Skip to main content

Posts

Proneness

ကိုယ်ပိုင်ဆုံးဖြတ်ချက်က နည်းနည်း  ပါနေတဲ့ သောက်ကျင့်တွေနဲ့ပဲ ရွေးချယ်တတ်ကြတယ် တကယ်တော့ လူတွေလုပ်လုပ်နေပုံက စိတ်ပညာရှင်တွေ ပြောပြောနေသလို ကြိုတင်ပြင်ဆင်ချိန်မရလိုက်ဘဲ ၀ူခုန်းအဖြစ် ရုတ်တရက် ဖန်ဆင်းခံလိုက်ရတဲ့  ကစားစရာ ရောင်စုံဂျုံခဲ။ အိုဗာတွေမဟုတ်ဘူး ၀မ်းသာလွန်းရင် မျက်ရည်ကျတတ်တာကို ယုံသွားတယ် ချောင်းထဲက ဆယ်မွန်ငါးပေါက်စနကလေးတွေ သေတ္တာတွေစီးပြီး တောင်တရုတ်ပင်လယ်ထဲက ပြန်ပြန်လာတုန်းက တစ်ခါ၊ ကိုယ်သောက်မြင်ကပ်တဲ့ ကောင်မလေး ပုရစ်ကြော်တွေကို စားစရာထင်ပြီး ၀ယ်ဝယ်စားတုန်းကတစ်ခါ။ သောက်ရေးမပါတာ တီချာပဲ စဉ်းစားကြည့်စမ်းပါ ညာဘက်က ကောင်က ဘယ်နဲ့ရေးတော့ စာရေးတိုင်း တံတောင်ချင်းတိုက်မိတယ် တီချာလည်း လက်ရေးလှတာ ကြိုက်ပါတယ် ဒီတော့ သမိုင်းထဲကလို ပထ၀ီဝင်ထဲကလို ကျွန်တော်တို့ စာရေးစားပွဲကို နယ်စည်းခြားရတယ် ကျော်လာရင် ဆော်မယ်၊ ဒီကောင်ကိုကလည်း ခေါင်းမာလွန်းပါတယ် တစ်တန်းလုံး ဒီလိုပဲညာနဲ့ ရေးနေကြတာ သူ့ကျမှ ချွန်ပြီး ဘယ်နဲ့ရေးချင်တာ။ ကြည့်ပြောဦး ကျွီကျွီကျွီမြည်တဲ့ ဖိနပ်ကလေး လူကြီးတွေက လမ်းလျှောက်တတ်စေချင်လို့ ၀ယ်ပေးတယ် မင်းသားက ငုတ်တုတ်ထိုင်ပြီး လက်နဲ့ချည်းနှိပ်နှိပ...

ဖသာထော် ပျော်ပျော်သာနေ [မြင့်သန်း]

တောင်စောင်းကကြည့်လိုက်ရင် မြစ်ကြောင်းကို လှမ်းမြင်နေရတယ်။ ဒီမြင်ကွင်းကိုမြင်နေရတာ နှစ်ချင့်နေပြီ။ ပြောရမယ်ဆိုရင်တော့ ရိုးအီလောက်ပြီ။ သူ့အတွက်တော့ ရိုးသွားလို့မဖြစ်ဘူး။ ရိုးသွားလည်း ဒါပဲကြည့်ရမှာ။ ဒါပဲ မြင်နေရတာ။ နောက်ဖက်လှည့်ကြည့်လိုက်ရင် တောင်ရိုး။ တောင်ရိုးဆိုတော့လည်း တောင်ရိုးပဲ။ ဒီထက် မပိုဘူး။ ဒီတော့ မြစ်ကို အဓိကထားမြင်နေရတဲ့ မြင်ကွင်းကို တစ်နေ့သုံးကြိမ်လောက် အမြဲတမ်း မြင်နေရတယ်။ မိုးလင်းလို့ အိပ်ယာကထ၊ သွားတိုက် ပလုတ်ကျင်းပြီးတာနဲ့ တောင်စောင်းကို ဇောင်းတင်ဆောက်ထားတဲ့ ဒီဝရံတာပေါ်ကနေ ပလုတ်ကျင်းတာကို ပစ်ကနဲ ထွေးထုတ်တာက တစ်ကြိမ်။ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာ ထိုင်းစားရင်း မျက်စေ့ရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာ တစ်ကြိမ်၊ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာထိုင်စားရင်း မျက်စိရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာက တစ်ကြိမ်။ ညဘက်မအိပ်ခင် ခပ်ထွေထွေနဲ့ ၀ါးပက်လက်ကုလားထိုင်ပေါ်ထိုင်၊ ခြေနှစ်ချောင်းကို ၀ရံတာလက်တန်းပေါ်တင်လိုက်ရင် ဒီမြင်ကွင်းက ပြေးမလွတ်ပြန်ဘူး။ ဒီတော့လည်း ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမြင်ကွင်းကတော့ မြင်နေရမှာပဲ။ ဒါကိုများ သူ့ဆီလာသွားတဲ့ ငတိတွေထဲက တစ်ကောင်က ပြောသေးတယ်။ ဖသာထော် ခင်ဗျားအင်မတန် ...

In Retrospect

အဲဒီတုန်းက မြေဆွဲအားကို ကျွန်တော်မသိတာ ဖြစ်နိုင်သလို မြေဆွဲအားက ကျွန်တော့်ကို မသိတာလည်း ဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် ကြယ်တွေကတော့ ကြွေနေတယ် သတ္တ၀ါဆန်းကြီးတစ်ကောင်အဖြစ်နဲ့ ကျွန်တော်က ကြယ်ကြွေတွေ လိုက်ကောက်ပြီး နှီးနဲ့သီတယ် ဘယ်သူ့ကို ပေးဖို့မှမဟုတ်ဘူး ကြွေလက်စကြယ်တစ်ပွင့်ကို လမ်းခုလတ်မှာ ဖမ်းမိရင် သိပ်ပျော်တာပဲ ပျော်နေရင်းတန်းလန်းပဲ ဘုန်းကြီးကျောင်းဝန်းထဲက ခရေပင်ကြီးအောက် လမ်းလျှောက်နေတဲ့ ကလေးလေးဖြစ်သွားတယ် အဲဒီတုန်းက ကျွန်တော်က မပျောက်ပျက်နိုင်တဲ့ သက်တံ့တစ်ခုကို အသည်းအသန် လိုချင်နေခဲ့တာတဲ့ ရောင်စုံခဲတံတစ်ဘူးအတွက် ပိုက်ဆံစုရင်း တရုတ်ပြက္ခဒိန်ကို တစ်ရွက်ပြီးတစ်ရွက် ကုန်စင်အောင် စုတ်ဖြဲပစ်လိုက်တဲ့ကောင်တဲ့ အဲဒီလုပ်ရပ်ကို မိဘတွေမသိသေးခင်ပဲ ကျွန်တော် စိတ်လေပြီး အိမ်က ထွက်ပြေးခဲ့တယ် ချောကလက်မြစ်ကို ဆန်တက်မယ့် ဝေဖာသင်္ဘောကြီးပေါ် နောက်ဆုံးမိနစ်မှ ခုန်တက်ခဲ့တယ် အပြင်လူမ၀င်ရ သင်္ဘောဦးခန်းထဲကို မာလိန်မှူးဝင်လာတော့ ဆယ်ကျော်သက်ပီပီ ကျွန်တော်က ခပ်တည်တည်ပဲ ခင်ဗျားသင်္ဘောဦးနဲ့ ထိုးခွဲလိုက်တဲ့ ရေမွှာတွေဖွာသွားပုံက သိပ်ထူးခြားတယ်လို့ မြှောက်ပင့်လိုက်တယ် ပြောပြောဆိုဆို အောက်ကိုငုံ့ကြည့်လိုက်ခ...

အချစ်နှင့် ထိတွေ့ခြင်း [ဇာတ်သိမ်း] (Samsa in Love)

ခါးကို ပြန်ကိုင်းရင်း လေးလံတဲ့ အနက်ရောင်အိတ်ကြီးကို ညာလက်နဲ့ဆွဲယူပြီး လှေကားပေါ် သူမ ခက်ခက်ခဲခဲ တက်သွားတယ်၊ တွားသွားပိုးမွှားတစ်ကောင်နဲ့ အတော်ကို တူတာပဲ။ သူမနောက်ကနေ ဆမ်ဆာလည်း ကပြာကယာ လိုက်ရတယ်၊ လက်တွေကို လက်ရန်းမှာကိုင်လို့ပေါ့။ သူမရဲ့ တရွေ့ရွေ့ခြေလှမ်းတွေကိုကြည့်ပြီး ဆမ်ဆာ သနားစိတ်တွေ တဖွားဖွားပေါ်လာတယ်၊ ပြီးတော့ တစ်ခုခုကိုလည်း သူ့ကို သတိရလာစေသလိုပဲ။ အမျိုးသမီးကတော့ လှေကားထိပ်မှာ ရပ်ရင်း ခန်းမထဲကို လှမ်းကြည့်လိုက်တယ်။ “ဒီတော့ ဒီတံခါးလေးပေါက်ထဲက တစ်ခုမှာ တံခါးသော့ပျက်နေနိုင်တယ် ဆိုပါတော့” လို့ သူမက ပြောလိုက်တယ်။ ဆမ်ဆာ့မျက်နှာ နီမြန်းသွားတယ်။ “ဟုတ်ကဲ့။ အဲဒီထဲက တစ်ခုပေါ့။ ခန်းမထောင့် ဘယ်ဘက်က တစ်ပေါက်များ ဖြစ်နေမလားမသိဘူး” လို့ သူက အယောင်ယောင်အမှားမှား ပြောမိတယ်။ သူ ဒီမနက်နိုးလာခဲ့တဲ့ ဗလာကျင်းနေတဲ့အခန်းရဲ့ တံခါးပဲ။ “ဖြစ်နိုင်ပါတယ်။ ဖြစ်ချင်ဖြစ်မှာပေါ့” လို့ မီးပုံအသေတစ်ခုလို အသက်မဲ့တဲ့လေသံနဲ့ အမျိုးသမီးက ပြောတယ်။ အနောက်ကိုလှည့်ပြီး ဆမ်ဆာ့မျက်နှာကို အကဲခတ်လိုက်တယ်။ “တစ်နည်းမဟုတ် တစ်နည်းပေါ့” လို့ ဆမ်ဆာပြောလိုက်တယ်။

နားတစ်စုံသာ အချစ်အတွက်ဖန်တီးခဲ့တဲ့ အင်္ဂါ

ငါတို့ကို အရင်စ စွန့်ခွာသွားခဲ့တာက ဘာသာစကား။ ရွှေ့ပြောင်းအခြေချလာတဲ့ စကားလုံးအုပ်လိုက်ကြီး။ လူတွေစကားပြောချိန်မှာ တစ်ယောက်ပါးစပ်ကိုတစ်ယောက် ထိုးနှက်ကြ။ အချစ်အတွက်က ဝေါဟာရ မရှိ။ မိန်းမတွေရဲ့ ကြွက်သားဆိုင်တွေ ကြီးထွားလာပြီး သူတို့ နှုတ်ခမ်းနှစ်လွှာက နွေးလျရိုးစင်းတဲ့ ကြင်နာမှုတစ်ခု မွေးဖွားမပေးနိုင်တော့။ ငန်ကျိကျိအရသာနဲ့ ကန္တကောစကြောင့် လျှာတွေက အလေးချိန်တက်။ မြူခိုးလို မြို့ပေါ်ရစ်တွယ်ပြီး အရာရာကို မြင်ကွင်းက ပိတ်ကွယ်လျက်။ ငါ့နားတစ်စုံက ပတ်ဝန်းကျင်နဲ့ရောနှောရုပ်ဖျက်လို့ စစ်ထွက်ခွင့်ရဖို့အတွက် အထပ်ထပ်တောင်းပန်။ နေရာတကာမှာ ငါတို့အသံထွက်ပုံရဲ့ ပုပ်အဲ့မှု။ ဒါကြောင့် ဆိုနီရိုးလင်း ပျောက်ကွယ်သွားတဲ့ အချိန်ကို သတိရမိတယ်လို့ တစ်ယောက်ကဆို။ လေထုဟာ မူလအတိုင်း ပြန်မဖြစ်နိုင်တော့ကြောင်းနဲ့ ခွင့်မလွှတ်နိုင်ကြောင်း လူတွေကြား သတင်းပျံ့။ ဒါဟာ အနက်ရှိုင်းဆုံးအချစ်တစ်ခုဆိုတဲ့ တေးသွားအစကို ကြားနိုင်ရာ မရှိတော့တဲ့ လူ့ယဉ်ကျေးမှုရဲ့ အဆုံးသတ်။ ဒါဟာ ဂျက်ဇ်ဂီတသမားတွိင်း ဘယ်တုန်းကမှ မမွေးဖွားခဲ့သလိုမျိုး။ တေဇာ (လရောင်လမ်း) The Ear is an Organ Made for Love by E. Ethelbert Miller ကို ဆီလျော်သ...

ဂျိမ်းစ်နဲ့ကျွန်တော် ရန်သူတော်

အရင်တုန်းကတော့ ဂျိမ်းစ်နဲ့ကျွန်တော်က သူငယ်ချင်းတွေပေါ့ ဒါပေမဲ့ ဒီနေ့တော့ ဒီကောင်ဟာ ကျွန်တော့်ရဲ့ ရန်သူတော်ပဲ ဒီကောင်က သူပဲ ဆရာကြီးအမြဲဖြစ်ချင်တဲ့ကောင် အလံတိုင်ကို သူပဲ ကိုင်တဲ့ကောင် ကျွန်တော့် ရောင်စုံခဲတံတွေအကုန်လုံး ယူတဲ့ကောင် အကောင်းဆုံး ခက်ရင်းခွကို အပိုင်စီးတဲ့ကောင် ကျွန်တော့်ကို သဲနဲ့ပက်တဲ့ကောင် ဂျိမ်းစ်နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နေတုန်းက ကျွန်တော့်မွေးနေ့ပွဲကို သူ့ကိုဖိတ်ခဲ့တယ် ကျွန်တော့် မုန့်ကြိုးလိမ်တွေကို သူ့ဆို အမြဲကျွေးခဲ့တယ် ထီးလည်း အတူဆောင်းခဲ့တာပဲ ဖားပြုတ်ကြီးနေတဲ့ ကျင်းကိုလည်း ကျွန်တော် သူ့ကိုပြခဲ့တယ် ကျွန်တော်တို့ ဘယ်လောက်ခင်သလဲဆိုရင် ၀က်သက်ပေါက်တုန်းကဆိုလည်း တူတူပဲ ဒါပေမဲ့ အခုတော့ ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျွန်တော် ၀က်သက်အတူတူ မပေါက်နိုင်တော့ဘူး ဒီကောင်က ကျွန်တော့်ရဲ့ ရန်သူတော် ဒီကောင်က အမြဲတမ်း ဆရာကြီးဖြစ်ချင်နေတဲ့ကောင် ကျွန်တော် ပြောင်းလဲလိုက်ပြီ၊ ဂျိမ်းစ်ဆိုတဲ့ကောင်ကို လှောင်ရမယ် ဒီကောင့် ရောင်စုံခဲတံတွေကို စွပ်ပြုတ်ထဲ ထည့်ပစ်ရမယ် ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျောင်းအတူတူ မသွားနိုင်တော့ဘူးလို့ အိမ်ကို ပြောရမယ် ဒီကောင်က ဆရာကြီးပဲ အမြဲဖြစ်ချင်နေတဲ့ကေ...

အချစ်နှင့် ထိတွေ့ခြင်း [ ၂ ] (Samsa in Love)

ထိုင်ခုံမှာပဲ အတော်ကြာကြာ အဆီရစ်ပြီး သူ ထိုင်နေမိတယ်။ လက်တွေကို စားပွဲပေါ်တင်ထားရင်း မျက်လုံးမှေးမှေးတွေဆီကနေ နှင်းပန်းတွေကို ငေးကြည့်နေတယ်။  စားလိုက်တဲ့ အစာတွေ အစာရေမျိုကတဆင့် အူထဲရောက်တဲ့အထိ သူ့အစာခြေစနစ်တစ်လျှောက် အလုပ်လုပ်နေချိန်မှာ သူကတော့ နှေးကွေးလေးလံစွာ အသက်ကို ပျင်းပျင်းရိရိ ရှူနေမိတယ်။ ၀မ်းမီးငြိမ်းသွားတဲ့ အရသာကို ဒီရေတက်လာသလို သူခံစားနေရတယ်။ ကော်ဖီအိုးကို လှမ်းယူလိုက်ပြီး ကြွေခွက်ထဲ လောင်းထည့်လိုက်တယ်။ ရနံ့ပြင်းရှရှက သူ့ကို တစ်စုံတစ်ရာကို သတိရလာစေတယ်။ ရုတ်တရက် သတိရလိုက်တာမျိုးမဟုတ်ဘူး၊ အဆင့်ဆင့် သတိရသွားပုံမျိုး။ အနာဂတ်တစ်နေရာဆီကနေ ပစ္စုပ္ပန်ကို ပြန်လည်သတိရနေရသလို ထူးဆန်းတဲ့ ခံစားချက်တစ်မျိုးပဲ။ တစ်နည်းနည်းနဲ့ အချိန်ကာလဟာ အစိတ်အပိုင်းနှစ်ခုအဖြစ် ကွဲထွက်သွားပြီး စက်ဝိုင်းပိတ်တစ်ခုအတွင်းမှာ မှတ်ဉာဏ်နဲ့ အတွေ့အကြုံတို့ဟာ တစ်ခုနောက်တစ်ခုလိုက်ပြီး လည်ပတ်နေကြသလိုပဲ။ ကော်ဖီထဲက နို့နှစ်အနေတော်လောက် လောင်းချလိုက်ပြီး လက်ချောင်းနဲ့မွှေလို့ သူ မော့သောက်လိုက်တယ်။ ကော်ဖီက အေးနေပြီဆိုပေမယ့် အနွေးဓာတ်ငွေ့ငွေ့ ကျန်နေသေးတယ်။ သူက ကော်ဖီကို ပါးစပ်ထဲ ခဏငုံထားလိုက်ပြီးမှ သတိကြီးကြီးထားပြီး လည်ချေ...