Skip to main content

“ရယ်မောပါ၊ ထို့နောက် တွေးတောပါ”


ဓာတ်ငွေ့ကာမျက်နှာဖုံးအဖြစ် ပြောင်းလဲအသုံးပြုနိုင်သော ဘရာစီယာကို ဖန်တီးခဲ့သူ ဒီဇိုင်းပညာရှင်များနှင့် နွားမများကို နာမည်မှည့်ခေါ်ခြင်းဖြင့် နွားနို့ ပိုမိုထွက်ရှိလာစေသော အချက်ကို ရှာဖွေတွေ့ရှိ ခဲ့ကြသော အဖွဲ့သည် ၂၀၀၉ ခုနှစ်၏ Ig Nobel Prizes ကို ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါဆု၏ ရည်ရွယ်ချက်မှာ “ပထမ ရယ်မောပါစေ၊ ထို့နောက် တွေးတောပါစေ” ဟူသောရည်ရွယ်ချက်နှင့် ညီညွတ်သည့် အောင်မြင်မှုများကို ဂုဏ်ပြုရန်ဖြစ်သည်။ ငြိမ်းချမ်းရေးဆုသည် ဦးခေါင်းကိုရိုက်ရာတွင် ဘီယာပုလင်းအလွတ်နှင့် ဘီယာအပြည့်ပါသောပုလင်း မည်သည်နှင့်ရိုက်ခြင်းက ပိုကောင်းသလဲ ခွဲခြားသတ်မှတ်ပေးသော ဆွစ်သုတေသနအဖွဲ့တစ်ခုဆီသို့ ရောက်ရှိသွားသည်။

ထိုအခမ်းအနားကို Annals of Improbable Research မဂ္ဂဇင်းမှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးပိုင်းတွင် နယူးကာဆယ်တက္ကသိုလ်၏ အစားအသောက်နှင့် ကျေးလက်ဖွံ့ဖြိုးမှုဌာနမှ ဒေါက်ကလပ် (Douglas) နှင့် ရိုလင်ဆင် (Rowlinson) တို့မှာ ဗြိတိန်နိုင်ငံမှ ဆွတ်ခူးနိုင်ခဲ့သူများဖြစ်သည်။


အမေရိကန်ပြည်ထောင်စု ကိန်းဘရစ်ဂ်ျတက္ကသိုလ်တွင် ကျင်းပခဲ့သော အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့သည့် ဒေါက်တာဒေါက်ကလပ်က ယခုကဲ့သို့ရွေးချယ်ခံရခြင်းအတွက် သူမ အလွန်ကျေနပ်မိကြောင်းနှင့် Ig နိုဗယ်ဆု၏ အမာခံပရိသတ်တစ်ဦးဖြစ်ခဲ့ကြောင်း ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

နွားမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သုတေသနလုပ်ရင်း နာမည်မှည့်ခေါ်ထားသော နွားမများမှာ နို့ပမာဏ ပိုမိုထုတ်လုပ်နိုင်သည်ဆိုသည့် အချက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သူမက ပြောပြသည်။ အဆုံးစွန်ရည်မှန်းချက်မှာ “လူသားတိရိစ္ဆာန်ဆက်ဆံရေး” ကို တိုးတက်စေခြင်းဖြင့် လူသားနှင့် တိရိစ္ဆာန်တို့ အကြားမှ ဖိအားနှင့်အကြောက်တရားများ လျော့ပါးမှုကို လေ့လာရန်ဖြစ်သည်ဟု ဆိုသည်။ ထိုလေ့လာမှုအရ ဗြိတိန်နိုင်ငံ၏ မွေးမြူရေးသမား အများစုမှာ မိမိတို့၏ မွေးမြူရေးသတ္တ၀ါများကို လေးစားချစ်ခင်ကြသော ဂရုတစိုက်ရှိသူများသာဖြစ်ကြောင်း ပြသနေသည်ဟု သူမက ဆိုသည်။

သူမရရှိသော ဆုကို ပါစလိန်း၊ ၀န်ဒီနှင့် တီနာဟု နာမည်မှည့်ခေါ်ထားသော နွားမများအတွက် ရည်ညွှန်းသည်ဟု သူမကဆိုသည်။ ကျွန်မသိသမျှ အလိမ္မာဆုံးနွားမတွေပါပဲဟုလည်း ချီးကျူးသွားခဲ့သည်။ Ig နိုဘယ်ဆုများကို အစစ်အမှန်နိုဘယ်ဆုရှင်များက ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။

ဒေါက်တာ အယ်လီနာဘော့ဒနာက အရေးပေါ်အခြေအနေတွင် ဓာတ်ငွေ့ကာနှာခေါင်းစည်းအဖြစ် ပြောင်းလဲနိုင်သော ဘရာစီယာအတွက် လူထုကျန်းမာရေးဆုကို ဆွတ်ခူးခဲ့သည်။ သူမက ၎င်းတီထွင်မှုကို သရုပ်ပြသခဲ့ပြီး နိုဘယ်ဆုရှင်များအား တစ်ခုစီ လက်ဆောင်ပေးအပ်ခဲ့သည်။

၂၀၀၈ ခုနှစ်အတွက် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုရှင် ပရော်ဖက်ဆာ မာတင်ကဲဖီးသည် “နိုဘယ်ဆုရှင်များနှင့် တွေ့ဆုံခွင့်” ပြိုင်ပွဲ၏ ယခုနှစ်အတွက်ဆုအဖြစ် ကူညီခဲ့သည်။ ဆုရှင်ဟောင်းများကလည်း အခမ်းအနားကျင်းပရာတွင် တကျော့ပြန် ပါဝင်ကူညီခဲ့ကြသည်။

၎င်းတို့ထဲတွင် ဘဲငန်းရိုင်းများ၏ အသေကောင်များအား လိင်တူဆက်ဆံမှု (Homosexual Necrophilia) ကို ရှာဖွေတွေ့ရှိခဲ့သူ ကီးစ်မိုလီကာ (Kees Moeliker) ၊ မရပ်မနား ဂျို့ထိုးခြင်းအတွက် ကုသနည်းအဖြစ် Digital Rectal Massage ကို တီထွင်ဖန်တီးခဲ့သူ ဒေါက်တာ ဖရန်စစ် ဖက်စမိုင်းယားတို့ ပါဝင်သည်။

ဆုရသူတစ်ဦးစီကို လက်ခံစကားပြောကြားရန် စက္ကန့်ခြောက်ဆယ် ခွင့်ပြုပေးထားသည်။ ထိုအချိန်ကန့်သတ်မှုကို စိတ်မရှည်သည့် (၈) နှစ်အရွယ် မိန်းကလေးတစ်ဦး လက်ခံနိုင်လောက်သော အတိုင်းအတာဖြင့် စီမံထားသည်။

စီးပွားရေးဆိုင်ရာ ဆုကိုမူ အိုက်စလန်ဘဏ် အမှုဆောင်များက ထိုက်ထိုက်တန်တန်ရရှိခဲ့သည်။ Zimbabwe’s Reserve Bank ၏ အုပ်ချုပ်သူက Denomination ရေးသားရန် ကျယ်ပြန့်သောအကွက်များ ပါရှိသည့် ဘဏ်လက်မှတ်များ ပုံနှိပ်မှုအတွက် သင်္ချာဆိုင်ရာဆုကို ဆွတ်ခူးရရှိခဲ့သည်။

◄ တေဇာ ► အောက်တိုဘာ (၆) ၂၀၀၉
Source: BBC 

Comments

  1. အယ်.....ကိုတေဇာ..အတည်ပေါက်ကြီး..မလုပ်နဲ့လေ...။
    ကလေးတွေ ဆော့နေကြတဲ့ဟာ.......

    ReplyDelete
  2. Ig Nobel Prize ကိုပြောတာလား...။ (ကျွန်တော့်အထင်) ကလေးဆော့တာလောက်တော့ မသေးသိမ်ဘူးဗျ...။ သူ့အဆင့်နဲ့သူတော့ ရှိပါတယ်။ ဆုရသူတွေဟာ တကယ့်သိပ္ပံပညာရှင်တွေ၊ တီထွင်တွေ့ရှိမှုတွေကလည်း ကပ်သီးကပ်ဖဲ့နိုင်ပေမဲ့ တကယ်တမ်း အလုပ်ဖြစ်တဲ့ ဟာတွေချည်းပါပဲ...။ Ig နိုဘယ်ဆုရဲ့ အဆင့် ဘယ်လောက်ရှိလဲဆိုတာ တိတိကျကျလေး သိရင် ကျွန်တော့်ကို ညွှန်းပေးပါ အစ်ကို...။ ကျွန်တော် လေ့လာကြည့်ချင်ပါတယ်။

    ReplyDelete
  3. အရင်ဆုံး မေတ္တာရပ်ခံချင်တာက နောက်ခံအရောင်ပြောင်းစေချင်တာပါ ။
    ဖတ်ရခက်နေတယ်လေ ။
    ဥပမာ မီးခိုးရောင်လို ၊ မိုပြာရောင် ဖျော့ဖျော့လို ...................

    ReplyDelete

Post a Comment

Popular posts from this blog

ဂမ္ဘီရကြက်ခြေ

ဤကမ္ဘာမြေကို နောက်သို့လှည့်ခိုင်းပြီး အရာရာအသစ်ကပြန်စခွင့်ရှိရင် အရင်လိုမျှော်လင့်ချက်နဲ့ ရှင်သန်အားမွေးလိုက်ချင်… ။ (ကျော်ဟိန်း) အ၀တ်အထည် ကိုယ်တစ်ခုဟူသော စကားမှ (သေးသေးကွေးကွေး) ကိုယ်ခန္ဓာတစ်ခုသာ အကျုံးဝင်ပြီး အ၀တ်အစားမျှပင် မကပ်ဘဲ မွေးဖွားလာခဲ့ရပြီးသည့်နောက် မိမိ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခုအဖြစ် ဤကမ္ဘာမြေကြီးတွင် လက်ဆုပ်လက်ကိုင် ပြစရာဟူ၍ လက်သီးဆုပ်လိုက်သည့်အခါတိုင်း လက်ဖ၀ါးထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်မိနေသော ဂမ္ဘီရကြက်ခြေတစ်ခုသာ သူ့ တွင်ရှိသည်။ လက်ဖ၀ါးပြင်တွင် နက်ရှိုင်းထင်ရှားစွာ နေရာယူထားသော ကြက်ခြေခတ်တစ်ခု။ လက်သီးဆုပ်လိုက်ချိန်တိုင်း ထိုအရာအား ဆုပ်ကိုင်နေမိကြောင်း သူ အစဉ်အမြဲ သတိပြုနေခဲ့မိသည်။ ထိုအရာသည် သူ၏ ပိုင်ဆိုင်မှုစစ်စစ်တစ်ခု ဖြစ်သည်။ သူ၏ မွေးရာပါ ဥစ္စာဓန ဖြစ်သည်။ စင်စစ် သူက ရွေးချယ် ရယူထားခဲ့ခြင်းမဟုတ်ဘဲ အလိုလိုရရှိခဲ့သော စွမ်းအင်တစ်ခုသာ ဖြစ်ပါသည်။ ၎င်းသည် တစ်စုံတစ်ယောက်က ရေးခြစ်ထားသော သာမန်ကြက်ခြေခတ်တစ်ခုမျှ မဟုတ်ဘဲ စွမ်းအင်တစ်မျိုး ကိန်းအောင်းနေသည့် မှော်ဆန်ဆန်အမှတ်အသားတစ်ခုသာ ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိခဲ့ပြီးဖြစ်သည်။ ထိုစွမ်းအင်သည် သူကိုယ်တိုင် ရေရေရာရာ မသိရသည့် အရပ်တစ်ခ

အရူးရောဂါနှင့် မရူးတရူးပြဿနာ

အင်္ဂလိပ်စကားတွင် “ရူး” သည့်အကြောင်း ရည်ညွှန်းလိုသည့်အခါ ယေဘုယျအားဖြင့် နှစ်ခါပြန် မစဉ်းစားဘဲ ပါးစပ်သင့်ရာ အလွယ်တကူ ပြောဆိုသုံးနှုန်းတတ်သည့် စကားလုံး နှစ်လုံးရှိပါသည်။ Psychotic နှင့် Neurotic တို့ ဖြစ်ကြပါသည်။ မြန်မာစကားတွင်မူ ရူးသည်၊ စိတ်မနှံ့ဖြစ်သည်၊ ကျပ်မပြည့်ဖြစ်သည်၊ ဂေါက်သည် မှအစ အခုနောက်ပိုင်းတွင် လူငယ် အသုံးအဖြစ် ဆိုက်ကိုဝင်သည် ဟုပါ ကပြားအသုံးအနှုန်းများ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်။ Psychotic ကို “အပြင်းစား စိတ်ရောဂါ”၊ Neurosis ကို “အနုစား စိတ်ရောဂါ” ဟု ကျောင်းတုန်းက အလွယ် မှတ်ခဲ့ရဖူးသည်။ “ကုမရသည့် အရူး“ နှင့် “ကု၍ရသည့် အရူး” ဟုလည်း မှတ်သားဖူးသည်။ စိတ်ပညာအရ “အရူးရောဂါ” Psychosis နှင့် “မရူးတရူး ပြဿနာ” Neurosis  တို့၏ ကွဲပြားပုံကို လေ့လာကြည့်ပါမည်။ Psychosis (အရူးရောဂါ) စိတ်ပညာရပ် ဘောင်အတွင်း အကျုံးဝင်သည့် ဝေါဟာရတစ်ခုဖြစ်သော Psychosis သည် ပုံမှန် လူမှုရေး လုပ်ဆောင်ချက်များကို ဆိုးဆိုးရွားရွား ဖြစ်လာစေသည့် အရှိတရားနှင့် ဆက်သွယ်ချက် ဆုံးရှုံးသွားသော စိတ်အခြေအနေကို ခေါ်ညွှန်းသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတစ်ခု ဖြစ်ပါသည်။ အဆိုပါ စကားလုံးကို Ernst Von Reuchtersleben   ဆိုသူက “ရူးသွပ်မှု”

“တပင်ရွှေထီး၏ အပ်စိုက်စမ်းသပ်မှု”

“လက်သည်းကြားတွင် အပ်စိုက်၍ တူနှင့်ရိုက်ကာ စမ်းသပ်၏။ နောက်မတွန့်သူကိုသာ သူရဲကောင်းအဖြစ် ရွေးချယ်၏” ငယ်စဉ်ဘ၀က မြန်မာ့သမိုင်းမှာ ဒီလို သင်ကြားခဲ့ရဖူးပါတယ်။ ဒါကို မြန်မာ့ရာဇ၀င်သူရဲကောင်း ဘုရင့်နောင်...လို့ ကာလအတော်ကြာကထဲက ကျွန်တော် အမှတ်မှားနေခဲ့မိပါတယ်။ ဒီအကြောင်းကို ဝေဖန်မယ်လုပ်တော့ မသေချာတာနဲ့ မေးစမ်းကြည့်တော့လည်း အဖြေမှန်မရခဲ့ဘူး။ မြန်မာဝီကီကိုလည်း မေ့နေခဲ့တယ်။ အမှန်က ဒီလိုစမ်းသပ်တဲ့ မြန်မာဘုရင်ဟာ “တပင်ရွှေထီး” ဖြစ်ပါတယ်။ အကျဉ်းချုပ်ကို မြန်မာဝီကီမှ တစ်ဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ နန်းတက်ပြီး နှစ်နှစ်ကျော်အကြာ၊ အသက် ၁၇ နှစ်အရွယ်ရောက်လျှင် တပင်ရွှေထီးမှာ နားထွင်းခြင်း၊သျှောင်ထုံးခြင်း အမှုတို့ကို ပြုချိန်ရောက်လာခဲ့သည်။ထိုသို့သောအချိန်တွင် တပင်ရွှေထီးမှာ ထူးဆန်းသော အကြံတို့ဖြစ်လာသည်။ အခြားမဟုတ်၊ ရန်သူဟံသာဝတီ မင်း သုရှင်တကာရွတ်ပိ၏ ပိုင်နတ်နေပြည်တော်အနီးတွင်ရှိသည့် ရွှေမောဓော ဘုရားရင်ပြင်တွင် ထိုနားထွင်းခြင်း၊ သျှောင်ထုံးခြင်း တို့ကို ပြုလုပ်လိုခြင်းဖြစ်သည်။ အချို့သောမှူးမတ်တို့က အလွန်ရန်များလှသည်ကြောင့် မလိုအပ်ပဲ မစွန့်စားရန် လျှောက်တင်သော်လည်း၊ ယောက်ဖတော် ကျော်ထင်နော်ရထာက ဆန္ဒရှိလျှင် သွ