Skip to main content

Posts

အစွန်းရောက် အကောင်းမြင်ဝါဒီ

eastoftheweb.com ဘတ်စ်ကားလည်း မကြာခင်လာမှာပါ ဒါပေမဲ့ ဒီအတောအတွင်းမှာ..  [ ၁ ] ဗူစီမာကူစီဟာ အစွန်းရောက် အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ အဆင်းရဲဆုံး အရပ်မှာ နေထိုင်သူတစ်ဦးဖြစ်တောင်မှ၊ သူ့ဆီမှာ ၀တ်စုံတစ်စုံတည်းပဲ ပိုင်ဆိုင်တာတောင်မှ၊ သူ့ဘောင်းဘီရှည်ဟာ ခြေမျက်စိ မဖုံးတောင်မှ သူဟာ အကောင်းမြင်ဝါဒီတစ်ဦး ဖြစ်ပါတယ်။ ပညာရေး ဆုံးခန်းတိုင်တော့ အစိုးရ၀န်ထမ်းအဖြစ် အသက်မွေးတာ အဆင်ပြေနိုင်မယ်လို့ ဗူစီ ဆုံးဖြတ်ခဲ့တယ်။ တာဝန်ကျအရာရှိက ဗူစီ့ကို တစ်ချက်ကြည့်တယ်။ ပြီးတာနဲ့ အသုံးကျမယ့် လူစားမျိုးမဟုတ်မှန်း ချက်ချင်း သဘောပေါက်သွားတယ်လို့ပဲ ဆိုရမယ်။ `အေးဗျာ။ ရည်မှန်းချက်ကြီးမားတဲ့ လူငယ်တစ်ယောက်အတွက် ကျုပ်မှာ အလုပ်တစ်နေရာစာတော့ ရှိမယ်ထင်တယ်´ လို့ သူက ပြောတယ်။

လမ်းလျှောက်သူ

ဒီနေ့ ကျွန်တော် လမ်းလျှောက် ထွက်လာတော့ မှောင်စပြုနေပြီ။ အပြင်မှာ အေးနေတယ်။ ကားလမ်းမကြီးကို ကူးပြီး ဒီဘက် ရပ်ကွက်ရောက်တော့ လူတွေ ရှင်းသွားတယ်။ ပေတရာလမ်းမက ကျယ်တယ်။ ကျွန်တော် တစ်ယောက်တည်း ဆက်လျှောက်လာတယ်။ အရင် ရေခဲချောင်းလှည်းကလေး အမြဲရှိတတ်တဲ့ နေရာမှာ အငွေ့တထောင်းထောင်း ထနေတဲ့ အိန္ဒိယ အစားအစာတစ်မျိုး ရောင်းနေတယ်။ အရင် ရေခဲချောင်းရောင်းခဲ့တဲ့ လူတော့ ဟုတ်ပုံမရဘူး။ အခုလို ဆောင်းတွင်းရောက်လာလို့ လူတွေ ရေခဲချောင်းမစားကြတော့ အရင်ရေခဲချောင်းရောင်းခဲ့တဲ့လူ ဘာသွားရောင်းမလဲလို့ ကျွန်တော် စဉ်းစားမိတယ်။ မြေပဲပြုတ်ကလေးဘာလေး ရောင်းမယ်ထင်တယ်၊ သူ့အစီအစဉ်နဲ့သူတော့ ရှိမှာပဲ။ ရာသီစာဆိုတာကတော့ အမြဲရှိနေတာကိုး။ ဒါ ကျွန်တော်နဲ့တော့ သိပ်မဆိုင်လှဘူး။ ကျွန်တော် ပန်းခြံရှိတဲ့ဘက်ကို ကွေ့ဝင်လိုက်တယ်၊ ဒီနားမှာတော့ သစ်ရွက်ကြွေတွေနဲ့ အမှိုက် နည်းနည်းရှိနေတယ်။ ဒီနေ့လူအတော်ရှင်းပါလားလို့ တွေးပြီးတာနဲ့ချက်ချင်း၊ ဒီနေ့ ငါအတော်နောက်ကျသွားတာပဲလို့ ဆက်တိုက်တွေးလိုက်မိတယ်။ နောက်တော့ ကျွန်တော် ဇဝေဇ၀ါဖြစ်လာတယ်။ ဒီနေ့ လူရှင်းနေတယ်နဲ့ ဒီနေ့ ငါနောက်ကျတယ်၊ အဆိုနှစ်ရပ် ဘယ်သင်းက ပိုမှန်လဲ စဉ်းစားကြည့်မိတယ်။ မှန်တာတောင်မှ ပိုမှန်တာ...

မျှော်လင့်ခြင်း ( မြင့်သန်း )

(ဆရာတာ.. ဒီဝတ္ထုလေးက လွန်ခဲ့တဲ့ သုံးလလောက်က ရေးထားတာ။ ဘာသာပြန် မဟုတ်ပါ။ ဖတ်တဲ့အခါတော့ ရိုးရိုးပဲ တွေးဖို့လိုလိမ့်မယ်။ ဆန်းဆန်းတွေးချင်လည်း တွေးပေါ့ဗျာ။  ရိုသေစွာဖြင့်- မြင့်သန်း) Before me things create were none, save things Eternal, and eternal I endure. All hope abandon ye who enter here.     _Dante Alighieri     Divine Comedy. (H.F Cary’s translation) လူတစ်ယောက်မျှ မရှိတဲ့ စားသောက်ခန်းထဲက စားပွဲပေါ်မှာရှိတဲ့ ပန်းအိုးထဲက ပန်းကို ဘားမန်နေဂျာကဲင်ဟာ အနေအထားပြင်ပြီး ပြန်ချလိုက်တယ်။ စိတ်ကျေနပ်သွားတယ်။ ခဏရပ်နေလိုက်ပြီးမှ သူ ဘားရှိရာဘက် လှည့်လာတယ်။ ကော်ရစ်ဒါရဲ့ အခြားဘက်က ထိပ်နားဆီမှာ လူရိပ်တွေ့လိုက်ရလို့ ရပ်ကြည့်ုလိုက်တော့ ဖလောမန်နေဂျာလို့ ခေါ်တဲ့ ဒီအထပ်ရဲ့ မန်နေဂျာ လဇ်ဇီရယ်။ အခန်းတစ်ခန်းရဲ့ ရှေ့မှာ လဇ်ဇီက ဟိုတယ်ရဲ့ ဟောက်(စ)မန်နေဂျာ ရှာမိန်းနဲ့ ရပ်စကားပြောနေတယ်.။ ရှာမိန်း တကယ် အလုပ်များပုံရတယ်။ ကဲင်ကိုယ်တိုင်လည်း အီးမေးလ်ရထားပြီးပြီမို့ ရှာမိန်းအလုပ်များလိမ့်မယ်ဆိုတာ တွေးကြည့်လိုက်မိတာပဲ။ ဟိုတယ်ရဲ့ ဒီအထပ်က သီးသန့်အထပ်။ နှစ်ဆယ့် သုံးထပ်မှာ.။ နှစ်ဆယ...

ဘိန်း

ဘိန်းမှိန်းနေတုန်းခဏ ဘိန်းပြတ်သွားတယ်လို့ စိတ်ကူးယဉ်သူဟာ ဘိန်းရဲ့လုပ်ပိုင်ခွင့်ကို အသုံးချပြီး ဘိန်းကို အာခံလိုက်တဲ့ ဘိန်းစားပေါ့။ တေဇာ (လရောင်လမ်း) စက်တင်ဘာ၊ ၂၀၁၁

Gaddafi, the Poet

The day I got a hole in my head, I showed my last humanity against the crime While I was crying, 'Don't shoot me'. I now am resting in peace, While all are reading my past Turning themselves into kindhearted sadists. After heart of the whole put a hole in my head, I do rest in peace. ကဗျာဆရာ ဂဒါဖှီ ငါ့ခေါင်းမှာ အပေါက်လေးတစ်ပေါက် ရခဲ့တဲ့နေ့က ဒီရာဇ၀တ်မှုကို ဆန့်ကျင်တဲ့ ငါ့ရဲ့ နောက်ဆုံး လူသားဆန်မှုအဖြစ် ငါက `ငါ့ကို မပစ်ကြပါနဲ့´ လို့ အော်ဟစ်တုန့်ပြန်ခဲ့တယ် အခုတော့ ငါက ငြိမ်းချမ်းစွာ အနားယူနေတယ် အားလုံးက ငါ့အတိတ်တွေကို ဖတ်ရှုနေစဉ် သူတို့ရဲ့ နှိပ်စက်လိင်စိတ္တဇတွက နှလုံးသားလှမှုအသွင်ယူလို့ ဝေနေယျတွေရဲ့ နှလုံးသားက ငါ့ခေါင်းမှာ အပေါက်တစ်ပေါက်ဖောက်ပြီးနောက် ငါ အနှောင့်အယှက်မဲ့စွာ အနားယူပြီ။ Tazar (Moonlitpath) October, 2011

Announcement 02

လရောင်လမ်း ( Wordpress ) မှာ ကဗျာအသစ်တချို့ တင်ထားပါတယ်။ စိတ်ဝင်စားသူများ ဖတ်ကြည့်ဖို့ပါ။ :) တေဇာ (လရောင်လမ်း)

ကူးတို့ (Kafka)

ဆိပ်ခံတံတားဘေးက နံရံပေါ်မှာ ကောင်လေးနှစ်ယောက် ကြွေအံကစားနေကြတယ်။ အထိမ်းအမှတ်ရုပ်တုတစ်ခုရဲ့ ခြေရင်းက ဓားရွယ်ထားတဲ့ သူရဲကောင်းရုပ် အရိပ်အောက်မှာ လူတစ်ယောက် ထိုင်ပြီး သတင်းစာဖတ်နေတယ်။ ခပ်ငယ်ငယ် ကောင်မလေးတစ်ယောက်က ရေပန်းမှာ သူ့ရဲ့ ရေဗူးထဲကို ရေဖြည့်နေတယ်။ သစ်သီးရောင်းတဲ့လူက သူ့သစ်သီးတွေရဲ့ အနီးမှာ လဲလျောင်းရင်း ပင်လယ်ပြင်ဆီ ငေးကြည့်နေတယ်။ ဘီယာဘားတစ်ခုရဲ့ ဒိုးယိုပေါက် တံခါးနဲ့ ပြတင်းပေါက်ကနေ အထဲမှာ လူနှစ်ယောက်ထိုင်ပြီး ၀ိုင်သောက်နေတာကို မြင်ရပါလိမ့်မယ်။ ဘီယာဘားမန်နေဂျာက အရှေ့မှာထိုင်နေရင်း အိပ်ငိုက်နေတယ်။ လှေသေးသေးလေးတစ်စင်းက တစ်စုံတစ်ယောက်ကပဲ ကြိုးနဲ့ဆွဲယူလာသလို ဆိပ်ကမ်းငယ်လေးအတွင်းကို ဖြည်းဖြည်းချင်း မျောဝင်လာတယ်။ ဂျာကင်အင်္ကျီအပြာနဲ့ လူတစ်ယောက် ကမ်းပေါ်ကိုတက်လာပြီး လှေကြိုးကို ချည်လိုက်တယ်။ အဲဒီလူရဲ့ နောက်မှာ ငွေကြယ်သီးတွေပါတဲ့ အရောင်ရင့်ရင့် ကုတ်အင်္ကျီတွေဝတ်ထားတဲ့ တခြားလူနှစ်ယောက်က အလောင်းသယ်တဲ့ထမ်းစင်တစ်ခုကို သယ်လာကြတယ်။ ထမ်းစင်ပေါ်မှာ ပင်းပွင့်ပုံတွေစီခြယ်ထားတဲ့ ပိုးသားခြုံလွှာကြီးတစ်ခုနဲ့ အနားကွပ်တွေ။ အောက်မှာ လူတစ်ယောက် လဲလျောင်းပြီးပါလာမယ်လို့ ခန့်မှန်းလို့ရတယ်။