Skip to main content

Posts

#‎deactivate‬ (Rubber Birds on the Plastic Horizon)

ဘာကြောင့်မှန်းတော့ မသိဘူး၊ နောက်က ဒိုင်နိုဆောကြီးလိုက်လာတော့ ကားကို မင်း အပြင်းအထန် မောင်းပြေးမယ်၊ ကြက်သီးမွှေးညှင်းထမယ်၊ ကြောက်မယ်၊ ဆံပင်တွေ ထောင်လာမယ် ခဏနေတော့ ကားမောင်းစွမ်းရည်ပြချင်လာမယ် လွယ်လွယ်မသေမှန်း သိလာမယ် လွတ်မြောက်ဖို့လည်း ယုံကြည်ချက်ရှိလာတယ် ဒါပေမယ့် အချိန်ကြာလာတယ်၊ ဘယ်လိုကြီးလဲ မင်း စိတ်ပျက်လာမယ် သံသယဝင်လာတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ခဏနေ ဒိုင်နိုဆောကြီး မင်းကိုအမှုမထားပဲ ပရိုဂရမ်တကျ ပတ်လမ်းအတိုင်း ကျော်တက်ပြေးလွှားသွားတော့ မင်း တကယ်ရူးသွားတယ်၊ တွေဝေတယ်၊ ပီးဆုံးဖြတ်ချက်ချတယ် ကားစက်နှိုးပီး အသံထွက်ပီးမီးပဲပွင့်တဲ့သေနတ်နဲ့ နောက်ကလိုက်ပစ်မယ် အဲဒီတော့ မင်းပျော်လာမယ် ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းလို့ ထင်လာမယ် မင်းနာမည်က ရမ်ဘိုလို့ မှတ်မိလာမယ်၊ ချေမှုန်းသုတ်သင်ရေးစိတ်ဝင်လာမယ် စစ်သွေးကြွလာတယ် ဒါပေမယ့် ဒါလည်း အချိန်ကြာလာတယ်၊ မင်းပျင်းလာမယ် စိတ်ကုန်သွားတယ် ကားကို လမ်းဘေးထိုးချရပ် မျက်စိမှိတ်ထားလိုက်မယ် အရာရာကို လက်ခံလိုက်တော့မယ် ဒိုင်နိုဆောအသစ်တွေ ရမ်ဘိုအသစ်တွေ မင်းဘေးက တလှည့်စီဖြတ်ပြေးသွားကြမယ် ရမ်ဘိုအကြီးတချို့က နေကာမျက်မှန်အောက်ကနေ မ...

အတိုးဆုံးကဗျာများ (၅၂)

ပျော်ရွှင်မှုအသစ်တိုင်းကို စနစ်တကျ လွဲချော်ခဲ့ ရေလွှာလျှောအောက်ခြေက ဘလိပ်ဓားစတစ်ကာကို ခွာမယ် ‪#‎Paranoid‬ I ဆူးတောင်အတုနဲ့ စနောက်တဲ့သူကို မှိန်းနဲ့ ၀ိုင်းထိုးလိုက်တယ် ငါးမန်းအစစ် မလာတော့ဘူး #Deformation အရိုးစုများစွာ တွေ့ရလေ့ရှိတဲ့ ဝင်္ကပါလမ်းကို ကျော်လာတယ် သိစိတ်နဲ့ ကြောက်ပီး မသိစိတ်နဲ့ ပျော်တယ် #Labyrinth II ရှေးဦးလူသား ကျောက်ဆက်ပန်းဆွဲကို ငေးရင်း မှေးခနဲ အိပ်ပျော်သွားတဲ့ နေရာမှာ ပုံပြင်ကို မဆက်တော့ပါနဲ့ #‎Stalactites‬     အရမ်းကို အရေးကြီးသွားတယ် လက်သည်းပြင်ခြေရင်းမှာ သာတဲ့ လ,ရဲ့ အခြားတစ်ခြမ်းဟာ တကယ်မရှိဘူးတဲ့ ‪#‎Lunula‬ တေဇာ (လရောင်လမ်း) Image: 1ms.net

တစ်ကွက်စာ ပြဇာတ်

ကျွန်တော့်အိမ်ကပ်လျက်က ကော်ဖီဆိုင်မှာ ချစ်စရာကောင်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ရှိတယ်။ အဲဒီက စားဖိုခန်းမှာလုပ်တဲ့ ဘန်နီရဲ့ အပြောအရ သူ့နာမည်က "ဆစ်ခ်မာ"။ ဘဲမရှိဘူး၊ ပြီးတော့ ဆေးလေးဝါးလေးလည်း သုံးစွဲတတ်တယ် ဆိုပဲ။ ကော်ဖီဆိုင်မှာ သူ စားပွဲထိုးမလုပ်ခင်တုန်းက ကျွန်တော် အဲဒီဆိုင်ကို ယောင်လို့တောင် မရောက်ဖူးဘူး။ အခုတော့ မနက်မိုးလင်းတာနဲ့ အဲဒီက စားပွဲတစ်ခုမှာ ကျွန်တော်အခန့်သားထိုင်နေတာကို တွေ့ရပါလိမ့်မယ်။ အက်ပရက်ဆို သောက်မယ်။ သတင်းစာထဲ ကျွန်တော်လျှောက်ဖတ်ထားတဲ့အကြောင်းတွေ၊ အခြား ဆိုင်လာထိုင်သူတွေရဲ့အကြောင်း၊ ကွတ်ကီးမုန့်အကြောင်း စသည်ဖြင့် သူနဲ့ စကားစမြည်ပြောမယ်။ တစ်ခါတလေဆို သူ့ကို ရယ်သွားအောင်တောင် ကျွန်တော် လုပ်နိုင်သေးတယ်။ သူရယ်တဲ့အခါကျ ကျွန်တော်လည်း နေလို့ထိုင်လို့ကောင်းတယ်။ ရုပ်ရှင်သွားကြည့်ကြမလားလို့ သူ့ကို ကျွန်တော် ဖိတ်ခေါ်မိလုနီးနီးဖြစ်သွားတာ မကြာခဏပဲ။ ဒါပေမယ့် ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်ဆိုတာက ဗြောင်ကျလွန်းတယ်။ ရုပ်ရှင်ဆိုတာ ညစာစားဖို့၊ ဒါမှမဟုတ် ကမ်းခြေမှာတစ်ပတ်လောက် အချိန်သွားဖြုန်းဖို့ မဖိတ်ခင် အစပြုရမယ့် ခြေလှမ်းပဲ။ စော်တစ်ပွေကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်ခေါ်ပြီဆိုကတည်းက တစ်ခုပဲြ...

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၂)

ဒီလိုနဲ့ ခဏအကြာမှာ ဂျော့လည်း တကယ်အိပ်ပျော်သွားတယ်။ အပူချိန်မြင့်နေတဲ့အခန်းထဲ ခေါင်းကို အနေအထားမမှန်မကန်နဲ့ အိပ်နေရင်း ဂျော့တစ်ယောက် ဂလော်ရီယာအကြောင်းကို အိပ်မက်မက်နေတယ်။ ပြန်နိုးလာတော့ ဆေးရုံအခန်းဟာလည်း သူ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်နေတယ်။ ဘယ်ဟာ အစစ်အမှန်လဲ၊ ဘယ်ဟာ အိပ်မက်လည်း ခွဲခြားဖို့ကြိုးစားရင်း သူ့ဘေးနားက စားပွဲခုံပေါ်က ပစ္စည်းတွေကို ဂျော့စစ်ဆေးကြည့်မိတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဂလော်ရီယာ သူ့အတွက်ယူလာတဲ့ ပန်းပင်နဲ့ မဂ္ဂဇင်းလည်းပါတယ်။ မဂ္ဂဇင်းရဲ့ အဖုံးကတော့ ဂျော့မက်နေတဲ့အိပ်မက်ရဲ့ အစိတ်အပိုင်းတစ်ခု သိပ်ကိုဖြစ်နိုင်တယ်။ ဒါနဲ့ သူလည်း ဘေးကို ပစ်ထားလိုက်တယ်။ တကယ် စစ်မှန်တာတစ်ခုကို ဖတ်နိုင်ဖို့အတွက် ပန်းပင်ရဲ့ ပင်စည်မှာ တွဲချည်ထားတဲ့ စာရွက်လေးကို ဖတ်လိုက်တယ်။ စာသားကတော့ အတော်လေးစစ်မှန်ပါတယ်။ ပန်းပင်ရဲ့ ရုက္ခဗေနာမည်ကို ရေးထားတယ်။ ဒါပေမဲ့ အဲဒီစာသားလည်း ပြီးရော နောက်စာသားတွေက ရုတ်တရက် ကပေါက်တိကပေါက်ချာတွေဖြစ်ကုန်တယ်။ "သတိ။ မှတ်ပုံတင်ထားပြီး အပင်မျိုးစိတ်ဖြစ်သည်။ လိင်မဲ့မျိုးပွားခြင်းကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားသည်" လို့ ရေးထားတယ်။ *****

"မစ္စတာဇက်၏ ရင်သပ်ရှုမောဖွယ် ဘ၀ဇာတ်လမ်း" (၁)

ဂျော့က ဓမ္မဆရာရဲ့သား၊ ပြီးတော့ ဓမ္မဆရာရဲ့ မြေးဆိုလည်းဟုတ်တယ်။ ကိုရီးယားစစ်ပွဲကို ရောက်ခဲ့တယ်။ စစ်ကြီးပြီးတော့ သူလည်း ဓမ္မဆရာလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူက အပေါက်ကျဉ်းဆိုတာ မကြုံဖူးသေးတဲ့ လူငယ်လေး။ ဒုက္ခရောက်နေသူတွေကို ကူညီချင်တယ်။ ဒီတော့ ရှီကားဂိုးတက္ကသိုလ်ကို တက်တယ်။ ဘာသာရေးတင်မကဘူး၊ လူမှုသိပ္ပံ၊ စိတ်ပညာ၊ ပြီးတော့ မနုဿဗေဒကိုတောင် သင်ယူခဲ့သေးတယ်။ တစ်နှစ်ပတ်လုံး ကျောင်းတက်လာအပြီး နွေရာသီတန်းခွဲအရောက်မှာ "မှုခင်းရေးရာ" ဘာသာရပ်အတွက် အတန်းတစ်ခုရှိနေတာ တွေ့ရတယ်။ ရာဇ၀တ်သားတွေအကြောင်း ဂျော့က ဘာဆိုဘာမှမသိဘူး။ ဒီတော့လည်း သင်တန်းကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ "စိန့်ပရဲယားဂရပ်ဇ်" ဆိုတဲ့ နာမည်နဲ့ အကျဉ်းသူတစ်ယောက်ကို တွေ့ဆုံမေးမြန်းဖို့ နယ်မြေအကျဉ်းထောင်တစ်ခုဆီ သူ့ကို လွှတ်လိုက်ကြတယ်။ အကျဉ်းသူဆိုတာက၊ ကြေးစားလူသတ်သမားနဲ့ သူခိုးလို့ ပြောနေကြတဲ့ "ဘားနပ်ဂရပ်ဇ်" ဆိုသူရဲ့ မိန်းမပဲ။ ဂွကျတာက သူ့အကြောင်း ဘယ်လိုမှ သက်သေမပြနိုင်တာနဲ့ ဂရပ်ဇ်က အဖမ်းမခံရပဲ အပြင်မှာပဲ လတ်လျားလတ်လျား ဖြစ်နေတယ်။ သူ့မိန်းမကတော့ ခိုးရာပါပစ္စည်း လက်ခံမှုနဲ့ ထောင်ထဲရောက်နေလေရဲ့။ ဂရပ်ဇ်ခိုးထားတာတွေဆိုတာ...

#လက်ဆောင်

 ငါနိုးထ..။ ကုန်ရန်ခက်ခဲ ည၊ နိုးတစ်ဝက်တောင်ကုန်း၊ တောအုပ်နဲ့ ရေကန်များရဲ့ ကမ္ဘာပေါ်သွန်းချ သူမ၏ လရောင်တေးသံ၊ ပြီး တိုးတိတ်လက်ချောင်းများနှင့်အတူ လိုက်ပါလာသော လေပြည် ရိုးတံရှည်များထက်။ အာရုဏ်ချိန်က ငါ့ဆီ ရွှေအိုရောင်ကျေးငှက်တေးသွား လက်တစ်ဆုပ်ဖြင့် ကမ်းလင့်ညင်သာ။ #လက်ဆောင် တေဇာ (လရောင်လမ်း) A Gift by Leonora Speyer ကို ဆီလျော်သလို။ Image: http://naldzgraphics.net

ဖြစ်စဉ် (၁)

ကျောကုန်းမှာ ရှပ်ဖောက်ထားတဲ့ ငါးမျှားချိတ်နဲ့ လာစားမယ့် ငါးရံ့ကို သွေးရူးသွေးတန်းမျှော် ငါးဖျင်းသလပ် ရေမျက်နှာပြင်ပေါ် ဖော့ဟာ ကြိုးအရှည် ခွင့်ပြုသလောက် ကူးခတ် အပေါ်က ငြိမ်သက်နေတဲ့ ငါးမျှားတံထိပ် မလှုပ်မယှက် နှုတ်ဆိတ်နေတဲ့ ပုစဉ်းတစ်ကောင် လူက အိမ်ပြန်နားပြီး သူဖမ်းနေတဲ့ ငါးဟာ အိပ်မောကျနေစဉ် ပတ်ဝန်းကျင်ဖြစ်စဉ် #‎ phenomenon‬ တေဇာ (လရောင်လမ်း) နိုဝင်ဘာ ၂၀၁၄  Image: queen0fsnail.deviantart.com   ‪