Skip to main content

Posts

အတိုးဆုံးကဗျာများ (၄၈)

ရောင်စုံခဲတံကလေးတွေ အတိုအရှည်မညီဘူး မနှင်းဖြူကို လူပုကလေးခွန်နစ်ယောက်နဲ့ မသင်္ကာဘူး ဒါပေမဲ့ ဘာကို တတ်နိုင်ပါသလဲ #Coloring Book အချိန်အကြာကြီး အနုစိတ်ထားတဲ့ ပင့်ကူအိမ်ကလေးကို အပျင်းပြေ လေနဲ့မှုတ်ကြည့်သလို ဘယ်ကလေးမဆို ရက်စက်တတ်တယ် ‪#‎Rant‬ အချစ်ဆုံးသူတွေရဲ့ မျက်နှာပေါ် မွေးရာပါအမှတ်ကြီးတပ် အမွေးနက်နက်တွေ ရှည်ထွက်လာတယ်ဆိုတဲ့ စိတ်ကူးမှာ ငါ့ကိုယ်ငါမုန်းလာတယ် #Juxtaposition ဟောဒီရေအိမ်ထဲက မှန်ကို နှစ်ဖက်မြင်မှန်း သိသိချည်းနဲ့ နှုတ်ခမ်းရဲရဲလေးနဲ့ သူမ ပြုံးပြနေကျ #Big Brother ကွန်ပါဗူးအဟောင်းလေးကို ဖွင့်မကြည့်ပါနဲ့ ကွန်ပါဗူးအဟောင်းလေးထဲက ပျော့ပြဲနေတဲ့ ချောကလက်တွေထွက်လာတဲ့အခါ ကိုယ်ပဲနစ်နာမယ် #Nostalgic Loss တေဇာ (လရောင်လမ်း) Image: www.boostinspiration.com

နိယာမကျောင်းထွက်တို့၏ နောက်ဆုံးမိတ်ဆုံစားပွဲ (မြင့်သန်း)

သုံးဆယ့်ခုနစ်ဆီက အီးမေးလ်ရတယ်။ ကျောင်းသားဟောင်းတွေအတွက် မိတ်ဆုံထမင်းစားပွဲလုပ်မယ်လို့တဲ့။ သုံးဆယ့်ခုနစ်ဆိုတာ လူလိုသူလို၊ နာမည်တပ်ခေါ်ရရင်တော့ ဘောဂဗလပဲ။ ဘောဂဗလဆိုတော့လည်း ချမ်းသာတယ်။ ချမ်းသာလို့ ဘောဂဗလလို့ ခေါ်တာတော့ မဟုတ်ဘူး။ ကျောင်းတုန်းကတော့ သူ့ကို ဗာလကြီးလို့ပဲခေါ်တယ်။ အချို့ကတော့ ဗာလနံကြီးလို့တောင် ခေါ်ကြတယ်။ နိယာမကျောင်းတော်မှာတော့ နာမည်မခေါ်ရလို့ ကျောင်းဝင်းအပြင်ရောက်ကာမှ ခေါ်ကြတာ။ ကျောင်းထဲမှာ နံပါတ်တပ်ခေါ်ရတယ်။ ပညာရှာဖို့လာတဲ့လူမှန်သမျှ အယုတ်အလတ် အမြတ်မရွေးတဲ့သဘောပဲ။ အမျိုးဘာသာ မခွဲခြမ်းတဲ့သဘောပဲ။ ကျောင်းသားတိုင်းဟာ နံပါတ်နဲ့ချည်းပဲ။ သူ့နံပါတ်က သုံးဆယ့်ခုနစ်။ သုံးနဲ့ခုနစ်ပေါင်းရင် တစ်ဆယ်ရလို့ သူ့ကို "ဘူ" လို့ ကိုယ့်အချင်းချင်းအကြားမှာ ခေါ်ကြတယ်။ ဘူဆိုတော့လည်း သူက သိပ်မကြိုက်ဘူး။ မကြိုက်လည်း သိပ်မတတ်နိုင်ဘူး။ နံပါတ်ရှိတဲ့ကျောင်းသားတိုင်းမှာ အဲဒီလို မဟုတ်ကဟုတ်က နာမည်တွေရှိတယ်။ ကျွန်တော်တို့ကျောင်းထွက်တွေအချင်းချင်း ခုထိ နံပါတ်တွေကိုပဲသုံးပြီး တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပြောကြလေ့ရှိတယ်။ ဘောဂဗလက နိယာမကျောင်းတော်မှာ ဘွဲ့လွန်ပညာဆက်ပြီးသင်ခွင့်မရဘူး။ ဒီကောင်က ခပ်ထူထူရယ်။ ခပ်ထူထူဆို...

အာရုဏ်ဦးတွင် နိုးထခြင်း

"ရှင်ဟာ အရမ်းအရမ်း ရူးတဲ့ ကောင်လေးပဲ။ မစ္စတာပွန်တယ်လိုင်ယာက ကျွန်မကို လွတ်လပ်ခွင့်ပေးလိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်တဲ့အရာတွေကို အိပ်မက်မက်ရင်း ရှင့်အချိန်တွေကို ဖြုန်းနေတာလေ။ မစ္စတာပွန်တယ်လိုင်ယာ ကောက်ချင်ကောက် တင်ချင်တင်လုပ်ရမယ့်၊ သူ့ရဲ့ ပိုင်ဆိုင်မှုတစ်ခု ကျွန်မမဟုတ်တော့ဘူး။ ကျွန်မ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီးပဲ ကျွန်မကိုယ်ကိုယ် ပေးမယ်။ ထားပါတော့ သူက၊ 'ဟေ့ရောဘတ်၊ မင်း သူ့ကို ယူသွားပြီး ပျော်ပျော်နေပါတော့။ သူက မင်းအပိုင်ဖြစ်သွားပြီ' ပြောတယ်ဆိုရင် ကျွန်မက ရှင်တို့နှစ်ယောက်စလုံးကို ရယ်နေမှာ..." The Awakening by Kate Chopin တွင် အဓိကဇာတ်ကောင်မှာ ကလေးများမိခင် (၁၉) ရာစုအမေရိကန်အမျိုးသမီး၊ မစ္စပွန်တယ်လိုင်ယာဖြစ်သည်။ လူကုံတန်လင်ယောက်ျားတစ်ဦးနှင့် ပြီးပြည့်စုံသော မိသားစုဘ၀ကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သို့သော် ထိုသို့ အပေါ်ယံမြင်နိုင်သည်များမှအပ ထိုအမျိုးသမီး၏ စိတ်အတွင်းထဲတွင် မည်သူမျှနားမလည်နိုင်သော၊ "နာကျင်ခံစားရမှုတစ်မျိုး" ရှိနေသည်။ ဤသည်ကို "ဘူရွှာမိခင်တစ်ဦး၏ သက်တောင့်သက်သာလှောင်အိမ်" ဆိုသည့် စကားက အကောင်းဆုံးထင်ဟပ်ပြနိုင်သည်...

အလေ့အကျင့်

မနေ့ည ငါ့အလုပ်ပြီးတော့ ကွဲရှင်းပြတ်စဲထားတဲ့ ငါ့လက်တွေက သွေးခုန်နှုန်းလို အမေ့ခံအရာတွေကို တညီတညွတ်တည်း စိတ်ဝင်စားလာကြ ဖြိုးဖြိုးဖျပ်ဖျပ် ညကောင်းကင် ပြတင်းကနေ ငါကြည့်လိုက်တယ် ပြီး ချက်ချင်းပဲ လမင်းကို ငှက်မွှေးချုပ်ရိုးလိုင်းနဲ့ ပတ်ချာလည်သီမိတယ်။ About Poem ကဗျာဆရာမ Hazel Hall သည် အသက် ၁၂ နှစ်အရွယ်မှစ၍ သွက်ချာပါဒဝေဒနာ ခံစားခဲ့ရသည်။ သူသည် ကဗျာရေးသလို အပ်ချုပ်ဆရာမတစ်ဦးလည်း ဖြစ်သည်။ တေဇာ (လရောင်လမ်း) Habit by Hazel Hall ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။

ပျော်ရွှင်ဖွယ်မွေးနေ့

"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့" သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။ "ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။ "ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။ "ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ" နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အ...

အမည်မဲ့စစ်သား

အရေးမပါတဲ့ကိစ္စပါ၊ ကျုပ်တို့ကလေးကို ခရစ်နှစ်သုံးထောင်ထဲကို ချဉ်းနင်းဝင်ရောက်လာပြီး ပထမဆုံးမွေးတဲ့ နျူးယောက်မြို့ဖွားကလေးငယ်လို့ သူတို့က ပြောတယ်။ ၂၀၀၀ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့ ညသန်းခေါင်အပြီး ဆယ်စက္ကန့်အကြာမှာပေါ့။ လူအများထောက်ပြကြသလိုပဲ၊ တကယ်တော့ သုံးဆယ်ရာစုထဲကို တာစထွက်ဖို့ဆိုတာက ၂၀၀၁ ခုနှစ် ဇန်န၀ါရီ (၁) ရက်နေ့မှ စ,ရမှာပါ။ နက္ခတ်ဗေဒအရပြောရင်လည်း ကျုပ်တို့ကလေးကို မွေးတော့ နှစ်သစ်တောင် ခြောက်နာရီသားဖြစ်နေပြီလေ၊ ဘာလို့ဆို ဒါက အင်္ဂလန်၊ ဂရင်းနစ်က တော်ဝင်စောင့်ကြည့်ရေးဌာနမှာ အချိန် စ,ခဲ့တာမဟုတ်လား။ ဒါပေမဲ့လည်း ခရစ်တော်ရဲ့မွေးနေ့တောင်မှ ခန့်မှန်းခြေကိုပဲ သတ်မှတ်ထားကြတာဆိုတော့ ဒီလိုကိန်းဂဏန်းတွေနဲ့ပတ်သက်ပြီး သိပ်ခေါင်းရှုပ်ခံနေစရာတော့ မရှိဘူး။ ဒီလိုကိန်းဂဏန်းအချက်အလက်တွေက သိပ်ကိုေ၀၀ါးလွန်းတယ်။ ပြီးတော့ ဘယ်ကလေးက ဘယ်နမိနစ်မှာ မွေးတယ်လို့ ဘယ်သူက ပြောနိုင်တာမှတ်လို့။ ခေါင်း စ,ထွက်လာတဲ့ အချိန်လား။ တစ်ကိုယ်လုံး အမေ့အပြင်ရောက်မှလား။ အချင်းဖြတ်ပြီးတဲ့ အချိန်လား။ မြို့မှာ ၂၀၀၀ ခုနှစ်ရဲ့ ပထမဆုံးမွေးဖွားတဲ့ကလေးကို တန်ဖိုးကြီးတဲ့ ဆုတွေအမြားအပြားပေးဖို့ ရှိလေတော့၊ အချင်းဖြတ်တဲ့အချိန်ထိတော့ တွက်လို့မဖြစ်ဘ...

မျက်စပစ်ခြင်း နောက်ဝယ်

[ ၁ ] ဇာတ်လမ်းအစကတော့ ဘာပြဿ     နာ  မှ မရှိခဲ့တာပါ။ ဇာတ်လမ်းဆိုတာ ဘာကိုမှဆိုလိုချင်တာမဟုတ်ဘူးရှင့်၊ ကျွန်မအာရုံလာတဲ့အတိုင်း ပြောလိုက်မိတာ။ ဒီမှာ ကျွန်မပြောမယ်၊ အသက်လေးဆယ့်နှစ်နှစ်၊ ကလေးသုံးယောက်၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင့်တာဝန်တွေယူထားရသူဆို ရှင်ရော စိတ်လှုပ်ရှားစရာကို ရှာဖွေမျှော်လင့်မိမှာပဲလား။ ရုတ်တရက် ကားဘရိတ်ကို အပြင်းနင်းချပြီး သွေးကျောအားလုံးထဲက ယီးးး…ဟလို့ ပေါက်ကွဲထွက်လာတဲ့ ပေါက်တက်ကရ စိတ်လှုပ်ရှားမှုမျိုး မဟုတ်ဘဲနဲ့လေ။ အခုနောက်ပိုင်းမှာ ယောက်ျားတွေကို ကျွန်မ သတိထားကြည့်နေခဲ့မိတာ အမှန်ပဲ။ အထူးသဖြင့်တော့ သူတို့ရဲ့ လက်မောင်းသားတွေပေါ့။ ဘာလို့လဲလို့တော့ ကျွန်မကို မမေးနဲ့၊ ယောက်ျားတွေရဲ့လက်မောင်းတွေကို ကျွန်မ ကြွေသွားတာ ရုတ်တရက်ကြီးဆိုသလို ဖြစ်လာတာ။ မိန်းကလေးတွေမှာ မရှိတဲ့ တံတောင်ဆစ်အောက်ပိုင်းက အမြောင်းမြောင်းထနေတဲ့ ကြွက်သားစိုင်တွေနဲ့ မွှေးညင်းပါးပါးလေးရှိနေတဲ့ လက်ဖျံတွေ။ ပြီးတော့ လေးထောင့်ကျပြီး လုပ်နိုင်ကိုင်နိုင်ရှိတဲ့ ယောက်ျားတွေရဲ့ လက်ဖ၀ါးတွေ။ အို.. ဒါတွေကို ကျွန်မ နေရာတကာမှာ မြင်နေရတယ်ရှင်။ စားသောက်ဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ သောက်တလွဲ စူပါ...