ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့နေ့မတိုင်မီ တစ်ပတ်အလိုကတည်းက ပြိုင်ပွဲမှာ အနိုင်ရမယ့်သူတစ်ဦးဦးကို ကြိုတင်ရှာဖွေနေဆိုတာက ကျွန်တော်တို့အတွက် အနားရနိုင်အောင်ပါ။ ဒီလိုဆိုရင် ဒိုင်လူကြီးတွေနဲ့ ကျွန်တော့်လို လက်ထောက်တွေပါ ခရစ္စမတ်အကြိုနေ့မှာ မိသားစုနဲ့အတူ ပျော်နေနိုင်တယ်လေ။ နာရီပေါင်းများစွာ တစ်မြို့လုံးကားပတ်စီးပြီး မတိမ်းမယိမ်းလှပတဲ့၊ အကောင်းဆုံးပြိုင်ပွဲဝင်အယောက်နှစ်ဆယ်ကို အချိန်ကပ်ကာမှ ကြိုးစားရွေးထုတ်နေရမယ့် အစားပေါ့။ အခုတော့ ကျွန်တော်တို့လုပ်စရာဆိုလို့ ဆုပေးနေ့ကျရင် ဂရစ်ဘွန်ရဲ့ ခြံဝန်းဆီ မောင်းသွားရုံပဲ ရှိတော့တယ်၊ မီးရောင်တွေနဲ့ဆူညံသံတွေကြားမှာ မျက်လုံးကန်းနားကွဲခံမယ်၊ ၀မ်းသာအားရလက်ဆွဲနှုတ်ဆက်ပြီး ဆုရစာချွန်လွှာလေး သူ့လက်ထဲထည့်ပေးလိုက်မယ်၊ ပြီးတာနဲ့ ခရစ္စမတ်သစ်ပင်တိ၊ ပစ္စည်းလေးတွေချိတ်၊ ဘီယာသောက်ပြီးနှပ်နေဖို့ အိမ်ကို အချိန်မီပြန်ပြေးလာရုံပဲ။ ခရစ္စမတ်ဆိုတဲ့အတွေးလေးနဲ့ ဟက္ကမန်ရဲ့ ဂမူးရှူးထိုးဉာဉ်နည်းနည်းအနည်ထိုင်ပြီး စိတ်ကောင်းဝင်နေချိန်မှာ သူဟာ စိတ်နှလုံးကောင်းမွန်သူကြီးရယ်လို့ မဟုတ်မဟတ်ပါးစပ်သတင်းတွေလည်း တော်တော်လေး ပြန့်နှံ့နေတယ်။ ဟက္ကမန်ကတော့ အားလပ်ရက်ပီပီ နေပါတယ်။ ဘယ်သတင်းထောက်မှ သတိမထားမိ
လရောင်ဖြန့်ကြက်ထားသော လမ်းထက်က ခြေလှမ်းငယ်များ။