတာ။ ဒီအချိန်ဆို ကိုးနာရီ။ အလုပ်စတယ်။ ဒီအချိန်ဆို ငါးနာရီ။ အလုပ်ပြီးတယ်။ အိမ်ပြန်ရတယ်။ ဒီတော့ အချိန်က ဟိုလိုလိုဒီလိုလိုနဲ့  လူကို စက်ရုပ်လုပ်ပစ်လိုက်တာပဲ။ ဒါပေတဲ့ တချို့လူတွေက အချိန်တိကျမှ ကြိုက်သတဲ့။ အချိန်တိကျတယ်ဆိုတဲ့ လူတွေကို သေသေချာချာ စဉ်းစားကြည့်ရင် ကာလတရားကိုဈေးမဆစ်တတ်တဲ့လူတွေပဲ။ အဲဒီအထဲမှာ အဖေလည်းပါတယ်။ ဆယ်တန်းမအောင်ခင် ကတည်းက အဖေ့ရဲ့ နာရီပြင်တဲ့ အလုပ်မှာ ဝင်ပြီး ပညာသင်တယ်။ နောက်တော့၊ အဖေက အလုပ်ကို လွှဲလိုက်တယ်။ ခု ကျွန်တော် ဦးဆောင်လုပ်နေတယ်။ ကျွန်တော့်လက်ထက်မှာ ပိုပြီးအောင်မြင်တယ် ပြောရမှာပဲ။ ကံလိုက်တယ် ခေါ်မလားပဲ။ နာရီပြင်ရုံမကဘဲ နာရီလည်းရောင်းတယ်။ လူတွေ အချိန်လေးစားလာလို့တော့ မဟုတ်ဘူး။ နာရီပတ်ပြီး ရှိုးထုတ်ချင်တဲ့ လူတွေ များလာတာကြောင့်။ အခုလူတွေ ပိုပြီး နာရီပတ်လာကြတယ်။ များများပတ်လာလေ များများပျက်ေ...

မိုးလေ၀သ

မိုးရွာလျှင်ရွာချင်း နစ်ရှေး [*] လည်း ထီးမေ့ကျန်သွားတယ် ကျွန်တော်ကတော့ ခုထိ ထီးကို ထားခဲ့တုန်းပဲ မနက်ဖြန်ညနေထိ ခန့်မှန်းချက်အရ ကမ္ဘာကြီးက လှနေဆဲ အစိုးမရတဲ့ ကိစ္စတွေလည်း အစကတည်းက ရိုးပြီးသားပဲ ကျွန်တော်ကတော့ ခုထိ ထီးကို ထားခဲ့တုန်းပဲ။ တေဇာ (လရောင်လမ်း) [*] I have forgotten my umbrella . Friedrich Nietzsche (1844-1900), German philosopher

အတိုးဆုံးကဗျာများ (၃၇)

ကစားနည်း ခင်ဗျားကို ကျွန်တော် လေးစားပါတယ် ကျွန်တော့်ကိုလည်း လေးစားရမယ်နော် အပျော်ပေါ့။ ၀န်ခံချက် ကိုယ်ဆတ်ဆော့လိုက်လို့ ကဗျာဖြစ်လာခဲ့ပြီးမှ ညာတာပါတေး ဖြစ်နေမှာ ကျွန်တော်က အဲဒီကဗျာကို ပြန်အားနာတယ် ဒါလည်း ညာနေတာပါကွယ်။ ဇိမ်ခံပစ္စည်း စာရေးလို့ မရဘူး ဒါပေမဲ့ ကံကောင်းတာက စာမရေးလည်း ရတာပဲ။ ယေဘုယျအဖြေမှန် ဟင်... ဂျူရီလူကြီးက (၈) ယောက်တောင်... ? သမာသမတ်တွေတောင် ဖောင်းပွလို့။ အဖျားရှူးခြင်းများ အချိန်ကြာလာလေ ကဗျာတွေကို အဆုံးသတ်ရ ခက်လာလေပဲ ဒီတိုင်းလေး ပြီးသွားခဲ့ရတာတွေကိုများ ကျွန်တော် ကြောက်နေပြီလား။ တေဇာ (လရောင်လမ်း)

ဖီလာ (Counterproductive)

သူ့မျက်နှာပေါ်က အရေးကြောင်းလေးတွေကို သဘောကျတယ်လို့ ပြောတာတောင် ဘာလို့ မျက်မှောင်ကုပ်သွားတာလဲ။ဲ ကျွန်တော့် အပြုံးတွေဟာ ဒီလိုအမြဲ မုန်းစရာကောင်းသွားတာချည်းပဲ။ Counterproductive Even though I said, I'm fond of the wrinkles on her face, Why did she frown? My smiles are too odious I'm such a prone. တေဇာ (လရောင်လမ်း)

ခန္ဓာဗေဒ

[ ၁ ] ထိုင်ရုံလေး ထိုင်နေတာကိုက ဒရာမာ [*] သိပ်ဆန်လွန်း နေသလား ဘာသရုပ်မှ မပြရသေးဘူး။ [ ၂ ] မျက်နှာပေါ် နှုတ်ခမ်းမွှေးအချို့ စည်းမဲ့ကမ်းမဲ့ နယ်ချဲ့လာကြ။ ယားနာတွေ မပျောက်သေးသရွေ့ လက်သည်းရှည်လည်း ထားရမယ်။ နည်းနည်းရှည်လာရင် လိပ်လိပ်သွားတတ်တဲ့ ဆံပင်တွေ လည်ဂုတ်ပေါ် ခွေခွေလေးသေနေတယ်။ ဒီဂျင်းဘောင်းဘီကို ၀တ်ထားခဲ့တဲ့ ရက်ပေါင်း (၆၀) မှာ ငါ့အရှက်ငါ ဘယ်လိုကာကွယ်နေခဲ့ပါလိမ့်။ အရာရာအစစ ကွမ်းယာထုပ်ပေါ်က ကင်ဆာသတိပေးချက်ကို ဘယ်တုန်းကမှ မတွေ့ခဲ့မိပါဘူး။ ချောင်လည်တဲ့အကြောင်း ပြောရရင် လကုန်ရင် ခါးပတ်မှာ အပေါက်အသစ်တစ်ခု ထပ်ဖောက်ရမယ် နောက်ဆုံးအပေါက်က အတော် ချောင်သွားပြီ။ ဟယ်လင်ကယ်လာ ပီတိမျိုး ကိုယ့်နံရိုးတွေ စုံစေ့ကြောင်း အမြောင်းမြောင်းမြင်နေရတာလည်း ကျေနပ်စရာပဲ မဟုတ်လား။ သကောက်ခွက်ကို ဆတ်ခနဲတိုက်ပြီး ယိုင်သွားရင် ဒူးချောင်နေတယ်ပြောမယ့် သူငယ်ချင်းတွေမရှိတာ အခုအခါမှာ အသက်ချမ်းသာရာ ရခြင်းပဲ။ အလုပ်တစ်ခု ပိုလာတာက အသက်ရှူနေရတာလေ ၀င်လေထွက်လေက အရင်လို အလိုလိုမှ မဟုတ်တော့တာ။ ပိုနေတယ်ထင်ရတဲ့ အစိတ်အပိုင်းအတွက် ငါ့ကိုယ်ငါ ယောက်ျားလေးဆိုတာ တစ်ပတ်တစ်ခါ သတိပေးမယ်။ [ ၃ ] တကယ်ေ...

ဆင်ခြေအယိုင်များ

၁ ) ဆန်ကာစစ်ခြင်း အခြေအနေတစ်ရပ်၏ အပြုသဘောမျက်နှာစာများ အားလုံးကို စစ်ထုတ်ချန်လှပ်ပြီး အပျက်ဘက်အား အသေးစိတ်ကြည့်ကာ ပုံကြီးချဲ့သည်။ အသေးစိတ် အချက်တစ်ရပ်အား ကောက်ယူကာ ထိုတစ်ခုတည်းသောအချက်က ဖြစ်ရပ်ကြီးတစ်ခုလုံးအား အရောင်ဆိုးလိုက်စေသည်။ ပင်မအကြောင်းအရာမှ အပျက်သဘောအချက်များချည်း သီးသန့် ဆွဲထုတ်လိုက်သောအခါ ရှိနေသည့် အကောင်းများကို ပစ်ပယ်ထားမိပြီး တကယ်တမ်းရှိသည်ထက် များစွာ ပိုဆိုးအောင် လုပ်မိတတ်သည်။ ဥပမာ - သတ်ပုံတောင် မှန်အောင် မပေါင်းထားတဲ့စာက ဘာများအထင်ကြီးစရာ ရှိတော့လို့လဲ။