Skip to main content

မက္ကဆီကို ကမ်းခြေတစ်နေရာတွင် ပျောက်ဆုံးသွားသော ဘာသာစကား

"ဟေ့ရောင် ရစ်ချက်ပါကာ
ကုလားလေးကို လှည့်ကြည့်လိုက်လေကွာ
ဘာလို့ အဲဒီတောအုပ်ကြီးကိုပဲ စိုက်ကြည့်နေရတာလဲ
မင်း ပြန်လာခဲ့၊ အခု ခဏလောက် ပြန်လာခဲ့
ဒယီးဒယိုင် ဖြစ်နေလည်း ပြန်လာခဲ့၊ မရဘူး ပြန်လာခဲ့
ကုလားလေးရဲ့ မျက်နှာကို မင်းလျှာကြမ်းကြမ်းကြီးနဲ့ လျှက်ခဲ့
နားလည်မှုတစ်ခု ထားခဲ့လေကွာ
ဘာလဲ မင်းက
မင်းရေနစ်တုန်းက ဘယ်သူ ကယ်ခဲ့တာလဲ
မင်းရေဆာတုန်းက ဘယ်သူ အသက်ဆက်ပေးခဲ့လဲ၊ သူပဲလေ
သားရေချည်းပဲ ကျန်ပြီး သေမလိုဖြစ်ခဲ့တဲ့ကောင်က အခုမှ
လတ်လတ်ဆတ်ဆတ် ငါးကြီးလည်း စားခဲ့ရရဲ့သားနဲ့
ဟိုမှာ ကုလားလေး အခု အားနည်းနေရှာပြီ
လာကယ်သူ မရှိရင် ခဏနေ သူသေပြီ
သွား အခု မင်း သူ့မျက်နှာကို လျှာနဲ့ သွားလျှက်စမ်း
မင်း နှုတ်ခမ်းမွှေးကြမ်းကြမ်းကြီးနဲ့ ပွတ်သပ်ချော့မြှူစမ်း
မင်းလမ်း မင်းမသွားခင် နားလည်မှု တစ်ခုခု ထားခဲ့စမ်း
ဘာလဲကွ၊ မင်းက
သူက မင်းကို သူ့ သူငယ်ချင်းကြီးလို့ ထင်နေတာ
သူက မင်းကို ခင်နေတာ၊ သံယောဇဉ်ရှိတာ
ပင်လယ်ပြင်အကျယ်ကြီးကို ဖြတ်ပြီး နီးသွားတာ
သူ မင်းကို ကျွန်းပေါ်မှာ ချန်မထားခဲ့ဘူးလေကွာ
ဘာလဲ သူက မင်းကို ဖမ်းထားမယ် ထင်လို့လား
တိရစ္ဆာန်ရုံထဲ ထားမယ် ထင်လို့လား
ဘာမှ မသိတဲ့ ရစ်ချက်ပါကာ
သူက မင်း၊ သားရဲကြီး ဖြစ်သွားတာကိုပဲ ပျော်မှာ
တောထဲ မင်း ပြေးလွှားနေတာကိုပဲ မြင်ချင်မှာ
ကဲ အခု ချက်ချင်း မင်းပြန်လာ၊ အားရှိသလောက် ပြန်လာ
သူ့ကို မင်းလက်သည်းတွေနဲ့ ကုပ်ဖဲ့ဖို့ ပြန်လာ
သူ့ လည်မျိုကို ကိုက်ဖောက်ဖို့ ပြန်လာ
သူ မသေခင်မှာ သူ့ကို စားနိုင်သလောက် စားပစ်ဖို့ ပြန်လာ
မင်း၊ သားရဲကြီး ဖြစ်သွားတာကို သူပျော်မှာ
ဘာလဲ သူက မင်းကို ဖမ်းထားမယ် ထင်လို့လား

ဘာမှ မသိတဲ့ ရစ်ချက်ပါကာ
အလကား ရစ်ချက်ပါကာ
ဟင်းမျိုး"

တေဇာ (လရောင်လမ်း)
Inspired by "Life of Pi" by Yann Martel
Image: i-seo-4.blogspot.com

Comments

Popular posts from this blog

About Eain and others: check out 19 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 18 updates about them

You have 24 notifications about Eain and others