Current
ငယ်ငယ်က ရေးဆွဲဖူးတဲ့ မိုးဖွဲလေးတွေတိုင်းဆွေစောင်းနေတတ်မြဲ
အဲဒီလို ကိုယ်ကလည်း
မမြင်နိုင်တာတွေရဲ့ တည်ရှိမှုကိုမှ
ထင်ရှားပြချင်ဆဲ
Defense Mechanism II
သူ့ ရှေ့မှာ
လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်
ငါရှက်တယ်
ငါ့လက်သည်းကြားက ချေးတွေအတွက်
ငါရှက်တယ်
လက်သီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိတယ်
ငါရှက်တယ်
ငါ့လက်သည်းကြားက ချေးတွေအတွက်
ငါရှက်တယ်
Trap
မီးပျက်သွားတယ်
ပုပ်နေတဲ့ ကြက်ဥတွေ ကျကွဲသံ ကြားရတယ်
ဓာတ်လှေကားကြီးတစ်ခုမှန်း
ငါသိလိုက်ရတယ်
ပုပ်နေတဲ့ ကြက်ဥတွေ ကျကွဲသံ ကြားရတယ်
ဓာတ်လှေကားကြီးတစ်ခုမှန်း
ငါသိလိုက်ရတယ်
Silence
တစ်ခုခုပြောပါ
ငါ့ခြေထောက်ပေါ် ပုရွက်ဆိတ်အနီတွေ
အပြွတ်လိုက်တက်နေပြီလို့ပဲ ဖြစ်ဖြစ်
တစ်ခုခုပြောတဲ့အခါ
ငါအရမ်းကျေးဇူးတင်မှာ
ငါ့ခြေထောက်ပေါ် ပုရွက်ဆိတ်အနီတွေ
အပြွတ်လိုက်တက်နေပြီလို့ပဲ ဖြစ်ဖြစ်
တစ်ခုခုပြောတဲ့အခါ
ငါအရမ်းကျေးဇူးတင်မှာ
Trauma II
ကလေးလေးတစ်ယောက်
ဝါးခနဲ အော်ငိုသံ ကြားရပြီး
လေရှူသွင်းဖို့ခဏ အသံတိတ်သွားတယ်
ဒါပေမဲ့ မျှော်လင့်ထားတဲ့ ဒုတိယငိုသံ
ဆက်လိုက်မလာတော့ဘူး
ဘယ်လို ခြောက်ခြားဖွယ် တိတ်ဆိတ်မှုပါလဲ
တေဇာ (လရောင်လမ်း)
ဝါးခနဲ အော်ငိုသံ ကြားရပြီး
လေရှူသွင်းဖို့ခဏ အသံတိတ်သွားတယ်
ဒါပေမဲ့ မျှော်လင့်ထားတဲ့ ဒုတိယငိုသံ
ဆက်လိုက်မလာတော့ဘူး
ဘယ်လို ခြောက်ခြားဖွယ် တိတ်ဆိတ်မှုပါလဲ
တေဇာ (လရောင်လမ်း)
Image: unurthed.com
Comments
Post a Comment