Skip to main content

Posts

စာရွက်ဖိ

ခုတော့ ကိုယ့်အတွက် “စာရွက်ဖိ” လေးတွေ မလိုတော့ဘူး တစ်ကြောင်းက ကိုယ့်အခန်းက လေသိပ်မ၀င်ဘူး ပြီးတော့ ကိုယ် စာလည်း သိပ်မရေးဖြစ်ဘူး ဒီတော့ မင်းလည်း ကြောင်ကလေးတွေကို လျှောက်သတ်မနေပါနဲ့တော့ အခုတော့ ရှိပြီးသား ကြောင်ဦးခွံကလေးသုံးခုတောင် သိမ်းထားရပြီ။ တေဇာ (လရောင်လမ်း) ဒီဇင်ဘာ ၂၀၁၂

စာမျက်နှာသစ်ဖွင့်လှစ်ခြင်း (Turn over a New Leaf)

အဲဒီတုန်းက ငါ့မှာ အစောကြီး နိုးထရတာလည်း ကောင်းမှုကုသိုလ်ပြုလိုက်ရသလို ပျော်ဖူးခဲ့။ အခြားသူတွေထက် လက်ဦးအောင် ဆုတ်ဖြဲချင်ရုံသက်သက် တရုတ်ရိုးရာပြက္ခဒိန်ကလေးရဲ့ စာမျက်နှာ။ “သင်တို့၏ နံနက်ခင်းများကို ပြီးပြည့်စုံစေချင်ပါတယ်” လို့ ကလေးဆန်စွာ။ တေဇာ (လရောင်လမ်း) ဒီဇင်ဘာ ၂၀၁၂

အကြောင်းရင်း (Mother Night)

ကျုပ် အချစ်မခံရဘူးဆိုတဲ့ အတွေးက ကျုပ်ကို အေးခဲမသွားစေဘူး။ အချစ်မပါဘဲ နေထိုင်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ ဘုရားသခင်ဟာ ရက်စက်တယ်ဆိုတဲ့ အတွေးကလည်း ကျုပ်ကို အေးခဲမသွားစေဘူး။ သူ့ဆီက ဘယ်အရာကိုမှ မမျှော်လင့်ဖို့ ကျုပ်ကိုယ်ကျုပ် သင်ကြားထားခဲ့တာပဲ။ အဲ ကျုပ်ကို အေးခဲသွားစေတာက ဘယ်အရပ်ဆီ ရွေ့လျားရမယ်ဆိုတာအတွက် ခိုင်လုံတဲ့ `အကြောင်းရင်း´ တစ်ခုမှ ကျုပ်ဆီမှာ ရှိမနေတဲ့အချက်ပဲ။ ဦးတည်ရာမဲ့ နှစ်လအသေတွေများများကို ဖြတ်ပြီး ကျုပ်ရှေ့ဆက်နိုင်ခဲ့တာဟာ စူးစမ်းလိုစိတ် တစ်ခုတည်းကြောင့်ပဲ။ အခုတော့ အဲဒီ စူးစမ်းလိုစိတ်ကလေးတောင် ဖျပ်ခနဲမှိတ်သွားခဲ့ပြီ။ ဒီနေရာမှာ ဘယ်လောက်ကြာကြာ အေးခဲရပ်တန့်နေမိမှန်း ကျုပ် မသိတော့ဘူး။ တကယ်လို့ ကျုပ် ပြန်လည်ရွေ့လျားတော့မယ်ဆိုရင် ရွေ့လျားရခြင်းအတွက် အကြောင်းရင်းကို တစ်စုံတယောက်က လျာစွမ်းပြ လာပြောနိုင်လို့ပဲ ဖြစ်လိမ့်မယ်။ အဲဒီလူ တကယ်ရှိခဲ့ပါတယ်။  ရဲတစ်ယောက်က ကျုပ်ကို ခဏလောက်ကြာအောင် ရှိုးနေတယ်။ ပြီးတော့ ကျုပ်ဆီလာပြီး သူပြောတယ်။ `အဆင်ပြေရဲ့လား´ `ဟုတ်ကဲ့´ ကျုပ် ပြန်ဖြေလိုက်တယ်။ `မင်း ဒီမှာ ရပ်နေတာ အတော်ကြာပြီနော်´ `ကျွန်တော် သိပါတယ်´ `မင်း တစ်ယောက်ယောက်ကို စောင့်နေတ...

ကြွက် (1Q84)

`အဲဒီမိဘမဲ့ဂေဟာမှာ ငါ့ထက် နှစ်နှစ်ငယ်တဲ့ ကောင်လေးတစ်ယောက်ရှိခဲ့တယ်။ သူက ကပြား။ ဂျပန်သွေးတစ်ဝက် လူမည်းသွေးတစ်ဝက်။ ငါထင်တာတော့ သူ့အဖေက အမေရိကန်အခြေစိုက် မီဆာဝါစခန်းက စစ်သားတစ်ယောက်ပဲ။ သူ့အမေအကြောင်းတော့ မသိဘူး။ ဖြစ်နိုင်တာက ပြည့်တန်ဆာ ဒါမှမဟုတ် စားပွဲထိုးအမျိုးသမီးတစ်ယောက်ပေါ့။ သူ့ကို မွေးပြီးမကြာခင် စွန့်ပစ်ထားခဲ့တယ်။ ဒီတော့ သူ မိဘမဲ့ဂေဟာကို ရောက်လာတယ်။ သူ့က ငါ့ထက် အများကြီး လူကောင်ကြီးတယ်၊ ဒါပေမဲ့ ဉာဏ်သိပ်မကောင်းရှာဘူး။ တခြားကလေးက သူ့ကို စကြနောက်ကြတယ်။ အဓိကအကြောင်းကတော့ သူ့ရဲ့ အသားရောင်ကွဲပြားမှုကြောင့်ပေါ့။ ဒါမျိုးကိစ္စတွေအကြောင်း မင်းသိပါတယ်´ `အင်း သိမယ်ထင်တယ်´ `တကယ်တော့ ငါကိုယ်တိုင်ကလည်း ဂျပန်လူမျိုး မဟုတ်ဘူး။ ဒီလိုနဲ့ ငါက သူ့ကို ကာကွယ်သူ ဖြစ်မှန်းမသိဖြစ်လာခဲ့တယ်။ ငါတို့နှစ်ယောက်စလုံးရဲ့ အနေအထားက ထူးမခြားနားပဲလေ။ ကိုရီးယားဒုက္ခသည်ကလေးနဲ့ လူမည်းနဲ့ ပြည့်တန်ဆာပေါင်းပြီး တရားမ၀င် မွေးလာတဲ့ သွေးနှောကလေး။ ဒါထက် သိပ်နိမ့်ကျနိုင်စရာတော့ မရှိတော့ဘူး။ ဒါပေမဲ့ အဲလိုဖြစ်တာကပဲ တစ်နည်းအားဖြင့် ငါ့အတွက် ကောင်းခဲ့တယ်၊ ငါ့ကို  ရင့်ကျက်သန်မာလာစေခဲ့တယ်။ ဒါပေမဲ့ သူတော့ မပါဘူး။ သူက ဘယ်တော့မှ မာနိုင်တ...

ကျွဲပါးစောင်းတီး

ဆယ်လီနာက အသက်ဆယ့်ရှစ်နှစ်။ ၁၈၇၈ ခုနှစ်မှာ ဘန်တလင်းမိသားစုက တည်ထောင်ခဲ့တဲ့ မိဘမဲ့ဂေဟာက မိဘမဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဂေဟာကို စထူထောင်တုန်းက ဘန်တလင်းမိသားစုဟာ အချက်သုံးချက်ကို လိုလားခဲ့တယ်။ အဲဒါကတော့ မိဘမဲ့ကလေးတွေအားလုံးကို ခရစ်ယန်ဘာသာဝင်တွေ အဖြစ်ပဲ ကြီးပြင်းစေရမယ်၊ ဘာလူမျိုး၊ ဘာအသားအရောင်၊ ဘာဂိုဏ်းဝင်ဖြစ်ဖြစ်။ တနင်္ဂနွေနေ့လယ်စာ မစားမီတိုင်း တစ်ပတ်တစ်ကြိမ် ကျမ်းသစ္စာရွတ်ဆိုရမယ်။ ပြီးတော့ ဂေဟာကထွက်ပေါ်လာတဲ့ သန့်ရှင်းပြီး သွက်လက်ချက်ချာတဲ့ မိဘမဲ့မိန်းကလေး တစ်နှစ်တစ်ဦးကျ ဘန်တလင်းစံအိမ်ရဲ့ အိမ်မှုကိစ္စတွေမှာ ၀င်ရောက်အမှုထမ်းရမယ်ဆိုတဲ့ အချက်တွေပါပဲ။ ...အဲဒီလို အမှုထမ်းစေရတဲ့ အကြောင်းရင်းကတော့ ဒီလိုပါ။ “ဘ၀ရဲ့ပိုကောင်းတဲ့အစိတ်အပိုင်းတွေကို သူတို့လေးတွေ မြည်းစမ်းကြည့်နိုင်ဖို့နဲ့ ယဉ်ကျေးမှုနဲ့ လူ့ကျက်သရေဆီတက်လှမ်းရာ လှေကားထစ်တချို့ကို ခြေချချင်လာအောင် ဆိုပဲ။” မိဘမဲ့ဂေဟာရဲ့ ကျမ်းသစ္စာဆိုတာက စတီးဝပ်ဘန်တလင်းရဲ့ အဘေးကြီး ရေးပေးခဲ့တာ။ ဖွယ်ဖွယ်ရာရာမရှိလှတဲ့ ညလယ်စာ အနပ်ခြောက်ရာကို မစားခင်တိုင်းမှာ ဆယ်လီနာတစ်ယောက် အကြိမ်ခြောက်ရာ ရွတ်ဆိုခဲ့ဖူးတဲ့ ကျမ်းသစ္စာပေါ့။ ဒီလိုပါ..။ “ကျွန်ုပ်သည် အခြားသူများပိုင်ဆ...

စက္ကူလိပ်

ကျယ်လောင်စွာ ပေါက်ကွဲခွင့် တရားမ၀င် ယမ်းမှုန့်တွေကို အတင်းအကြပ်ဖက်ထားတဲ့ နှစ်ချို့စက္ကူလိပ်ကြီးက ဖားတွေပေါ်အိကျနေတဲ့ ဖိအားလို။ ဂျူဒိုကစားဖို့ ဘယ်တော့မှ အဆင်သင့်မဖြစ်ခဲ့တဲ့ ငါ့တို့လက်မတွေ စက္ကူလိပ်ကြီးရဲ့စနက်တံအောက် ဂတ်စ်မီးခြစ်ဘီးပေါ် အရှိန်နဲ့ဦးညွတ်ချခဲ့ရုံ။ တေဇာ (လရောင်လမ်း) အောက်တိုဘာ၊ ၂၀၁၂

ဆေးချီး (Say Cheese)

မလုံလောက်ခဲ့ပုံများ နောက်ဆုံးထွက်သက်နဲ့တောင် ရွက်တိုက်လို့ မရခဲ့ဘူး။ အကျည်းတန် ဒိုင်နိုဆောပေါက်စလို့ စွပ်စွဲခံရတဲ့ ရှားပါးကြံ့ကြီးလို့ တွေးမိတော့ ငါ့နှာခေါင်းပေါ်မှာ ဆူးတစ်ချောင်းတိုးလာတယ်။ ပျံကျငှက်တွေ ပျံတက်ဖို့ မကြိုးစားကြတော့သလို မုန်တိုင်းက ရေချိုးပြီးသား တောင်ပံအစိုတွေ ချိုးပြီးရေမရ။ အခုတော့ ခက်ခက်ခဲခဲ အန္တရာယ်ကို မလွယ်နိုင်တော့တဲ့ အချိန်ရောက်မှ ငါက ခွေးသေးပန်းခင်းကြီး အလယ်မှာ။ တွန်းဝင်လာခဲ့တဲ့ တံခါးတစ်ခုကို ကိုယ့်ရင်ဘက်(/တ်)ကို ဆွဲဖွင့်ပြီး ပြန်ထွက်ရမှာ ခက်နေလို့ ပိတ်မိနေတယ်ဆိုတာမျိုး။ ဂိုးသွင်းပြီး၊ ရှုံးသွားတဲ့အသင်းက တိုက်စစ်မှူးလို ကြုံးဝါးတယ်။ ငါ့ဘ၀ဟာ မပျက်ပြားဘူး ငါ့ဘ၀ဟာ အဆင့်အတန်းရှိတဲ့ ပြက်လုံး။ စက္ကူလေယာဉ်ပျံကလေးကို ဖင်မှုတ်ပြီး လွှင့်ပစ်ရတဲ့ ကစားနည်းရဲ့ အပြုံးခံ Freudian slip* ဟန်ဆေ(/စ)ာင်ကာ ချစ်ခွင့်ပန်ခံရခြင်း။ အသည်းဖတ်ကလေးတွေ ကိုယ့်ပန်းကန်ထဲ ရွေးထည့်ပေးတတ်တဲ့ ချစ်သူရဲ့ ကလီစာအော်ဂလီ။ တေဇာ (လရောင်လမ်း) အောက်တိုဘာ၊ ၂၀၁၂ *Freudian slip: something which you say by accident which is different from what you intended to say, and which see...