Skip to main content

ဂျိမ်းစ်နဲ့ကျွန်တော် ရန်သူတော်

အရင်တုန်းကတော့ ဂျိမ်းစ်နဲ့ကျွန်တော်က သူငယ်ချင်းတွေပေါ့
ဒါပေမဲ့ ဒီနေ့တော့ ဒီကောင်ဟာ ကျွန်တော့်ရဲ့ ရန်သူတော်ပဲ
ဒီကောင်က သူပဲ ဆရာကြီးအမြဲဖြစ်ချင်တဲ့ကောင်
အလံတိုင်ကို သူပဲ ကိုင်တဲ့ကောင်
ကျွန်တော့် ရောင်စုံခဲတံတွေအကုန်လုံး ယူတဲ့ကောင်
အကောင်းဆုံး ခက်ရင်းခွကို အပိုင်စီးတဲ့ကောင်
ကျွန်တော့်ကို သဲနဲ့ပက်တဲ့ကောင်

ဂျိမ်းစ်နဲ့ ကျွန်တော် သူငယ်ချင်းဖြစ်နေတုန်းက
ကျွန်တော့်မွေးနေ့ပွဲကို သူ့ကိုဖိတ်ခဲ့တယ်
ကျွန်တော့် မုန့်ကြိုးလိမ်တွေကို သူ့ဆို အမြဲကျွေးခဲ့တယ်
ထီးလည်း အတူဆောင်းခဲ့တာပဲ
ဖားပြုတ်ကြီးနေတဲ့ ကျင်းကိုလည်း ကျွန်တော် သူ့ကိုပြခဲ့တယ်
ကျွန်တော်တို့ ဘယ်လောက်ခင်သလဲဆိုရင်
ဝက်သက်ပေါက်တုန်းကဆိုလည်း တူတူပဲ

ဒါပေမဲ့ အခုတော့ ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျွန်တော်
ဝက်သက်အတူတူ မပေါက်နိုင်တော့ဘူး
ဒီကောင်က ကျွန်တော့်ရဲ့ ရန်သူတော်
ဒီကောင်က အမြဲတမ်း ဆရာကြီးဖြစ်ချင်နေတဲ့ကောင်
ကျွန်တော် ပြောင်းလဲလိုက်ပြီ၊ ဂျိမ်းစ်ဆိုတဲ့ကောင်ကို လှောင်ရမယ်
ဒီကောင့် ရောင်စုံခဲတံတွေကို စွပ်ပြုတ်ထဲ ထည့်ပစ်ရမယ်
ဂျိမ်းစ်ဆိုတဲ့ကောင်နဲ့ ကျောင်းအတူတူ မသွားနိုင်တော့ဘူးလို့ အိမ်ကို ပြောရမယ်
ဒီကောင်က ဆရာကြီးပဲ အမြဲဖြစ်ချင်နေတဲ့ကောင်
တစ်ကျောင်းလုံးမှာ သူက ဆရာကြီးပဲလို့ ဂျိမ်းစ်က ထင်နေမှာ
ဒီကောင့်အိမ်ကိုလိုက်သွားပြီး ဒီကောင့်ကို တည့်တည့်ပြောရမယ်
အခုကစပြီး မင်းနဲ့ငါ ရန်သူတွေဖြစ်သွားပြီ၊
မင်းမှာ ကစားဖို့အဖော်မရှိတော့ဘူးလို့ ပြောရမယ်

"ဟေ့ရောင် ဂျိမ်းစ်"
"ဟေ့ရောင် ဂျွန်"
"ငါ မင်းသူငယ်ချင်းမဟုတ်တော့ဘူးလို့ လာပြောတာကွ"
"ပြီးရောလေ။ ဒါဆို ငါကလည်း မင်းသူငယ်ချင်းမဟုတ်တော့ဘူးပဲပေါ့ကွ"
"အေး ဒါဆို ငါတို့က ရန်သူတွေနော်"
"အေးပေါ့ကွာ"
"ငါသွားပြီ ဟေ့ရောင်"
"ငါလည်း လစ်ပီ ဟေ့ရောင်"

"ဂျိမ်းစ်"
"ဟေ"
"စကိတ်လေးတွေစီးကြမလား"
"စီးမယ်လေကွာ။ လာ.. မုန့်ကြိုးလိမ်စားကွာ ဂျွန်"
"ကျေးဇူးပဲကွာ ဂျိမ်းစ်"

by- Janice May Udry
Illustration: Maurice Sendak

Comments

Popular posts from this blog

About Eain and others: check out 18 updates about them

  Aung Myo, see your unread messages and other notifications about Eain Dra and Oo Hlaing Pyait. ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌  ‌...

About Eain and others: check out 19 updates about them

Explore ပညာသင်ဆု နှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ဆွေးနွေးကြမယ် and others: Top picks for you

  Aung Myo, join groups to connect with people who share your interests.                               Join groups to connect with people who share your interests. RECOMMENDED FOR YOU ...