Skip to main content

ဝမ်းနည်းနေသော စက်ရုပ်ကလေး

စက်ရုပ်ကလေးဟာ နေ့စဉ်လုပ်ဆောင်စရာ တာဝန်တစ်ခု ရခဲ့တယ်။ အရံအဖွဲ့ထဲ ရောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ဒီတာဝန်ကို သူယူလိုက်ရတာ။ တာဝန်ကတော့ ကြောင်ကလေးတွေကို အစာကျွေးဖို့ပါပဲ။ ကြောင်ကလေးတွကို အစာကျွေးဖို့ အလုပ်တစ်ခုလို ဖြစ်နေတာက ရယ်စရာလည်း ကောင်းတယ်။ တကယ်တော့ ကြောင်ကလေးတွေ ရှိနေတာက ကြွက်တွေရဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ပဲ၊ ဒီနေရာမှာ ကြွက်တွေ သောင်းကျန်းနေတယ်လေ။ ဒါပေမဲ့ ကြောင်ကလေးတွေကလည်း ကြောင်,ကလေးလေးတွေ ထပ်ထပ်မွေးနေတယ်၊ ဒီတော့ အစာလည်း လိုလာတယ်။ စက်ရုံအ၀င်တံခါးရဲ့ အပြင်ဘက်မှာ ကြောင်စာခွက်တွေ ရှိတယ်။ နံနက်စောစော အဲဒီနေရာကို စက်ရုပ်ကလေး ထွက်သွားလိုက်တာနဲ့ သူ့ကို မျှော်နေကြတဲ့ ကြောင်လေးတွေကို တွေ့ရပါလိမ့်မယ်။ ပထမတုန်းကတော့ ကြောင်ကလေးတွေဟာ ခြေဦးတည့်ရာ ထွက်ပြေးကြသေးတယ်။ စက်ရုပ်ကလေးရဲ့ ခြေသံတွေက တုန်ခါမှုကို ကြားပြီး ကမ္ဘာပျက်တော့မလို ၀ရုန်းသုန်းကား ထွက်ပြေးကြတယ်။

နောက်ဆုံးတော့ ကြောင်ကလေးတွေဟာ စက်ရုပ်ကလေးကိုမြင်လည်း ထွက်မပြေးတော့ပါဘူး။ စက်ရုပ်ကလေးက အစာခွက်ထဲ အစာညိုညိုတွေ လောင်းချပြီး ရေခွက်ကို အောက်ချပေးတာကို မျှော်တော်ယောင်မျက်နှာပေးလေးတွေနဲ့
မော့ကြည့်တတ်လာကြတယ်။ အဆုံးတစ်နေ့မှာတော့ ကြောင်ကလေးတွေဟာ စက်ရုပ်ကလေးရဲ့ မာကျောကျောကိုယ်ထည် ထောင့်စွန်းတွေကို သူတို့ ကိုယ်လုံးလေးတွေနဲ့ စတင်ပွတ်သပ်လာကြတော့တယ်။ သူတို့ ကျောရိုးလေးတွေကို ကွေးလို့၊ ကိုယ်လုံးလေးတွေက စက်ရုပ်ကလေးရဲ့ ခြေထောက်တွေမှာ ပတ်ချာလှည့်လို့၊ သူတို့ သွားလေးတွေနဲ့ စက်ရုပ်ကလေးရဲ့ ခြေထောက်တွေကို ကိုက်လို့ပေါ့။ နောက်ထပ်ရက်အနည်းငယ်အကြာမှာတော့ အိပ်ပျော်နေရာက စက်ရုပ်ကလေး နိုးလာချိန်မှာ (Shut Down လုံးလုံး ဖြစ်မသွားဘဲ Diagnostics Mode နဲ့ သူက အိပ်နေမိတာ) သူ့ ပုခုံးပေါ်မှာ ကြောင်ကလေးတစ်ကောင် တက်အိပ်နေတာကို တွေ့လိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ သူ့ပုခုံးနှစ်ဖက်စလုံးမှာ တစ်ကောင်စီ တက်အိပ်နေကြပြီ။

သူက ခေါင်းကို ဘယ်ညာယမ်းပြီး ကြောင်ရွှေဝါလေးနှစ်ကောင်ကို လှမ်းယူလိုက်တယ်။ "မင်းတို့က အစာကျွေးတဲ့သူကို သိတယ်ပေါ့" လို့ သူက ပြောလိုက်တယ်။ ကြောင်ကလေးတွေ သူ့ကို ခင်ဖို့ အကြောင်းရင်းက ဒီတစ်ခုပဲရှိတယ်လို့ သူက ထင်ထားတဲ့ပုံမျိုး။ ပြောပါရစေတော့၊ ကြောင်ကလေးတွေကို အစာကျွေးချိန်ဟာ စက်ရုပ်ကလေးရဲ့ တစ်နေ့တာမှာ ပျော်စရာအကောင်းဆုံးအချိန်ဆိုတာပဲ။ ဒါကို ခင်ဗျားတို့လည်း သိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။

တစ်နေ့မှာတော့ မန်နေဂျာရုံးခန်းက စက်ရုပ်ကလေးကို လှမ်းခေါ်တယ်။
"ကြောင်တွေကို မင်း ရှင်းလင်းပစ်ရမယ်" လို့ စက်ရုပ်မန်နေဂျာက ပြောတယ်။
"ဘယ်လို" လို့ စက်ရုပ်ကလေးက ပြန်မေးလိုက်မိတယ်။
"ကြောင်တွေကို မင်း သတ်ပစ်လိုက်တော့လို့ ပြောနေတာ"
"ဒါပေမဲ့ ဘာလို့လဲ"
"ငါတို့မှာ ကြွက်တွေရှိခဲ့လို့ ကြောင်တွေ မွေးခဲ့တာ။ အခု ကြွက်ဆိုလို့ တစ်ကောင်တစ်မြီးမှ မရှိတော့ဘူး၊ ဒီတော့ ကြောင်ဆိုလည်း တစ်ကောင်တစ်မြီးမှ မလိုတော့ဘူး။ သူတို့ကို အစာကျွေးရတာ စားရိတ်ထောင်းမှန်း မင်းလည်း သိသားပဲ"
"ကျွန်တော် သူတို့ကို သတ်မပစ်နိုင်ဘူးလေ"
"အံမာ၊ မင်း သိပ်ကို သတ်နိုင်တာပေါ့ ကောင်လေးရယ်။ ဒါ မင်းအလုပ်ပဲ၊ ကဲ အခုပဲ သွားလုပ်တော့"
"ကျွန်တော် သူတို့ကို မွေးမယ်ဆိုရင်ရော၊ သူတို့က ကျွန်တော့်ကြောင်ကလေးတွေ ဆိုရင်ရော.."
"မင်းကြောင်ကလေးတွေ..၊ မင်းကြောင်ကလေးတွေတဲ့လား။ အစာကျွေးဖို့ မင်းမှာ ပိုက်ဆံရှိလို့လား။ သူတို့ကို ထားဖို့ အိမ်ရော ရှိလို့လား။ မင်းကိုယ်တိုင်က ငါတို့ဟာလေ။ နားလည်လား။ မင်းကို ငါတို့က ပိုင်တာ"
"မင်းက ကုမ္ပဏီပိုင်ဆိုင်တဲ့ ပစ္စည်းပဲ၊ ဒီတော့ မင်းကို ခိုင်းတဲ့အတိုင်း မင်းလုပ်ရလိမ့်မယ်" စက်ရုပ်မန်နေဂျာက စက်ရုပ်ကလေးဘက်ဆီကို လှမ်းကြည့်ပြီး ပြောလိုက်တယ်။ သူ့ဆီကို ဒီလိုလှမ်းကြည့်ပြီး စကားပြောတယ်ဆိုတာ ရှားရှားပါးပါးပဲ။
"ကျွန်တော် သူတို့ကို မသတ်နိုင်ပါဘူး"
"ကောင်းပြီလေ။ မင်း ငါ့မျက်စိရှေ့က အခု ထွက်သွားလိုက်တော့"

နံနက်ခင်း စက်ရုပ်ကလေးနိုးလာတော့ ထုံးစံအတိုင်းပဲ အစာထုပ်နဲ့ ရေခွက်ကို ယူလိုက်တယ်။ ဒါပေမဲ့ ကြောင်ကလေးတွေကို သူ, မတွေ့ရဘူး။ အစာခွက်တွေကတော့ ရှိနေတုန်းပဲ၊ ဒါပေမဲ့ သူ့ခြေထောက်တွေကို လာပွတ်သပ်မယ့်၊ သူ့ ပုခုံးတွေပေါ်ကို ခုန်တက်မယ့် အကောင်ကလေးတွေ တစ်ကောင်မှ ရှိမနေတော့ဘူး။

ကွန်ကရစ်ကြမ်းပြင်ပေါ်ကို သူ ပြိုလဲကျသွားတယ်။ သူ့ခြေထောက်တွေက ဖြောင့်တန်းပြီး သူ့ကျောပြင်က အဆောက်အဦရဲ့ အုတ်ခဲတွေဆီမှာ။ မိုးမျှော်အဆောက်အဦကြီးရဲ့ အထက်ဆီမှာ ထွန်းပထွက်ပေါ်လာတဲ့ လိမ္မော်ရောင်နေလုံးကြီးကို သူ ကြည့်နေမိတယ်။ ငါ့ကို ရပ်တန့်ဖို့ ကြိုးစားကြည့်စမ်းပါလို့ နေမင်းကြီးက သူ့ကို ပြောနေသလိုပဲ။

လူသားတွေရဲ့ ကမ္ဘာမှာ ကိုယ့်ကို ပြောတဲ့အတိုင်း ကိုယ်က မလုပ်ရင်၊ လုပ်မယ့် တခြားတစ်ယောက်ကို သူတို့က ရှာခိုင်းလိမ့်မယ်လို့ စက်ရုပ်ကလေး သိလိုက်ရပါတယ်။

အဲဒါပြီးတော့ စက်ရုပ်ကလေးကို အရံအဖွဲ့ထဲကနေ ထုတ်ပယ်လိုက်တယ်။ သူ, မရေတွက်နိုင်လောက်အောင် များပြားတဲ့ သန့်ရှင်းရေးသမားတွေကို စောင့်ကြည့်ရတဲ့  မူရင်းအလုပ်မှာပဲ သူ့ကို ပြန်လည်တာဝန်ချထားလိုက်ကြတယ်။

မူရင်းအလုပ်ကို ပြန်ရောက်ပြီး မပျော်မရွှင်ဖြစ်နေတော့မှပဲ ပျော်ရွှင်မှုရဲ့ အဓိပ္ပာယ်ကို သူ နားလည်လာပြီဆိုတာ စက်ရုပ်ကလေး သိလိုက်ရတော့တယ်။ အရင်ကနဲ့ အခု၊ မတူညီတဲ့ အပြိုင်ဘ၀နှစ်ခုဟာ သမုဒ္ဒရာကြီးတစ်ခုလို တစ်ခုနဲ့တစ်ခု ကျယ်ပြန့်ခြားနားလွန်းလှတယ်။ ပြီးတော့ ရွက်လွှင့်ပြီး ကူးလူးသွားလာနိုင်မယ့်ပုံလည်း မရဘူး၊ အဲဒီမှာ တိုက်ခတ်နေတဲ့လေဆိုတာ မရှိဘူးလေ။

တေဇာ (လရောင်လမ်း)
An extract from "Sad Robot Stories" by Mason Johnson

Comments

Popular posts from this blog

Jeep Jk Wiring Diagram, Jeep JL Wrangler Wiring Diagrams | 2018+ Jeep Wrangler Forums (JL / JLU

Jeep Jk Wiring Diagram Soft Jeep Mopar Kit Wrangler Parts Diagram Jl Unlimited Twill Door Quadratec Tops 2012 jeep wrangler radio wiring diagram / 1n9 678 2012 jeep wrangler. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Circuit breaker location for winch jeep jk wiring diagram Download PDF Circuit breaker location for winch 2014 jeep wrangler radio wiring diagram . 07 02 sensor 1/1 wiring diagram???. Stereo patriot imageservice ex500 300zx jeanjaures37 pujaan hati metra pinout. Light bar wiring? 07 02 sensor 1/1 wiring diagram??? - JK-Forum.com - The top destination 2014 Jeep Wrangler Radio Wiring Diagram ...

Schema Branchement Interrupteur Avec Temoin Lumineux, Signaler

Schema Branchement Interrupteur Avec Temoin Lumineux Interrupteur Branchement Voyant Lumineux Temoin Legrand Debflex Témoin Dooxie Allumage Bois Volet Travaux Nécessaire Matériel Eclairage Roulant Interrupteur bodner branchement lumineux temoin electricite membres proposés ont. Schema interrupteur bodner. Simple allumage et va et vient lumineux schneider schema branchement interrupteur avec temoin lumineux Download PDF Le câblage des interrupteurs à voyant. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage . Schema interrupteur bodner. Simple allumage et va et vient lumineux schneider. Interrupteur branchement lumineux voyant electrique legrand schneider debflex temoin brancher témoin volet roulant cablage ...

[43+] Techniques De Tissage Artistique Contemporain | techniques de tissage les bouclettes | M..

Techniques de tissage : Comment créer une frange ou un nœud RYA